-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၁၄


ယေရှုအခန်းများပြင်ဆင်

တဖန်တုံ ယေရှုက၊ သင်တို့စိတ်နှလုံး ပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။ ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှါ၊ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်။


ယေရှုလမ်းခရီး
CROSS REFERENCES






ငါသည် အဘယ်အရပ်သို့ သွားသည်ကို၎င်း၊ လမ်းခရီးကို၎င်း၊ သင်တို့သိကြ၏၊ ဟုမိန့်တော်မူသည်။ သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အ​ကျွန်ုပ်တို့မသိသည်ဖြစ်၍၊ လမ်းခရီးကို အဘယ်သို့ သိနိုင်ပါမည်နည်း၊ ဟုလျှောက်လျှင်၊ ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏၊ သမ္မာတရား [A]လည်းဖြစ်၏။ အသက်လည်းဖြစ်၏။ [B] ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ။ သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုမသိဘဲ မနေရကြ။ ယခုမှစ၍ ခမည်းတော်ကို သိမြင်ကြ၏၊ ဟုမိန့်တော်မူသည်။


ခမည်းတော်ကိုပြပါ
CROSS REFERENCES





CROSS REFERENCES






ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အ​ကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အ​ကျွန်ုပ်တို့ အလိုပြည့်စုံပါမည်၊ ဟုလျှောက်လျှင်၊ ယေရှုက၊ ဖိလိပ္ပုဤ မျှကာလပတ်လုံးငါသည် သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကိုမသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ [C] သို့ဖြစ်လျှင်၊ ခမည်းတော်ကို အ​ကျွန်ုပ်တို့အား ပြတော်မူပါ၊ ဟုသင်သည် အဘယ်သို့ဆိုရသနည်း။ ၁၀ ငါသည်ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း မယုံသလော။ ငါဟောပြောသော စကားကို ကိုယ်အလိုအလျှောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့အား ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ၁၁ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော် သည် ငါ၌ရှိတော်မူသည်ကို၎င်း ယုံကြလော့။ ငါ့စကားကိုမယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။ [D]


ငါ့နာမနှင့်ဆုတောင်းလျှင်

၁၂ ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို ယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက် သာ၍ကြီးသော အမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွား၍၊ ၁၃ သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကား၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်းရှိမည် အကြောင်းတည်း။ ၁၄ သင်တို့သည် ငါ၏နာမကို အမှီပြု၍ တစုံတခုသောဆုကို တောင်းလျှင်၊ တောင်းသည်အတိုင်း ငါပြုမည်။


ဝိညာဉ်တော်ပေးမည်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၅ ငါ့ကိုချစ်လျှင် ငါပညတ်တို့ကို စောင့်ရှောက်ကြလော့။ [E] ငါသည် ခမည်းတော်ကို တောင်း၍၊ ၁၆ ခမည်းတော်သည် သမ္မာတရား [A]ကို ပြသော ဝိညာဉ်တော်တည်းဟူသော၊ တပါးသော ဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ၊ သင်တို့အား ပေးတော်မူမည်။ [F] ၁၇ ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့်၊ မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည်၊ သင်တို့နှင့်အတူ တည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။ ၁၈ ငါသည်သင်တို့ကို မိဘမဲ့ဖြစ်စေခြင်းငှါ စွန့်ပစ်မည်မဟုတ်။ သင်တို့ဆီသို့ လာဦးမည်။ ၁၉ ခဏကြာပြီးမှ လောကီသားတို့သည် ငါ့ကိုမမြင်ရကြ။ သင်တို့မူကား မြင်ရကြလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်။ ၂၀ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ သင်တို့သည် ငါ၌ ရှိသည်ကို၎င်း၊ ငါသည်သင်တို့၌ ရှိသည်ကို၎င်း၊ ထိုနေ့၌ သင်တို့သည် သိရကြလိမ့်မည်။ ၂၁ ငါပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူ ဖြစ်၏။ ငါ့ကိုချစ်သောသူကို ငါ့ခမည်းတော်သည် ချစ်တော်မူမည်။ ငါသည်လည်း ထိုသူကိုချစ်၍ သူ့အား ကိုယ်တိုင်ထင်ရှားမည်၊ ဟုမိန့်တော်မူ၏။


ငါ့ကိုချစ်သောသူ ငါစကားနားထောင်

၂၂ ယုဒရှကာရုတ်မဟုတ်၊ အခြားသောယုဒက၊ သခင်၊ ကိုယ်တော်သည် လောကီသားတို့အား မထင်မရှားဘဲ၊ အ​ကျွန်ုပ်တို့အား အဘယ်သို့ ထင်ရှားတော်မူမည်နည်း၊ ဟုမေးလျှောက်၏။ ၂၃ ယေရှုကလည်း၊ ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ်တော်မူသည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍ နေရာချမည်။ ၂၄ ငါ့ကိုမချစ်သောသူသည် ငါ့စကားကိုနားမထောင်။ သင်တို့ ကြားသောစကားသည် ငါ့စကားမဟုတ်။ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ စကားတော်ဖြစ်၏။ ၂၅ ငါသည် သင်တို့နှင့်အတူ ရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။ ၂၆ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော၊ ဥပဇ္ဈာယ်ဆရာ တည်းဟူသော သန့်ရှင်းသော ဝိညာဉ်တော်သည်၊ သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဥာဏ်ကို သင်တို့အားပေးတော်မူမည်။


ငြိမ်သက်ခြင်းကိုပေး

၂၇ ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အားငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။ ၂၈ ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်၊ ဟုငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကို ချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။ ၂၉ ထိုအမှုအရာ ရောက်သောအခါ သင်တို့သည် ယုံကြည်စေခြင်းငှါ၊ မရောက်မှီယခုပင် သင်တို့အား ငါပြောနှင့်ပြီ။ ၃၀ ယခုမှစ၍ ငါသည် သင်တို့နှင့် များစွာမပြောရ။ အကြောင်းမူကား ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌ အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။ ၃၁ ငါသည် ခမည်းတော်ကို ချစ်သည်ကို၎င်း၊ ခမည်းတော် မှာတော်မူသည်အတိုင်း ငါပြုသည်ကို၎င်း လောကီသားတို့ သိမည်အကြောင်းတည်း။ ဤအရပ်မှထ၍ သွားကြကုန်အံ့။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.