-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
၁၇
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၁၇


သခင်ယေရှုဆုတောင်း

ထိုသို့မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ ကြည့်မျှော်၍၊ အိုအဘ၊ အ​ကျွန်ုပ်အချိန် ရောက်ပါပြီ။ ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသော သူတို့အား၊ ထာဝရအသက်ကို ပေးစေခြင်းငှါ၊ လူမျိုးအပေါင်းတို့ကို အစိုးရသော အခွင့်တန်ခိုးကို၊ သားတော်အား ပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ ဘုန်းကို၊ ထင်ရှားစေပါမည် အကြောင်း၊ သားတော်၏ဘုန်းကို ထင်ရှားစေတော်မူပါ။ ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကို၎င်း၊ သိကျွမ်းခြင်းတည်း။ အ​ကျွန်ုပ်သည် မြေကြီးပေါ်မှာ ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါပြီ။ အ​ကျွန်ုပ်ဆောင်ရွက် စရာဘို့၊ အ​ကျွန်ုပ်၌ အပ်ပေးတော်မူသော အမှုကို၊ အ​ကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။ အိုအဘ၊ ဤကမ္ဘာမတည်မရှိမှီ၊ အထံတော်၌ အ​ကျွန်ုပ်ခံစားသော ဘုန်းအသရေနှင့်၊ ယခုတွင်လည်း အ​ကျွန်ုပ်ကို အထံတော်၌ ချီးမြှောက်တော်မူပါ။ ဤလောကထဲမှယူ၍၊ အ​ကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား၊ အ​ကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်၊ ပိုင်တော်မူသဖြင့် အ​ကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည် စောင့်ကြပါ၏။ အ​ကျွန်ုပ်အား ပေးတော်မူသမျှတို့သည်၊ ကိုယ်တော်မှ ဖြစ်ကြောင်းကို၊ သူတို့သည် ယခုသိကြပါ၏။ အကြောင်းမူကား၊ အ​ကျွန်ုပ်အား ပေးတော်မူသမျှသော အရာတို့ကို၊ သူတို့အား အ​ကျွန်ုပ်ပေး၍၊ သူတို့သည်ခံယူသဖြင့်၊ အ​ကျွန်ုပ်သည် အထံတော်မှ ကြွလာသည်ကို၊ အတတ်သိကြသည်နှင့်၊ ကိုယ်တော်သည်အ​ကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ၏။


ယေရှုသည် ယုံကြည်သူများအတွက် ဆုတောင်း
CROSS REFERENCES






သူတို့အဘို့အလိုငှါ အ​ကျွန်ုပ်ဆုတောင်းပါ၏။ လောကီသားတို့ အဘို့အလိုငှါ ဆုတောင်းသည် မဟုတ်ပါ။ အကျွန်ုပ်အား ပေးတော်မူသောသူတို့သည်၊ ကိုယ်တော်၏ လူဖြစ်သောကြောင့်၊ ထိုသူတို့အဘို့အလိုငှါ ဆုတောင်းပါ၏။ ၁၀ အ​ကျွန်ုပ်နှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့သည်၊ ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့် စပ်ဆိုင်သောအရာ ရှိသမျှတို့သည်လည်း၊ အ​ကျွန်ုပ်နှင့်စပ်ဆိုင်၍၊ ထိုအရာတို့အားဖြင့် အ​ကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။ ၁၁ ယခုမှစ၍အ​ကျွန်ုပ်သည်ဤ လောက၌မရှိပါ။ ဤသူတို့မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အ​ကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့် အ​ကျွန်ုပ်သည် တလုံးတဝတည်း [A]ဖြစ်သကဲ့သို့ အ​ကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏နာမ၌ တည်စေတော်မူပါ။


ပျက်စီးခြင်း၏ သားတယောက်သာ

၁၂ အ​ကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့် တကွရှိစဉ်ကာလ၊ သူတို့ကို ကိုယ်တော်၏နာမ၌ တည်စေပါပြီ။ အ​ကျွန်ုပ်အား ပေးတော်မူသော သူတို့ကို အ​ကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏ သားတယောက်မှတပါး အဘယ်သူမှ ပျက်စီးခြင်းသို့မရောက်ပါ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်းကား ကျမ်းစာပြည့်စုံမည် အကြောင်းတည်း။ [B] ၁၃ ယခုတွင် အ​ကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရမည်ဖြစ်၍၊ ဤသူတို့သည် အ​ကျွန်ုပ်ကိုအမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အ​ကျွန်ုပ်ပြောပါ၏။


လောကနှင့်မဆက်ဆံကြ
CROSS REFERENCES





CROSS REFERENCES






၁၄ ကိုယ်တော်၏ နှုတ်ကပတ်တရားကို ဤသူတို့အား အ​ကျွန်ုပ်ပေးပါပြီ။ အ​ကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ဤ သူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကိုမုန်းကြပါ၏။ ၁၅ ဤသူတို့ကို ဤလောကမှ နှုတ်ယူတော်မူမည်အကြောင်း အ​ကျွန်ုပ်တောင်းသည် မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှါ စောင့်မတော်မူမည် အကြောင်းကိုသာ တောင်းပါ၏။ ၁၆ အ​ကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့၊ ဤသူတို့သည် မဆက်ဆံကြပါ။ [C] ၁၇ ကိုယ်တော်၏ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။ [D] ၁၈ ကိုယ်တော်သည် အ​ကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အ​ကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။ ၁၉ သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အ​ကျွန်ုပ်သည် သူတို့အဘို့အလိုငှါ ကိုယ်ကို သန့်ရှင်းစေပါ၏။ ၂၀ ထိုသူတို့အဘို့ကိုသာ အ​ကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ။ သူတို့ဟောပြောခြင်းအားဖြင့် အ​ကျွန်ုပ်ကို ယုံကြည်သောသူ တို့အဘို့ကိုလည်း၊ ဆုတောင်းပါ၏။


တလုံးတ၀တည်း ဖြစ်မည့်အကြောင်း
CROSS REFERENCES





CROSS REFERENCES






၂၁ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို၊ လောကီသားတို့သည် ယုံကြမည်အကြောင်း၊ ထိုသူအပေါင်းတို့သည် တလုံးတဝတည်း [E] ဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အ​ကျွန်ုပ်၌ ရှိတော်မူ၍၊ အ​ကျွန်ုပ်သည်လည်း ကိုယ်တော်၌ ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တလုံးတဝတည်း ဖြစ်စေခြင်းငှါ ဆုတောင်းပါ၏။ ၂၂ ငါတို့သည် တလုံးတဝတည်း ဖြစ်သကဲ့သို့၊ အ​ကျွန်ုပ်သည် သူတို့၌ ရှိ၍၊ ၂၃ ကိုယ်တော်သည်လည်း အ​ကျွန်ုပ်၌ ရှိတော်မူသောအားဖြင့်၊ သူတို့သည် တလုံးတဝတည်းဖြစ်၍၊ တလုံးတဝတည်း၌ စုံလင်စေခြင်းငှါ၎င်း၊ ကိုယ်တော်သည်အ​ကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းနှင့်၊ အ​ကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့၊ [F]သူတို့ကိုလည်း ချစ်တော်မူကြောင်းကို၊ လောကီသားတို့သည် သိစေခြင်းငှါ၎င်း၊ ကိုယ်တော်သည် အ​ကျွန်ုပ်အား ပေးတော်မူသော ဘုန်းအသရေကို အ​ကျွန်ုပ်သည်သူတို့အား ပေးပါပြီ။


ခမည်းတော်က သားတော်ကိုချစ်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၂၄ အိုအဘ၊ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အ​ကျွန်ုပ်ကိုချစ်၍၊ [G]အ​ကျွန်ုပ်အား ပေးတော်မူသော ဘုန်းတော်ကို၊ အ​ကျွန်ုပ်အား ပေးတော်မူသော သူတို့သည် ရှုမြင်ရမည်အကြောင်း၊ အ​ကျွန်ုပ်ရှိရာအရပ်၌ အ​ကျွန်ုပ်နှင့်အတူ ရှိနေစေခြင်းငှါ၊ အ​ကျွန်ုပ်အလိုရှိပါ၏။ ၂၅ တရားတော်မူသောအဘ၊ လောကီသားတို့သည် ကိုယ်တော်ကို မသိသော်လည်း [H]အ​ကျွန်ုပ်သိပါ၏။ ၂၆ ကိုယ်တော်သည် အ​ကျွန်ုပ်ကို စေလွှတ်တော် မူကြောင်းကို၊ ထိုသူတို့သည် သိကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်တော်မူသော မေတ္တာသည် [I]သူတို့၌ ရှိစေခြင်းငှါ၎င်း၊ အ​ကျွန်ုပ်သည် သူတို့၌ ရှိစေခြင်းငှါ၎င်း၊ ကိုယ်တော်၏နာမကို အ​ကျွန်ုပ်သည် သူတို့အား ပြညွှန်ပါပြီဖြစ်၍၊ အစဉ်ပြညွှန်ပါမည်၊ ဟုမိန့်မြွက်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.