-
AA
+
🡀
|
🡂
တမန်တော်၀တ္ထု
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


တမန်တော်၀တ္ထု
အခန်းကြီး ၁၀


ကော်နေလိပေတရုကိုခေါ်
CROSS REFERENCES






ကဲသရိမြို့၌ ဣတလိတပ်၊ ဟုခေါ်ဝေါ်သောတပ်တွင်၊ လူတရာကိုအုပ်ချုပ်သော တပ်မှူးကော်နေလိ အမည်တွင်သော သူတယောက်ရှိ၏။ ထိုသူသည် မိမိအိမ်တွင် ရှိသမျှသောသူတို့နှင့်တကွ၊ ဘုရားဝတ်၌ မွေ့လျော်၍ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းရှိသဖြင့်၊ [A] လူတို့အား များစွာသော စွန့်ကြဲခြင်းကိုပြု၍၊ ဘုရားသခင်ကို အစဉ်ဆုတောင်းလေ့ရှိ၏။ တနေ့သ၌ နေသုံးချက်တီးအချိန်တွင် ဘုရားသခင်၏ ကောင်းကင်တမန်သည်၊ ကော်နေလိ၊ ဟုခေါ်လျက်ရောက်လာသည်ကို၊ ထိုသူသည် ထင်ရှားသော ဗျာဒိတ်ရူပါရုံအားဖြင့် မြင်ရ၏။ ကောင်းကင်တမန်ကို စေ့စေ့ကြည့်လျှင်၊ ထိတ်လန့်ခြင်း ရှိသည်ဖြစ်၍၊ သခင်၊ အဘယ်အခင်းရှိပါသနည်း၊ ဟုမေးသော်၊ ကောင်းကင်တမန်က၊ သင်ပြုသော ဆုတောင်းပဌနာနှင့် စွန့်ကြဲပေးကမ်းခြင်းတို့သည်၊ ဘုရားသခင့်ရှေ့တော်၌ အောက်မေ့စရာဘို့ တက်ကြပြီ။ [B] ထိုကြောင့် ယခုပင် ယုပ္ပေမြို့သို့လူတို့ကို စေလွှတ်၍၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို၊ ခေါ်ပင့်လော့။ ထိုသူသည် သားရေလုပ်သမား ရှိမုန်၏အိမ် ၌ တည်းနေ၏။ ထိုအိမ်သည် ပင်လယ်နားမှာရှိသည်၊ ဟုပြောဆို၏။ ထိုသို့ပြောဆိုသော ကောင်းကင်တမန်သွားပြီးမှ၊ ကော်နေလိသည် မိမိငယ်သားနှစ်ယောက်နှင့် တကွ၊ မိမိထံ၌ မပြတ်ခစားသောလူစုအဝင်၊ ဘုရားဝတ်၌ မွေ့လျော်သော စစ်သူရဲတယောက်ကို ခေါ်၍၊ ထိုအကြောင်းအရာ အလုံးစုံတို့ကို ကြားပြောပြီးမှ ယုပ္ပေမြို့သို့စေလွှတ်၏။


ပေတရုရူပါရုံမြင်

နက်ဖြန်နေ့၌ ထိုသူတို့သည် သွား၍၊ ယုပ္ပေမြို့ အနီးသို့ရောက်ကြသော အခါ၊ နှစ်ချက်တီးအချိန်တွင် ပေတရုသည် ဆုတောင်းခြင်းငှါ၊ အိမ်မိုးပေါ်သို့ တက်လေ၏။ ၁၀ ဆာမွတ်၍ အစာအာဟာရကို အလိုရှိလျှင်၊ သူတပါးတို့သည် အစာအာဟာရကို ပြင်ဆင်ကြစဉ်အခါ၊ ပေတရုသည် ဘဝင်ဖြစ်၍နေသဖြင့်၊ ၁၁ ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ခြုံထည်ကဲ့သို့ လေးထောင့်ချုပ်၍၊ မြေသို့ ချလွှတ်သော တန်ဆာသည်၊ မိမိဆီသို့ ဆင်းသက်လာသည်ကို၎င်း မြင်လေ၏။ ၁၂ ထိုတန်ဆာထဲ၌ သားရဲမှစ၍၊ မြေ၌ ကျင်လည်သော သားမျိုး၊ တွားတတ်သော တိရစ္ဆာန်မျိုး၊ မိုးကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတို့သည် ရှိကြ၏။ ၁၃ စကားအသံသည်လည်း၊ ပေတရုထ၍ သတ်စားလော့၊ ဟုလာ၏။ ၁၄ ပေတရုကလည်း မဖြစ်နိုင်ပါသခင်။ ညစ်ညူးသော အရာနှင့် မစင်ကြယ်သောအရာကို၊ အ​ကျွန်ုပ်သည် တရံတခါမျှ မစားဘူးပါ၊ ဟုပြောဆို၏။ ၁၅ နောက်တဖန် စကားသံကား၊ ဘုရားသခင် စင်ကြယ်စေတော်မူသော အရာကို၊ ညစ်ညူး သည် မထင်နှင့်၊ (a) ဟုလာပြန်၏။ ၁၆ ထိုသို့ သုံးကြိမ်မြောက်အောင် လာပြီးလျှင်၊ ထိုတန်ဆာကို ကောင်းကင်ထဲသို့ သိမ်းရုပ်ပြန်လေ၏။


ပေတရုကော်နေလိအိမ်သို့သွား

၁၇ ပေတရုသည်၊ မိမိမြင်ရသော ဗျာဒိတ်ရူပါရုံကား အဘယ်သို့ဆိုလိုသနည်း၊ ဟုတွေးတောဆင်ခြင်၍ နေစဉ်တွင်၊ ကော်နေလိစေလွှတ်သော သူတို့သည်၊ ရှိမုန်အိမ်ကို မေးမြန်းရှာဖွေ၍၊ တံခါးရှေ့မှာ ရပ်လျက်၊ ၁၈ ပေတရု အမည်သစ်ကိုရသော ရှိမုန်သည်၊ ဤမှာတည်းနေပါသလော၊ ဟုမေးမြန်းဟစ်ခေါ်ကြ၏။ ၁၉ ပေတရုသည် ထိုဗျာဒိတ်ရူပါရုံကို ဆင်ခြင်၍ နေစဉ်တွင်၊ ဝိညာဉ်တော်က၊ လူသုံးယောက်တို့သည် သင့်ကိုရှာကြ၏။ ၂၀ ထ၍ဆင်းလော့။ တွေးတောခြင်းမရှိဘဲ ထိုသူတို့နှင့်အတူ လိုက်သွားလော့။ အကြောင်းမူကား၊ ထိုသူတို့သည် ငါစေလွှတ်သောသူ ဖြစ်ကြသည်၊ ဟုမိန့်တော်မူလျှင်၊ ၂၁ ပေတရုသည် ဆင်း၍၊ ငါကား၊ သင်တို့ရှာသော သူဖြစ်၏။ အဘယ်အကြောင်းရှိ၍ လာကြသနည်း၊ ဟုသူတို့အားမေး၏။ ၂၂ ထိုသူတို့ကလည်း၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယုဒလူအပေါင်းတို့တွင် အသရေရှိသော၊ သူတော် ကောင်းတည်းဟူသော၊ တပ်မှူးကော်နေလိသည်၊ ကိုယ်တော်ကို မိမိအိမ်သို့ ခေါ်ပင့်၍၊ ကိုယ်တော်၏စကားကို နားထောင်ရမည်အကြောင်း၊ သန့်ရှင်းသော ကောင်းကင်တမန် အားဖြင့်၊ ဗျာဒိတ်တော်ကို ခံရပါသည်၊ ဟုပြန်ပြောကြ၏။ ၂၃ ပေတရုသည်လည်း ထိုသူတို့ကို အိမ်ထဲသို့ခေါ်၍ ဧည့်သည်ဝတ်ကိုပြုလေ၏။ နက်ဖြန်နေ့၌ ထ၍ ထိုသူတို့နှင့်အတူ သွားသဖြင့်၊ ယုပ္ပေမြို့သားဖြစ်သော ညီအစ်ကိုအချို့တို့သည် လိုက်ကြ၏။


ပေတရုကသူ့ကို ခေါ်ရခြင်းအကြောင်းမေး
CROSS REFERENCES





CROSS REFERENCES






၂၄ ထိုနောက်တနေ့၌ ကဲသရိမြို့သို့၀င်ကြ၍၊ ကော်နေလိသည် မိမိအဆွေအမျိုး မိတ်ခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကို မျှော်လင့်လျက် နေကြ၏။ ၂၅ ပေတရု ရောက်လာသောအခါ၊ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ ခြေရင်း၌ ပြပ်ဝပ်လျက် ကိုးကွယ်လေ၏။ ၂၆ ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင်လူ ဖြစ်သည်၊ ဟုဆို၏။ [C] ၂၇ ထိုသို့နှုတ်ဆက်၍ ဝင်လေသော်၊ စုဝေးလျက်ရှိကြသော လူများကိုတွေ့လျှင်၊ ၂၈ ပေတရုက၊ ယုဒလူ ဖြစ်သောသူတို့သည်၊ တပါးအမျိုးသားတို့နှင့် မပေါင်းဖေါ် မချဉ်းကပ်အပ်သည်ကို သင်တို့သိကြ၏။ [D] သို့သော်လည်း ညစ်ညူး သည် မစင်ကြယ်၊ ဟုအဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင်သည်၊ ငါ့အားဆုံးမပြသတော်မူပြီ။ ၂၉ ထိုကြောင့် ငါ့ကိုခေါ်ကြသောအခါ ငါသည် မငြင်းမခုန်ဘဲလျက်လာ၏။ သို့ဖြစ်၍ အဘယ်အကြောင်းကြောင့် ငါ့ကိုခေါ်ကြသနည်း၊ ငါမေးလိုသည်၊ ဟုထိုသူတို့အား ပြောဆို၏။


ကော်နေလိကသူ့ကို ခေါ်ရခြင်းအကြောင်းပြော

၃၀ ကော်နေလိကလည်း၊ အ​ကျွန်ုပ်သည် ယခုအချိန်နာရီတိုင်အောင်၊ အစာရှောင်၍ သုံးချက်တီးအချိန်တွင်၊ အိမ်၌ ဆုတောင်းလျက်နေသည်၊ ယခုလေးရက်ရှိပါပြီ။ ထိုအချိန်၌ လူတယောက်သည်၊ ထွန်းတောက်သော အဝတ်ကိုဝတ်လျက်၊ အ​ကျွန်ုပ်ရှေ့မှောက်၌ရပ်၍၊ ၃၁ ကော်နေလိ၊ သင်ပြုသော ပဌနာကို ဘုရားသခင်သည် ကြား၍၊ သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူပြီ။ ၃၂ ထိုကြောင့် ယုပ္ပေမြို့သို့ စေလွှတ်၍၊ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ်သမားရှိမုန်၏အိမ်၌ တည်းနေ၏။ ထိုသူသည်ရောက်လာလျှင်၊ သင့်အား ဟောပြောလိမ့်မည်၊ ဟုပြောဆိုပါ၏။ ၃၃ ထိုကြောင့် အ​ကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျှင်အမြန်စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောအားဖြင့်၊ ကောင်းမွန်စွာပြုပါပြီ။ သို့ဖြစ်၍ ဘုရားသခင်သည်၊ ကိုယ်တော်၌ မှာထားတော်မူသမျှကို နားထောင်ခြင်းငှါ၊ ယခုအ​ကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်ရှေ့တော်၌၊ အသင့်နေပါသည်၊ ဟုကော်နေလိပြောဆို၏။


ပေတရုသခင်ယေရှု အကြောင်းဟောပြော
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၃၄ ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ်စင်စစ် ဘုရားသခင်သည်၊ လူမျက်နှာကို မှတ်တော်မမူ။ ၃၅ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍၊ [A] တရားသဖြင့် ကျင့်ဆောင်သောသူသည်၊ အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။ ၃၆ အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှုခရစ်အားဖြင့်၊ ရန်ငြိမ်းခြင်းတရား [E]ဟူသော ဧဝံဂေလိတရားကို ဟောတော်မူလျက်၊ ဣသရေလအမျိုးသားတို့အား၊ ပေးလိုက်တော်မူသော တရားတော်နှင့်အညီ၊ ၃၇ ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည်နောက်၊ ဂါလိလဲပြည်မှစ၍ ယုဒပြည်အရပ်ရပ်တို့၌၊ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည်သိကြ၏။ ၃၈ ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြို့သားယေရှုကို ဘိသိက်ပေးတော်မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏ အခွင့်တော်နှင့် ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသောသူ အပေါင်းတို့အား ချမ်းသာကိုပေးလျက်၊ လှည့်လည်တော်မူ၏။ [F] ၃၉ ငါတို့သည်လည်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်တွင် ပြုတော်မူသော အမှုများတို့၏ သက်သေခံဖြစ်ကြ၏။ ထိုသူကို သစ်တိုင်၌ ဆွဲ၍ ကွပ်မျက်ကြလေ၏။ ၄၀ သုံးရက်မြောက်သောနေ့၌ ဘုရားသခင်သည်၊ ထမြောက်စေတော်မူ၍၊ ၄၁ လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ။ ဘုရားသခင် ခန့်ထားတော်မူနှင့်သော သက်သေခံတည်းဟူသော၊ ငါတို့အား ထင်ရှားစွာပြတော်မူ၏။ သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ ထိုသခင်နှင့်အတူ ငါတို့သည် စားသောက်ရကြ၏။ ၄၂ ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့်၊ သေသောသူတို့ကို တရားစီရင်သော သခင်ဖြစ်စေခြင်းငှါ၊ ဘုရားသခင် ခန့်ထားတော်မူကြောင်းကို၊ လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြလော့၊ ဟုငါတို့အား ပညတ်ထားတော်မူ၏။ ၄၃ ထိုသခင်ကို ယုံကြည်သောသူ ရှိသမျှတို့သည်၊ နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကိုခံရကြလတံ့ဟူ၍၊ ပရောဖက် အပေါင်းတို့သည်၊ ထိုသခင် သက်သေခံဖြစ်ကြသည်၊ ဟုပေတရုမြွက်ဆို၏။


တပါးအမျိုးသားများ သန့်ရှင်းသော ဝိညာဉ်တော်ရ
CROSS REFERENCES






၄၄ ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရားတော်ကို ကြားနာရသောသူ အပေါင်းတို့အပေါ်သို့၊ သန့်ရှင်းသော ဝိညာဉ်တော် သည် သက်ရောက်တော်မူ၏။ ၄၅ တပါးအမျိုးသားတို့ အပေါ်သို့၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကို သွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်း [G]ကို ခံသောသူတည်းဟူသော၊ ပေတရုနှင့် ပါသမျှသော တပည့်တော်တို့သည်၊ မိန်းမောတွေဝေခြင်း ရှိကြ ၏။ ၄၆ အကြောင်းမူကား ထိုသူတို့သည်၊ အမျိုးမျိုးသော ဘာသာစကားအားဖြင့် ပြော၍၊ ဘုရားသခင်ကို ချီးမွမ်းသည်ကို ကြားကြလေ၏။ ၄၇ ထိုအခါပေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်ကို ခံရသောဤသူတို့ကို၊ ဗတ္တိဇံမပေးစေခြင်းငှါ၊ အဘယ်သူသည် ရေကိုမြစ်တားနိုင်သနည်းဟုဆိုလျက်၊ ၄၈ ဘုရားသခင်၏ နာမ၌ ဗတ္တိဇံကို ခံစေမည်အကြောင်း၊ စီရင်လေ၏။ ထိုနောက်မှ ပေတရုသည် ကာလအတန်အရာ နေပါမည်အကြောင်းကို၊ ထိုသူတို့သည်တောင်းပန်ကြ၏။

_________________________
Footnotes


၁၅ (a) ဤနေရာ၌ ပေတရုကို တကဲ့တိရစ္ဆာန်များကို စားခိုင်းသည်မဟုတ်ပါ။ ထိုတိရစ္ဆာန်များသည် ဣသရေလ လူများက မသန့်ရှင်း ဟုမြင်သော တပါးအမျိုးသားများ ဖြစ်သောကော်နေလိ တို့ကိုဆိုလိုခြင်းဖြစ်သည်။ အခန်းငယ် ၂၈ ၌ထို အကြောင်းကို ပေတရုက ရှင်းပြသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.