-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၁၅


ငါသည်စပျစ်နွယ်ပင်ဖြစ်၏
CROSS REFERENCES





CROSS REFERENCES






ငါသည်မှန်သော စပျစ်နွယ်ပင်ဖြစ်၏။ [A] ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။ ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍အသီးသီးစေခြင်းငှါ၊ သုတ်သင်ရှင်းလင်းတော်မူ၏။ သင်တို့သည် ငါဟော ပြောသော စကားအားဖြင့်၊ ယခုပင်ရှင်းလင်းလျက်ရှိကြ၏။ [B] ငါ၌တည်နေကြလော့။ [C] ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။ ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည် အခက်များဖြစ်ကြ၏။ အကြင်သူသည် ငါ၌တည်၍ ငါသည်လည်းသူ၌ တည်၏၊ ထိုသူသည် များစွာသောအသီးကို သီးတတ်၏။ ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ။ ငါ၌မတည်သောသူသည် သွေ့​ခြောက် သောအခက်ကဲ့သို့ ပြင်သို့ပစ်လိုက်ခြင်းကို ခံရ၏။ ထိုသို့သောအခက်များကို လူတို့သည်စုသိမ်း၍၊ မီးထဲသို့ ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ ရောက်ကြ၏။ သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍ရကြလိမ့်မည်။ [D] သင်တို့သည် များစွာသောအသီးကို သီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။


ချစ်ခြင်းမေတ္တာ
CROSS REFERENCES






ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ [E] ငါသည် သင်တို့ကိုချစ်၏။ [F] ငါ၏ ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။ ၁၀ ငါသည် ငါ့ခမည်းတော်၏ ပညတ်တို့ကို စောင့်ရှောက်၍၊ ခမည်းတော်၏ မေတ္တာ၌ တည်နေသကဲ့သို့၊ သင်တို့သည် ငါ့ပညတ်တို့ကို စောင့်ရှောက်လျှင်၊ ငါ့မေတ္တာ၌ တည်နေကြလိမ့်မည်။ ၁၁ သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းငှါ၎င်း၊ သင်တို့ဝမ်းမြောက်စရာ အကြောင်းစုံလင်စေခြင်းငှါ၎င်း၊ ဤစကားကို သင်တို့အား ဟောပြော၏။ ၁၂ ငါ့ပညတ်ဟူမူကား၊ ငါသည်သင်တို့ကို ချစ်သည်နည်းတူ၊ သင်တို့သည် အချင်းချင်းချစ်ကြလော့။ [G]

၁၃ ကိုယ်အဆွေတို့အဘို့ အလိုငှါ ကိုယ်အသက်ကို စွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌ မျှမရှိ။ [H] ၁၄ သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏။ ၁၅ ယခုမှစ၍ငါသည် သင်တို့ကို ကျွန်ဟူ၍မခေါ်။ ​ကျွန်မူကား၊ ကိုယ်သခင် ပြုသောအမှုကိုမသိ။ သင်တို့ကို အဆွေဟူ၍ငါခေါ်၏။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အားငါပြသ၏။ [I]၁၆ သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသည်သင်တို့ကို ရွေးကောက်သဖြင့်၊ [J] သင်တို့သည်သွား၍ တည်ကြည်သော အသီးကိုသီးမည် အကြောင်းနှင့်၊ ငါ့နာမကိုအမှီပြု၍ ခမည်းတော်မှာ တောင်းသမျှတို့ကို ရမည်အကြောင်း၊ သင်တို့ကိုငါခန့်ထား၏။


လောကီသားတို့သည်သင်တို့ကိုမုန်း
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၇ သင်တို့သည် အချင်းချင်းချစ်စေခြင်းငှါ ဤပညတ်တို့ကို ငါပေး၏။ [K] ၁၈ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ [L] သင်တို့ကိုမမုန်းမှီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။ ၁၉ သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့် ဆက်ဆံသောသင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူ ဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။ [M] ၂၀ ​ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်၊ [N]၊ ဟုငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင်၊ သင်တို့ကို ညဉ်းဆဲကြလိမ့်မည်။ ငါ့စကားကို နားထောင်လျှင်၊ သင်တို့၏ စကားကို နားထောင်ကြလိမ့်မည်။ ၂၁ ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ [O]ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။ ၂၂ ငါသည်လာ၍၊ ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကိုဝှက်၍ မထားနိုင်ကြ။ ၂၃ ငါ့ကိုမုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။ ၂၄ ငါသည် အခြားသူ မပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့်ခမည်းတော်ကို မုန်းကြ၏။ ၂၅ သို့ဖြစ်လျှင် အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏၊ [P]၊ ဟုသူတို့၏ပညတ္တိကျမ်းစာ၌(a) ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ရောက်သတည်း။ ၂၆ ခမည်းတော်ထံမှ ထွက်လာ၍ သမ္မာတရား [Q]နှင့် ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ [R] ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။ ၂၇ သင်တို့သည်လည်း ရှေ့ဦးစွာမှစ၍ ငါနှင့်အတူ ရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။

_________________________
Footnotes


၂၅ (a) ခရစ်တော်က ဆာလံကျမ်းကိုလည်း ပညတ္တိကျမ်း ဟုဆိုတတ်သည် (ယော ၁၀း၃၄)


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.