၃၄ သင်တို့သည် သတ္တမလ ဆယ့်ငါးရက်နေ့မှစ၍ ခုနစ်ရက်ပတ်လုံး၊ ထာဝရဘုရားဖို့ သကေနေပွဲကို ခံရကြမည်။
၄၀ ပဌမနေ့၌ ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုးမခပင် အစရှိသော အရွက်များသော အပင်၏ အကိုင်းအခက်တို့ကို ယူ၍၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့တော်၌၊ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည်။
၁၆ အဇုမပွဲခံချိန်၊ ခုနစ်သတင်းပွဲခံချိန်၊ သကေနေပွဲခံချိန်တည်းဟူသော တစ်နှစ်တွင်သုံးကြိမ်မြောက်အောင် သင်တို့ ယောက်ျား အပေါင်းတို့သည်၊ သင်၏ဘုရားသခင် ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ ရှေ့တော်မှာ မျက်နှာပြရကြမည်။ ထိုအခါထာဝရဘုရား ထံတော်သို့ အဘယ်သူမျှ လက်ချည်း မပေါ်မလာရ။
၁၀ မှာထားသည်ကား၊ ခုနစ်နှစ်စေ့၍ ကျွန်များကို လွှတ်ခြင်းငှာ ချိန်းချက်သောနှစ်၊ သကေနေပွဲခံချိန်ရောက်မှ၊
၁၃ ထိုမှတပါးဥပုသ်နေ့ နှင့်လဆန်းနေ့၌ ၎င်း၊ အဇုမပွဲ၊ ခုနစ်သီတင်းပွဲ၊ သကေနေပွဲ တည်းဟူသောတနှစ်တနှစ်လျှင်ဓမ္မပွဲသုံးပွဲခံသောနေ့၌၎င်း၊ ယဇ်ပူဇော်လေ့ရှိ၏။
၄ ကျမ်းစာလာသည် အတိုင်း၊ သကေနေပွဲကိုလည်းခံ၍ တရားနှင့်အညီ နေ့တိုင်းပြုသင့်သော ဝတ်ကိုပြုလျက်၊ နေ့တိုင်း မီးရှို့ရာယဇ်တို့ကို အရေအတွက်နှင့် ပူဇော်ကြ၏။
၁၄ သတ္တမလပွဲကို ခံကြစဉ်၊ ဣသရေလ အမျိုးသား အပေါင်းတို့သည် သစ်ခက်တဲ၌ နေရကြမည်၊ ဟုမောရှေအားဖြင့် ထာဝရဘုရား ထားတော်မူသော၊ ပညတ္တိကျမ်းစာ၌ ရေးထားကြောင်းကို တွေ့ကြ၏။
၁၆ ယေရုရှလင်မြို့ကို တိုက်လာသော၊ လူမျိုးအပေါင်းတို့တွင် ကျန်ကြွင်းသမျှသောသူ တို့သည်၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား တည်းဟူသော ရှင်ဘုရင်ကို ကိုးကွယ်၍၊ သကေနေပွဲခံအံ့သောငှါ မြို့တော်သို့ နှစ်တိုင်းအစဉ်အတိုင်း တက်လာ ကြလိမ့်မည်။
၂ ယုဒလူတို့၏ သကေနေပွဲ ခံခါနီးတွင်၊
၁၃ တဖန်ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊ မင်းအရာရှိ၊ လူများတို့ကိုခေါ်၍၊
၂၆ ကြည့်ပါ။ သူသည် ထင်ရှားစွာ ဟောပြော၍ အဘယ်မြစ်တားခြင်းကိုမျှ မပြုကြပါတကား။ ဤသူသည် ခရစ်တော်ဖြစ်ကြောင်းကို မင်းများတို့သည်အမှန်သိကြသလော။
၄၈ မင်းများ၊ ဖာရိရှဲများတို့တွင် သူ့ကိုယုံကြည်သောသူ တစုံတယောက်မျှရှိသလော။
၁၄ ထိုအခါ ဖာရိရှဲတို့သည် ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်း၊ ဟု တိုင်ပင်ကြ၏။
၄ ယေရှုကို ပရိယာယ်အားဖြင့် ဖမ်းဆီး၍ သတ်အံ့သောငှာ တိုင်ပင်ကြ၏။
၁ ထိုနောက် နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲရှိ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည်၊ ကိုယ်တော်ကို အဘယ်သို့ ပရိယာယ်အားဖြင့် ဖမ်းဆီး၍၊ သတ်ရအံ့နည်း၊ ဟုရှာကြံကြ၏။
၂ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည်၊ ကိုယ်တော်ကို အဘယ်သို့ သတ်ရအံ့နည်း၊ ဟုရှာကြံကြ၏။အဘယ်ကြောင့် ရှာကြံရကြသနည်းဟူမူကား၊ လူများတို့ကို ကြောက်ကြ၏။
၃၀ ကိုယ်တော်ကို ဖမ်းဆီးခြင်းအခွင့်ကိုရှာကြ၏။ သို့သော်လည်း ကိုယ်တော်၏ အချိန်မစေ့မရောက် သေးသောကြောင့် အဘယ်သူမျှ မဖမ်းမဆီးကြ။
sယေရှုက ငါ့ကိုရှာသော်လည်း မတွေ့ရကြ
၄၄ သို့သော်လည်း အဘယ်သူမျှ မဖမ်းမဆီးကြ။
sမင်းလုလင်တို့က ခရစ်တော်ကို မဖမ်းကြ
၅၉ ထိုအခါ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ ကျောက်ခဲတို့ကို ကောက်ယူကြ၏။ ယေရှုသည် တိမ်းရှောင်၍ ထိုသူတို့အလယ်၌ လျှောက်သွားပြီးလျှင် ဗိမာန်တော်မှ ထွက်ကြွတော်မူ၏။
%ln
၃၁ ထိုအခါယုဒလူတို့သည်၊ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ၊ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။
၃၉ ထိုအခါ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှါ တဖန်ရှာကြပြန်လျှင်၊ ထိုသူတို့၏လက်မှ ထွက်ကြွတော်မူ၏။
၅၃ ထိုနေ့မှစ၍ ကိုယ်တော်၏ အသက်ကိုသတ်ခြင်းငှါ၊ တိုင်ပင်ကြံစည်ကြ၏။
၅ ယေရှုကလည်း၊ ရေ နှင့် ဝိညာဉ်တော် မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရ၊ ဟုငါအမှန်အကန်ဆို၏။
၂၃ ကိုးကွယ်သောသူ မှန်သမျှတို့သည်၊ ခမည်းတော်ကို ဝိညာဉ်နှင့်၎င်း၊ သမ္မာတရား %fo(b)နှင့်၎င်း၊ ကိုးကွယ်ရမည့် အချိန်ကာလသည်လာ၍၊ ယခုပင် ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ ကိုးကွယ်သောသူတို့ကို၊ ခမည်းတော်သည် အလိုရှိတော်မူ၏။
၆၃ ဝိညာဉ်သာလျှင် အသက်ရှင်စေ၏။ ကိုယ်ကာယသည် အလျှင်းမတတ်နိုင်။ ငါပြောသော စကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။
၃၉ ထိုသို့မိန့်တော်မူသော်၊ ယုံကြည်သောသူတို့သည်၊ ခံရလတံ့သော ဝိညာဉ်တော်ကိုရည်မှတ်၍ မိန့်တော်မူ၏။ ယေရှုသည် ဘုန်းပွင့်တော်မမူသေး သောကြောင့်၊ သန့်ရှင်းသော ဝိညာဉ်တော်ကို ပေးတော်မမူသေး။
၁၆ ခမည်းတော်သည် သမ္မာတရားကို ပြသော ဝိညာဉ်တော်တည်းဟူသော၊ တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ၊ သင်တို့အား ပေးတော်မူမည်။
၂၆ ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရားနှင့် ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။
၇ ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာ %fo(a)သည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။
၁၃ သမ္မာတရားနှင့် ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်မဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတံ့သော အရာတို့ကိုလည်း သင်တို့အား ဖေါ်ပြလိမ့်မည်။
၂၂ ထိုသူတို့အပေါ်မှာ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။
၈ ထိုသို့မရှိသော်လည်း၊ သင်တို့အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကိုခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေ ဖြစ်ကြလိမ့်မည်ဟု%fo(a) မိန့်တော်မူ၏။
၄ ထိုသူအပေါင်းတို့သည်လည်း၊ သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်၍၊ ဝိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည်အတိုင်း၊ အမျိုးမျိုးသော ဘာသာစကားအားဖြင့် ဟောပြောကြ၏။
sအမျိုးမျိုးသော စကားဖြင့်ဟောကြ
၁၅ အကြောင်းမူကား၊ သင်တို့သည် တဖန် ကြောက်ရွံ့တတ်သောကျွန်၏ ဝိညာဉ် %fo(a) ကိုရကြသည်မဟုတ်။ အဗ္ဗအဘ၊ ဟုခေါ်ရသောအခွင့်နှင့်၊ သားဖြစ်ခြင်း၏ ဝိညာဉ်%fo(a)ကိုရကြပြီ။
၁၂ ငါတို့သည် လောကီဝိညာဉ်ကို မခံရကြ။ ဘုရားသခင် ပေးတော်မူသောအရာတို့ကို သိခြင်းအလိုငှါ၊ ဘုရားသခင့်ထံမှ ကြွလာသော ဝိညာဉ်ကို ခံရကြပြီ။
၂၇ သို့သော်လည်း သန့်ရှင်းတော်မူသော ဘုရား၏လက်မှ သင်တို့ခံရသော ဘိသိက်ကျေးဇူးတော်သည် သင်တို့၌ရှိသည်ဖြစ်၍၊ အဘယ်သူမျှ သင်တို့ကို ဆုံးမဩဝါဒပေးစရာ အကြောင်းမရှိ။ ထိုဘိသိက် ကျေးဇူးတော်သည် ဖြစ်ယောင်ဆောင် သည်မဟုတ်၊ အမှန်ဖြစ်လျက် ခပ်သိမ်းသော အရာတို့ကို သင်တို့အား သွန်သင်တော်မူသည်အတိုင်း၊ သင်တို့သည် သားတော်၌ တည်နေကြလော့။