-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၆


ဥပုသ်နေ့လယ်ကွက်၌ ရှောက်
CROSS REFERENCES






ဒုတိယဥပုသ်နေ့၌ (a) ကိုယ်တော်သည်၊ ဂျုံစပါးလယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ [A] တပည့်တော်တို့သည် စပါးအသီးအနှံကို ဆွတ်၍၊ လက်နှင့်ပွတ်နယ်လျက် စားကြ၏။ ဖာရိရှဲအချို့တို့က၊ ဥပုသ်နေ့၌ [B]မပြုအပ်သောအမှုကို သင်တို့သည် အဘယ်ကြောင့် ပြုကြသနည်း၊ ဟုဆိုကြသော်၊ ယေရှုက၊ ဒါဝိဒ်သည် မိမိအဖေါ်တို့နှင့်တကွ မွတ်သိပ်သောအခါ၊ ဘုရားသခင်၏ အိမ်တော်သို့ဝင်၍၊ ယဇ်ပုရောဟိတ်တို့မှ တပါးအဘယ်သူမျှ မစားအပ်သော ရှေ့တော်မုန့်ကို ယူစား၍၊ မိမိအဖေါ်တို့အား ပေးသည်အကြောင်းကိုမျှ သင်တို့သည် မဖတ်ဘူးသလော။ ထိုမှတပါး လူသားသည် ဥပုသ်နေ့ကိုပင် အစိုးရသည်၊ ဟုမိန့်တော်မူ၏။


ဥပုသ်နေ့၌ လက်သေသူကျန်းမာစေ
CROSS REFERENCES






အခြားသော ဥပုသ်နေ့၌ ကိုယ်တော်သည် တရားစရပ်သို့ဝင်၍၊ ဆုံးမဩဝါဒပေးတော်မူသည်တွင်၊ ထိုစရပ်၌ လက်ျာလက်သေသောသူ တယောက်ရှိ၏။ ဥပုသ်နေ့၌ သူ၏ ရောဂါကို ငြိမ်းစေမည်မငြိမ်းစေမည်ကို ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည်၊ ကိုယ်တော်၌ ပြစ်တင်ခွင့်ကိုရှာ၍ ချောင်းကြည့်ကြ၏။ ကိုယ်တော်သည် သူတို့အကြံအစည်ကို သိလျှင်၊ လက်သေသောသူအား၊ ထလော့။ အလယ်၌ မတ်တတ်နေလော့၊ ဟုမိန့်တော်မူသည်အတိုင်း ထိုသူသည်ထ၍ မတ်တတ်နေကြ၏။ ယေရှုကလည်း၊ သင်တို့ကိုငါမေးမည်။ ဥပုသ်နေ့၌ [B] အဘယ်သို့ပြုအပ်သနည်း။ ကျေးဇူးပြုအပ်သလော။ သူ့အကျိုးကို ဖျက်ဆီအပ်သလော။ အသက်ကို ကယ်အပ်သလော၊ သတ်အပ်သလော၊ ဟုပရိသတ်တို့အား မေးတော်မူပြီးလျှင်၊ ၁၀ ထိုသူအပေါင်းတို့ကို ပတ်လည်ကြည့်ရှုလျက်၊ သင်၏လက်ကိုဆန့်လော့၊ ဟုထိုသူအားမိန့်တော်မူ၍၊ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။ ၁၁ ထိုသူများတို့သည် ဒေါသစိတ်နှင့် ယစ်မူး၍၊(b) ယေရှုအား အဘယ်သို့ ပြုရအံ့နည်း၊ ဟုအချင်းချင်းဆွေးနွေးကြ၏။


တမန်တော်ဆယ့်နှစ်ပါးရွေး

၁၂ ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပဌနာပြုခြင်းငှါ၊ တောင်ပေါ်သို့ကြွ၍၊ ဘုရားသခင်အား ဆုတောင်းပဌနာ ပြုလျက်တညလုံး နေတော်မူ၏။ ၁၃ မိုးလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ၍၊ ၁၄ ပေတရု အမည်သစ်ကိုရသော ရှိမုန်နှင့်သူ့ညီအန္ဒြေ၊ ယာကုပ်နှင့်ယောဟန်၊ ဖိလိပ္ပုနှင့်ဗာသောလမဲ၊ ၁၅ မဿဲနှင့်သောမ၊ အာလဖဲ၏သားယာကုပ်နှင့် ဇေလုပ်၊ ဟုခေါ်သောရှိမုန်၊ ၁၆ ယာကုပ်၏ညီယုဒနှင့် ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ် တည်းဟူသော၊ တကျိပ်နှစ်ပါးတို့ကို ရွေးကောက်၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ၏။


ညစ်ညူးသောနတ်များနှင်ထုတ်

၁၇ ထိုသူတို့နှင့်တကွ ကိုယ်တော်သည် တောင်ပေါ်က ဆင်းကြွ၍၊ မြေညီရာအရပ်၌ ရပ်တော်မူ၏။ တရားနာခြင်းငှါ၎င်း၊ အနာရောဂါတို့ကို ငြိမ်းစေခြင်းငှါ၎င်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၊ ပင်လယ်ကမ်းနား၊ တုရုမြို့၊ ဇိဒုန်မြို့အရပ်ရပ်တို့က လာကြသော လူအစုအဝေးအပေါင်းတို့နှင့် တပည့်တော် အပေါင်းတို့သည် ရှိကြ၏။ ၁၈ ညစ်ညူးသော နတ်ညှဉ်းဆဲသောသူ တို့သည်လည်း လာ၍ ချမ်းသာရကြ၏။ ၁၉ ကိုယ်တော်အထဲက တန်ခိုးထွက်၍ လူအပေါင်းတို့ကို သက်သာစေတော်မူသည်ဖြစ်၍၊ ပရိသတ်အပေါင်းတို့သည် ကိုယ်တော်ကို တို့ခြင်းငှါ ရှာကြံကြ၏။


မင်္ဂလာလေးပါး

၂၀ ထိုအခါ ကိုယ်တော်သည်မြော်၍၊ တပည့်တော်တို့ကို ကြည့်ရှုတော်မူလျှင်၊ ဆင်းရဲသော သင်တို့သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏နိုင်ငံဖြစ်၏။ ၂၁ ယခုတွင် ငတ်မွတ်သော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့။ ယခုတွင် ငိုကြွေးသော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ရယ်ကြလတံ့။ သူတပါးတို့သည် လူသားကြောင့် သင်တို့ကိုမုန်းသောအခါ၊ ၂၂ ပယ်ရှားနှင် ထုတ်၍ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းကို ပြုသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ၂၃ ထိုကာလ၌ ဝမ်းမြောက်ခြင်းရှိကြလော့။ ရွှင်မြူးသောစိတ်နှင့် ခုန်ကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ သူတို့၏ဘိုးဘေးများသည် ပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။


အမင်္ဂလာလေးပါး

၂၄ တနည်းကား၊ ငွေရတတ်သော သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် မိမိသက်သာခြင်းကို ယခုခံရကြ၏။ ၂၅ ၀စွာစားရသော သင်တို့သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတံ့၊ ယခုရယ်တတ်သော သင်တို့သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့သည် ညည်းတွားငိုကြွေးရကြလတံ့။ ၂၆ လူတို့သည် သင်တို့ကို ချီးမွမ်းသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးများသည် မိစ္ဆာပရောဖက်တို့ကို ထိုသို့ပင်ပြုကြပြီ။


ရန်သူကိုချစ်လော့

၂၇ ငါ့စကားကို ကြားရသော သင်တို့အား ငါဆိုသည်ကား၊ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ ၂၈ သင်တို့ကို ကျိန်ဆဲသောသူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို နှောင့်ရှက်သောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်းကြလော့။ ၂၉ သင်တို့၏ ပါးတဘက်ကို ပုတ်သောသူအား ပါးတဘက်ကို ပေးဦးလော့။ သင့်ဝတ်လုံကို သိမ်းယူသောသူအား သင့်အင်္ကျီကိုလည်း ယူစေခြင်းငှါ အခွင့်ပေးဦးလော့။ ၃၀ အကြင်သူသည် သင့်ကိုတောင်း၏၊ ထိုသူအားပေးလော့။ သင့်ဥစ္စာကို သိမ်းယူသောသူအား ပြန်၍မတောင်းနှင့်။ ၃၁ သင်တို့သည် ကိုယ်၌ သူတပါး ပြုစေလိုသည်အတိုင်း သူတပါး၌ ပြုကြလော့။ ၃၂ သင်တို့ကို ချစ်သောသူတို့အား ချစ်တုံ့ပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကိုယ်ကိုချစ်သောသူတို့အား ချစ်တုံ့ပြုကြသည် မဟုတ်လော။ ၃၃ သင်တို့ကို ကျေးဇူးပြုသောသူတို့အားသာ ကျေးဇူးပြုလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ဤမျှလောက်ပြုကြသည် မဟုတ်လော့။ ၃၄ သူတပါးအား ဥစ္စာချေးငှါးသောအခါ ဆပ်ပေးလိမ့်မည်၊ ဟုမြော်လင့်လျက်ချေးငှါးလျှင် အဘယ်ကျေးဇူးတင်သနည်း။ ဆိုးသောသူတို့သည် ကျေးဇူးဆပ်ခြင်းကိုခံလို၍ ဆိုးသောသူချင်းတို့အား ချေးငှါးတတ်သည် မဟုတ်လော။ ၃၅ သင်တို့မူကား ရန်သူတို့ကို ချစ်ကြလော့။ ကျေးဇူးပြုကြလော့။ ထိုသို့ပြုလျှင် သင်တို့အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံးသောဘုရား၏ သားဖြစ်ကြလိမ့်မည်။ ၃၆ ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သော သဘောရှိသူတို့အား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် သင်တို့အဘသည် သနားခြင်းစိတ် ရှိတော်မူသည်နည်းတူ သင်တို့သည်လည်း သနားခြင်းစိတ်ရှိလော့။


သူတပါးမစစ်ကြောမစီရင်နှင့်

၃၇ သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင်သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကိုလွှတ်ကြလော့ လွှတ်လျှင် ကိုယ့်အပြစ်လွတ်လိမ့်မည်။ ၃၈ သူတပါးအား ပေးကြလော့။ ပေးလျှင် သူတပါးသည် သင်တို့အား ပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။


လူကန်းသည်လူကန်းလမ်းပြ

၃၉ ဥပမာကား၊ လူကန်းသည် လူကန်းအား လမ်းကိုပြနိုင်သလော။ လူနှစ်ဦးတို့သည် တွင်းထဲသို့ ကျလိမ့်မည် မဟုတ်လော။ ၄၀ တပည့်သည် ဆရာထက်မသာ။ အပြီးသင်ပြီးသော တပည့်တိုင်း၊ မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။ ၄၁ ကိုယ်မျက်စိ၌ ရှိသော တံကျင်ကို မအောက်မေ့ဘဲ၊ ညီအစ်ကိုမျက်စိ၌ ရှိသောငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။ ၄၂ ကိုယ်မျက်စိ၌ ရှိသောတံကျင်ကို မမြင်မမှတ်ဘဲလျက်၊ ညီအစ်ကို၊ သင်၏ မျက်စိ၌ ရှိသော ငြောင့်ငယ်ကိုထုတ်ပါရစေ။ ဟုအဘယ်သို့ညီအစ်ကိုအား ဆိုရသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ ရှိသောတံကျင်ကို ရှေ့ဦးစွာထုတ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ ရှိသောငြောင့်ငယ်ကို ထုတ်ခြင်းငှါ ရှင်းလင်းစွာ မြင်လိမ့်မည်။


အပင်ကောင်းလျှင်အသီးကောင်း

၄၃ မကောင်းသော အသီးကို သီးသောအပင်ကား၊ ကောင်းသော အပင်မဟုတ်။ ကောင်းသောအသီးကို သီးသောအပင်ကား၊ မကောင်းသော အပင်မဟုတ်။ ၄၄ အသီးကိုထောက်၍ အပင်သဘောကိုသိရ၏။ ဆူးပင်၌ သင်္ဘောသဖန်းသီးကို မဆွတ်တတ်။ တောချုံ၌ စပျစ်သီးကို မဆွတ်တတ်။ ၄၅ ကောင်းသောသူသည် ကောင်းသော မိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲက ကောင်းသောအရာကို ထုတ်ဖော်တတ်၏။ မကောင်းသောသူသည် မကောင်းသောအရာကို ထုတ်ဖော်တတ်၏။ အကြောင်းမူကား၊ စိတ်နှလုံး အပြည့်ရှိသည်အတိုင်း နှုတ်မြွက်တတ်၏။


ကျောက်ပေါ်ဆောက်သောအိမ်
CROSS REFERENCES






၄၆ ငါ့စကားကို နားမထောင်ဘဲလျက်၊ ငါ့ကိုသခင်၊ သခင်၊ ဟုအဘယ်ကြောင့် ခေါ်ကြသနည်း။ [C] ၄၇ ငါ့ထံသို့လာ၍ ငါ့စကားကို ကြားသည်အတိုင်း နားထောင်သောသူသည် အဘယ်သူနှင့်တူသနည်းဟူမူကား၊ ၄၈ တိုက်ကိုတည်သော အခါနက်စွာတူး၍ ကျောက်ပေါ်မှာ တိုက်မြစ်ချသောသူနှင့်တူ၏။ မြစ်ရေထသဖြင့်ရေစီး၍ ထိုတိုက်ကိုရိုက်ခတ်သောအခါ၊ ကျောက်ပေါ်မှာတည် လျက်ရှိသောကြောင့် မလှုပ်နိုင်ရာ။ ၄၉ ငါ့စကားကိုကြား၍ နားမထောင်သောသူမူကား၊ အခုအခံမရှိဘဲ မြေပေါ်မှာ တိုက်ကိုတည်သောသူနှင့်တူ၏။ ရေစီး၍ထိုတိုက်ကို ရိုက်ခတ်သောအခါ၊ ချက်ချင်းလဲ၍ အကုန်အစင် ပြိုပျက်လေသည်၊ [D] ဟုဟောတော်မူ၏။

_________________________
Footnotes


(a) မြန်မာကျမ်းစာအုပ်၌ ဒုတိယဧကဒက်ဥပုသ်နေ့၌ ဟုရေးထားသည်။ King James ကျမ်းစာအုပ်၌ the second sabbath ဟုရေးထားသည်။

၁၁ (b) ယုဒလူများသည် လူနာကျန်းမာခြင်းထက်ဥပုသ်နေ့ စောင့်ခြင်းကို ပို၍အလေးထားကြသည်။ ခရစ်တော်ကဥပုသ်နေ့တွင် လူနာများကိုကျန်းမာစေတိုင်း အမျက်ဒေါသထွက်တတ်ကြသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.