-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၃


ဒုတိယအကြိမ်မွေးရမည်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






ယုဒလူတို့တွင် အရာရှိဖြစ်သော [A] နိကောဒင် [B]အမည်ရှိသော ဖာရိရှဲတယောက်သည်၊ ညအခါ ယေရှုထံတော်သို့ လာ၍၊ ဆရာ၊ (a) ကိုယ်တော်သည် ပြတော်မူသော ဤနိမိတ်လက္ခဏာတို့ကို၊ [C] ဘုရားသခင်၏ အခွင့်မရှိလျှင် [D] အဘယ်သူမျှ မပြနိုင်သည်ကို အ​ကျွန်ုပ်တို့သည် ထောက်၍၊ ကိုယ်တော်သည် ဘုရားသခင့် အထံတော်မှ ကြွလာတော်မူသော ဆရာဖြစ်ကြောင်းကို သိကြပါ၏၊ ဟုလျှောက်သော်၊ ယေရှုက၊ ဒုတိယမွေးခြင်းကို [E] မခံသောသူ မည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ရ၊ ဟုငါအမှန်အကန်ဆိုသည်၊ ဟုပြန်၍မိန့်တော်မူ၏။ နိကောဒင်ကလည်း၊ အသက်ကြီးသောသူသည် မွေးခြင်းကို အဘယ်သို့ ခံနိုင်ပါမည်နည်း။ အမိဝမ်းထဲသို့ တဖန်ဝင်၍ မွေးခြင်းကို ခံနိုင်ပါမည်လော၊ ဟုလျှောက်၏။ ယေရှုကလည်း၊ ရေ [F]နှင့် ဝိညာဉ်တော် [G] မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်ရ၊ ဟုငါအမှန်အကန်ဆို၏။ ဇာတိပကတိ မွေးသောအရာသည် ဇာတိပကတိဖြစ်၏။ ဝိညာဉ်တော် မွေးသောအရာသည် ဝိညာဉ်ဖြစ်၏။ ဒုတိယမွေးခြင်းကိုခံရမည်၊ ဟုငါဟောပြောသည်ကို အံ့ဩခြင်းမရှိနှင့်။ လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏အသံကို သင်သည်ကြားရသော်လည်း အဘယ်အရပ်ကဖြစ်သည်၊ အဘယ်အရပ်သို့ သွားသည်ကိုမသိနိုင်။ [H] ထိုနည်းတူ ဝိညာဉ်တော် မွေးသောသူ ဖြစ်သည်၊ ဟုမိန့်တော်မူ၏။ နိကောဒင်ကလည်း၊ ဤအမှုအရာသည် အဘယ်သို့ ဖြစ်နိုင်ပါမည်နည်း၊ ဟုလျှောက်ပြန်လျှင်၊ ၁၀ တဖန်ယေရှုက၊ သင်သည် ဣသရေလလူတို့တွင် ဓမ္မဆရာ [I]ဖြစ်လျက်ပင်၊ ဤအမှုအရာကို မသိသလော။ ၁၁ ငါအမှန်အကန်ဆိုသည်ကား၊ ငါတို့သည် ကိုယ်သိသောအရာကိုပြော၏။ [J] ကိုယ်မြင်သောအရာကို [K] သက်သေခံ၏။ သို့သော်လည်း ငါတို့၏ သက်သေခံချက်ကို၊ သင်တို့သည်မခံမယူကြ။ ၁၂ မြေကြီးအရာကို ငါပြော၍ သင်တို့သည် မယုံလျှင်၊ ကောင်းကင်အရာကို ငါပြောသောအခါ အဘယ်သို့ ယုံကြလိမ့်မည်နည်း။ ၁၃ ကောင်းကင်ဘုံက ဆင်းသက်၍၊ ကောင်းကင်ဘုံ၌ ရှိနေသော လူသားမှတပါး၊ [LK] အဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ။ [M]


သားတော်ကို ယုံသောသူ ထာ၀ရအသက်ရ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၄ မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို့၊ [N] လူသားသည် မြှောက်ထားခြင်းကို ခံရမည်။ [O] ၁၅ အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။ ၁၆ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ [P] ၁၇ လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည် သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည် မဟုတ်။ [Q] လောကီသားတို့သည် ကိုယ်တော်အားဖြင့်၊ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။ ၁၈ သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကိုမခံရ။ [R] မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တစ်ပါးတည်းသော သားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကို ခံရ၏။


အလင်းလောကသို့ဝင်
CROSS REFERENCES





CROSS REFERENCES






၁၉ အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ [S] လူတို့သည် မကောင်းသော အကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကိုသာ၍ နှစ်သက်ကြ၏။ ၂၀ ဆိုးယုတ်သော အကျင့်ကို ကျင့်သောသူ အပေါင်းတို့သည်၊ အလင်းကိုမြင်ပျင်း၍ [T] မိမိတို့အကျင့်၌ အပြစ်ပါသည်ကို မထင်ရှားစေခြင်းငှာ၊ အလင်းသို့ မချဉ်းကပ်ကြ။ ၂၁ သမ္မာတရား [U]ကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏ အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှာ၊ အလင်းသို့ ချဉ်းကပ်သည်၊ ဟုဟောတော်မူ၏။


ယေရှုနှင့်ပတ်သက်၍ ယောဟန်ဟော
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၂၂ ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ ကျေးလက်သို့ ကြွတော်မူလျှင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံကို ပေးလေ၏။ [V] ၂၃ ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံကိုပေး၍ နေသဖြင့်၊ လူများတို့သည်လာ၍ ဗတ္တိဇံကိုခံကြ၏။ ၂၄ ယောဟန်သည် ထောင်ထဲသို့ မရောက်သေး။ [W] ၂၅ ထိုအခါ ယောဟန်၏ တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍၊ ယုဒလူတို့နှင့် ဆွေး​နွေးငြင်းခုံခြင်း ရှိကြသဖြင့်၊ ၂၆ ယောဟန်ထံသို့လာ၍၊ ဆရာ၊(a) ယော်ဒန်မြစ်တဘက်၌ ကိုယ်တော်နှင့်တကွရှိ၍၊ ကိုယ်တော် သက်သေပေးသောသူသည်၊ ဗတ္တိဇံကို ပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏၊ ဟုလျှောက်လျှင်၊ ၂၇ ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင်၊ လူသည် အဘယ်အရာကိုမျှ မခံနိုင်ရာ။ ငါသည် ခရစ်တော်မဟုတ်။ [X] ၂၈ ခရစ်တော်ရှေ့၌ စေလွှတ်သောသူ ဖြစ်သည်၊ ဟုငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။ ၂၉ မင်္ဂလာဆောင် သတို့သမီးကို ရသောသူသည်၊ မင်္ဂလာဆောင် လုလင်ဖြစ်၏။ မင်္ဂလာဆောင် လုလင်၏အနားမှာ နေ၍၊ သူ၏စကားကို ကြားရသော အဆွေခင်ပွန်းသည်၊ ထိုစကားသံကို ကြားသောအားဖြင့် ဝမ်းမြောက်ခြင်းရှိ၏။ [Y] ထိုနည်းတူ ငါ၏ဝမ်းမြောက်ခြင်း ပြည့်စုံ၏။ ၃၀ ထိုသခင်သည် တိုးပွားခြင်း ရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်း ရှိရမည်။ ၃၁ အထက်မှ လာသောသူသည် [Z] အလုံးစုံတို့၏ အထွဋ်ဖြစ်၏။ မြေကြီးမှ ဖြစ်သောသူသည် မြေကြီးနှင့် စပ်ဆိုင်၍ မြေကြီးအရာကို ပြောတတ်၏။ [AA]ကောင်းကင်ဘုံမှ ကြွလာသောသူသည်၊ အလုံးစုံတို့၏ အထွဋ်ဖြစ်တော်မူ၏။ ၃၂ မြင်သမျှ ကြားသမျှတို့ကိုလည်း သက်သေခံတော်မူ၏။ ထိုသက်သေခံချက်ကို အဘယ်သူမျှ မခံမယူ၊၃၃ သက်သေခံတော်မူချက်ကို ခံယူသောသူသည်ကား၊ ဘုရားသခင်သည် သစ္စာစောင့်တော်မူသည်၊ ဟုတံဆိပ်ခတ်၏။ ၃၄ ဘုရားသခင် စေလွှတ်တော်မူသော သူသည်၊ ဘုရားသခင်၏ စကားတော်ကို ပြောဆိုတတ်၏။ ထိုသူအား ဘုရားသခင်သည် ဝိညာဉ်တော်ကိုအတိုင်း အရှည်မရှိဘဲ ပေးတော်မူ၏။ ၃၅ ခမည်းတော်သည် သားတော်ကို ချစ်တော်မူ၍၊ [AB] ခပ်သိမ်းသောအရာတို့ကို သားတော်လက်သို့ အပ်ပေးတော်မူပြီ။ ၃၆ သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ [AC] သားတော်ကို ပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏အပေါ်၌ ဘုရားသခင်၏ အမျက်တော် တည်နေသည်၊ ဟုယောဟန် ဟောပြောလေ၏။

_________________________
Footnotes


နှင့် ၂၆ (a) မူရင်းဂရိတ်ကျမ်း၌ ῥαββί အင်္ဂလိပ်အသံထွက် Rabbi ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား"၊ ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" သို့မဟုတ် "သခင်" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.