-
AA
+
🡀
|
🡂
ရှင်ယောဟန်ခရစ်ဝင်
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်ယောဟန်ခရစ်ဝင်
အခန်းကြီး ၁၀

သိုးထိန်းနှင့်သိုး

ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့်မဝင်၊ အခြားလမ်းဖြင့် ကျော်ဝင်သောသူသည်၊ သူခိုးဓါးပြဖြစ်၏။ သိုးထိန်းမူကား၊ တံခါးဝဖြင့် ဝင်တတ်၏။ ထိုသူအား တံခါးစောင့်လည်း ဖွင့်တတ်၏။ သူ၏စကားသံကို သိုးတို့သည် နားထောင်တတ်ကြ၏။ သူသည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍၊ ပြင်သို့ ထုတ်ဆောင်တတ်၏။ သိုးများကို ထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍၊ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။ မဆိုင်သောသူတို့၏ စကားသံကို မ​ကျွမ်းသောကြောင့်၊ မဆိုင်သောသူ နောက်သို့မလိုက်ဘဲ ပြေးတတ်ကြသည်၊ ဟုမိန့်တော်မူ၏။ ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသော စကားတော်၏ အနက်အဓိပ္ပါယ်ကို နားမလည်ကြ။


ယေရှုသိုးတံခါးဝ

ထိုကြောင့်တဖန် ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သော တံခါးဝဖြစ်၏။ ငါ့ရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးဓါးပြဖြစ်ကြ၏။ ထိုသူတို့၏ စကားသံကို သိုးတို့သည် နားမထောင်ကြ။ ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက်၊ ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။ ၁၀ သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာလာတတ်၏။ ငါမူကား၊ သိုးတို့သည် အသက်လွတ်ရုံမျှမက၊ အထူးသဖြင့် အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။


ယေရှုသိုးထိန်း

၁၁ ငါသည် ကောင်းသော သိုးထိန်းလည်းဖြစ်၏။ ကောင်းသော သိုးထိန်းသည်၊ သိုးတို့အဘို့အလိုငှါ မိမိအသက်ကို စွန့်တတ်၏။ ၁၂ သိုးများကို ပိုင်သော သိုးထိန်းမဟုတ်၊ သူငှါးဖြစ်သောသူမူကား၊ တောခွေးလာသည်ကို မြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း သိုးတို့ကို လုယက်၍ ကွဲလွင့်စေ၏။ ၁၃ သူငှါးသည် သူငှါးဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။ ၁၄ ငါသည် ကောင်းသော သိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့၊ ငါ၏သိုးတို့ကို ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။ ၁၅ ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါစွန့်၏။ ၁၆ ဤသိုးခြံသို့ မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်း ရှိရလိမ့်မည်။


ယေရှုသည်အသက်စွန့်ခွင့်နှင့်ပြန်ယူခွင့်ရှိ

၁၇ ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန်ယူဦးမည် ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။ ၁၈ ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသောအခွင့်နှင့် နောက်တဖန် ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီ၊ ဟုမိန့်တော်မူ၏။ ၁၉ ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန်ကွဲပြားခြင်းရှိကြ၏။ ၂၀ လူများတို့က သူသည် နတ်ဆိုးစွဲ၍ အရူးဖြစ်၏။ [A] သူ့စကားကို အဘယ်ကြောင့် နားထောင်သနည်း၊ ဟုဆိုကြ၏။ ၂၁ အချို့တို့က သူစကားသည် နတ်ဆိုးစွဲသောသူ၏ စကားမဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသောသူတို့ကို မြင်စေခြင်းငှါ တတ်နိုင်သလော၊ ဟုဆိုကြ၏။


ခရစ်တော်မှန်လျှင်ပြောပါ

၂၂ ဆောင်းကာလဖြစ်၍ အင်္ကနိပွဲ (a) ကို ယေရုရှလင်မြို့၌ ခံကြသောအခါ၊ ၂၃ ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန်ကနားပြင်၌ စင်္ကြံသွားတော်မူစဉ်တွင်၊ ၂၄ ယုဒလူတို့သည် ကိုယ်တော်ကို ဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကိုယုံမှား စေမည်နည်း။ ခရစ်တော်မှန်လျှင် အတိအလင်းပြောပါ၊ ဟုဆိုကြ၏။ [B] ၂၅ ယေရှုကလည်း၊ ငါပြောပြီ၊ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏ သက်သေဖြစ်ကြ၏။ ၂၆ သို့သော်လည်း သင်တို့သည် မယုံကြ။ အဘယ်ကြောင့် မယုံကြသနည်းဟူမူကား၊ သင်တို့သည် ငါ့သိုးတို့အဝင်မဟုတ်။ အထက်က ငါပြောသည်အတိုင်း၊


ခရစ်တော်၏သိုးများ
CROSS REFERENCES






၂၇ ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ၂၈ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနှုတ်မယူရာ။ ၂၉ ထိုသိုးတို့ကိုငါ၌ အပ်ပေးတော်မူသော ငါ့ခမည်းတော်သည်၊ ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည် ဖြစ်၍၊ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏လက်မှ မနှုတ်မယူနိုင်ရာ။ ၃၀ ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်၊ [C] ဟုမိန့်တော်မူ၏။


ယေရှုကိုခဲနှင့်ပစ်ဘို့ကြံ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၃၁ ထိုအခါယုဒလူတို့သည်၊ ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ၊ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။ [D] ၃၂ ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကိုခဲနှင့်ပစ်ကြမည်နည်း၊ ဟုမေးတော်မူလျှင်၊ ၃၃ ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍၊ [E]ဘုရားသခင်ကို လွန်ကျူးသော စကားကြောင့် ခဲနှင့်ပစ်မည်၊ ဟုဆိုကြ၏။ ၃၄ ယေရှုကလည်း၊ သင်တို့သည် ဘုရားဖြစ်ကြ၏၊ [F] ငါဆိုသည်၊ ဟုသင်တို့၏ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။(b) ၃၅ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကို မပယ်ရလျှင်၎င်း၊ ၃၆ ခမည်းတော်သည် သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည် ဘုရားသခင်၏ သားတော်ဖြစ်သည်၊ ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ ပြောသည်၊ ဟုထိုသူအားဆိုရာသလော။ ၃၇ ငါသည် ငါ့ခမည်းတော်၏အမှုတို့ကို မပြုလျှင် ငါ့ကိုမယုံကြနှင့်။ ၃၈ ပြုလျှင် ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကိုယုံကြလော့။ [G] ထိုသို့ယုံလျှင် ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို၎င်း၊ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ယုံ၍သိမှတ်ကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။


ယေရှုယောဒန်မြစ်သို့သွား

၃၉ ထိုအခါ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှါ တဖန်ရှာကြပြန်လျှင်၊ ထိုသူတို့၏လက်မှ ထွက်ကြွတော်မူ၏။ ၄၀ ယောဟန်သည် ဗတ္တိဇံကိုရှေ့ဦးစွာ ပေးရာအရပ်၊ ယော်ဒန်မြစ်တဘက်သို့ တဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။ ၄၁ လူများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော်လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏၊ ဟုဆိုကြသဖြင့်၊ ၄၂ ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။

_________________________
Footnotes


၂၂ (a) အင်္ဂနိပွဲသည် ဗိမာန်တော်ပြန်လည်ဆက်ကပ်ပွဲ ဖြစ်သည်။ ရှုရိများက ယေရုရှလင် ဗိမာန်တော်၌ Zeus ဘုရား၏ ယဇ်ပလ္လင်ကို တည်ထားခြင်းဖြင့် ဗိမာန်တော်ကို ညစ်ညူးစေခဲ့သည်။ သုံးနှစ်ကြာ တော်လှန်ပုန်ကန်ပြီးနောက် ဗိမာန် တော်ကို ဘီစီ ၁၆၄ တွင်သန့်ရှင်းရေးလုပ်၍ ပြန်လည်ဆက်ကပ်ပွဲဖြစ်သည်။


၃၄ (b) သခင်ယေရှုက၊ "သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်၊ ဟုသင်တို့၏ပညတ္တိကျမ်းစာ၌ လာသည်မဟုတ်လော။ ဘုရားသခင်၏ ဗျာဒိတ်တော်ကို ရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကို မပယ်ရလျှင်၎င်း၊ ခမည်းတော်သည် သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည် ဘုရားသခင်၏ သားတော်ဖြစ်သည်၊ ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ ပြောသည်၊(blasphemy) ဟုထိုသူအားဆိုရာသလော။" (ယော ၁၀း၃၄-၃၆) ဟုဆိုခဲ့သောကြောင့် သခင်ယေရှုက ယုံကြည်သူများသည် ဘုရားဖြစ်ကြောင်းကို ထောက်ခံသည်၊ ဟုထင်ကြသည်။ သခင်ယေရှု၏ ဆိုလိုရင်းမှာ၊ ယုံကြည်သူများသည် ဘုရားဖြစ်ကြောင်း ထောက်ခံနေခြင်းမဟုတ်ပါ။ သခင်ယေရှုက ဆာလံ ၈၂း၆ ၌ "သင်တို့သည် ဘုရားဖြစ်ကြ၏" ဟုပါသော်လည်း၊ ဣသရေလလူများက ထိုကျမ်းကိုမပယ်ပါ။ (အမှန်မှာ ထိုကဲ့သို့ သူတို့သည် ဘုရားဖြစ်ကြ ဟူသော ထိုကျမ်းစာကို ပယ်သင့်သည်) သို့သော်၊ ထိုကျမ်းကို မပယ်သော်လည်း၊ သခင်ယေရှုက သူသည် ဘုရားသခင်၏ သားတော်ဖြစ်သည် ဟုဆိုသောအခါတွင်မူ သူ့ကို ဘုရားသခင်နှင့် ပတ်သက်၍ လွန်ကျူးပြစ်မှားသည် (blasphemy) ဘုရားဖြစ်ယောင်ဆောင်သည်၊ ဟုစွပ်စွဲခြင်းသည် မတရားကြောင်း ပြောခြင်းဖြစ်သည်။





S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.