-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၅


ရေကန်၌ ကောင်းကင်တမန်ဆင်းတတ်

ထိုနောက်မှ ယုဒပွဲခံစဉ်တွင်၊ ယေရှုသည် ယေရုရှလင်မြို့သို့ ကြွတော်မူ၏။ ယေရုရှလင်မြို့၌ သိုးတံခါးနားမှာ ဟေဗြဲဘာသာစကားအားဖြင့် ဗေသေသဒအမည်ရှိသော ရေကန်ရှိ၏။ ထိုရေကန်သည် ကနားပြင်ငါးဆောင်နှင့် ပြည့်စုံ၏။ ထိုကနားပြင်တို့၌ မျက်စိကန်း၊ ​ခြေမစွမ်း၊ ကိုယ်ပိန်​ခြောက်သော သူတို့မှစ၍၊ အနာရောဂါ စွဲသောသူများ အပေါင်းတို့သည်၊ ရေလှုပ်ရှားခြင်းကို မျှော်လင့်၍ နေကြ၏။ အကြောင်းမူကား၊ အချိန်တန်လျှင် ကောင်းကင်တမန်သည်၊ ရေကန်သို့ ဆင်းသက်၍၊ ရေကို လှုပ်ရှားတတ်၏။ ထိုသို့ရေလှုပ်ရှားသည်နောက်၊ ရှေ့ဦးစွာ ဝင်သောသူသည် မိမိ၌စွဲသမျှသော အနာရောဂါနှင့်၊ ကင်းလွတ်ခြင်းသို့ ရောက်တတ်၏။


သုံးဆယ်ရှစ်နှစ် ရောဂါစွဲသူ ကျန်းမာစေ
CROSS REFERENCES






ထိုအခါ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသောသူ တစ်ယောက်သည်၊ ရေကန်နားမှာရှိ၏။ ထိုသူသည် တုံးလုံးနေသည်ကို ယေရှုမြင်တော်မူ၍ ကြာလှပြီ၊ ဟုသိတော်မူလျှင်၊ သင်သည် ကျန်းမာခြင်းသို့ ရောက်လိုသလော၊ ဟုမေးတော်မူ၏။ နာသောသူကလည်း၊ သခင်၊ ရေလှုပ်ရှားသောအခါ၊ ရေကန်ထဲသို့ အ​ကျွန်ုပ်ကို သွင်းထားမည့်သူမရှိပါ။ အ​ကျွန်ုပ်သွားစဉ်တွင် အခြားသောသူသည် အ​ကျွန်ုပ်ရှေ့မှာ ဝင်တတ်ပါသည်၊ ဟုလျှောက်၏။ ယေရှုကလည်းထလော့။ ကိုယ်အိပ်ယာကို ဆောင်၍ လှမ်းသွားလော့၊ ဟုမိန့်တော်မူသည်၊ ခဏခြင်းတွင် ထိုသူသည် ပကတိအဖြစ်သို့ ရောက်၍၊ မိမိအိပ်ရာကို ဆောင်လျက် လှမ်းသွား၏။ ၁၀ ထိုနေ့သည် ဥပုသ်နေ့ [A]ဖြစ်၏။ ထိုကြောင့် ယုဒလူတို့က ဥပုသ်နေ့ဖြစ်၏။ အိပ်ရာကို မဆောင်အပ်၊ ဟုရောဂါကင်းသောသူအား ဆိုကြ၏။ ၁၁ သူကလည်း၊ အ​ကျွန်ုပ်ကို ကျန်းမာစေသောသူက၊ ကိုယ်အိပ်ရာကို ဆောင်၍ လှမ်းသွားလော့၊ ဟုဆိုသည် ဟုပြန်ပြော၏။ ၁၂ ယုဒလူတို့ကလည်း၊ ကိုယ်အိပ်ယာကို ဆောင်၍ လှမ်းသွားလော့၊ ဟုသင့်အားဆိုသောသူကား အဘယ်သူနည်း၊ ဟုမေးမြန်းကြ၏။ ၁၃ ထိုသူကား အဘယ်သူဖြစ်သည်ကို၊ ရောဂါကင်းသောသူသည်မသိ။ အကြောင်းမူကား၊ ထိုအရပ်၌ စုဝေးလျက်ရှိသည်ဖြစ်၍၊ ယေရှုသည် မထင်မရှား ထွက်ကြွတော်မူ၏။


ဥပုသ်နေ့ကို ချိုးဖေါက်သောကြောင့်သတ်ချင်ကြ
CROSS REFERENCES






၁၄ ထိုနောက်မှ ယေရှုသည် ဗိမာန်တော်၌ ထိုသူကို တွေ့တော်မူလျှင်၊ သင်သည် ကျန်းမာခြင်းရှိ၏။ သာ၍ဆိုးသော ဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ နောက်တဖန် ဒုစရိုက်ကိုမပြုနှင့်၊ ဟုမိန့်တော်မူ၏။ ၁၅ ထိုသူသည်သွား၍၊ မိမိကျန်းမာစေသောသူသည် ယေရှုဖြစ်သည်ကို ယုဒလူတို့အား ကြားပြောလေ၏။ ၁၆ ထိုအမှုကို ဥပုသ်နေ့၌ [A] ပြုတော်မူသောကြောင့်၊ ယုဒလူတို့သည် ယေရှုကို ညှဉ်းဆဲကြ၏။ ၁၇ ယေရှုကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည် ဖြစ်၍၊ ငါသည်လည်း လုပ်၏၊ ဟုပြန်ပြောတော်မူ၏။ ၁၈ သို့ဖြစ်၍ ဥပုသ်နေ့ကို ဖျက်သည်သာမက၊ ဘုရားသခင်ကို မိမိအဘ၊ ဟုခေါ်၍ မိမိကို ဘုရားသခင်နှင့် ပြိုင်နှိုင်းတော်မူသောကြောင့်၊ [B]ယုဒလူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှာ သာ၍ရှာကြံကြ၏။


ခမည်းတော်ပြုသမျှအတိုင်း သားတော်ပြု၏
CROSS REFERENCES





CROSS REFERENCES






၁၉ ယေရှုကလည်း၊ သင်တို့အား ငါ့အမှန်အကန် ဆိုသည်ကား၊ ခမည်းတော် ပြုတော်မူသောအမှုကို သားတော်သည် မြင်၍သာ ပြု၏။ မိမိအလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ [C] ခမည်းတော် ပြုတော်မူသမျှအတိုင်း၊ သားတော်လည်းပြု၏။ ၂၀ ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍၊ [D] ပြုတော်မူသမျှတို့ကို သားတော်အား ပြတော်မူ၏။ သင်တို့သည် အံ့ဩဘွယ်ရှိစေခြင်းငှာ၊ ဤမျှမကသာ၍ ကြီးစွာသောအမှုအရာတို့ကို၊ သားတော်အား ပြတော်မူလိမ့်မည်။ ၂၁ ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်ရှင် ပြန်စေတော်မူသကဲ့သို့၊ ထိုနည်းတူ သားတော်သည်လည်း အလိုရှိသမျှသော သူတို့ကို ရှင်စေ၏။ ၂၂ လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေသည်နည်းတူ၊ ၂၃ သားတော်ကို ရိုသေစေမည်အကြောင်း၊ ခမည်းတော်သည် အဘယ်သူကိုမျှ တရားစီရင်တော်မမူ။ တရားစီရင်ခြင်း အခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။ သားတော်ကို မရိုသေသော သူသည်ကား၊ သားတော်ကို စေလွှတ်တော်မူသော ခမည်းတော်ကို မရိုသေသောသူဖြစ်၏။


သားတော်၌အသက်ရှိ

၂၄ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍၊ ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည်၊ ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရ။ [E] သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏။ ၂၅ ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင် သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့် အချိန်ကာလသည် လာ၍၊ ယခုပင် ရောက်လျက်ရှိ၏။ ၂၆ အကြောင်းမူကား၊ ခမည်းတော်သည် ကိုယ်၌အသက် ရှိတော်မူသည်နည်းတူ၊ သားတော်သည် မိမိ၌အသက် ရှိရသောအခွင့်ကို ပေးတော်မူ၏။


သားတော်၌ တရားစီရင်ခြင်းအခွင့်အပ်ပေး
CROSS REFERENCES





CROSS REFERENCES






၂၇ သားတော်သည် လူသားဖြစ်သောကြောင့်၊ တရားစီရင်ခြင်း အခွင့်ကိုလည်း အပ်ပေးတော်မူ၏။ ၂၈ ဤအမှုအရာကို အံ့ဩခြင်း မရှိကြနှင့်။ သင်္ချိုင်းများမှာ ရှိသောသူ အပေါင်းတို့သည်၊ သားတော်၏ စကားသံကိုကြား၍၊ ၂၉ ထွက်ရမည့် အချိန်ကာလ ရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည်၊ အသက်ရှင်ရာ ထမြောက်ခြင်းသို့၎င်း၊ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူတို့သည်၊ အပြစ်စီရင်ရာ ထမြောက်ခြင်းသို့၎င်း၊ ထွက်ရကြလတံ့။ [F]၃၀ ငါသည် ကိုယ်အလိုအလျောက် အဘယ်အမှုကိုမျှ မပြုနိုင်။ [G] ငါသည်ကြားသည်အတိုင်း တရားစီရင်၏။ ငါစီရင်ခြင်းသည်လည်း တရားတော်နှင့် ညီညွတ်၏။ အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့မလိုက်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်၏ အလိုသို့လိုက်၏။


ယောဟန် သက်သေထက် ကြီးသောသက်သေ
CROSS REFERENCES






၃၁ ငါသည် ကိုယ်အကြောင်းကို သက်သေခံလျှင်၊ ငါ့သက်သေမတည်။ ၃၂ ငါ၏အကြောင်းကို သက်သေခံသောသူ တစ်ပါးရှိသေး၏။ ထိုသူ၏ သက်သေတည်ကြောင်းကို ငါသိ၏။ ၃၃ သင်တို့သည် ယောဟန်ထံသို့ စေလွှတ်ကြ၏။ သူသည် သမ္မာတရား [H]ဘက်၌ သက်သေခံ၏။ ၃၄ သို့သော်လည်း လူပေးသော သက်သေကို ငါသည်ပမာဏမပြု။ သင်တို့သည် ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း ဤစကားကို ငါပြော၏။ ၃၅ ယောဟန်သည် ညှိထွန်း၍ လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာ မွေ့လျော်ခြင်းငှာ အလိုရှိကြ၏။ ၃၆ ယောဟန်၏ သက်သေထက် သာ၍ ကြီးသောသက်သေသည် ငါ၌ရှိ၏။ အကြင်အမှုတို့ကို ငါပြီးစီးစေခြင်းငှာ ခမည်းတော်သည် ငါ့လက်သို့ အပ်တော်မူ၍၊ ငါပြုသော ထိုအမှုတို့သည်လည်း ငါ့ဘက်၌ နေ၍၊ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည် အကြောင်းကို သက်သေခံကြ၏။ ၃၇ ခမည်းတော်သည်လည်း ငါ့ဘက်၌ သက်သေခံတော်မူ၏။ ခမည်းတော်၏ စကားသံတော်ကို သင်တို့သည်မကြား၊ သဏ္ဍာန်တော်ကိုမမြင်၊ ၃၈ နှုတ်ကပတ်တော်သည်လည်း သင်တို့၌မတည်။ အကြောင်းမူကား၊ စေလွှတ်တော်မူသောသူကို သင်တို့သည် မယုံကြည်ဘဲနေကြ၏။


ကျမ်းစာအားဖြင့် အသက်မရ

၃၉ ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်၊ ဟုစိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို၊ စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေ ဖြစ်၏။ ၄၀ သင်တို့သည် အသက်ကိုရအောင်၊ ငါ့ထံသို့လာခြင်းငှာ အလိုမရှိကြ။ ၄၁ လူပေးသော ဘုန်းအသရေကို ငါမခံ။ [I] ၄၂ သို့သော်လည်း ဘုရားသခင်ကို ချစ်ခြင်းမေတ္တာသည်၊ သင်တို့၌ မရှိသည်ကို ငါသိ၏။ ၄၃ ငါသည် ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း၊ သင်တို့သည် ငါ့ကိုလက်မခံကြ။ အခြားသောသူသည် မိမိအခွင့်နှင့် ရောက်လာလျှင် ထိုသူကို လက်ခံကြလိမ့်မည်။ ၄၄ အချင်းချင်းပေးသော ဘုန်းအသရေကိုသာ ခံ၍၊ [J] ဘုရားသခင်သာလျှင် ပေးတော်မူတတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည်၊ အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ ၄၅ ခမည်းတော်ရှေ့၌ ငါသည် သင်တို့ကို အပြစ်တင်မည်၊ ဟုမထင်ကြနှင့်။ သင်တို့ကို အပြစ်တင်သောသူ တစ်ပါး ရှိသေး၏။ ထိုသူကား သင်တို့ကိုးစားသော မောရှေပေတည်း။ ၄၆ သင်တို့သည် မောရှေ၏ စကားကိုယုံလျှင်၊ ငါ့စကားကို မယုံဘဲ မနေနိုင်ကြ။ အကြောင်းမူကား၊ မောရှေသည် ငါ့အကြောင်းကို ရေးထား၏။ ၄၇ သူရေးထားသောစာကို သင်တို့သည် မယုံလျှင်၊ ငါ့စကားကို အဘယ်သို့ ယုံနိုင်မည်နည်း၊ ဟုယုဒလူတို့အား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.