-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
၂၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၂၃


ယေရှုပိလတ်မင်းထံတရားစွဲ

ထိုအခါ မင်းအရာရှိ အပေါင်းတို့သည် ထ၍၊ ကိုယ်တော်ကို ပိလတ်မင်းထံသို့ ဆောင်သွားကြပြီးလျှင်၊ ဤသူသည် ပြည်သူပြည်သားများကို လှည့်ဖြား၍၊ မိမိသည် ခရစ်တော်တည်းဟူသော ရှင်ဘုရင်ဖြစ်ကြောင်းကို ဆိုလျက်၊ ကဲသာဘုရင်ကို အခွန်မဆက်နှင့်၊ ဟုမြစ်တားသည်ကို အ​ကျွန်ုပ်တို့တွေ့ပါပြီ၊ ဟုအပြစ်တင်ကြ၏။ ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလော၊ ဟုယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်၊ ဟုမိန့်တော်မူ၏။ ပိလတ်မင်းက၊ ဤသူ၌ အဘယ်အပြစ်ကိုမျှ ငါမတွေ့၊ ဟုယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအပေါင်းတို့အား ပြောဆိုလျှင်၊ ထိုသူတို့သည်သာ၍ ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက်၊ ဤသူသည် ဂါလိလဲပြည်မှစ၍ ဤအရပ်တိုင်အောင်၊ ယုဒပြည်၌ အနှံ့အပြား ဆုံးမဩဝါဒပေး၍၊ လူများကို နှိုးဆော်သောသူ ဖြစ်ပါသည်၊ ဟုလျှောက်ဆိုကြ၏။ ပိလတ်မင်းသည် ဂါလိလဲဟူသော စကားကိုကြားလျှင်၊ ထိုသူသည် ဂါလိလဲလူ ဖြစ်သလော၊ ဟုမေးမြန်း၍၊ ဟေရုဒ်မင်း ပိုင်သောသူ ဖြစ်သည်ကို သိသောအခါ၊ ထိုမင်းထံသို့ပို့စေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ယေရုရှလင်မြို့၌ ရှိသတည်း။


ယေရှုကိုဟေရုဒ်မင်းထံပို့

ထိုမင်းသည် ယေရှုကိုမြင်လျှင် အလွန်ဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမူကား၊ အထက်က သိတင်းတော်များကို ကြား၍ ကိုယ်တော်ကိုမြင်ခြင်းငှါ ကြာမြင့်စွာ အလိုရှိသည်ဖြစ်၍၊ ပြတော်မူသော နိမိတ်လက္ခဏာ တစုံတခုကိုမြင်ရမည်၊ ဟုမြော်လင့်လျက် နေ၏။ ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော်ကို များစွာမေးမြန်းသော်လည်း၊ အဘယ်စကားကိုမျှ ပြန်တော်မမူ။ ၁၀ ယဇ်ပုရောဟိတ်အကြီးနှင့် ကျမ်းပြုဆရာတို့သည် ထ၍၊ ပြင်းထန်စွာ အပြစ်တင်ကြ၏။ ၁၁ ဟေရုဒ်မင်းသည် စစ်သူရဲတို့နှင့်တကွ ကိုယ်တော်ကို မခန့်မညားဘဲ ပြက်ယယ်ပြု၍၊ တင့်တယ်သော အဝတ်ကိုဝတ်စေပြီးမှ ပိလတ်မင်းထံသို့ ပို့ပြန်စေ၏။ ၁၂ ထိုနေ့၌ ပိလတ်မင်းနှင့် ဟေရုဒ်မင်းတို့သည် အချင်းချင်းအဆွေဖွဲ့ကြ၏။ အထက်က ရန်ဘက်ဖြစ်ကြသတည်း။


ယေရှုအစားဗာရဗ္ဗကိုလွှတ်ဘို့တောင်းကြ

၁၃ တဖန်ပိလတ်မင်းသည် ယဇ်ပုရောဟိတ်အကြီး၊ မင်းအရာရှိ၊ [A] လူများတို့ကိုခေါ်၍၊ ၁၄ ပြည်သူပြည်သားများကို ပုန်ကန်စေသောသူကဲ့သို့၊ ဤလူကို သင်တို့သည် ငါ့ထံသို့ ပို့ဆောင်ကြသည်ဖြစ်၍၊ သင်တို့ရှေ့မှာ ငါစစ်ကြောသော်လည်း၊ သင်တို့တင်သော အပြစ်တစုံတခုကိုမျှ သူ၌ ငါမတွေ့။ ၁၅ ဟေရုဒ်မင်းသည်လည်း မတွေ့။ ထိုမင်းထံသို့ ငါပို့စေပြီ။ ဤသူသည် အသေသတ်ခြင်းကို ခံထိုက်သော အမှုတစုံတခုကိုမျှ မပြု။ ၁၆ ထိုကြောင့် သူ့ကိုငါဆုံးမ၍ လွှတ်မည်၊ ဟုဆိုလေ၏။ ၁၇ ထိုပွဲ၌ လူများတို့အား တစုံတယောက်သောသူကို မလွှတ်ဘဲ မနေရသတည်း။ ၁၈ လူအပေါင်းတို့က၊ ထိုသူကိုထုတ်ပါလော့။ အ​ကျွန်ုပ်တို့အား ဗာရဗ္ဗကိုလွှတ်ပါလော့၊ ဟုတညီတညွတ်တည်း ဟစ်ကြော်ကြ၏။ ၁၉ ထိုဗာရဗ္ဗကား၊ မြို့၌ ပုန်ကန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲ၌ လှောင်ထားသောသူ ဖြစ်သတည်း။


ယေရှုကို သတ်ဘို့စီရင်

၂၀ ပိလတ်မင်းသည် ယေရှုကို လွှတ်ချင်သောကြောင့်၊ သူတို့အားတဖန် ပြောဆိုလေ၏။ ၂၁ သူတို့ကလည်း၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါ၊ ဟုဟစ်ကြော်ကြ၏။ ၂၂ ပိလတ်မင်းက၊ ထိုသူသည် အဘယ်အပြစ်ကို ပြုဘိသနည်း။ သေထိုက်သော အပြစ်တစုံတခုမျှ သူ၌ ငါမတွေ့။ ထိုကြောင့်သူ့ကို ငါဆုံးမ၍လွှတ်မည်၊ ဟုသုံးကြိမ်မြောက်အောင်ဆိုလျှင်၊ ၂၃ လူများတို့သည် ထိုသူကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ၊ ကြီးစွာသောအသံနှင့် ကျပ်ကျပ်တောင်းသဖြင့်၊ သူတို့၏အသံနှင့် ယဇ်ပုရောဟိတ်အကြီးတို့၏ အသံသည် နိုင်လေ၏။ ၂၄ ပိလတ်မင်းသည်လည်း သူတို့တောင်းသည်အတိုင်း ဖြစ်စေခြင်းငှါ စီရင်၍၊ ၂၅ ပုန်ကုန်ခြင်းအပြစ်၊ လူအသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင်ထဲမှာ လှောင်ထားသောသူကို၊ လူများတောင်းသည် အတိုင်းလွှတ်ပြီးမှ၊ ယေရှုကို သူတို့အလိုသို့ အပ်လိုက်လေ၏။


ယေရှုကိုသတ်ဘို့ထုတ်သွားကြ

၂၆ ကိုယ်တော်ကို ထုတ်သွားကြစဉ်၊ ရှိမုန်အမည်ရှိသော ကုရေနေပြည်သား တယောက်သည်၊ တောရွာမှလာသည်ကို သူ့တို့သည်တွေ့လျှင်၊ ဖမ်းဆီး၍ ယေရှုနောက်တော်၌ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။ ၂၇ နောက်တော်၌ လိုက်သော လူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချို့ပါ၏။ ၂၈ ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍၊ ယေရုရှလင်မြို့ သမီးတို့၊ ငါကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။ ၂၉ အကြောင်းမူကား၊ မြုံသောမိန်းမသည် မင်္ဂလာရှိ၏။ ပဋိသန္ဓေ မယူဘူးသောဝမ်းနှင့် သူငယ်မစို့ဘူးသော သားမြတ်သည် မင်္ဂလာရှိ၏၊ ဟုပြောရသော နေ့ရက်ကာလ ရောက်လိမ့်မည်။ ၃၀ ထိုအခါသူတို့က၊ အိုတောင်များတို့၊ ငါတို့အပေါ်သို့ကျကြပါ။ အိုကုန်းများတို့၊ ငါတို့ကို ဖုံးအုပ်ကြပါ၊ ဟုခေါ်ကြလိမ့်မည်။ ၃၁ အကြောင်းမူကား၊ စိမ်းသောအပင်ကို ဤသို့ပြုကြလျှင်၊ ​ခြောက်သောအပင်၌ အဘယ်သို့ ဖြစ်လိမ့်မည်နည်း၊ ဟုမိန့်တော်မူ၏။ ၃၂ ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တို့ကိုလည်း၊ သတ်အံ့သောငှါ ထုတ်သွားကြ၏။


လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ

၃၃ ကရာနိအမည်ရှိသော အရပ်သို့ရောက်ကြသော်၊ ကိုယ်တော်နှင့်တကွ ထိုလူဆိုးတို့ကို၊ လကျ်ာတော်ဘက်၌ တယောက်၊ လက်ဝဲတော်ဘက်၌ တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ၃၄ ယေရှုကလည်း၊ အိုအဘ၊ သူ့တို့၏ အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ၊ ဟုမြွက်ဆိုတော်မူ၏။ အဝတ်တော်ကိုလည်း စာရေးတံချ ၍ ဝေဖန်ကြ၏။ ၃၅ လူများတို့သည်လည်း ကြည့်ရှုလျက် ရပ်နေကြ၏။ ထိုသူတို့နှင့်အတူ မင်းအရာရှိတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။ ခရစ်တော်တည်းဟူသော ဘုရားသခင် ရွေးချယ်တော်မူသော သူမှန်လျှင်၊ ကိုယ်ကို ကယ်တင်ပါလေစေဟူ၍ ပြက်ယယ်ပြုကြ၏။ ၃၆ စစ်သူရဲတို့သည် လည်းလာ၍ ပုံးရည်ကို ကပ်ပေးလျက်၊ ၃၇ သင်သည် ယုဒရှင်ဘုရင်မှန်လျှင် ကိုယ်ကိုကယ်တင်လော့ဟူ၍၊ ပြက်ယယ်ပြုလျက် ဆိုကြ၏။ ၃၈ ခေါင်းတော်ပေါ်မှာတပ်၍ အပြစ်ဖေါ်ပြသော ကမ္ဗည်းလိပ်စာချက်ဟူမူကား၊ ဤသူသည် ယုဒရှင်ဘုရင်ပေတည်း၊ ဟုဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့် ရေး၍ ခေါင်းတော်ပေါ်မှာ တပ်သတည်း။


လူဆိုးတယောက်ကယုံကြည်

၃၉ ဆွဲထားသော လူဆိုးနှစ်ယောက်တွင် တယောက်က၊ သင်သည် ခရစ်တော်မှန်လျှင် ကိုယ်ကို၎င်း၊ ငါတို့ကို၎င်း၊ ကယ်တင်လော့၊ ဟုကိုယ်တော်ကိုကဲ့ရဲ့၍ ဆိုလေ၏။ ၄၀ တယောက်မူကား၊ မိမိအဖေါ်ကိုဆုံးမ၍၊ သင်သည် ဤသူနည်းတူ အပြစ်ဒဏ်ခံလျက်ပင် ဘုရားသခင်ကို မကြောက်သလော။ ၄၁ ငါတို့သည် ကိုယ်ပြုမိသောအပြစ်နှင့် အလျောက်ခံရသည်ဖြစ်၍၊ တရားသဖြင့်ခံရကြ၏။ ဤသူမူကား အဘယ်အပြစ်ကိုမျှ မပြုဟုဆိုပြီးလျှင်၊ ၄၂ သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ၊ အ​ကျွန်ုပ်ကို အောက်မေ့တော်မူပါ၊ ဟုယေရှုကိုလျှောက်ဆို၏။ ၄၃ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့တွင် သင်သည်ငါနှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်၊ ဟုမိန့်တော်မူ၏။


ယေရှုအသက်တော်ချုပ်
CROSS REFERENCES






၄၄ ထိုအချိန်သည် မွန်းတည့် အချိန်လောက်ဖြစ်၍၊ သုံးချက်တီး အချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။ [B] ၄၅ နေအရောင်ကွယ် ပျောက်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ဖြာကွဲလေ၏။ ၄၆ ယေရှုသည်လည်း ကြီးသောအသံနှင့် ကြွေးကြော်တော်မူပြီးလျှင်၊ အိုအဘ၊ အ​ကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အ​ကျွန်ုပ်အပ်ပါ၏၊ ဟုမိန့်တော်မူလျက် အသက်ချုပ်တော်မူ၏။ ၄၇ ထိုအခြင်းအရာတို့ကို တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဖြောင့်မတ်သောသူ မှန်ပေ၏ဟုဆို၍၊ ဘုရားသခင်ကို ချီးမွမ်းလေ၏။ ၄၈ ထိုအမှုကို အကြည့်အရှုလာသောသူ အပေါင်းတို့သည်၊ ထိုအခြင်းအရာများကို မြင်လျှင်၊ ရင်ပတ်ကိုခတ်၍ ပြန်သွားကြ၏။ ၄၉ ဂါလိလဲပြည်မှ နောက်တော်သို့ လိုက်လာသော မိန်းမတို့နှင့်၊ ကိုယ်တော်ကို သိ​ကျွမ်းသောသူ အပေါင်းတို့သည်လည်း၊ အဝေးကကြည့်ရှု၍ ရပ်နေကြ၏။


ယေရှု၏အလောင်းတော်ကိုသင်္ဂြိုလ်
CROSS REFERENCES






၅၀ ထိုအခါ ယုဒပြည်အရိမသဲ မြို့သားယောသပ် အမည်ရှိသော လွှတ်အရာရှိ တယောက်သည်၊ အခြားသော အလွှတ်အရာရှိတို့၏ တိုင်ပင်စီရင်ခြင်းကို ဝန်ခံသောသူမဟုတ်၊ ၅၁ ဘုရားသခင်၏ နိုင်ငံတော်ကို မြော်လင့်သော သူတော်ကောင်းသူတော် မြတ်ဖြစ်သည်နှင့် ပိလတ်မင်းထံသို့ဝင်၍၊ ၅၂ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။ ၅၃ အလောင်းတော်ကိုချ၍ ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ တယောက်ကိုမျှ မသင်္ဂြိုလ်ဘူးသော ကျောက်သင်္ချိုင်းတွင်း၌ ထားလေ၏။ ၅၃ ထိုနေ့ကား အဘိတ်နေ့ဖြစ်၍ ဥပုသ်နေ့ [C]အချိန်နီးသတည်း။ ၅၅ ဂါလိလဲပြည်က ကိုယ်တော်နှင့်အတူ လာသောမိန်းမများသည် သင်္ချိုင်းတော်ကို၎င်း၊ အလောင်းတော်ကို အဘယ်သို့ထားသည်ကို၎င်း၊ အကြည့်အရှု လိုက်လာကြ၏။ ၅၆ ထိုနောက်မှ ပြန်သွားပြီးလျှင် ဆီမွှေးနှင့်နံ့သာမျိုးကို ပြင်ဆင်၍၊ ပညတ်တော်အတိုင်း ဥပုသ်နေ့၌ အလုပ်မလုပ်ဘဲ နေကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.