-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၁၃


အန္တိအုတ်မြို့အသင်းတော်မှ ဗာနဗနှင့်ရှောလုစေလွှတ်

အန္တိအုတ်မြို့တွင်ရှိသော အသင်းတော်၌ ၊ ဗာနဗမှစ၍ နိဂါဟုခေါ်ဝေါ်သော ရှုမောင်၊ ကုရေနေပြည်သားလုကိ၊ စော်ဖွားဟေရုဒ်၏ သူငယ်ချင်း အရင်းဖြစ်သော မာနင်နှင့်၊ ရှောလုတည်းဟူသော ပရောဖက်ပြုသူ၊ ဆရာပြုသူရှိကြ၏။ ထိုသူတို့သည် သခင်ဘုရား ဝတ်ကိုပြု၍ အစာကိုရှောင်ကြစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်က၊ ငါခန့်ထားသောအမှုကို ဆောင်ရွက်စေခြင်းငှါ၊ ဗာနဗနှင့် ရှောလုတို့ကို ရွေးချယ်ခွဲထားကြလော့၊ ဟုမိန့်တော်မူသည်အတိုင်း၊ အစာရှောင်၍ ပဌနာပြုလျက်၊ ထိုသူတို့ ခေါင်းပေါ်မှာ လက်ကိုတင်၍ လွှတ်လိုက်ကြ၏။


ပေါလုက နတ်ဝိဇ္ဇာဆရာဗာယေရှုကို မျက်စိကန်းစေ
CROSS REFERENCES






ထိုသို့ သန့်ရှင်းသော ဝိညာဉ်တော် စေလွှတ်တော်မူသော အားဖြင့်၊ ထိုသူတို့သည် သေလုကိမြို့သို့သွား၍၊ ထိုမြို့မှသင်္ဘောနှင့် လွှင့်သဖြင့် ကုပရု​ကျွန်းသို့ ရောက်ကြ၏။ ရှာလမိမြို့၌ ရှိနေစဉ် ယုဒတရားစရပ်များတွင်၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ဟောပြောကြ၏။ ယောဟန်သည်လည်း၊ ထိုသူတို့၏ လက်ထောက်ဖြစ်သတည်း။ တ​ကျွန်းလုံးကိုရှောက်၍ ပါဖုမြို့သို့ရောက်လျှင်၊ ဗာယေရှုအမည်ရှိသော ယုဒအမျိုးသား၊ မိစ္ဆာပရောဖက် [A] ဖြစ်သော နတ်ဝိဇ္ဇာအတတ် သမားကို၊ မြို့ဝန်မင်း သေရဂိပေါလုထံ၌ တွေ့ကြ၏။ ထိုမြို့ဝန်သည် ပညာသတိရှိသဖြင့်၊ ဗာနဗနှင့် ရှောလုတို့ကို ခေါ်ပင့်၍၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နာလိုသောစိတ်ရှိသော်၊ အနက်အားဖြင့် နတ်ဝိဇ္ဇာအတတ်သမား၊ ဟုဆိုလိုသော၊ ဧလုမ အမည်ရှိသောသူသည်၊ မြို့ဝန်ကို ယုံကြည်ခြင်းမှ လွှဲအံ့သောငှါ၊ တမန်တော်တို့ကို ဟန့်တားလေ၏။ ထိုအခါ ပေါလု၊ ဟုအမည်တွင်သော ရှောလုသည်၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ထိုနတ်ဝိဇ္ဇာ အတတ်သမားကို စေ့စေ့ကြည့်ရှုလျက်၊ ၁၀ လှည့်ဖြားခြင်း၊ အကျိုးကို ဖျက်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော မာရ်နတ်၏သား၊ ​ဖြောင့်မတ်ခြင်း တရား၏ရန်သူ၊ သင်သည် ထာဝရဘုရား၏ ဖြောင့်မတ်သော လမ်းခရီးတို့ကို၊ မဖျက်ဆီးဘဲ မနေနိုင်သလော။ ၁၁ ယခုပင် ထာဝရဘုရား၏ လက်တော်သည်၊ သင့်အပေါ်သို့ရောက်၍၊ နေကိုမျှ မမြင်နိုင်အောင် အင်တန်ကာလပတ်လုံး၊ သင်၏ မျက်စိကွယ်လိမ့်မည်၊ ဟုပေါလုဆိုသော ခဏခြင်းတွင် မျက်စိမြှေးရှက်၍၊ လက်ဆွဲပေးသော သူတို့ကိုရှာလျက်၊ တလည်လည်ရှိ၍နေ၏။ ၁၂ ထိုအကြောင်းအရာကို မြင်လျှင်၊ မြို့ဝန်သည် ယုံကြည်ခြင်းသို့ရောက်၍၊ သခင်ဘုရား၏ ဒေသနာတော်ကို၊ အလွန်အံ့ ဩမိန်းမော၍နေ၏။


အန္တိအုတ်မြို့၌ ပေါလုတရားဟော
CROSS REFERENCES





CROSS REFERENCES






၁၃ ပေါလုနှင့် ပါသောသူတို့သည် ပါဖုမြို့မှလွှင့်၍ ပံဖုလိပြည်၊ ပေရဂေမြို့သို့ ရောက်ကြလျှင်၊ ယောဟန်သည် သူတို့ထံမှထွက်၍ ယေရုရှလင်မြို့သို့ ပြန်လေ၏။ ၁၄ ပေရဂေမြို့မှ ထွက်သွားပြန်လျှင်၊ ပိသိဒိပြည်၊ အန္တိအုတ်မြို့သို့ ရောက်လျှင်၊ ဥပုသ်နေ့၌ [B] တရားစရပ်သို့ဝင်၍ ထိုင်ကြ၏။ ၁၅ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းကို ဖတ်ရွတ်ပြီးမှ၊ တရားစရပ်မှူးတို့သည်၊ ညီအစ်ကိုတို့၊ လူများအား ဆုံးမစရာစကားရှိလျှင် ဟောပြောကြပါ၊ ဟုလူကိုစေလွှတ်၍ ကြားပြောစေ၏။ ၁၆ ထိုအခါ ပေါလုသည်ထ၍ မိမိလက်နှင့် အမှတ်ပေးလျက်၊ ဣသရေလလူမှစ၍ ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ [C] နားထောင်ကြလော့။ ၁၇ ဣသရေလအမျိုး၏ ဘုရားသခင်သည် ငါတို့ဘိုးဘေးများကို ရွေးကောက်တော်မူ၍၊ အဲဂုတ္တုပြည်၌ ဧည့်သည်ဖြစ်သော ထိုလူမျိုးကို ချီးမြှောက်သဖြင့်၊ ထင်ရှားသော လက်တော်နှင့် ထိုပြည်မှ နှုတ်ဆောင်တော်မူ၏။ ၁၈ အနှစ်လေးဆယ်မျှ လောက်သော ကာလပတ်လုံးတော၌ ကျွေးမွေးတော်မူ၏။ ၁၉ ခါနာန်ပြည်၌ လူခုနစ်မျိုးတို့ကို ပယ်ရှားပြီးလျှင်၊ ထိုပြည်ကို ဣသရေလအမျိုးအား အမွေပေးကမ်း ဝေငှတော်မူ၏။ ၂၀ ထိုနောက်မှ ပရောဖက် ရှမွေလမပေါ်မရှိမီ၊ အနှစ်လေးရာငါးဆယ်မျှ လောက်သော ကာလပတ်လုံး၊ တရားသူကြီးတို့ကို ပေးတော်မူ၏။ ၂၁ နောက်တဖန် ရှင်ဘုရင်ကို တောင်းကြသောအခါ၊ ရှောလုအမည်ရှိသော ကိရှ၏သား ဗင်္ယာမိန်အမျိုးဖြစ်သော သူကို၊ အနှစ်လေးဆယ်ပတ်လုံး ပေးတော်မူ၏။ ၂၂ နောက်မှ ထိုသူကိုပယ်၍၊ ဣသရေလ ရှင်ဘုရင်အရာ၌ ဒါဝိဒ်ကို ချီးမြောက်တော်မူ၏။ ထိုသူအား သက်သေခံတော်မူလျက်၊ စိတ်နှလုံး၌ ညီညွတ်သည်ဖြစ်၍၊ ငါ့အလိုကို ပြည့်စုံစေမည့်သူ ယေရှဲ၏သား ဒါဝိဒ်ကိုငါတွေ့ရှိပြီ၊ ဟုမိန့်တော်မူ၏။ ၂၃ ထိုသူ၏ အမျိုးအနွယ်ထဲ၌၊ ဘုရားသခင်သည် ဂတိတော်အတိုင်း ကယ်တင်သော သခင်ယေရှုကို၊ ဣသရေလလူတို့အား ပေါ်ထွန်းစေတော်မူပြီ။ ၂၄ ထိုသခင် ကြွလာတော်မမူမီ ယောဟန်သည်၊ ဣသရေလ လူအပေါင်းတို့အား၊ နောင်တနှင့် စပ်ဆိုင်သော ဗတ္တိဇံတရားကို၊ ဟောပြောနှင့်လေ၏။ ၂၅ ယောဟန်သည် မိမိဆောင်ရွက်ရသော အမှုကိုပြု၍ နေစဉ်တွင်၊ ငါသည် အဘယ်သူဖြစ်သည်ကို သင်တို့ထင်မှတ်ကြသနည်း။ ငါသည် ထိုသူဖြစ်သည်မဟုတ်။ ငါ့နောက် ကြွလာသောသူ တပါးရှိသေး၏။ ထိုသူ၏ ခြေနင်းတော်ကို ငါမချွတ်ထိုက်၊ ဟုဆို၏။


ပေါလုက သခင်ယေရှုရှင် ပြန်ထမြောက်ခြင်းဟော

၂၆ အာဗြဟံ အမျိုးဖြစ်သော ညီအစ်ကိုမှစ၍၊ သင်တို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့၊ ဤကယ်တင်တော်မူခြင်း တရားစကားကို သင်တို့အား ကြားလိုက်တော်မူ၏။ ၂၇ ယေရုရှလင်မြို့၌ နေသောသူတို့နှင့်တကွ မင်းများတို့သည် ထိုသခင်ကို၎င်း၊ ဥပုသ်နေ့တိုင်း အစဉ်ဖတ်ရွက်သော ပရောဖက်တို့၏ စကားကို၎င်း၊ မသိနားမလည်သောကြောင့်၊ ထိုသခင်ကို စီရင်သောအားဖြင့်၊ ထိုပရောဖက်တို့၏ စကားကိုပြည့်စုံ စေကြပြီ။ ၂၈ ကိုယ်တော်၌ သေထိုက်သော အပြစ်တစုံတခုကိုမျှ မတွေ့သော်လည်း၊ ကွပ်မျက် စေမည်အကြောင်း ပိလတ်မင်းထံ၌ တောင်းလျှောက်ကြ၏။ ၂၉ ထိုသခင်ကို ရည်မှတ်၍ ကျမ်းစာ၌ ရေးထားသမျှတို့ကို ပြည့်စုံစေပြီးလျှင်၊ အလောင်းတော်ကို သစ်တိုင်မှချ၍ သင်္ချိုင်းတွင်း၌ ထားကြ၏။ ၃၀ ဘုရားသခင်သည်လည်း သေခြင်းမှ ထမြောက်စေတော်မူသည် ဖြစ်၍၊ ၃၁ ဂါလိလဲပြည်မှ ယေရုရှလင်မြို့သို့ နောက်တော်၌ လိုက်သောသူတို့အား၊ နေ့ရက်များစွာ ကိုယ်ကို ထင်ရှားပြတော်မူ၏။ ၃၂ ထိုသူတို့သည် လူများတို့အား သက်သေခံဖြစ်ကြ၏။ ၃၃ ဆာလံကျမ်း ဒုတိယခဏ်း၌ လာသည်ကား၊ သင်သည် ငါ့သားဖြစ်၏။ ၃၄ ယနေ့ပင် သင့်ကို ငါဖြစ်ဖွားစေပြီ [D] ဟုလာသည်နှင့်အညီ၊ ဘုရားသခင်သည် ယေရှုကို ထမြောက်စေတော်မူသဖြင့်၊ ငါတို့ဘိုးဘေးများ၌ ရှိသော ဂတိတော်ကို ထိုသူတို့၏သားဖြစ်သော၊ ငါတို့အား ပြည့်စုံစေတော်မူသည် ဟူ၍၎င်း၊ ဒါဝိဒ်၌ မြဲမြံသော ကျေးဇူးတော်ကို သင်တို့အား ငါပေးမည်ဟူသော ဗျာဒိတ်တော်နှင့်အညီ၊ ထိုသခင်ကို သေခြင်းမှ ထမြောက်စေ၍၊ နောက်တဖန် ပုပ်စပ်ခြင်းသို့ မပြန်ဘဲ၊ အစဉ်ကင်းလွတ်ရမည်အခွင့်ကို ပေးတော်မူသည်ဟူ၍၎င်း၊ ဝမ်းမြောက်စရာသိတင်း ဧဝံဂေလိတရားကို ငါတို့သည် သင်တို့အား ကြားပြောကြ၏။ ၃၅ ထိုကြောင့်ဆာလံကျမ်းတခဏ်း၌ လာသည်ကား၊ ကိုယ်တော်၏ သန့်ရှင်းသောသူအား ပုပ်စပ်ခြင်းကို ရှိစေတော်မမူ၊ ဟုလာ၏။ [E] ၃၆ ဒါဝိဒ်သည် မိမိကာလ၌ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ပြီးလျှင်၊ ကျိန်းစက်၍ မိမိဘိုးဘေးစုထဲသို့ဝင်သဖြင့် ပုပ်စပ်ခြင်းသို့ ရောက်လေ၏။ ၃၇ ဘုရားသခင် ထမြောက်စေတော်မူသောသူ မူကား၊ ပုပ်စပ်ခြင်းသို့မရောက်။ ၃၈ ထိုကြောင့် ညီအစ်ကိုတို့၊ ထိုသခင်၏ ကျေးဇူးတော်ကြောင့် အပြစ်လွတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကို၎င်း၊ ၃၉ ထိုသခင်ကို ယုံကြည်သောသူ ရှိသမျှတို့သည် မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော၊ အပြစ်ရှိသမျှတို့နှင့် လွတ်ရကြသည်ကို၎င်း၊ သိမှတ်ကြလော့။ ၄၀ အနာဂတ္တိကျမ်း၌ လာသည်ကား၊ မထီမဲ့မြင်ပြုတတ်သောသူတို့၊ ကြည့်ရှုအံ့ဩ၍ ပြယ်ပျောက်ခြင်းသို့ ရောက်ကြလော့။ ၄၁ အကြောင်းမူကား၊ သင်တို့အား သူတပါး ပြညွှန်သော်လည်း၊ သင်တို့မယုံသောအမှုကို သင်တို့လက်ထက်ကာလ၌ ငါပြုသည် [F]ဟုကျမ်းစာ၌ ပါသောအရာကို၊ သင်တို့အပေါ်သို့ မရောက်စေမည် အကြောင်း သတိပြုကြလော့၊ ဟုပေါလုဟောပြောလေ၏။


ပေါလုနှင့်ဗာနဗတို့ကို ယုဒလူများကငြူစူကြ
CROSS REFERENCES






၄၂ လူများတို့သည် တရားစရပ်မှ ထွက်သွားကြစဉ်၊ ထိုအကြောင်း အရာတို့ကို မိမိတို့အား၊ နောက်ဥပုသ်နေ့၌ [A] ဟောပြောပါမည်အကြောင်း တောင်းပန်ကြ၏။ ၄၃ အစည်းအဝေးပျက်၍ ပြန်ကြသောအခါ၊ ယုဒလူမှစ၍ ဘုရားကို ကိုးကွယ်သော ဘာသာဝင်သူများတို့သည် ပေါလုနှင့် ဗာနဗနောက်သို့ လိုက်ကြသည်ဖြစ်၍၊ ထိုသူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်၌ တည်ကြည်မည်အကြောင်း၊ တမန်တော်တို့သည် ဖြားယောင်း၍ ဆုံးမဩဝါဒပေးလေ၏။ ၄၄ နောက်ဥပုသ်နေ့၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို နားထောင်အံ့သောငှါ၊ တမြို့လုံးကုန်မတတ် စည်းဝေးကြ၏။ ၄၅ ယုဒလူတို့သည် အစည်းအဝေးတို့ကို မြင်လျှင် ငြူစူသောစိတ်နှင့် ပြည့်စုံသဖြင့်၊ ပေါလု၏စကားကို ငြင်းခုံသည်သာမက ဆဲရေးကြ၏။ ၄၆ ထိုအခါ ပေါလုနှင့် ဗာနဗတို့က ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို၊ သင်တို့အား ရှေ့ဦးစွာဟောပြောရ၏။ သို့သော်လည်း သင်တို့သည်ပယ်၍ ထာဝရအသက်ကို မိမိတို့မခံထိုက်သည်၊ ဟုမိမိတို့စီရင်ကြသောကြောင့်၊ ထာဝရဘုရားသည် မှာတော်မူသည်အတိုင်း ငါတို့သည်မျက်နှာကိုလွှဲ၍၊ တပါးအမျိုးသားတို့ဆီသို့ လှည့်ကြ၏။ ၄၇ မှာတော်မူသော ဗျာဒိတ်တော်အချက်ကား၊ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို ပြုစိမ့်သောငှါ၊ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဘို့ ငါခန့်ထား၏ [G]ဟုဗျာဒိတ်တော်ရှိသည်၊ ဟုရဲရင့်စွာပြောဆို၏။ ၄၈ ထိုစကားကို တပါးအမျိုးသားတို့သည် ကြားလျှင်၊ ဝမ်းမြောက်၍ ထာဝရဘုရား၏ နှုတ်ကပတ် တရားတော်ကို ချီးမွမ်းကြ၏။ ထာဝရအသက်ကို ရစေခြင်းငှါ ခန့်ထားတော်မူသောသူ ရှိသမျှတို့သည်၊ ယုံကြည်ခြင်းသို့ ရောက်ကြသဖြင့်၊ ၄၉ ထာဝရဘုရား၏ သာသနာတော်သည်၊ တပြည်လုံး၌ နှံ့ပြားလေ၏။ ၅၀ ထိုအခါ ဘုရားကိုကိုးကွယ်၍ အသရေရှိသော မိန်းမတို့နှင့်၊ ထိုမြို့၌ အကြီးအကဲ ဖြစ်သောသူများကို ယုဒလူတို့သည် နှိုးဆော်၍၊ ပေါလုနှင့် ဗာနဗတို့ကို ညှဉ်းဆဲစေသဖြင့်၊ ထိုပြည်၏နယ်မှ နှင်ထုတ်ကြ၏။ ၅၁ တမန်တော်တို့သည် မိမိတို့​ခြေဘဝါး၌ ကပ်သောမြေမှုန့်ကို ထိုသူတို့အား ခါလိုက်ပြီးမှ၊ ဣကောနိမြို့သို့ သွားကြ၏။ ၅၂ တပည့်တော်များတို့သည် ဝမ်းမြောက်ခြင်းနှင့်၎င်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း ပြည့်စုံကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.