-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၁၉


ပိလတ်မင်းကယေရှုအပြစ်မတွေ့

ထိုအခါ ပိလတ်မင်းသည် ယေရှုကိုယူ၍ ရိုက်ပြီးမှ၊ စစ်သူရဲတို့သည် ဆူးပင်နှင့်ရက်သော ဦးရစ်ကိုခေါင်းတော်၌ တင်၍၊ နီမောင်းသော ဝတ်လုံနှင့်ခြုံစေပြီးလျှင်၊ ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်း၊ ဟုဆို၍ ရိုက်ပုတ်ကြ၏။ ပိလတ်မင်းကလည်း၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့ကြောင်းကို သင်တို့သိစေခြင်းငှါ၊ သူ့ကိုသင်တို့ရှိရာသို့ ငါထုတ်ပြသည်၊ ဟုဆို၏။ ထိုအခါ ယေရှုသည် ဆူးပင်ဦးရစ်နှင့် နီမောင်းသောဝတ်လုံကို ဝတ်လျက်၊ ပြင်သို့ ထွက်ကြွတော်မူ၏။ ပိလတ်မင်းကလည်း၊ သူ့ကိုကြည့်ကြလော့၊ ဟုဆို၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် လုလင်များတို့က၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါ၊ ဟုဟစ်ကြော်ကြ၏။ ပိလတ်မင်းက၊ သင်တို့သည် သူ့ကိုယူ၍ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၊ ငါသည်သူ၌ အပြစ်ကိုမတွေ့၊ ဟုဆိုလျှင်၊


ပိလတ်မင်းကယေရှုကိုလွှတ်ချင်သော်လည်း
CROSS REFERENCES





CROSS REFERENCES






ယုဒလူတို့က၊ ဤသူသည် ဘုရားသခင်၏ သားတော်ဖြစ် ယောင်ဆောင်သောကြောင့်၊ [A]အ​ကျွန်ုပ်တို့၌ ရှိသောဓမ္မသတ်အတိုင်း၊ သေထိုက်ပါသည်၊ ဟုလျှောက်ကြ၏။ ထိုစကားကိုကြားလျှင် ပိလတ်မင်းသည်သာ၍ ကြောက်သဖြင့်၊ အိမ်တော်ဦးထဲသို့ ဝင်ပြန်၍၊ ယေရှုအား၊ သင်သည် အဘယ်ကဖြစ်သနည်း၊ ဟုမေးလျှင်၊ တခွန်းကိုမျှ ပြန်တော်မမူ။ ၁၀ ပိလတ်မင်းကလည်း၊ ငါနှင့်စကားမပြောသလော။ ငါသည် သင့်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပိုင်သည်ကို၎င်း၊ လွှတ်ပိုင်သည်ကို၎င်း၊ သင်မသိလောဟုဆိုသော်၊ ၁၁ အထက်အရပ်မှ အခွင့်ကိုမရလျှင် မင်းကြီးသည် ငါ့ကိုအဘယ်သို့မျှ မပြုပိုင်။ ထိုကြောင့် ငါ့ကိုမင်းကြီးလက်သို့ အပ်နှံသောသူသည်၊ သာ၍ကြီးသော အပြစ်ရှိသည်၊ ဟုမိန့်တော်မူ၏။ ၁၂ ထိုအခါမှစ၍ ပိလတ်မင်းသည်၊ ကိုယ်တော်ကို လွှတ်ခြင်းငှါ ရှာကြံလေ၏။ ယုဒလူတို့ကလည်း၊ ထိုသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာဘုရင်၏ အဆွေမဟုတ်ပါ။ ရှင်ဘုရင်လုပ်သောသူမည်သည်ကား၊ ကဲသာဘုရင်၏ ရန်သူဖြစ်ပါသည်၊ ဟုလျှောက်ကြ၏။ ၁၃ ထိုစကားကိုကြားလျှင်၊ ပိလတ်မင်းသည် ယေရှုကို ပြင်သို့ထုတ်ပြီးမှ၊ ဟေဗြဲစကားအားဖြင့် ဂဗ္ဗသအမည်ရှိ၍ ကျောက်ခင်း၊ ဟုခေါ်ဝေါ်သောအရပ်၌ ၊ တရားပလ္လင်ပေါ်မှာ ထိုင်လေ၏။ ၁၄ ထိုနေ့အချိန်ကား၊ ပသခါ [B] အဘိတ်နေ့ တချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ ရှင်ဘုရင်ကို ကြည့်ကြလော့၊ ဟုယုဒလူတို့အားပြောဆိုလျှင်၊


ပိလတ်မင်းကယေရှုကိုလက်ဝါးကပ်တိုင်မှာရိုက်ခွင့်ပေး

၁၅ ထိုသူကိုထုတ်ပါ၊ ထုတ်ပါ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ဟုလူများဟစ်ကြော်ကြ၏။ ပိလတ်မင်းကလည်း သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လော၊ ဟုမေးပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါး အဘယ် ရှင်ဘုရင်မျှမရှိပါ၊ ဟုပြန်ပြောကြ၏။ ၁၆ ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် ကိုယ်တော်ကိုယူ၍ ထုတ်သွားကြ၏။ ၁၇ ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင်ကို ထမ်းလျက်၊ ဦးခေါင်းခွံ အရပ်ဟူ၍တွင်သော အရပ်သို့ထွက်တော်မူ၏။ ထိုအရပ်ကား ဟေဗြဲစကားအားဖြင့် ဂေါလဂေါသအမည်ရှိ၏။ ၁၈ ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူ နှစ်ယောက်နှင့်တကွ၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက် အလယ်မှာ ယေရှုသည် နေရာကျသတည်း။


ယုဒရှင်ဘုရင်ဟုကမ္ဗည်းလိပ်စာရေး

၁၉ ပိလတ်မင်းသည်လည်း ကမ္ဗည်းလိပ်စာကိုရေး၍ လက်ဝါးကပ်တိုင်တော်၌ တပ်လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒရှင်ဘုရင် နာဇရက်မြို့သားယေရှု။ ဟုရေးထားသတည်း။ ၂၀ ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောအရပ်သည်၊ မြို့နှင့်နီးသည်ဖြစ်၍၊ ထိုလိပ်စာကို ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာ အားဖြင့် ရေးထားသောကြောင့် ယုဒလူများတို့သည် ဖတ်ကြ၏။ ၂၁ ထိုကြောင့် ယုဒယဇ်ပုရောဟိတ် အကြီးတို့သည် ပိလတ်မင်းထံသို့ဝင်၍၊ ယုဒရှင်ဘုရင်၊ ဟုမရေးပါနှင့်။ ငါသည် ယုဒရှင်ဘုရင်ဖြစ်သည်။ ဟုသူဆိုကြောင်းကို ရေးတော်မူပါ၊ ဟုလျှောက်ကြလျှင်၊ ၂၂ ပိလတ်မင်းက၊ ငါရေးပြီးသောအရာကို ငါရေးပြီဟုပြန်ဆို၏။


အဝတ်တော်ကိုစာရေးတံချကြ

၂၃ စစ်သူရဲတို့သည် ယေရှုကို လက်ဝါးကပ်တိုင်၌ ရိုက်ထားပြီးမှ၊ အဝတ်တော်တို့ကို လေးပိုင်းပိုင်း၍၊ တယောက်တပိုင်းစီ ယူကြလေ၏။ အတွင်းအင်္ကျီတော်ကား မချုပ်ဘဲလျက်၊ အထက်စွန်းမှသည် အောက်စွန်းတိုင်အောင် ယက်သော၊ အင်္ကျီဖြစ်သောကြောင့်၊ ၂၄ ထိုသူတို့က အင်္ကျီကိုမဆုတ်ကြနှင့်။ အဘယ်သူယူရမည်ကို စာရေးတံချကြကုန်အံ့။ ဟုအချင်းချင်းဆိုကြ၏။ ကျမ်းစာလာသည်ကား၊ သူတို့သည် အ​ကျွန်ုပ်အဝတ်ကို အချင်းချင်းဝေဖန်၍၊ အ​ကျွန်ုပ်အင်္ကျီကို စာရေးတံချကြပါ၏၊ ဟူသော အချက်စကားကို ပြည့်စုံစေ၍၊ စစ်သူရဲတို့သည် ထိုသို့ပြုကြ၏။ [C]


မယ်တော်နှင့်တပည့်တော်

၂၅ ယေရှု၏ လက်ဝါးကပ်တိုင်တော်နားမှာ၊ မယ်တော်နှင့် မယ်တော်၏ညီမဖြစ်သော ကလောဖ၏မယားမာရိနှင့်၊ မာဂဒလမာရိတို့သည် ရပ်နေကြ၏။ ၂၆ ထိုအခါ မယ်တော်နှင့် ချစ်တော်မူသော တပည့်တော်သည်၊ အနားမှာ ရပ်နေသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ မယ်တော်အား၊ အချင်းမိန်းမ၊ သင်၏သားကို ကြည့်ပါဟူ၍၎င်း၊ ၂၇ တပည့်တော်အားလည်း၊ သင်၏ အမိကို ကြည့်ပါဟူ၍၎င်း၊ မိန့်တော်မူ၏။ ထိုအခါမှစ၍ ထိုတပည့်တော်သည်၊ မယ်တော်ကို မိမိအိမ်၌ သိမ်းထား၏။


ယေရှုအသက်တော်စွန့်

၂၈ ထိုနောက် ကျမ်းစာပြည့်စုံစေခြင်းငှါ၊ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင်၊ ရေငတ်သည်၊ ဟုမိန့်တော်မူ၏။ ၂၉ ထိုအရပ်၌ ပုံးရည်နှင့်ပြည့်သော အိုးတလုံးရှိသည်ဖြစ်၍၊ ထိုသူတို့သည် ရေမှိုတထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ဟုဿုပ်ပင်အကိုင်းဖျား၌ တပ်၍၊ ခံတွင်းတော်သို့ ကပ်ထားကြ၏။ ၃၀ ယေရှုသည် ပုံးရည်ကိုခံပြီးမှ၊ အမှုပြီးပြီ၊ ဟုမိန့်တော်မူလျက်၊ ခေါင်းတော်ကို ငိုက်စိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။


နံဖေးတော်ကိုလှံနှင့်ထိုး
CROSS REFERENCES






၃၁ ထိုနေ့သည် အဘိတ်နေ့ဖြစ်၍၊ နက်ဖြန်နေ့လည်း ကြီးမြတ်သော ဥပုသ်နေ့ [D]ဖြစ်သည်ကို ယုဒလူတို့သည်ထောက်၍၊ အ လောင်းကောင်တို့ကို ဥပုသ်နေ့၌ လက်ဝါးကပ်တိုင်ပေါ်မှာ မရှိစေခြင်းငှါ၊ ပိလတ်မင်းထံသို့ဝင်ပြီးလျှင်၊ ​ခြေကိုချိုး၍ ထိုအလောင်းကောင်တို့ကို ယူသွားရမည်အကြောင်း အခွင့်တောင်းကြ၏။ ၃၂ ထိုအခါ စစ်သူရဲတို့သည် သွား၍၊ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသောသူ နှစ်ယောက်တို့၏ခြေကို ချိုးလေ၏။ ၃၃ ယေရှုထံသို့ ရောက်၍၊ အသက်မရှိကြောင်းကို မြင်လျှင်၊ ခြေကိုမချိုးဘဲ၊ ၃၄ စစ်သူရဲတယောက်သည် နံဖေးတော်ကို၊ လှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။ ၃၅ ထိုအကြောင်းအရာကို မြင်သောသူသည် သက်သေခံ၏။ သူ၏ သက်သေခံချက်သည်လည်း မှန်ပေ၏။ သင်တို့သည် ယုံကြည်မည်အကြောင်း၊ သူပြောသော စကားမှန်သည်ကို သူသိ၏။ ၃၆ ထိုအကြောင်းအရာကား၊ သူ၏အရိုးကိုမချိုးရ။ ဟုကျမ်းစာလာချက် ပြည့်စုံမည်အကြောင်းတည်း။ ၃၇ တဖန်ကျမ်းစာလာသည်ကား၊ ထိုသူတို့သည် မိမိတို့ထိုးဖောက်သောသူကို၊ ရှုမြင်ရကြလိမ့်မည်၊ ဟုလာ၏။ [E]


ယေရှုအလောင်းကိုသင်္ဂြိုလ်

၃၈ ထိုနောက်မှ အရိမသဲမြို့သားယောသပ်သည်၊ ယုဒလူတို့ကိုကြောက်၍ မထင်မရှား တပည့်တော်ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ဝင်၍၊ ယေရှု၏ အလောင်းတော်ကို ယူသွားမည်အကြောင်း၊ အခွင့်တောင်း၏။ ပိလတ်မင်းအခွင့်ပေးလျှင်၊ ထိုသူသည်သွား၍၊ ယေရှု၏အလောင်းတော်ကို ယူလေ၏။ ၃၉ အထက်က ညဉ့်အခါ ယေရှုထံသို့လာသော နိကောဒင်သည်လည်း၊ [F] အခွက် သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့်၊ အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျက် လာ၏။ ၄၀ ထိုသူတို့သည် ယေရှု၏အလောင်းတော်ကို ယူ၍၊ ယုဒလူတို့၏ သင်္ဂြိုလ်ခြင်းနှင့် ဆိုင်သောပြင်ဆင်ခြင်းထုံးစံရှိသည်အတိုင်း၊ နံ့သာမျိုးနှင့်တကွ၊ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏။ ၄၁ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသော အရပ်တွင် ဥယျာဉ်ရှိ၏။ ထိုဥယျာဉ်၌ တယောက်ကိုမျှ မသင်္ဂြိုလ်ဘူးသော သင်္ချိုင်းတွင်းသစ်ရှိ၏။ ၄၂ ယုဒလူတို့၏ အဘိတ်နေ့ဖြစ်သောကြောင့်၊ အနီးအ ပါးတွင်ရှိသော ထိုသင်္ချိုင်းတွင်း၌၊ အလောင်းတော်ကိုထားကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.