-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၉


တကျိတ်နှစ်ပါးစေလွှတ်

တကျိတ်နှစ်ပါးသော တပည့်တော်တို့ကို စုဝေးစေတော်မူပြီးမှ၊ နတ်ဆိုးအပေါင်းတို့ကို နိုင်သောတန်ခိုးနှင့်၊ အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ၊ အခွင့်တန်ခိုးကို ပေးတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောစေခြင်းငှါ၎င်း၊ လူနာတို့ကို ချမ်းသာစေခြင်းငှါ၎င်း၊ စေလွှတ်တော်မူ၍၊ သင်တို့သည် လမ်းခရီးဘို့ အဘယ်အရာကိုမျှ မယူကြနှင့်။ တောင်ဝှေး၊ လွယ်အိတ်၊ မုန့်၊ ငွေကို မယူကြနှင့်။ အင်္ကျီနှစ်ထည်ကိုလည်း မပါစေကြနှင့်။ မည်သည့်အိမ်သို့ဝင်လျှင် ထိုအိမ်တွင် ထိုအရပ်မှ မထွက်သွားမှီတိုင်အောင် နေကြလော့။ အကြင်သူတို့သည် သင်တို့အား ဧည့်သည်ဝတ်ကို မပြုဘဲနေ၏၊ ထိုသူတို့နေ ရာမြို့မှ ထွက်သွားစဉ်၊ သူတို့တဘက်၌ သက်သေဖြစ်စေခြင်းငှါ၊ သင်တို့၏ ခြေဘဝါးမှ မြေမှုန့်ကိုခါလိုက် ကြလော့။ ဟုမိန့်တော်မူ၏။ တပည့်တော်တို့သည် ထွက်သွား၍ ဧဝံဂေလိတရားကို ဟောလျက်၊ ခပ်သိမ်း သောအရပ်တို့၌ အနာရောဂါကို ငြိမ်းစေလျက်၊ မြို့ရွာတို့တွင် ဒေသစာရီလှည့်လည်ကြ၏။


ဟေရုဒ်ယေရှုကိုမြင်ချင်

ယေရှုပြုတော်မူသမျှတို့ကို စော်ဖွားဟေရုဒ်သည် ကြားလျှင်၊ တွေးတောသောစိတ်ရှိ၏။ အကြောင်းမူကား၊ လူအချို့က ယောဟန်သည် သေခြင်းမှ ထမြောက်လေပြီ၊ ဟုဆိုကြ၏။ အချို့က ဧလိယပေါ်ထွန်းသည်၊ ဟုဆိုကြ၏။ အချို့က ရှေးပရောဖက်တပါးပါး ထပြန်သည်၊ ဟုဆိုကြ၏။ ဟေရုဒ်မင်းကလည်း၊ ယောဟန်၏ လည်ပင်းကို ငါဖြတ်လေပြီ။ ဤမျှလောက်သော သိတင်းကို ငါကြားရသော ဤသူကား အဘယ်သူနည်း။ ဟုဆိုလျက်ယေရှုကို မြင်ခြင်းငှါ အလိုရှိ၏။


တမန်တော်များပြန်လာ

၁၀ တမန်တော်တို့သည် အထံတော်သို့ ပြန်လာ၍၊ မိမိတို့ပြုသမျှတို့ကို ကြားလျှောက်ကြ၏။ ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဗက်ဇဲဒမြို့နယ်အတွင်း တော၌ ၊ ဆိတ်ကွယ်ရာအရပ်သို့ ကြွတော်မူ၏။ လူအစုအဝေးတို့သည် သိလျှင်၊ နောက်တော်သို့ လိုက်ကြ၏။ ၁၁ ထိုလူများကို လက်ခံတော်မူလျက်၊ ဘုရားသခင့် နိုင်ငံတော်၏ အကြောင်းကို ဟောပြော၍၊ နာသောသူတို့ကို ချမ်းသာပေးတော်မူ၏။


လူငါးထောင်အစာကျွေး

၁၂ မိုးချုပ်သောအခါ တကျိပ်နှစ်ပါးသောသူတို့သည် ချဉ်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင် ရွာဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှါ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏၊ ဟုလျှောက်ကြလျှင်၊ ၁၃ ကိုယ်တော်က၊ သူတို့စားစရာဘို့ သင်တို့ပေးကြလော့၊ ဟုမိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ အ​ကျွန်ုပ်တို့သည် သွား၍၊ ဤလူအပေါင်းတို့ စားစရာဘို့မဝယ်လျှင်၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ်စားစရာမျှ အ​ကျွန်ုပ်တို့၌ မရှိပါ ၊ ဟုလျှောက်ကြ၏။ ၁၄ ထိုသို့လျှောက်သည် အကြောင်းကား၊ လူငါးထောင်ခန့်မျှ ရှိသတည်း။ ထိုအခါ လူများတို့ကို တစုလျှင် ငါးဆယ်စီ အစုစုလျောင်းကြစေ၊ ဟုအမိန့်တော်ရှိ၏။ ၁၅ တပည့်တော်တို့သည် အမိန့်တော် အတိုင်းပြု၍၊ လူအပေါင်းတို့ကို လျောင်းစေပြီးလျှင်၊ ၁၆ ယေရှုသည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုယူ၍ ကောင်းကင်သို့ ကြည့်မျှော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ လူများရှေ့၌ ထည့်စေခြင်းငှါ၊ တပည့်တော်တို့အား ပေးတော်မူ၏။ ၁၇ လူအပေါင်းတိုသည် စား၍ဝကြပြီးမှ၊ ကြွင်းရစ်သော အကျိုးအပဲ့ကို ကောက်သိမ်း၍၊ တဆယ်နှစ်တောင်း အပြည့်ရကြ၏။


ယေရှုကငါ့ကိုအဘယ်သူဟုဆိုကြသနည်း

၁၈ တရံရောအခါ ယေရှုသည် တပည့်တော်တို့နှင့် တကွ၊ ဆိတ်ကွယ်ရာအရပ်၌ ဆုတောင်းတော်မူစဉ်၊ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည်ကို ဆိုကြသနည်း၊ ဟုမေးမြန်းတော်မူလျှင်၊ ၁၉ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန်ဖြစ် သည်ဟူ၍၎င်း၊ အချို့က၊ ဧလိယဖြစ်သည်ဟူ၍၎င်း၊ အချို့က၊ ရှေးပရောဖက် တပါးပါး ထပြန်သည်ဟူ၍၎င်း၊ ဆိုကြပါသည်၊ ဟုလျှောက်ကြလေသော်၊ ၂၀ သင်တို့သည် ငါ့ကိုအဘယ်သူ ဖြစ်သည်ဆိုကြသနည်း၊ ဟုမေးမြန်းတော်မူလျှင်၊ ပေတရုက ကိုယ်တော်သည်၊ ဘုရားသခင်၏ ခရစ်တော် ဖြစ်တော်မူသည်၊ ဟုလျှောက်လေ၏။ ၂၁ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှါ၊ တပည့်တော်တို့ကို ကြပ်တည်းစွာ ပညတ်တော်မူ၏။ ၂၂ ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း၊ ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်ဟူသော အကြောင်းများတို့ကို မိန့်တော်မူ၏။


ယေရှုနောက်လိုက်လိုလျှင်

၂၃ ထိုမှတပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ ဆည်းကပ်လိုသောသူ ဖြစ်လျှင်၊ ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍၊ ငါ့နောက်သို့ လိုက်ရမည်။ ၂၄ အကြင်သူသည် မိမိအသက်ကို ကယ်ဆယ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ်မည်။ အကြင်သူသည် ငါ့ကြောင့်အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။ ၂၅ ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍၊ ကိုယ်ကိုကိုယ် ဆုံးရှုံးသောသူသည် အဘယ်ကျေးဇူးရှိသနည်း။ ၂၆ အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်းရှက်၏၊ လူသားသည် မိမိဘုန်း၊ မိမိအဘ ခမည်းတော်၏ဘုန်း၊ သန့်ရှင်းသော ကောင်းကင်တမန် တို့၏ဘုန်းကို ဆောင်လျက်ကြွလာသောအခါ၊ ထိုသူကို ရှက်တော်မူလတံ့။ ၂၇ ငါအမှန်ဆိုသည်ကား၊ ဤအရပ်၍ ရှိသောသူအချို့တို့သည်၊ ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်မှီ သေခြင်းသို့ မရောက်ရကြ၊ ဟုမိန့်တော်မူ၏။


ယေရှုမောရှေဧလိယနှင့်ဆွေးနွေး [A]
CROSS REFERENCES






၂၈ ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ တက်ကြွတော်မူ၏။ ၂၉ ဆုတောင်းတော်မူစဉ်တွင်၊ မျက်နှာတော်သည် ထူးခြားသောအဆင်း အရောင်ရှိ၍၊ အဝတ်တော်လည်း ပြောင်ပြောင်လက်လျက်ဖြူ၏။ ၃၀ မောရှေနှင့် ဧလိယတည်းဟူသော လူနှစ်ယောက်တို့သည်၊ ဘုန်းအသရေနှင့် ထင်ရှား၍၊ ၃၁ ကိုယ်တော်နှင့်အတူ ဆွေး​နွေးလျက်၊ ယေရုရှလင်မြို့၌ စုတေ့တော်မူမည် အကြောင်းအရာကို ပြောကြ၏။ ၃၂ ပေတရုနှင့် သူ၏အဖေါ်တို့သည်၊ မျက်စိလေးလန်သဖြင့် တငိုက်ငိုက်ရှိကြ၏၊ နိုးသောအခါ ဘုန်းအသရေကို၎င်း၊ ကိုယ်တော်နှင့် ရပ်နေသော လူနှစ်ယောက်ကို၎င်း၊ မြင်ကြ၏။ ၃၃ ထိုသူတို့သည် အထံတော်မှ သွားကြစဉ်၊ ပေတရုက၊ သခင်၊ ဤအရပ်၌ နေဘွယ်ကောင်းပါ၏၊ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့ တဆောင်၊ ဧလိယဘို့ တဆောင်၊ တဲသုံးဆောင်ကိုအ​ကျွန်ုပ်တို့ ဆောက်လုပ်ပါရစေ၊ ဟုယောင်ယမ်း၍ လျှောက်လေ၏။ ၃၄ ထိုသို့လျှောက်ပြီးမှ မိုးတိမ်သည် သူတို့ကို လွှမ်းမိုး၍၊ မောရှေနှင့် ဧလိယသည် တိမ်ထဲသို့ဝင်သည်ကို တပည့်တော်တို့သည် ကြောက်ခြင်း ရှိကြသည်ဖြစ်၍ ။ ၃၅ ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့၊ [B] ဟုမိုးတိမ်က အသံတော်ဖြစ်လေ၏။ ၃၆ ထိုအသံတော်ဖြစ်သည် ခဏခြင်းတွင်၊ ယေရှုသည် တယောက်တည်းရှိတော်မူ၏။ တပည့်တော်တို့သည် မိမိတို့မြင်သောအရာကို ဝှက်ထား၍၊ ထိုကာလ၌ အဘယ်သူအားမျှ မကြားမပြောဘဲနေကြ၏။


နတ်ဆိုးနှင်ထုတ်

၃၇ နက်ဖြန်နေ့၌ တောင်ပေါ်က ဆင်းကြပြီးလျှင်၊ များစွာသော လူအစုအဝေးသည် ကိုယ်တော်ကို ခရီးဦးကြိုပြုကြ၏။၃၈ လူအစုအဝေး၌ ပါသောသူ တယောက်က၊ ဆရာ၊(a) အ​ကျွန်ုပ်၏သားကို ကြည့်တော်မူမည် အကြောင်း၊ အ​ကျွန်ုပ်တောင်းပန်ပါ၏။ အ​ကျွန်ုပ်၌ သား တယောက်တည်းရှိပါ၏။ ၃၉ နတ်ဖမ်းစားသဖြင့် သူသည် ရုတ်ခနဲအော်ဟစ်၍၊ အမြှုတ်ထွက်လျက် တောင့်မာခြင်းသို့ ရောက်တတ်ပါ၏။ ထိုသို့နာကြင်စွာ နှိပ်စက်ပြီးမှ နတ်သည်အလွန်သွားခဲ၏။ ၄၀ ထိုနတ်ကို နှင်ထုတ်ပါမည် အကြောင်း၊ တပည့်တော်တို့အား အ​ကျွန်ုပ် တောင်းပန်သော်လည်း၊ သူတို့သည် မတတ်နိုင်ကြပါ။ ဟုအော်ဟစ်လျက် လျှောက်လေ၏။ ၄၁ ယေရှုကလည်း ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည် သင်တို့နှင့်အတူ အဘယ်မျှ ကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှ ကာလပတ်လုံး သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ယူခဲ့၊ ဟုမိန့်တော်မူလေ၏။ ၄၂ သူငယ်လာစဉ်ပင် နတ်ဆိုးသည် မြေပေါ်မှာလှဲ၍ တောင့်မာစေ၏။ ယေရှုသည် ညစ်ညူးသောနတ်ကို ဆုံးမ၍၊ ထိုသူငယ်ကို ချမ်းသာစေပြီးမှ အဘအားအပ်ပေးတော်မူ၏။ ၄၃ လူအပေါင်းတို့သည် ဘုရားသခင်၏၊ မဟာတန်ခိုးတော်ကိုမြင်၍ မိန်းမောတွေဝေခြင်းရှိကြ၏။


အဘယ်သူသာ၍ကြီးမြတ်သနည်း

၄၄ ထိုသို့ ယေရှုပြုတော်မူသမျှကို လူအပေါင်းတို့သည် အံ့ဩချီးမွမ်းကြစဉ်၊ တပည့်တော်တို့အား၊ သင်တို့သည် ငါ့စကားကို နားထောင်မှတ်မိကြလော့။ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီ၊ ဟုမိန့်တော်မူ၏။ ၄၅ ထိုစကားတော်၏ အနက်မထင်ရှားသဖြင့်၊ တပည့်တော်တို့သည် နားမလည် မရိပ်မိဘဲနေကြ၏။ အနက်ကိုလည်း မမေးမလျှောက်ဝံ့ကြ။ ၄၆ ထိုအခါ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်း။ ဟုတပည့်တော်တို့သည် အချင်းချင်းငြင်းခုံကြ၏။ ၄၇ ယေရှုသည် သူတို့အကြံအစည်ကို သိမြင်လျှင်၊ သူငယ်တယောက်ကိုယူ၍ မိမိအနား၌ ထားပြီးမှ၊ ၄၈ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍ ဤသူငယ်ကိုလက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကို လက်ခံသောသူသည်လည်း ငါ့ကို စေလွှတ်တော် မူသောသူကိုပင် လက်ခံ၏။ သင်တို့တွင် အငယ်ဆုံးသောသူသည်၊ သာ၍ ကြီးမြတ်သောသူ ဖြစ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။


လူအသက်သတ်ရန် မဟုတ်ကယ်ရန်လာ

၄၉ ယောဟန်ကလည်း၊ သခင်၊ ကိုယ်တော်၏ နာမကိုအမှီပြု၍၊ နတ်ဆိုးတို့ကို နှင်ထုတ်သော သူတယောက်ကို အ​ကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အ​ကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့်၊ အ​ကျွန်ုပ်တို့ မြစ်တားကြပါ၏၊ ဟုလျှောက်သော်၊ ၅၀ ယေရှုက၊ ထိုသူကို မမြစ်တားကြနှင့်။ သင်တို့ရန်သူဘက်၌ မရှိသောသူသည်၊ သင်တို့ဘက်၌ ရှိသည်၊ ဟုမိန့်တော်မူ၏။ ၅၁ ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူသော အချိန်ရောက်သောအခါ၊ ယေရုရှလင်မြို့သို့ တူရူကြွအံ့သောငှါ၊ သဘောထားတော်မူ၏။ ၅၂ ရှေ့တော်သို့ တမန်တော်တို့ကို စေလွှတ်တော်မူသဖြင့်၊ သူတို့သည် ကိုယ်တော်၏အဘို့ကို ပြင်ဆင်ခြင်းငှါ သွား၍ ရှမာရိရွာတရွာသို့ဝင်ကြ၏။ ၅၃ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ သွားအံ့သောအခြင်းအရာကို ထိုရွာသားတို့သည် ထောက်၍လက်မခံကြ။ ၅၄ ထိုအကြောင်းကို တပည့်တော်ယာကုပ်၊ ယောဟန်တို့သည် မြင်လျှင်၊ သခင်၊ ဧလိယပြုသကဲ့သို့ အ​ကျွန်ုပ်တို့သည် ကောင်းကင်မှ မီးကျစေ၍၊ ထိုသူတို့ကို လောင်စေခြင်းငှါ၊ အလိုရှိတော်မူသလော၊ ဟုလျှောက်ကြသော်၊၅၅ ယေရှုသည် လှည့်ကြည့်၍၊ သင်တို့သည် ကိုယ်စိတ်သဘောကို ကိုယ်မသိကြ၊ လူသားသည် လူတို့၏အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်။ ကယ်တင်အံ့သောငှါ ကြွလာသည်၊ ဟုဆုံးမတော်မူပြီးမှ၊ ၅၆ အခြားသောရွာသို့ ကြွတော်မူ၏။


ယေရှုနောက်လိုက်

၅၇ လမ်း၌ သွားကြစဉ် လူတဦးက၊ သခင်၊ ကိုယ်တော် ကြွတော်မူရာအရပ်ရပ်သို့ အ​ကျွန်ုပ်လိုက်ပါမည်၊ ဟုလျှောက်လေ၏။ ၅၈ ယေရှုကလည်း၊ မြေခွေးသည်မြေတွင်းရှိ၏။ မိုးကောင်းကင်၌ ကျင်လည်သောငှက်သည်၊ နားနေရာအရပ်ရှိ၏၊ လူသားမူကား ခေါင်းချရာမျှမရှိ၊ ဟုမိန့်တော်မူ၏။ ၅၉ အခြားသောသူကို၊ ငါ့နောက်သို့လိုက်လော့၊ ဟုမိန့်တော်မူလျှင်၊ ထိုသူက၊ သခင်၊ ​ကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုလ်ရသောအခွင့်ကို ပေးတော်မူပါ၊ ဟုလျှောက်လေသော်၊ ၆၀ ယေရှုက၊ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုလ်ပါလေစေ။ သင်မူကား သွား၍ ဘုရားသခင့် နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့၊ ဟုမိန့်တော်မူ၏။ ၆၁ အခြားသောသူကလည်း၊ သခင်၊ ကိုယ်တော်နောက်သို့ အ​ကျွန်ုပ်လိုက်ပါမည်။ သို့သော်လည်း အ​ကျွန်ုပ်အိမ်၌ ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့်ပန်ပါစေ၊ ဟုလျှောက်လျှင်၊ ၆၂ ယေရှုက၊ ထွန်ကိုင်းကို ကိုင်လျက်နောက်သို့ လှည့်၍ ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်၊ ဟုမိန့်တော်မူ၏။

_________________________
Footnotes


၃၈ (a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.