-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
၂၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၂၀


ယေရှုရှင်ပြန်ထမြောက်
CROSS REFERENCES






ခုနစ်ရက်တွင် ပဌမနေ့ရက်၊ မိုးမလင်းမှီ စောစောအချိန်၌၊ မာဂဒလမာရိသည် သင်္ချိုင်းတော်သို့သွား၍၊ တွင်းဝ၌ ပိတ်သော ကျောက်သည် ရွှေ့လျက်ရှိသည်ကို မြင်လျှင်၊ ရှိမုန်ပေတရုနှင့် ယေရှုချစ်တော်မူသော အခြားတပည့်တော်ဆီသို့ ပြေးသွား၍၊ သင်္ချိုင်းတော်မှ သခင်ကိုယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကို မသိဟုပြောဆို၏။ ထိုအခါ ပေတရုနှင့် အခြားသောတပည့်တော်သည် ထွက်၍၊ သင်္ချိုင်းတော်သို့ သွားကြ၏။ ထိုသူနှစ်ယောက်တို့သည် အတူပြေးသည်တွင်၊ အခြားသော တပည့်တော်သည် ပေတရုကိုလွန်၍၊ သင်္ချိုင်းတော်သို့ အရင်ရောက်သည်ရှိသော် ငုံ့၍ကြည့်သဖြင့်၊ ပိတ်ပုဆိုးရှိရစ်သည်ကို မြင်လျှင်၊ မဝင်ဘဲနေ၏။ ရှိမုန်ပေတရုသည် နောက်သို့လိုက်၍၊ ရောက်သောအခါ တွင်းထဲသို့ဝင်လျှင်၊ ပိတ်ပုဆိုးရှိရစ်သည်ကို၎င်း၊ ခေါင်းတော်၌ ရှိသောပဝါသည်၊ ပုဆိုးနှင့်အတူမရှိဘဲ တခြားဆီ လိပ်လျက်ရှိသည်ကို၎င်း မြင်လေ၏။ ထိုအခါ သင်္ချိုင်းတော်သို့ အရင်ရောက်သော အခြားတပည့်တော်သည်၊ ဝင်၍ မြင်သဖြင့်ယုံလေ၏။ ကိုယ်တော်သည် သေခြင်းမှ ထမြောက်ရမည်ဟူသော ကျမ်းစကားကို၊ တပည့်တော်တို့သည် နားမလည်ကြသေး။ [A] ၁၀ နောက်မှ ထိုသူနှစ်ယောက်တို့သည်၊ မိမိတို့ အပေါင်းအသင်းရှိရာသို့ ပြန်သွားကြ၏။


မာရိကို ယေရှုကနှုတ်ဆက်

၁၁ မာရိသည် သင်္ချိုင်းတော်အနားမှာ ငိုကြွေးလျက်ရပ်နေ၏။ ငိုကြွေးစဉ် ငုံ့၍တွင်းထဲသို့ ကြည့်လျှင်၊ ၁၂ ကောင်း ကင်တမန်နှစ်ပါးတို့သည်၊ ဖြူသောအဝတ်ကို ဝတ်ဆင်လျက်၊ ယေရှု၏ အလောင်းတော် လျောင်းရာအရပ်၊ ခေါင်းရင်း၌တပါး၊ ​ခြေရင်း၌တပါး ထိုင်ကြသည်ကိုမြင်လျှင်။ ၁၃ ထိုသူတို့က၊ အချင်းမိန်းမ၊ အဘယ်ကြောင့် ငိုကြွေးသနည်း၊ ဟုမေးလျှင်၊ ​ကျွန်မ၏ သခင်ကို ယူသွားကြပြီ။ အဘယ်မှာ ထားကြသည်ကိုမသိပါ၊ ဟုပြောဆို၏။ ၁၄ ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင်၊ ယေရှုရပ် လျက်နေတော်မူသည်ကို မြင်သော်လည်း၊ ယေရှု ဖြစ်တော်မူသည်ကို မသိ။ ၁၅ ယေရှုကလည်း၊ အချင်းမိန်းမ အဘယ်ကြောင့် ငိုကြွေးသနည်း၊ အဘယ်သူကို ရှာသနည်း၊ ဟုမေးတော်မူ၏။ မာရိက၊ သင်သည်သူ့ကို ဆောင် သွားသည်မှန်လျှင်၊ အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ၊ ​ကျွန်မယူသွားပါမည်အရှင်၊ ဟုထိုသူကို ဥယျာဉ်စောင့်ဖြစ်သည်၊ ဟုထင်မှတ်လျက်ဆို၏။ ၁၆ ယေရှုကလည်း မာရိ၊ ဟုခေါ်တော်မူလျှင်၊ မာရိသည်လှည့်၍ ရဗ္ဗုနိ၊ ဟုထူးလေ၏။ ရဗ္ဗုနိအနက်ကား ဆရာ (a) ဟုဆိုလိုသတည်း။ ၁၇ ယေရှုကလည်း၊ ငါ့ကိုမဘက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။(b) ငါ့ညီတို့ရှိရာသို့ သွားလော့။ ငါ၏ ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်၊ ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏ ဘုရားသခင့်ထံတော်သို့၊ ငါတက်ရမည် အကြောင်းအရာကို ကြားပြောလော့၊ ဟုမိန့်တော်မူသည်နှင့်အညီ၊ ၁၈ မာဂဒလမာရိသည် သွား၍၊ မိမိသည်သခင်ကို တွေ့မြင်သည်ကို၎င်း၊ ထိုသို့မိန့်တော်မူသည်ကို၎င်း၊ တပည့်တော်တို့အား ကြားပြောလေ၏။


ယေရှုတပည့်တော်များထံ ထင်ရှား
CROSS REFERENCES





CROSS REFERENCES






၁၉ ခုနစ်ရက်တွင် ပဌမနေ့ဖြစ်သော ထိုနေ့၌ ညအချိန်ရောက်သောအခါ၊ ယုဒလူတို့ကိုကြောက်၍ တံခါးများကို ပိတ်ထားလျက်၊ တပည့်တော်တို့သည် စည်းဝေးကြသော အရပ်သို့ယေရှုသည် ကြွလာ၍၊ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း၊ ဟုမိန့်တော်မူ၏။ ၂၀ ထိုသို့မိန့်တော်မူပြီးမှ လက်တော်နှင့် နံဖေးတော်ကို ပြတော်မူ၏။ တပည့်တော်တို့သည် သခင်ကိုမြင်လျှင် ဝမ်းမြောက်ခြင်းရှိကြ၏။ ၂၁ တဖန်ယေရှုက၊ သင်တို့၌ငြိမ်သက်ခြင်းရှိစေသတည်း။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသည်နည်းတူ၊ သင်တို့ကို ငါစေလွှတ်သည်၊ ဟုမိန့်တော်မူပြီးလျှင်၊ ၂၂ ထိုသူတို့အပေါ်မှာ မှုတ်လျက်၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ခံကြလော့။ [B] ၂၃ အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင်၊ ထိုသူသည် အပြစ်လွတ်လျက် ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏၊ [C]ဟုမိန့်တော်မူ၏။


သောမပြန်ယုံ

၂၄ ထိုသို့ယေရှုသည် ကြွလာတော်မူသောအခါ တမန်တော် တကျိပ်နှစ်ပါးအဝင်၊ ဒိဒုမုဟုအမည်ရှိသော သောမသည် ထိုတပည့်တော်တို့နှင့် အတူမရှိ။ ၂၅ ထိုသူတို့ကလည်း၊ အ​ကျွန်ုပ်တို့သည် သခင်ကိုမြင်ရကြပြီ၊ ဟုသောမအား ပြောဆိုကြလျှင်၊ သောမက လက်တော်၌ သံရိုက်ရာချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့် မစမ်းမသပ်ရလျှင်၊ အ​ကျွန်ုပ်မယုံ၊ ဟုဆို၏။ ၂၆ ထိုနောက် ရှစ်ရက်မြောက်သောနေ့၌၊ တပည့်တော်တို့သည် တဖန်အထဲမှာရှိကြ၍ သောမလည်းပါ၏။ တံခါးများကို ပိတ်ထားစဉ်အခါ ယေရှုသည်ကြွလာ၍၊ အလယ်မှာ ရပ်တော်မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်း၊ ဟုမိန့်တော်မူ၏။ ၂၇ ထိုအခါသောမအား၊ သင်၏လက်ညှိုးကိုဆန့်၍ ငါ့လက်ကို ကြည့်လော့။ သင်၏ လက်ကိုဆန့်၍ ငါ့နံဖေးကို စမ်းသပ်လော့။ ယုံမှားခြင်းမရှိနှင့် ယုံလော့၊ ဟုမိန့်တော်မူ၏။ ၂၈ သောမကလည်း၊ အ​ကျွန်ုပ်၏အရှင်၊ အ​ကျွန်ုပ်၏ ဘုရားသခင်ပါတကား၊ ဟုပြန်၍လျှောက်၏။ ၂၉ ယေရှုကလည်း၊ သင်သည် ငါ့ကိုမြင်သောကြောင့် ယုံခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏၊ [D] ဟုမိန့်တော်မူ၏။ ၃၀ ဤကျမ်းစာ၌ ရေး၍မထားသော အခြားနိမိတ်လက္ခဏာများ တို့ကိုလည်း၊ ယေရှုသည် တပည့်တော်တို့ မျက်မှောက်၌ ပြတော်မူ၏။ ၃၁ ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်ကို၊ သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့်၊ အသက်ကို ရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက်ရှိသတည်း။

_________________________
Footnotes



၁၆ (a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။

၁၇ (b) သခင်ယေရှုက မာရိထံ ငါ့ကိုမဘက်နှင့်ဦး။ ငါသည် ငါ့ခမည်းတော်ထံသို့ မတက်ရသေး။ ဟုဆိုသောကြောင့် ယေရှုသည် သူ့အလောင်း သင်္ချိုင်းထဲ၌ ရှိစဉ်တွင် ကောင်းကင်မတက် ဟုထင်မှတ်ကြသည်။ သို့သော် လုကာ ၂၃း၄၃ ၌ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်၊ ဟုမိန့်တော်မူ၏။ ဟုဆိုသောကြောင့် ယေရှုသည် ဝိညာဉ်အားဖြင့် ပရိဒိသုဘုံတည်းဟူသော ကောင်းကင်နိုင်ငံသို့တက်ခဲ့ပြီ။ သို့ဖြစ်လျှင်အဘယ်ကြောင့် မာရိထံတွင် ငါသည် ခမည်းတော်ထံသို့မတက်သေး၊ ဟုဆိုသနည်း။ သခင်ယေရှုသည် အသေခံသောအခါ ယဇ်ကောင်အနေဖြင့်သေ၍ ရှင်ပြန်ထမြောက်သောအခါ ယဇ်ပုရောဟိတ်မင်း အဖြစ်သူ၏အသွေးကို ကောင်းကင်ရှိခမည်းတော်ထံတွင် ယူဆောင်လာရသည်။ ထို့ကြောင့် မာရိထံတွင် ငါသည်ယဇ်ပုရောဟိတ်မင်း အနေဖြင့်မတက်ရသေး ဟုဆိုခြင်းဖြစ်သည်။ ယဇ်ပုရောဟိတ်မင်းများ သည် တစ်နှစ်လျှင်တစ်ကြိမ် အပြစ်ဖြေရာနေ့၌ အသန့်ရှင်းဆုံးဌါနထဲသို့ အသွေးနှင့်ဝင်တတ်သည်။ ထိုအချိန်တွင် သူ့ကိုမည် သူ ကမျှမထိရချေ။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.