-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၁၁


ပေတရုက အဖေါ်များထံ ကောနေလိဆီသွားရခြင်းရှင်းပြ
CROSS REFERENCES





CROSS REFERENCES






တပါးအမျိုးသားတို့သည်၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ခံယူကြသည်၊ ဟုယုဒပြည်၌ ရှိသော တမန်တော်တို့နှင့် ညီအစ်ကိုများတို့သည် ကြားသိကြ၏။ ပေတရုသည် ယေရုရှလင်မြို့သို့ တက်လာသောအခါ၊ အရေဖျားလှီးခြင်း [A]ကို ခံသောသူတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသောလူတို့နှင့်၊ ပေါင်းဖေါ်၍ စားသောက်ပါသည်တကား၊ ဟုဆန့်ကျင်ဘက်ပြု၍ ဆိုကြ၏။ ပေတရုသည်လည်း၊ ထိုအကြောင်းအရာကို အစမှအဆုံးတိုင်အောင် ဖေါ်ပြသည်ကား၊ ငါသည် ယုပ္ပေမြို့၌ ဆုတောင်းစဉ်ဘဝင်ဖြစ်၍၊ ကောင်းကင်မှ လေးထောင့်ဖြင့် ချလွှတ်သော ချုံထည်ကဲ့သို့သော တန်ဆာသည် ဆင်းသက်၍၊ ငါ့ထံသို့ရောက်လာသည်ကို ဗျာဒိတ်ရူပါရုံအားဖြင့် မြင်၏။ ထိုတန်ဆာကို စေ့စေ့ကြည့်ရှုဆင်ခြင်လျှင်၊ သားရဲမှစ၍ မြေ၌ ကျင်လည်သောသားမျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ မိုးကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့ကိုမြင်၏။ ထိုအခါ ပေတရု၊ ထ၍သတ်စားလော့၊ ဟုငါ့အားပြောသော စကားသံကိုလည်း ငါကြား၏။ ငါကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသောအရာနှင့် မစင်ကြယ်သော အရာသည်၊ အကျွန်ုပ်ခံတွင်းထဲသို့ တရံတခါမျှ မဝင်ဘူးပါ၊ ဟုပြောဆို၏။ နောက်တဖန် စကားအသံကား၊ ဘုရားသခင် စင်ကြယ်စေတော်မူသော အရာကို၊ ညစ်ညူးသည် မထင်နှင့်၊ ဟုကောင်းကင်ထဲက လာပြန်၏။၁၀ ထိုသို့ သုံးကြိမ်မြောက်အောင် ဖြစ်ပြီးလျှင်၊ ထိုအရာရှိသမျှတို့ကို ကောင်းကင်ထဲသို့၊ ဆွဲယူပြန်လေ၏။ ၁၁ ထိုခဏချင်းတွင်၊ ကဲသရိမြို့မှ ငါ့ထံသို့ စေလွှတ်သော လူသုံးယောက်တို့သည်၊ ငါရှိသော အိမ်အနားမှာ ရပ်နေကြ၏။ ၁၂ ငါသည် တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ သွားရမည်အကြောင်း၊ ဝိညာဉ်တော်သည် မိန့်တော်မူ၏။ ဤညီအစ်ကို ခြောက်ယောက်တို့သည်လည်း ငါနှင့်အတူသွား၍၊ ထိုသူ၏အိမ်သို့ဝင်ကြ၏။ ၁၃ ကောင်းကင်တမန်သည်၊ သူ၏အိမ်၌ ထင်ရှားစွာရပ်လျက်၊ သင်သည် ယုပ္ပေမြို့သို့လူတို့ကို စေလွှတ်၍၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။ ၁၄ ထိုပေတရုသည် သင်မှစ၍ သင်၏အိမ်၌ ရှိသမျှသောသူတို့ကို၊ ကယ်တင်တော် မူခြင်းတရားကို သင့်အားဟော ပြောလိမ့်မည်၊ ဟုမြွက်ဆိုခဲ့သောအကြောင်း အရာကို၊ ထိုသူသည်ငါတို့အား ပြန်ကြားလေ၏။ ၁၅ ငါသည် ဟောပြောစပြုစဉ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည်၊ ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက်ရောက် တော်မူသည်နည်းတူ၊ ထိုသူတို့အပေါ်သို့လည်း သက်ရောက်တော်မူ၏။ ၁၆ ယောဟန်သည်ရေ၌ ဗတ္တိဇံကိုပေး၏။ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၌၊ ဗတ္တိဇံကို ခံရကြလိမ့်မည်၊ ဟုသခင်ဘုရား မိန့်တော်မူသော စကားကို၊ ထိုအခါ ငါအောက်မေ့၏။ [A] ၁၇ သခင်ယေရှုခရစ်ကို ယုံကြည်သောငါတို့အား၊ ဘုရားသခင်သည် ဆုကျေးဇူးကို ပေးတော်မူသည်နည်းတူ၊ ထိုသူတို့အားလည်း ပေးတော်မူသည် ဖြစ်သောကြောင့်၊ ငါသည် အဘယ်သို့သောသူ ဖြစ်၍၊ ဘုရားသခင်ကို ဆီးတားနိုင်သနည်း၊ ဟုပေတရုဆို၏။ ၁၈ ဤအကြောင်းအရာတို့ကို၊ ထိုသူတို့သည် ကြားလျှင် မငြင်းဘဲနေ၍၊ အကယ်စင်စစ် ဘုရားသခင်သည်၊ အသက်ရှင် စေခြင်းအလိုငှါ၊ နောင်တတရား [B]ကို တပါးအမျိုးသား တို့အားလည်း ပေးတော်မူပြီ၊ ဟုဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။


အရပ်ရပ်ကွဲပြားသောသူတို့ ဟောပြောကြ

၁၉ ထိုမှတပါး၊ သတေဖန်၏ အမှုကြောင့် ညှဉ်းဆဲခြင်းကိုခံရ၍၊ အရပ်ရပ်သို့ ကွဲပြားသောသူတို့သည် ဖိနိတ်၊ ကုပရု၊ အန္တိအုတ်မြို့များ သို့တိုင်အောင် သွား၍၊ ယုဒလူတို့အားသာ နှုတ်ကပတ် တရားတော်ကို ဟောပြောကြ၏။ ၂၀ နောက်မှ ထိုသူအချို့တို့သည် ကုပရုပြည်သား၊ ကုရေနေပြည်သား ဖြစ်၍အန္တိအုတ်မြို့သို့ သွားပြီးလျှင်၊ သခင်ယေရှု၏ အကြောင်းတည်းဟူသော ဧဝံဂေလိတရားကို ဟေလေနစ်(ဂရိတ်)လူတို့အား ဟောပြောကြ၏။ ၂၁ သခင်ဘုရား၏ လက်တော်သည် ထိုသူတို့နှင့်တကွ ရှိတော်မူသဖြင့်၊ လူအပေါင်းတို့သည် ယုံကြည်၍ သခင်ဘုရားထံသို့ ပြောင်းလဲကြ၏။


ဗာနဗကို အန္တိအုတ်မြို့တိုင်အောင် သွားစေ

၂၂ ထိုအကြောင်းအရာကို၊ ယေရုရှလင်မြို့၌ ရှိသော အသင်းတော်သည် ကြားလျှင်၊ အန္တိအုတ်မြို့တိုင်အောင် သွားစေမည် အကြောင်း ဗာနဗကို စေလွှတ်လေ၏။ ၂၃ ထိုသူသည် ရောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မြင်လျှင်၊ ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ ထိုသူအပေါင်းတို့သည်၊ ယုံကြည်သော စိတ်နှင့် သခင်ဘုရားကို မှီဝဲဆည်းကပ်မည် အကြောင်း၊ တိုက်တွန်း နှိုးဆော်လေ၏။ ၂၄ ထိုသူသည် သူတော်ကောင်းဖြစ်၍၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ ယုံကြည်ခြင်းနှင့်၎င်း၊ ပြည့်စုံသောအားဖြင့်၊ လူများအပေါင်းတို့သည် သခင်ဘုရားထံသို့ ဝင်စားကြ၏။


ဗာနဗရှောလုကိုရှာ

၂၅ ဗာနဗသည်လည်း ရှောလုကို ရှာလျက် တာရှုမြို့သို့သွား၏၊ တွေ့လျှင် အန္တိအုတ်မြို့သို့ ခေါ်ခဲ့၏။ ၂၆ ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။ ၂၇ ထိုအခါ၌ ပရောဖက်တို့သည် ယေရုရှလင်မြို့မှ၊ အန္တိအုတ်မြို့သို့ လာကြ၏။ ၂၈ ထိုသူတို့အဝင်၊ အာဂဗုအမည်ရှိသော သူတယောက်သည် ထ၍၊ မြေတပြင်လုံး၌ အစာအာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတံ့ ၊ ဟုဝိညာဉ်တော်အားဖြင့် ဖေါ်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင်က လောဒိလက်ထက်၌ ဖြစ်သတည်း။ ၂၉ ထိုအခါ တပည့်တော်တို့သည်၊ အသီးသီး တတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌ နေသော ညီအစ်ကိုတို့အား အကူအမပေးလိုက်မည်၊ ဟု၃၀ စီရင်ကြသည်နှင့်အညီ ဗာနဗနှင့် ရှောလုတို့တွင်၊ သင်းအုပ်တို့ထံသို့ ပေးလိုက်ကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.