-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၈


မှားယွင်းသောအမျိုးသမီး

ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော်မူ၏။ နံနက်စောစော ဗိမာန်တော်သို့ တဖန်ကြွတော်မူ၍ လူအပေါင်းတို့သည် အထံတော်သို့လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမဩဝါဒပေးစဉ်တွင်၊ မှားယွင်းခြင်းအမှုကို ပြုလျက်နေသော မိန်းမတယောက်ကို တွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့သည် ခေါ်ခဲ့၍အလယ်၌ ထားပြီးမှ၊ ဆရာ၊(a) ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင်တွေ့မိပါသည်။ ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်၊ ဟုမောရှေသည် အ​ကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင်ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်း၊ ဟုလျှောက်ကြ၏။ ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှါ စုံစမ်းနှောင့်ရှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။ ထိုသူတို့သည် အထပ်ထပ် မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊ သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေ၊ ဟုမိန့်တော်မူပြီးမှ၊ တဖန်အောက်သို့ငုံ့၍ မြေ၌ရေးသားတော်မူပြန်၏။ ထိုသူတို့သည် ကြားရလျှ င်မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖေါ်ပြသဖြင့်၊ အသက်ကြီးသောသူမှစ၍ အငယ်ဆုံးသောသူ တိုင်အောင် တယောက်နောက် တယောက် ထွက်သွားကြ၏။ ယေရှုသည် တယောက်တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည် အလယ်၌ ရပ်နေ၏။ ၁၀ ထိုအခါ ယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမမှတပါး အဘယ်သူကိုမျှ မမြင်လျှင်၊ အချင်းမိန်းမ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကို အဘယ်သူမျှ မစီရင်လော၊ ဟုမေးတော်မူ၏။ ၁၁ ထိုမိန်းမကလည်း၊ အဘယ်သူမျှ မစီရင်ပါသခင်၊ ဟုလျှောက်၏။ ငါသည်လည်း သင်၏အမှုကိုမစီရင်၊ သွားလော့၊ နောက်တဖန် ဒုစရိုက်ကိုမပြုနှင့်၊ ဟုမိန့်တော်မူ၏။


ငါသည်ဤလောက၏အလင်း
CROSS REFERENCES






၁၂ တဖန်တုံယေရှုက၊ ငါသည်ဤလောက၏ အလင်းဖြစ်၏။ [A] ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏ အလင်းကိုရလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၃ ဖာရိရှဲတို့ကလည်း။ သင်သည် ကိုယ်အကြောင်းကို သက်သေခံ၏၊ သင်၏သက်သေမတည်၊ ဟုဆိုကြ၏။ ၁၄ ယေရှုကလည်း၊ ငါသည် ကိုယ်အကြောင်းကို သက်သေခံသော်လည်း၊ ငါ့သက်သေတည်၏။ အကြောင်းမူကား၊ ငါသည် အဘယ်အရပ်က လာသည်ကို၎င်း၊ အဘယ်အရပ်သို့ သွားသည်ကို၎င်းငါသိ၏။ သင်တို့မူကား မသိကြ။ ၁၅ သင်တို့သည် ဇာတိပကတိအတိုင်း စီရင်တတ်ကြ၏။ ငါမူကား အဘယ်သူကိုမျှမစီရင်။ ၁၆ ငါသည်စီရင်သော်လည်း ငါ၏စီရင်ခြင်းသည်တည်၏။ အကြောင်းမူကား၊ ငါသည် တယောက်တည်း နေသည်မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် ငါ့ဘက်၌ နေတော်မူ၏။ ၁၇ သက်သေခံနှစ်ဦးတို့၏ စကားသည် တည်ရ၏၊ ဟုသင်တို့ပညတ္တိကျမ်းစာ၌ လာ၏။ ၁၈ ငါသည် ကိုယ်အကြောင်းကို သက်သေခံသောသူဖြစ်၏။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည်လည်း ငါ့အကြောင်းကို သက်သေခံတော်မူသည်၊ ဟုမိန့်တော်မူ၏။ ၁၉ ထိုသူတို့ကလည်း၊ သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်း၊ ဟုမေးကြ၏။ ယေရှုကလည်း၊ သင်တို့သည်ငါ့ကိုမသိကြ။ [B] ငါ့ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၂၀ ဗိမာန်တော်၌ ဆုံးမဩဝါဒ ပေးတော်မူစဉ် ဤစကားတော်ကို ဘဏ္ဍာတိုက်မှာ မိန့်မြွက်တော်မူ၏။ ကိုယ်တော်၏အချိန် မစေ့မရောက်သေးသောကြောင့် အဘယ်သူမျှ ကိုယ်တော်ကို မဖမ်းဆီးကြ။


ယေရှုကငါသွားရာသို့သင်တို့မရောက်နိုင်

၂၁ တဖန်ယေရှုက ငါသည်သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ကိုယ်အပြစ်၌လည်း သေကြလိမ့်မည်။ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြ၊ ဟုမိန့်တော်မူ၏။ ၂၂ ယုဒလူတို့ကလည်း၊ ငါသွားရာအရပ်သို့ သင်တို့မရောက်နိုင်ကြ၊ ဟုသူသည်ဆိုသော်၊ ကိုယ်အသက်ကို သတ်မည်လောဟုဆိုကြ၏။ ၂၃ ယေရှုကလည်း၊ သင်တို့သည် အောက်သားဖြစ်ကြ၏။ ငါမူကား အထက်သားဖြစ်၏။ သင်တို့သည် လောကီသားဖြစ်ကြ၏။ ငါမူကား လောကီသားမဟုတ်။ ၂၄ ထိုကြောင့် သင်တို့သည် ကိုယ်အပြစ်၌ သေကြလိမ့်မည်၊ ဟုငါဆို၏။ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် မယုံလျှင်၊ ကိုယ်အပြစ်၌ သေကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၂၅ ထိုသူတို့ကလည်း၊ သင်သည် အဘယ်သူနည်း၊ ဟုမေးလျှင်၊ ယေရှုက၊ ငါသည်သင်တို့အား အစဉ်ပြောဆိုသည်အတိုင်း ငါဖြစ်၏။


လူသားကို မြှောက်ထားသောအခါသိကြမည်

၂၆ သင်တို့အမှု၌ ငါပြောဆိုစီရင်စရာ များစွာရှိ၏။ သို့သော်လည်း ငါ့ကို စေလွှတ်တော်မူသောသူသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သူ၏အထံတော်၌ ငါကြားသမျှကိုသာ ဤလောက၌ ငါဟောပြောသည်၊ ဟုမိန့်တော်မူ၏။ ၂၇ ခမည်းတော်ကို ရည်မှတ်၍ မိန့်တော်မူသည်ကို ထိုသူတို့သည် မရိပ်မိကြ။ ၂၈ ထိုကြောင့် ယေရှုက၊ သင်တို့သည် လူသားကိုမြှောက် ထားသောအခါ၊ ငါသည် ဤမည်သောသူဖြစ်သည်ကို၎င်း၊ ငါသည်ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှမပြုဘဲ၊ ငါ့ခမည်းတော်သည် ငါ့အားနည်းပေးတော်မူသည်အတိုင်း ငါဟောပြောသည်ကို၎င်း၊ [C] သင်တို့သည် သိကြလိမ့်မည်။ ၂၉ ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကိုတကိုယ်တည်းနေစေခြင်းငှါ ခမည်းတော် သည် စွန့်ပစ်တော်မမူ၊အကြောင်းမူကား နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်၊ ဟုမိန့်တော်မူ၏။


သမ္မာတရားသည်လွတ်ခြင်းပေးမည်
CROSS REFERENCES





CROSS REFERENCES






၃၀ ထိုစကားတော်ကို မိန့်တော်မူစဉ်၊ လူများတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ၃၁ ထိုအခါယေရှုက၊ သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ ၃၂ သမ္မာတရား [D]ကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်၊ ဟုယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏။ ၃၃ ယုဒလူတို့ကလည်း၊ ငါတို့သည် အာဗြဟံအမျိုးဖြစ်ကြ ၏။ အဘယ်သူထံ၌ တရံတခါမျှ ကျွန်မခံကြ။ လွှတ်လိမ့်မည်ဟူ၍ သင်သည်အဘယ်သို့ ပြောဆိုသနည်း၊ ဟုမေးမြန်းကြ၏။ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ ၃၄ ဒုစရိုက်ကို ပြုသမျှသောသူတို့သည် ဒုစရိုက်၏​ကျွန်ဖြစ်ကြ၏။၃၅ ​ကျွန်သည်ကား အိမ်၌အစဉ်အမြဲနေသည်မဟုတ်။ သားမူကား အစဉ်အမြဲနေ၏။ ၃၆ ထိုကြောင့်သားသည် သင်တို့ကို လွှတ်လျှင်၊ သင်တို့သည် ဧကန်အမှန်လွတ်ကြလိမ့်မည်။ [E]


ယုဒလူများကသူတို့သည်အာဗြဟံမျိုး
CROSS REFERENCES





CROSS REFERENCES






၃၇ သင်တို့သည် အာဗြဟံအမျိုးဖြစ်ကြသည်ကိုငါသိ၏။ သို့သော်လည်း ငါ၏ဒေသနာသည် သင်တို့၌ တည်နေရာကို မရသောကြောင့် သင်တို့သည် ငါ့ကိုသတ်အံ့သောငှါ ရှာကြံကြ၏။ ၃၈ ငါသည် ငါ့ခမည်းတော်ထံ၌ မြင်ခဲ့ပြီးသည်အတိုင်း ဟောပြော၏။ သင်တို့သည်သင်တို့၏အဘထံ၌ မြင်ခဲ့ပြီးသည်အတိုင်းပြုကြ၏ဟုမိန့်တော်မူ၏။ ၃၉ ထိုသူတို့ကလည်း၊ အာဗြဟံသည် ငါတို့အဘဖြစ်၏၊ ဟုဆိုကြ၏။ [F] ယေရှုကလည်း၊ သင်တို့သည် အာဗြဟံ၏သားမှန်လျှင် အာဗြဟံ၏အကျင့်ကို ကျင့်ကြလိမ့်မည်။ ၄၀ ဘုရားသခင့် အထံတော်၌ ကြားရသော သမ္မာတရား [D]ကို သင်တို့အား ဟောပြောသောသူ တည်းဟူသော ငါ့ကိုသတ်အံ့သောငှါ သင်တို့သည် ယခုရှာကြံကြ၏။ အာဗြဟံသည် ထိုနည်းတူ ကျင့်သည်မဟုတ်။ ၄၁ သင်တို့သည် သင်တို့အဘ၏ အကျင့်ကို ကျင့်ကြ၏ ဟုမိန့်တော်မူ၏။ ထိုသူတို့ကလည်း၊ ငါတို့သည် နောက်မီးလင်းသော အမျိုးမဟုတ်။ ဘုရားသခင်တည်းဟူသော ငါတို့အဘ တပါးတည်းရှိတော်မူသည်၊ ဟုဆိုကြ၏။


ဘုရားသားမဟုတ် မာရ်နတ်သား
CROSS REFERENCES






၄၂ ယေရှုကလည်း၊ ဘုရားသခင်သည် သင်တို့အဘမှန်လျှင်၊ သင်တို့သည် ငါ့ကိုချစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ဘုရားသခင့် အထံတော်မှ ထွက်ကြွရောက်လာ၏။ ကိုယ်အလိုအလျောက် လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကိုစေလွှတ်တော်မူ၏။ ၄၃ အဘယ်ကြောင့် ငါ့စကားကို နားမလည်ကြသနည်း။ ငါ၏ဒေသနာကို နားမခံမယူနိုင်သောကြောင့် သာသင်တို့သည် ငါ့စကားကို နားမလည်ကြ။ ၄၄ သင်တို့သည် သင်တို့၏ အဘတည်းဟူသော မာရ်နတ်မှ ဆင်းသက်ကြ၏။ သင်တို့အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာမှစ၍ လူအသက်ကို သတ်သောသူဖြစ်၏။ သူ၌ သမ္မာတရား (b) [D] မရှိသောကြောင့် သမ္မာတရား(b) ၌ မတည်မနေ။ သူသည် မုသာစကားကို ပြောသောအခါ မိမိပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏အဘလည်းဖြစ်၏။


ယေရှုကို နတ်ဆိုးစွဲသူဟုစွပ်စွဲ
CROSS REFERENCES





CROSS REFERENCES






၄၅ ငါသည် သစ္စာစကားကို ပြောသောကြောင့် သင်တို့မယုံကြ။ ၄၆ ငါ၌အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ် သူဖေါ်ပြသနည်း။ သစ္စာစကားကို ငါပြောသည်မှန်လျှင် အဘယ်ကြောင့် သင်တို့မယုံကြသနည်း။ ၄၇ ဘုရားသခင်နှင့် စပ်ဆိုင်သောသူသည် ဘုရားသခင်၏ စကားတော်ကို နားထောင်တတ်၏။ သင်တို့သည် ဘုရားသခင်နှင့် မစပ်ဆိုင်သောကြောင့် နားမထောင်ကြ၊ ဟုမိန့်တော်မူ၏။ ၄၈ ယုဒလူတို့ကလည်း၊ သင်သည် ရှမာရိလူဖြစ်၏။ [G] နတ်ဆိုးစွဲသောသူ လည်းဖြစ်၏၊ [B]ဟုငါတို့ပြောသောစကားသည် လျောက်ပတ်သည် မဟုတ်လော၊ ဟုဆိုကြ၏။ ၄၉ ယေရှုကလည်း၊ ငါသည် နတ်ဆိုးစွဲသောသူ မဟုတ်။ ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သင်တို့သည် ငါ့ကိုရှုတ်ချကြ၏။ ၅၀ ငါသည် ကိုယ်ဘုန်းအသရေကို မရှာ။ ငါ၏ ဘုန်းအသရေကိုရှာ၍ စီရင်တော်မူသောသူ ရှိသေး၏။ ၅၁ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။


ယေရှုက အာဗြဟံမဖြစ်မှီငါဖြစ်၏
CROSS REFERENCES





CROSS REFERENCES






၅၂ ယုဒလူတို့ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍ ပရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်၊ ဟုဆိုပါသည်တကား။ ၅၃ ငါတို့အဘ အာဗြဟံထက် သင်သည်သာ၍ ကြီးမြတ်သလော။ သူသည်သေပြီ။ ပရောဖက်တို့လည်း သေကြပြီ။ သင်သည် အဘယ်သို့သောသူ၏ အရောင်ကိုဆောင်သနည်း၊ ဟုဆိုကြ၏။ ၅၄ ယေရှုကလည်း၊ ငါသည် ကိုယ်ဂုဏ်ကိုပြလျှင်၊ ငါ့ဂုဏ်သည် အချည်းအနှီးဖြစ်၏။ ငါ့ခမည်းတော်သည် ငါ့ဂုဏ်ကို ထင်ရှားစေတော်မူ၏။ ထိုဘုရားသခင်သည် ငါတို့၏ဘုရားဟူ၌ သင်တို့ခေါ်ဝေါ်တတ်ကြ၏။ ၅၅ သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ။ [B] ငါမူကားသိ၏။ ငါမသိဟုငါဆိုလျှင် သင်တို့ကဲ့သို့ မုသာသုံးသောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားတော်ကိုလည်း နားထောင်၏။ ၅၆ သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်၊ ဟုမိန့်တော်မူ၏။ ၅၇ ယုဒလူတို့ကလည်း၊ သင်၏အသက်သည် အနှစ်ငါးဆယ်မျှ မရှိဘဲလျက် သင်သည်အာဗြဟံကို မြင်လေပြီတကား၊ ဟုဆိုကြ၏။ ၅၈ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ အာဗြဟံမဖြစ်မှီငါဖြစ်၏၊ ဟုမိန့်တော်မူ၏။ ၅၉ ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ [H] ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ လျှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။

_________________________
Footnotes


(a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။

၄၄ (b) မူရင်းဂရိတ်ကျမ်း၌ ἀληθείᾳ အင်္ဂလိပ်အသံထွက် alētheia ကိုမြန်မာကျမ်းစာအုပ်၌ "သစ္စာတရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "သမ္မာတရား" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.