-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၁၈


ယေရှုကိုဖမ်းကြ

ထိုသို့မိန့်မြွက်တော်မူပြီးမှ ယေရှုသည်၊ တပည့်တော်တို့နှင့်အတူ ကေ​ဒြုန်ချောင်းတဘက်သို့ ကြွ၍၊ ထိုအရပ်၌ ရှိသောဥယျာဉ်သို့ ဝင်တော်မူ၏။ ထိုအရပ်သို့ ယေရှုသည်၊ တပည့်တော်တို့နှင့်အတူ သွားမြဲရှိသောကြောင့်၊ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည်၊ ထိုအရပ်ကို သိသည်ဖြစ်၍၊ စစ်သူရဲတတပ်ကို၎င်း၊ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ဖာရိရှဲတို့စေလွှတ်သော မင်းလုလင်တို့ကို၎င်း၊ ခေါ်ခဲ့၍ မီးအိမ်၊ မီးရှူး၊ လက်နက်တို့ကို လက်စွဲလျက် လာကြ၏။ ယေရှုသည်ကိုယ်၌ ဖြစ်လတံ့သမျှသော အမှုအရာတို့ကို သိတော်မူလျက်၊ လာသောသူတို့ဆီသို့ သွား၍၊ အဘယ်သူကိုရှာကြသနည်း၊ ဟုမေးတော်မူ၏။ နာဇရက်မြို့သား ယေရှုကို ရှာကြသည်၊ ဟုဆိုလျှင်၊ ယေရှုက၊ ငါသည် ထိုသူဖြစ်၏၊ ဟုမိန့်တော်မူ၏။ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။ ငါသည် ထိုသူဖြစ်၏၊ ဟုမိန့်တော်မူလျှင်၊ ထိုသူတို့သည် နောက်သို့လှန်၍ မြေပေါ်၌ လဲကြ၏။ အဘယ်သူကို ရှာကြသနည်း၊ ဟုတဖန်မေးတော်မူလျှင်၊ နာဇရက်မြို့သား ယေရှုကိုရှာကြသည်၊ ဟုထိုသူတို့သည်ဆိုကြ၏။ ယေရှုကလည်း၊ ငါသည် ထိုသူဖြစ်၏၊ ဟုငါပြောပြီ။ သို့ဖြစ်၍ ငါ့ကိုရှာလျှင် ဤသူတို့သည် သွားပါလေစေ၊ ဟုမိန့်တော်မူ၏။ ကိုယ်တော်သည် အ​ကျွန်ုပ်အား ပေးတော်မူသောသူတို့တွင်၊ အဘယ်သူမျှ ပျက်စီးခြင်းသို့မရောက်ပါ၊ ဟူသောအထက်စကားတော်ကို ပြည့်စုံစေခြင်းငှါ၊ ဤသို့မိန့်တော်မူ၏။


ပေတရုကျွန်နားရွက်ခုတ်

၁၀ ထိုအခါ ရှိမုန်ပေတရုသည် မိမိ၌ ပါသော ဓါးကိုဆွဲထုတ်ပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏​ကျွန် တယောက်ကို ခုတ်သဖြင့်၊ လက်ျာနားရွက် ပြတ်လေ၏။ ထို​ကျွန်၏အမည်ကား မာလခုဖြစ်သတည်း။ ၁၁ ယေရှုကလည်း ဓါးကိုအိမ်၌ သွင်းထားလော့။ ခမည်းတော်သည် ငါ့အားပေးတော်မူသော ခွက်ကို၊ ငါမသောက်ရာသလော၊ ဟုပေတရုအားမိန့်တော်မူ၏။


ယေရှုကိုဖမ်းပြီးအန္နတ်မင်းထံခေါ်သွားကြ

၁၂ ထိုအခါမှစ၍ စစ်သူရဲတို့နှင့် ယုဒမင်းလုလင်တို့သည်၊ ယေရှုကို ဖမ်းဆီး၍ ချည်နှောင်ပြီးလျှင်၊ အန္နတ်မင်းထံသို့ ရှေ့ဦးစွာ ယူသွားကြ၏။ ၁၃ အန္နတ်မင်းကား၊ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော၊ ကယာဖ၏ ယောက္ခမဖြစ်သတည်း။၁၄ ထိုကယာဖကား၊ လူတယောက်သည် လူများတို့အတွက် ပျက်စီးသော်သာ၍ ကောင်းသည် ၊ ဟုယုဒလူတို့နှင့် တိုင်ပင်ပြောဆိုသောသူ ပေတည်း။ [A]


ပေတရုနှင့်ယောဟန်လိုက်သွား

၁၅ ရှိမုန်ပေတရုနှင့် အခြားသော တပည့်တော်တယောက်သည်၊ ယေရှုနောက်တော်သို့ လိုက်ကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏ အသိအကျွမ်းဖြစ်၍၊ ယေရှုနှင့်တကွ ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးထဲသို့ ဝင်လေ၏။ ၁၆ ပေတရုမူကား၊ ပြင်၌ တံခါးနားမှာ ရပ်နေ၏။ ထိုကြောင့် ယဇ်ပုရောဟိတ်မင်းနှင့် အ​ကျွမ်းဝင်သော တပည့်တော်သည် ထွက်၍၊ တံခါးစောင့်မိန်းမအား ပြောပြီးမှ ပေတရုကိုသွင်းလေ၏။ ၁၇ တံခါးစောင့်မိန်းမက ပေတရုအား၊ သင်သည် ထိုသူ၏ တပည့်တို့အဝင်ဖြစ်သည် မဟုတ်လော၊ ဟုဆိုလျှင်၊ မဟုတ်ဘူး၊ ဟုပေတရုငြင်းလေ၏။ ၁၈ ထိုကာလ၌ ချမ်းသောကြောင့်၊ ကျွန်များနှင့် မင်းလုလင်များတို့သည် မီးခဲပုံကိုထည့်၍၊ မီးလှုံလျက်နေကြ၏။ ပေတရုသည်လည်း သူတို့နှင့်တကွရပ်၍ မီးလှုံလျက်နေ၏။


ယဇ်ပုရောဟိတ်မင်းကယေရှုကိုစစ်ဆေး

၁၉ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် တပည့်တော်တို့ကို၎င်း၊ ဒေသနာတော်ကို၎င်း အကြောင်းပြု၍ ယေရှုကို မေးမြန်းစစ်ကြော၏။ ၂၀ ယေရှုကလည်း၊ ငါသည်လောက၌ ထင်ရှားစွာ ဟောပြောပြီ။ ယုဒလူအပေါင်းတို့ စည်းဝေးရာတရားစရပ်၌ ၎င်း၊ ဗိမာန်တော်၌ ၎င်း၊ အစဉ်မပြတ်ဆုံးမဩဝါဒပေးပြီ။ မထင်ရှားဘဲ အလျှင်းမဟောမပြော။ ၂၁ အဘယ်ကြောင့် ငါ့ကိုမေးမြန်းသနည်း။ ငါသည် အဘယ်သို့ဟောပြောသည်ကို ကြားနာသောသူတို့ကို မေးမြန်းလော့။ ငါပြောသောစကားကို ထိုသူတို့သည် သိကြ၏၊ ဟုမိန့်တော်မူ၏။ ၂၂ ထိုသို့မိန့်တော်မူလျှင်၊ အနီးအပါး၌ ရပ်နေသော မင်းလုလင်တယောက်က၊ သင်သည် ယဇ်ပုရောဟိတ်မင်းကို ဤသို့ပြန်ပြောရာသလော၊ ဟုဆိုလျက်၊ ယေရှုကိုရိုက်လေ၏။ [B] ၂၃ ယေရှုကလည်း ငါ့စကားမမှန်လျှင် မမှန်ကြောင်းကိုပြပါ၊ မှန်လျှင် ငါ့ကိုအဘယ်ကြောင့် ရိုက်သနည်း၊ ဟုမိန့်တော်မူ၏။ ၂၄ ။ အန္နတ်မင်းသည် ကိုယ်တော်ကို ချည်နှောင်လျက် ရှိသည်အတိုင်း၊ ယဇ်ပုရောဟိတ်မင်းက ယာဖထံသို့ပို့စေခဲ့ပြီ။


ပေတရုယေရှုကိုငြင်းပယ်

၂၅ ရှိမုန်ပေတရုသည် ရပ်၍မီးလှုံလျက်နေသည်တွင် အချို့သောသူတို့က၊ သင်သည် သူ၏တပည့် တို့အဝင်ဖြစ်သည် မဟုတ်လော၊ ဟုမေးလျှင်၊ မဟုတ်ဘူး၊ ဟုပေတရုငြင်းလေ၏။ ၂၆ ပေတရုခုတ်၍ နားရွက်ပြတ်သောသူနှင့် ပေါက်ဖေါ်တော်သော ယဇ်ပုရောဟိတ်မင်း၏​ ကျွန်တယောက်က၊ သင်သည် ဥယျာဉ်၌ ယေရှုနှင့်အတူရှိသည်ကို ငါမြင်ခဲ့ပြီမဟုတ်လော ဟုဆိုလျှင်၊ ၂၇ ပေတရုသည် တဖန်ငြင်းပြန်လေ၏၊ ထိုခဏခြင်းတွင် ကြက်တွန်လေ၏။


ယေရှုကိုအိမ်တော်ဦး (ပိလတ်မင်းထံ) ဆောင်သွား
CROSS REFERENCES






၂၈ နံနက်အချိန်ရောက်လျှင်၊ ယေရှုကို ကယာဖထံမှအိမ်တော်ဦးသို့ ဆောင်သွားကြ၏။ ထိုသူတို့သည် အာပတ်(အပြစ်)နှင့် ကင်းလွတ်၍ ပသခါပွဲ [C]ကို ခံမည်အကြောင်း၊ အိမ်တော်ဦးထဲသို့ ကိုယ်တိုင်မဝင်ကြ။ ၂၉ ထိုကြောင့် ပိလတ်မင်းသည် သူတို့ရှိရာသို့ ထွက်၍၊ ဤသူ၌ အဘယ်အပြစ်ကို တင်ကြသနည်း၊ ဟုမေးသော်၊ ၃၀ ဤသူသည် လူဆိုးမဟုတ်လျှင်၊ အ​ကျွန်ုပ်တို့သည် ကိုယ်တော်၌ မအပ်ပါ။ ဟုလျှောက်ကြ၏။ ၃၁ ပိလတ်မင်းကလည်း၊ သူ့ကိုယူ၍ သင်တို့ဓမ္မသတ်အတိုင်း စီရင်ကြဟုဆို၏။ ယုဒလူတို့ကလည်း၊ အ​ကျွန်ုပ်တို့သည် အဘယ်သူကိုမျှ မသတ်ပိုင်ပါ။ ဟုလျှောက်ကြ၏။ ၃၂ ထိုသို့လျှောက်သော်၊ ယေရှုသည် အဘယ်သို့ မိမိသေရမည်အရိပ်ကိုပေး၍၊ မိန့်တော်မူသော စကားတော်ပြည့်စုံမည် အကြောင်းတည်း။


ယေရှုကိုပိလတ်မင်းစစ်ဆေး
CROSS REFERENCES





CROSS REFERENCES






၃၃ ပိလတ်မင်းသည် အိမ်တော်ဦးထဲသို့ တဖန်ဝင်၍ ယေရှုကိုခေါပြီးလျှင်၊ သင်သည် ယုဒရှင် ဘုရင်မှန်သလော၊ ဟုမေး၏။ ၃၄ ယေရှုကလည်း၊ မင်းကြီးသည် ကိုယ်အလိုအလျောက်ဤ သို့မေးသလော၊ သို့မဟုတ် သူတပါးတို့သည် ငါ၏အကြောင်းကို လျှောက်ကြပြီလော။ ဟုမေးတော်မူ၏။ ၃၅ ပိလတ်မင်းက၊ ငါသည် ယုဒလူဖြစ်သလော။ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ်အကြီးတို့သည် သင့်ကိုငါ၌ အပ်ကြပြီ။ သင်သည် အဘယ်သို့ပြုမိသနည်း၊ ဟုမေးလျှင်၊ ၃၆ ယေရှုက၊ ငါ၏နိုင်ငံသည် ဤလောကနှင့် မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင်၊ ငါသည် ယုဒလူတို့လက်သို့ မရောက်စေခြင်းငှါ ငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်။ ယခုမူကားငါ၏ နိုင်ငံသည်၊ ဤဒေသအရပ်နှင့် မစပ်ဆိုင်၊ ဟုမိန့်တော်မူ၏။ ၃၇ ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် သင်သည် ရှင်ဘုရင်မှန်သလော၊ ဟုမေးသော်၊ ယေရှုက၊ မင်းကြီးမေးသည်အတိုင်း ငါသည်ရှင်ဘုရင်မှန်၏။ သမ္မာတရား [D]ဘက်၌ သက်သေခံခြင်းငှါ ငါသည်မွေးဖွားခြင်းကိုခံ၍၊ ဤလောကသို့ကြွလာပြီ။ သမ္မာတရားနှင့် စပ်ဆိုင်သမျှသောသူတို့သည်၊ ငါ့စကားကို နားထောင်ကြသည်။ ဟုမိန့်တော်မူ၏။ ၃၈ ပိလတ်မင်းကလည်း၊ သမ္မာတရားကား အဘယ်သို့နည်းဟုမေးပြီးမှ၊ တဖန်ယုဒလူတို့ရှိရာသို့ ထွက်၍၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့၊ ၃၉ ပသခါပွဲ [C] ၌လူတယောက်ကို သင်တို့အား ငါလွှတ်မြဲထုံးစံရှိသည်ဖြစ်၍၊ ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလော၊ ဟုမေးလျှင်၊ ၄၀ တဖန်လူအပေါင်းတို့က၊ ဤသူကိုမလွှတ်စေချင်ပါ၊ ဗာရဗ္ဗကို လွှတ်စေချင်ပါသည်။ ဟုအော်ဟစ်၍ လျှောက်ဆိုကြ၏။ ထိုဗာရဗ္ဗကား ဓါးပြဖြစ်သတည်း။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.