-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၄


ယေရှုနှင့်ရှမာရိအမျိုးသမီး
CROSS REFERENCES






ယေရှုသည် ကိုယ်တိုင် ဗတ္တိဇံကို ပေးတော်မမူ။ တပည့်တော်တို့သာလျှင် ပေးကြသော်လည်း၊ ယေရှုသည် ယောဟန်ထက်သာ၍ များသောသူတို့ကို တပည့်တော်ဖြစ်စေ၍ ဗတ္တိဇံကို ပေးကြောင်းကို ဖာရိရှဲတို့သည်ကြားပြီ၊ ဟုသခင်ဘုရား သိတော်မူသောအခါ၊ ယုဒပြည်မှ ထွက်သွား၍ ဂါလိလဲပြည်သို့ တဖန်ကြွတော်မူစဉ်တွင်၊ ရှမာရိပြည် အလယ်၌ လျှောက်သွားရ၏။ ယာကုပ်သည် မိမိသား ယောသပ်အား ပေးသော မြေအကွက်နှင့်အနီး၊ ရှမာရိနယ်၊ ရှုခါအမည်ရှိသော မြို့သို့ရောက်တော်မူ၏။ [A] ထိုအရပ်၌ ယာကုပ်၏ ရေတွင်းရှိ၏။ ယေရှုသည် ခရီးသွား၍ ပင်ပန်းသောကြောင့် ရေတွင်းနားမှာ ထိုင်တော်မူ၏။ ထိုအချိန်သည် ခြောက်နာရီ အချိန်(a) ဖြစ်၏။ ရှမာရိမိန်းမ တစ်ယောက်သည် ရေခပ်ခြင်းငှာ လာ၍၊ ယေရှုက၊ ငါသောက်ဖို့ ရေပေးပါ၊ ဟုထိုမိန်းမအား မိန့်တော်မူ၏။ အကြောင်းမူကား၊ တပည့်တော်တို့သည် စားစရာကို ဝယ်ခြင်းငှာ၊ မြို့ထဲသို့ သွားကြသည် အခိုက်ဖြစ်သတည်း။ ထိုမိန်းမကလည်း၊ သင်သည် ယုဒလူဖြစ်လျက်ပင်၊ ရှမာရိမိန်းမဖြစ်သော အ​ကျွန်ုပ်ကို အဘယ်ကြောင့် သောက်ဖို့ တောင်းသနည်း၊ ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ယုဒလူတို့သည် ရှမာရိလူတို့နှင့် ပေါင်းဖော်ခြင်းမရှိ။ [B] ၁၀ ယေရှုကလည်း၊ ဘုရားသခင့် ကျေးဇူးတော်ကို၎င်း၊ ငါသောက်ဖို့ ရေပေးပါ၊ ဟုဆိုသောသူကား အဘယ်သူဖြစ်သည်ကို၎င်း၊ သင်သည်သိလျှင် ထိုသူကို တောင်းလိမ့်မည်။ ထိုသူသည်လည်း အသက်ရေကို ပေးလိမ့်မည်၊ ဟုပြန်၍မိန့်တော်မူသော်၊ ၁၁ မိန်းမက၊ သခင်၌ ရေခပ်စရာမရှိ ရေတွင်းလည်း နက်သည်ဖြစ်၍၊ အသက်ရေကို အဘယ်သို့ ရပါမည်နည်း။ ၁၂ ဤရေတွင်းကို ငါတို့အဘ ယာကုပ်သည် ငါတို့အားပေး၏။ သူကိုယ်တိုင်မှစ၍ သားသမီး၊ တိရစ္ဆာန်များတို့သည် ဤတွင်းရေကို သောက်ကြပြီ။ သခင်သည် ထိုသူထက် ကြီးမြတ်သလော၊ ဟုဆို၏။


ဤရေသောက်သူသည် ငတ်ဦးမည်

၁၃ ယေရှုကလည်း၊ ဤရေကို သောက်သောသူသည် နောက်တဖန် ရေငတ်ဦးမည် [C] ၁၄ ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ ထာဝရ အသက်ရှင်ခြင်း အလိုငှာ ထွက်သောစမ်းရေ ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၁၅ မိန်းမကလည်း သခင်၊ အ​ကျွန်ုပ်သည် ရေငတ်ခြင်းနှင့်၎င်း၊ ဒီကိုလာ၍ ရေခပ်ခြင်းနှင့်၎င်း၊ ကင်းလွတ်မည်အကြောင်း ထိုရေကိုပေးပါ၊ ဟုတောင်းလျှင်၊ ၁၆ ယေရှုက၊ သွားလော့။ သင်၏လင်ကို ခေါ်၍ ဒီကို လာဦးလော့၊ ဟုမိန့်တော်မူ၏။ ၁၇ မိန်းမကလည်း၊ အ​ကျွန်ုပ်၌ လင်မရှိဟုဆိုလျှင်၊ ယေရှုက၊ လင်မရှိဟူသော စကားသည်မှန်၏။ ၁၈ အကြောင်းမူကား၊ သင်၌ လင်ငါးယောက်ရှိဖူးပြီ။ ယခုသင်နှင့်နေသော သူသည် သင်၏လင် မဟုတ်။ ဤအရာ၌ သင်သည် မှန်သောစကားကို ပြောပြီ၊ ဟုမိန့်တော်မူ၏။


ဘုရားကိုဝိညာဉ်နှင့်ကိုးကွယ်ရမည်
CROSS REFERENCES





CROSS REFERENCES






၁၉ ထိုမိန်းမကလည်းသခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အ​ကျွန်ုပ်ရိပ်မိပါ၏။ ၂၀ အ​ကျွန်ုပ်တို့ ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်၊ ဟုသင်တို့သည် ဆိုတတ်ကြ၏၊ ဟုလျှောက်လျှင်၊ ၂၁ ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့မလာ၊ ယေရုရှလင်မြို့သို့ မသွားဘဲ ခမည်းတော်ကို ကိုးကွယ်ရမည့် အချိန်ကာလ ရောက်ဆဲရှိ၏။ ၂၂ သင်တို့သည် ကိုယ်မသိသော အရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်း အကြောင်းရှိ၏။ ၂၃ ကိုးကွယ်သောသူ မှန်သမျှတို့သည်၊ ခမည်းတော်ကို ဝိညာဉ်နှင့်၎င်း၊ သမ္မာတရား [D] (b) နှင့်၎င်း၊ ကိုးကွယ်ရမည့် အချိန်ကာလသည်လာ၍၊ ယခုပင် ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ ကိုးကွယ်သောသူတို့ကို၊ ခမည်းတော်သည် အလိုရှိတော်မူ၏။ ၂၄ ဘုရားသခင်သည် ဝိညာဉ်(c) ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သော သူတို့သည်၊ ဝိညာဉ်(c) နှင့်၎င်း၊ [E] သမ္မာတရား(b) နှင့်၎င်း၊ ကိုးကွယ်ရမည်၊ ဟုမိန့်တော်မူ၏။ [F]


ယေရှုကသူသည် မေရှိဖြစ်ကြောင်းပြော

၂၅ မိန်းမကလည်း၊ မေရှိကြွလာတော်မူသည်၊ ဟုအ​ကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အ​ကျွန်ုပ်တို့အား အလုံးစုံတို့ကို ဖော်ပြတော်မူမည်၊ ဟုလျှောက်ပြန်၏။ မေရှိအနက်ကား၊ ခရစ်တော်၊ ဟုဆိုလိုသတည်း။ ၂၆ ယေရှုကလည်း၊ သင်နှင့်စကား ပြောသောငါသည် မေရှိပင်ဖြစ်သည်၊ ဟုမိန့်တော်မူ၏။ ၂၇ ထိုအခါ တပည့်တော်တို့သည် ရောက်လာ၍၊ ထိုမိန်းမနှင့်စကား ပြောတော်မူသည်ကို အံ့ဩခြင်းရှိကြ၏။ သို့သော်လည်း၊ အဘယ်အလိုတော်ရှိသနည်း၊ ထိုမိန်းမနှင့် အဘယ်ကြောင့် စကားပြောတော်မူသနည်း၊ ဟုအဘယ်သူမျှ မလျှောက်ကြ။


သင်တို့မသိသော စားစရာ

၂၈ ထိုမိန်းမသည်လည်း ရေအိုးကို ထားခဲ့၍ မြို့ထဲသို့သွားပြီးလျှင်၊ ၂၉ အ​ကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို ထုတ်ဖော်သောသူကို လာ၍ကြည့်ကြပါ။ ထိုသူသည် ခရစ်တော် မှန်လိမ့်မည်လော၊ ဟုလူများတို့အား ပြောဆိုသော်၊ ၃၀ သူတို့သည် မြို့ထဲမှထွက်၍ အထံတော်သို့ သွားကြ၏။ ၃၁ မရောက်မှီတွင် တပည့်တော်တို့က၊ ဆရာ၊(d) အစာကို သုံးဆောင်တော်မူပါ၊ ဟုတောင်းပန်ကြလျှင်၊ ၃၂ သင်တို့မသိသော စားစရာသည် ငါ၌ရှိသည်၊ ဟုမိန့်တော်မူ၏။ ၃၃ ထိုကြောင့် တပည့်တော်တို့က၊ တစ်စုံတစ်ယောက်သောသူသည် စားစရာကို ပို့ပြီလော၊ ဟုအချင်းချင်း မေးမြန်းကြလျှင်၊ ၃၄ ယေရှုက၊ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏အမှုတော်ကို ပြီးစီးခြင်း အမှုသည် ငါ့စားစရာဖြစ်၏။


လယ်ပြင်တို့သည်ဝင်းဝင်း

၃၅ ယခုမှစ၍ လေးလလွန်လျှင်၊ စပါးရိတ်ရာ ကာလဖြစ်လိမ့်မည်၊ ဟုသင်တို့ဆိုတတ်သည် မဟုတ်လော။ ငါဆိုသည်ကား၊ စပါးရိတ်ခြင်းအလိုငှာ လယ်ပြင်တို့သည် ယခုပင် ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။ [G] ၃၆ စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်း အလိုငှာ အသီးအနှံကို စုသိမ်း၏။ သို့ဖြစ်လျှင် ကြဲသောသူနှင့် စပါးရိတ်သောသူတို့သည် အတူဝမ်းမြောက်ကြလိမ့်မည်။ ၃၇ တစ်ဦးကားပျိုးကြဲ၏။ တစ်ဦးကား စပါးရိတ်၏ဟူသော စကားသည်၊ ဤအရာ၌ အမှန်ကျသတည်း။၃၈ သင်တို့သည် လယ်မလုပ်သောအရပ်၌၊ စပါးရိတ်စေခြင်းငှာ သင်တို့ကို ငါစေလွှတ်၏။ အခြားသောသူတို့သည် လယ်လုပ်ကြ၍၊ သင်တို့သည် ထိုသူတို့၏ အလုပ်ထဲသို့ ဝင်ရကြ၏၊ ဟုမိန့်တော်မူ၏။


ရှမာရိမြို့သားများယုံကြည်

၃၉ ရှမာရိမိန်းမက၊ အ​ကျွန်ုပ်ပြုဖူးသမျှသော အမှုအရာတို့ကို သူသည်ထုတ်ဖော်ပြီ၊ ဟုသက်သေခံသော စကားကြောင့်၊ ထိုမြို့၌နေသော ရှမာရိလူအများတို့သည် ယေရှုကိုယုံကြည်ကြ၏။ ၄၀ ထိုကြောင့်၊ ရှမာရိလူတို့သည် အထံတော်သို့ရောက်လျှင်၊ မိမိတို့အရပ်၌ နေတော်မူမည်အကြောင်း တောင်းပန်ကြ၏။ ထိုအရပ်၌ နှစ်ရက်နေတော်မူ၏။ ၄၁ အခြားသောသူ အများတို့သည် နှုတ်ကပတ် စကားတော်ကြောင့် ယုံကြည်၍၊ ၄၂ ထိုမိန်းမအား၊ ယခုဖြစ်လျှင် ငါတို့သည် သင်၏စကားကြောင့်သာ ယုံကြည်သည်မဟုတ်။ စကားတော်ကို ကိုယ်တိုင်ကြားနာရ၍၊ ဤသူသည် လောကီသားတို့ကို ကယ်တင်တော်မူသော သခင်တည်းဟူသော၊ ခရစ်တော် အမှန်စင်စစ် ဖြစ်တော်မူကြောင်းကို သိသည်၊ ဟုဆိုကြ၏။


နာဇရက်မြို့ကိုရှောင်

၄၃ နှစ်ရက်လွန်ပြီးလျှင်၊ ထိုအရပ်မှထွက်၍ (e) ဂါလိလဲပြည်သို့ ကြွတော်မူ၏။ ၄၄ အကြောင်းမူကား၊ ပရောဖက်သည် မိမိနေရင်းပြည်၌ အသရေမရှိ၊ ဟုယေရှုသည် ကိုယ်တိုင် သက်သေခံတော်မူ၏။ ၄၅ ဂါလိလဲပြည်သို့ ရောက်တော်မူသောအခါ၊ ဂါလိလဲလူတို့သည် ကိုယ်တော်ကို လက်ခံကြ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယေရုရှလင်မြို့၌ ခံသောပွဲသို့ သွားတတ်သဖြင့်၊ ထိုပွဲအတွင်းတွင် ပြုတော်မူသမျှတို့ကို မြင်ခဲ့ကြ၏။ ၄၆ ရေကိုစပျစ်ရည်ဖြစ်စေသော အရပ်၊ ဂါလိလဲပြည် ကာနမြို့သို့ တဖန်ကြွတော်မူ၏။ ကပေရနောင်မြို့၌ အမတ်တစ်ယောက်၏ သားသည် အနာရောဂါစွဲလျက်ရှိ၏။


ကပေရနောင်မြို့၌ အမတ်သားအနာပျောက်

၄၇ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ရောက်တော်မူသည်ကို ထိုအမတ်သည်ကြားလျှင်၊ အထံတော်သို့သွား၍ သေခါနီးဖြစ်သော မိမိသားဆီသို့ကြွ၍ အနာရောဂါကို ငြိမ်းစေတော်မူမည် အကြောင်း တောင်းပန်လေ၏။ ၄၈ ယေရှုကလည်း၊ သင်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဘွယ်သောအမှုတို့ကို မမြင်ရလျှင် ယုံခြင်းမရှိကြ၊ ဟုမိန့်တော်မူသော်၊ ၄၉ သခင်၊ အ​ကျွန်ုပ်သား မသေမှီကြွတော်မူပါ၊ ဟုအမတ်လျှောက်ပြန်၏။ ၅၀ ယေရှုကလည်း၊ သွားလော့။ သင်၏သားသည် အသက်ချမ်းသာရပြီ၊ ဟုမိန့်တော်မူ၏။ ထိုအမတ်သည် ယေရှုမိန့်တော်မူသော စကားကိုယုံ၍ သွားလေ၏။ ၅၁ လမ်း၌သွားစဉ်တွင် မိမိငယ်သားတို့သည် ခရီးဦးကြိုလာ၍၊ ကိုယ်တော်၏သားသည် အသက်ချမ်းသာရပါပြီ၊ ဟုကြားလျှောက်ကြ၏။ ၅၂ အဘယ်အချိန်၌ သက်သာခြင်းသို့ ရောက်သနည်း၊ ဟုမေးလျှင်၊ မနေ့ခုနစ်နာရီ အချိန်၌ ဖျားနာ ပျောက်ပါသည်၊ ဟုလျှောက်ကြ၏။ ၅၃ ထိုအချိန်ကား၊ သင်၏သားသည် အသက်ချမ်းသာရပြီ၊ ဟုယေရှုမိန့်တော်မူသော အချိန်ဖြစ်သည်ကို အဘသိ၍၊ ကိုယ်တိုင်မှစသော မိမိအိမ်သူအိမ်သား အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ၅၄ ဤနိမိတ်လက္ခဏာတော်ကား၊ ယေရှုသည် ယုဒပြည်မှ ဂါလိလဲပြည်သို့ ကြွသည်နောက်၊ ပြတော်မူသော ဒုတိယနိမိတ်လက္ခဏာ ဖြစ်သတည်း။

_________________________
Footnotes


(a) ခြောက်နာရီသည် နေ့လည်မွန်းတည့်အချိန်ဖြစ်သည်။

၂၃ ၂၄ (b) ဂရိတ်လို ἀληθείᾳ အင်္ဂလိပ်အသံထွက် alētheia ကိုမြန်မာကျမ်းစာအုပ်၌ "သစ္စာတရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည်အင်္ဂလိပ်လို "the truth" ဖြစ်၍ မြန်မာလို "သမ္မာတရား" ဖြစ်သည်။

၂၄ (c) မြန်မာကျမ်းစာအုပ်၌ "နံဝိညာဉ်" ဟုရေးထားသည်။ "နံ" သည် ဝိညာဉ်မဟုတ်ပါ။

၃၁ (d) မူရင်းဂရိတ်ကျမ်း၌ ῥαββί အင်္ဂလိပ်အသံထွက် Rabbi ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား"ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" သို့မဟုတ် "သခင်" ဖြစ်သည်။

၄၃ (e) "နာဇရက်မြို့ကိုရှောင်လျက်၊" ဟူသောစကားကို မူရင်းဂရိတ်ကျမ်းနှင့် အင်္ဂလိပ်ဘာသာပြန်ကျမ်းများ၌ မတွေ့ရပါ။





S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.