-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
၂၂
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၂၂


ယေရှုကိုအပ်နှံဘို့ယုဒရှကာရှတ်သဘောတူ
CROSS REFERENCES





CROSS REFERENCES






ပသခါ [A]အမည်ရှိသော အဇုမပွဲခံခါနီးတွင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည်၊ ကိုယ်တော်ကို အဘယ်သို့ သတ်ရအံ့နည်း၊ ဟုရှာကြံကြ၏။ [B]အဘယ်ကြောင့် ရှာကြံရကြသနည်းဟူမူကား၊ လူများတို့ကို ကြောက်ကြ၏။ ထိုအခါစာတန်သည် တပည့်တော် တကျိပ်နှစ်ပါးအဝင်ဖြစ်သော၊ ယုဒရှကာရုတ်အထဲသို့ ဝင်သည်ဖြစ်၍၊ ထိုသူသည် ယဇ်ပုရောဟိတ်အကြီးများ၊ ဗိမာန်တော်မှူးများတို့ထံသို့ သွားပြီးလျှင်၊ ယေရှုကို အဘယ်သို့ အပ်ရမည်နည်းဟူ၍၊ တိုင်ပင်လေ၏။ ထိုသူတို့သည် ဝမ်းမြောက်သော စိတ်ရှိ၍၊ ငွေပေးမည်၊ ဟုဝန်ခံကြ၏။ ယုဒရှကာရုတ်သည်လည်း ဝန်ခံပြီးမှ၊ လူများမရှိစဉ်တွင် ကိုယ်တော်ကိုအပ်ခြင်းငှါ၊ အစဉ်သင့်သော အချိန်ကာလကိုရှာ ကြံလျက်နေ၏။


ယေရှုနှင့်တပည့်တော်များပသခါပွဲနေရာပြင်
CROSS REFERENCES





CROSS REFERENCES






ပသခါ သိုးသငယ်ကို သတ်ရသောနေ့ တည်းဟူသော၊ အဇုမပွဲနေ့ ရောက်သောအခါ၊ ကိုယ်တော်က၊ ငါတို့စားဘို့ရာ သင်တို့သည်သွား၍၊ ပသခါပွဲ [C]ကို ပြင်ဆင်ကြလော့၊ ဟုပေတရုနှင့် ယောဟန်ကို စေလွှတ်တော်မူ၏။ သူတို့ကလည်း၊ အဘယ်အရပ်၌ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်း၊ ဟုမေးလျှာက်ကြသော်၊ ၁၀ ကိုယ်တော်က၊ သင်တို့သည် မြို့ထဲသို့ ဝင်သောအခါ၊ ရေအိုးဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့လိုက်၍၊ သူဝင်သောအိမ်သို့ ဝင်ပြီးမှ၊ ၁၁ ငါသည် ငါ့တပည့်တို့နှင့်တကွ၊ ပသခါပွဲ [D]ကိုစားရသော ဧည့်သည်အခန်းကား အဘယ်မှာရှိသနည်း၊ ဆရာကမေးသည်၊ ဟုအိမ်ရှင်ကိုပြောကြလော့။ ၁၂ ထိုသူသည် ပြင်ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ပြင်ဆင်ကြလော့၊ ဟုမိန့်တော်မူ၏။ ၁၃ တပည့်တော်တို့သည် သွား၍၊ စကားတော်အတိုင်းတွေ့လျှင်၊ ပသခါပွဲကို ပြင်ဆင်ကြ၏။


ယေရှုနှင့်တပည့်တော်များပသခါပွဲကျင်းပ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၁၄ အချိန်ရောက်မှ တမန်တော် တကျိပ်နှစ်ပါးတို့နှင့် အတူစားပွဲ၌ လျောင်းတော်မူ၍၊ ၁၅ ငါသည် အသေမခံမှီ ဤပသခါပွဲ [E]ကို သင်တို့နှင့်အတူ စားခြင်းငှါ၊ အလွန်အလိုရှိလေပြီ။ ၁၆ ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပသခါပွဲမပြည့်စုံမှီတိုင်အောင် ယခုမှစ၍ ဤပွဲကို တဖန်ငါမစားရ၊ ဟုမိန့်တော်မူလျက်၊ ၁၇ ခွက်ဖလားကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ ဤခွက်ကိုယူ၍ အချင်းချင်းဝေကြလော့။ ၁၈ ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်မတည်မှီတိုင်အောင်၊ ယခုမှစ၍ စပျစ်ရည်ကို တဖန်ငါမသောက်ရ၊ ဟုမိန့်တော်မူ၏။ ၁၉ ထိုအခါမုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား သင်တို့အဘို့အလိုငှါ စွန့်သောငါ၏ ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဘို့ရာ ဤသို့ပြုကြလော့ မိန့်တော်မူ၏။ ၂၀ ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍၊ ဤခွက်ကား သင်တို့အဘို့အလိုငှါ သွန်းသောငါ၏အသွေး၌ တည်သော ပဋိညာဉ်တရားသစ်ဖြစ်၏။ [F] ၂၁ သို့သော်လည်း ငါ့ကိုအပ်နှံသောသူ၏လက်သည်၊ ဤစားပွဲပေါ်မှာ ငါ့လက်နှင့်အတူရှိ၏။ [G] ၂၂ ခွဲခန့်မှတ်သားတော်မူသည် အတိုင်းလူသားသည်သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည်၊ အမင်္ဂလာရှိ၏၊ ဟုမိန့်တော်မူ၏။ ၂၃ တပည့်တော်တို့သည်လည်း ထိုအမှုကို အဘယ်သူပြုအံ့နည်း၊ ဟုအချင်းချင်းမေးမြန်းကြ၏။


အဘယ်သူသာ၍ ကြီးမြတ်သနည်း
CROSS REFERENCES






၂၄ ထိုမှတပါး တပည့်တော်တို့သည်၊ မိမိတို့တွင် အဘယ်သူသည် သာ၍ကြီးမြတ်သနည်း၊ [H] ဟုအချင်းချင်းငြင်းခုံခြင်းရှိသည် ဖြစ်၍၊ ၂၅ ကိုယ်တော်က၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အာဏာထားသောသူတို့ကိုလည်၊း ကျေးဇူးရှင်ဟူ၍ ခေါ်ဝေါ်ကြ၏။ ၂၆ သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။ ၂၇ အဘယ်သူသည်သာ၍ ကြီးမြတ်သနည်း။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သလော။ လုပ်​ကျွေးသောသူသည် ကြီးမြတ်သလော။ စားပွဲ၌ လျောင်းသောသူသည် ကြီးမြတ်သည် မဟုတ်လော။ သို့သော်လည်း ငါသည်သင်တို့တွင် လုပ်​ကျွေးသောသူကဲ့သို့ဖြစ်၏။ ၂၈ ငါသည် စုံစမ်းနှောင့်ယှက်ခြင်းကို ခံစဉ်တွင်သင်တို့သည်၊ ငါ၌မှီဝဲသောသူဖြစ်ရာ၏။ ၂၉ ငါ့ခမည်းတော်သည် ငါ့အားနိုင်ငံကို ပေးတော်မူသည်နှင့် အညီ၊ ၃၀ သင်တို့သည် ငါ၏နိုင်ငံတွင် ငါ့စားပွဲ၌ စားသောက်သော အခွင့်ကို၎င်း၊ တရားပလ္လင်ပေါ်မှာထိုင်၍ ဣသရေလလူ တဆယ်နှစ်မျိုးကို အုပ်စိုးရသောအခွင့်ကို၎င်း၊ ငါသည်သင်တို့အား ပေးမည်၊ [I]ဟုမိန့်တော်မူ၏။


ပေတရုသခင်ကိုသုံးကြိမ်ငြင်းမည်
CROSS REFERENCES






၃၁ တဖန်သခင်ဘုရားက၊ ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကို ဆန်ခါနှင့်ချသကဲ့သို့ စာတန်သည် သင်တို့ကိုချရမည်အကြောင်း၊ အခွင့်တောင်းသည်ဖြစ်၍၊ ၃၂ သင်၏ယုံကြည်သော စိတ်မပျက်စေခြင်းငှါ၊ ငါသည်သင့်အဘို့ ဆုတောင်းလေပြီ။ သင်သည်သတိရ ပြန်သောအခါ၊ သင်၏ညီအစ်ကိုတို့ကို တည်ကြည်စေလော့၊ ဟုမိန့်တော်မူလျှင်၊ ၃၃ ပေတရုက၊ သခင်၊ အ​ကျွန်ုပ်သည်ကိုယ် တော်နှင့်အတူ ထောင်ထဲသို့၎င်း၊ အသေသတ်ခြင်းကို၎င်း၊ လိုက်ခြင်းငှါ အသင့်ရှိပါ၏၊ ဟုလျှောက်လေသော်၊ ၃၄ သခင်ဘုရားက၊ ပေတရု၊ ငါဆိုသည်ကား၊ ယနေ့တွင် ကြက်မတွန်မှီ သင်သည်ငါ့ကိုမသိ၊ ဟုသုံးကြိမ်မြောက်အောင် ငြင်းပယ်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ [J]


ငွေအိတ်လွယ်အိတ်ပါကြ

၃၅ တဖန်မိန့်တော်မူသည်ကား၊ အထက်ကငွေအိတ်၊ လွယ်အိတ်၊ ​ခြေနင်းမပါဘဲသွားကြလော့၊ ဟုသင်တို့ကို ငါစေလွှတ်သောအခါ တစုံအခုလိုသလော၊ ဟုမေးလျှင်၊ တစုံတခုမျှမလိုပါ၊ ဟုလျှောက်ကြသော်၊ ၃၆ ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ။ လွယ်အိတ်ရှိသောသူသည် ယူစေ။ ထားမရှိသောသူသည် အဝတ်ကိုရောင်း၍ ဓါးကိုဝယ်စေ။ ၃၇ အကြောင်းမူကား၊ ထိုသူသည် မတရားသောသူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်၏ဟူသော ကျမ်းစာချက်သည်ငါ၌ ယခုပင်ပြည့်စုံရမည်။ ငါ့အမှုအရာ တို့သည် ပြီးစီးခြင်းသို့ ရောက်ကြပြီ၊ ဟုမိန့်တော်မူ၏။ ၃၈ ထိုသူတို့ကလည်း၊ သခင်၊ ထားနှစ်စင်းရှိပါ၏၊ ဟုလျှောက်လျှင်၊ တန်ပြီ၊ ဟုမိန့်တော်မူ၏။


ယေရှုဆုတောင်း

၃၉ ထိုနောက် အလေ့တော်ရှိသည်အတိုင်း၊ သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။ ၄၀ ထိုအရပ်သို့ ရောက်တော်မူလျှင်၊ သင်တို့သည် စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဆုတောင်းကြလော့၊ ဟုမိန့်တော်မူပြီးမှ၊ ၄၁ တပည့်တော်တို့နှင့် ကျောက်ခဲတပစ်လောက်ခွါသွား၍ ဒူးထောက်လျက်၊ ၄၂ အိုအဘ အလိုတော်ရှိလျှင် ဤခွက်ကို အ​ကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အ​ကျွန်ုပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေသော်၊ ဟုဆုတောင်းတော်မူ၏။ ၄၃ ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကို အားပေးရ၏။ ၄၄ ပြင်းစွာသော ဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍၊ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသော သွေးစက်ကဲ့သို့ဖြစ်သတည်း။ ၄၅ ထိုသို့ဆုတောင်းပြီးမှ၊ ယေရှုသည်ထ၍ တပည့်တော်တို့ရှိရာသို့ ပြန်သောအခါ၊ သူတို့သည် ဝမ်းနည်းသောစိတ်ရှိသည်နှင့်၊ အိပ်ပျော်လျက်နေကြသည်ကို တွေ့တော်မူလျှင်၊ ၄၆ သင်တို့သည် အဘယ်ကြောင့် အိပ်ပျော်ကြသနည်း။ ထကြ၊ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဆုတောင်းကြလော့၊ ဟုမိန့်တော်မူ၏။


ယေရှုကိုဖမ်းကြ

၄၇ ထိုသို့မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည်၊ လူအပေါင်းတို့ကို လမ်းပြလျက်လာ၍၊ ယေရှုကိုနမ်းခြင်းငှါ ချဉ်းကပ်လေ၏။ ၄၈ ယေရှုကလည်း၊ ယုဒသင်သည် နမ်းခြင်းကို ပြုလျက်လူသား ကိုအပ်သလော၊ ဟုမေးတော်မူ၏။ ၄၉ ယေရှုနှင့်အတူ ပါသောသူတို့သည် ဖြစ်အံ့သောအမှုကို မြင်လျှင်၊ သခင်၊ အ​ကျွန်ုပ်တို့သည် ဓါးနှင့် ခုတ်ရပါမည်လော၊ ဟုမေးလျှောက်ပြီးမှ၊ ၅၀ တယောက်သည် ယဇ်ပုရောဟိတ်မင်း၏ ကျွန်တယောက်ကို ခုတ်သဖြင့်၊ လကျ်ာနားရွက်ပြတ်လေ၏။ ၅၁ ယေရှုကလည်း၊ တန်စေဟုမိန့်တော်မူ၍၊ နားရွက်ကိုလက်တော်နှင့်တို့သဖြင့်၊ အနာကို ပျောက်စေတော်မူ၏။ ၅၂ ထိုအခါ အထံတော်သို့ ရောက်လာသော ယဇ်ပုရောဟိတ်အကြီး၊ ဗိမာန်တော်မှူး၊ လူအကြီးအကဲတို့အား ယေရှုက၊ သင်တို့သည်ထားပြကို ဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှါ ဓါးနှင့်ဒုတ်များကိုလက်စွဲလျက်လာကြသည်တကား။ ၅၃ ငါသည်ဗိမာန်တော်၌ သင်တို့နှင့်အတူရှိနေစဉ်အခါ၊ သင်တို့သည်ငါ့ကိုမဖမ်းမဆီးကြ။ သို့သော်လည်းယခုအချိန်ကား သင်တို့အချိန်ဖြစ်၏။ မှောင်မိုက်တန်ခိုးလည်းဖြစ်၏၊ ဟုမိန့်တော်မူ၏။


ပေတရုသခင်ကို သုံးကြိမ်ငြင်း

၅၄ ထိုသူတို့သည် ကိုယ်တော်ကိုဖမ်းဆီး၍၊ ယဇ်ပုရောဟိတ်မင်း၏ အိမ်သို့ဆောင်သွားကြ၏။ ပေတရုသည်လည်း သူတို့နှင့် ဝေးစွာလိုက်လေ၏။ ၅၅ အိမ်ဦးအလယ်၌ မီးမွေးပြီးမှ၊ လူများတို့သည် စုဝေး၍ ထိုင်ကြလျှင်၊ ပေတရုသည်လည်း သူတို့အထဲ၌ ထိုင်နေ၏။ ၅၆ ထိုသို့ပေတရုသည် မီးအနားမှာ ထိုင်နေသည်ကို အစေအပါ မိန်းမတယောက်သည် မြင်လျှင်၊ သူ့ကိုစေ့စေ့ကြည့်၍၊ ဤသူသည် ယေရှုနှင့် ပေါင်းဖေါ်သောသူ ဖြစ်သည်၊ ဟုဆိုသော်၊ ၅၇ ပေတရုက၊ အချင်းမိန်းမ၊ ထိုသူကိုငါမသိ၊ ဟုငြင်းလေ၏။ ၅၈ ထိုနောက် များမကြာ အခြားသောသူသည် ပေတရုကိုမြင်လျှင်၊ သင်သည်လည်း ထိုသူတို့အဝင် ဖြစ်သည်၊ ဟုဆိုသော်၊ ပေတရုက၊ အချင်းလူ၊ ငါသည်သူတို့ အဝင်မဟုတ်၊ ဟုဆို၏။ ၅၉ တဖန်တနာရီ လောက်ကြာပြီးမှ၊ အခြားသောသူက၊ အကယ်စင်စစ် ဤသူသည် ယေရှုနှင့် ပေါင်းဖေါ်သောသူ ဖြစ်၏။ ဂါလိလဲလူလည်း ဖြစ်၏၊ ဟုခိုင်မာစွာဆိုလျှင်၊ ၆၀ ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏၊ ထိုစကားကိုပြောသော ခဏခြင်းတွင် ကြက်တွန်လေ၏။ ၆၁ ထိုအခါ သခင်ဘုရားသည် လှည့်၍ပေတရုကို ကြည့်တော်မူ၏။ ကြက်မတွန်မှီ သင်သည် သုံးကြိမ်မြောက်အောင် င့ါကိုငြင်းပယ်လိမ့်မည်၊ ဟုမိန့်တော်မူသောစကားကို၊ ပေတရုသည် သတိရသဖြင့်၊ ၆၂ ပြင်သို့ထွက်၍ ပြင်းစွာငိုကြွေးလေ၏။


ယေရှုကိုစစ်ဆေးကြ

၆၃ ယေရှုကို ကိုင်ဆွဲသောသူတို့သည်၊ ကိုယ်တော်ကို ပြက်ယယ်ပြု၍ ရိုက်ပုတ်ကြ၏။ ၆၄ မျက်နှာတော်ကို ဖုံးပြီးလျှင် လက်နှင့်ပုတ်လျက်၊ ကိုယ်တော်ကို အဘယ်သူပုတ်သည်ကို ပရောဖက်ပြု၍ ဟောတော်မူပါ၊ ဟုဆိုကြ၏။ ၆၅ အခြားသော စကားများဖြင့်လည်း ကိုယ်တော်ကို ကဲ့ရဲ့၍ ပြောဆိုကြသေး၏။ ၆၆ မိုးလင်းသောအခါ၊ လူတို့တွင် အကြီးအကဲဖြစ်သောသူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့သည် စည်းဝေး၍၊ ကိုယ်တော်ကို လွှတ်တော်သို့ ဆောင်သွားပြီးလျှင်၊ ၆၇ သင်သည် ခရစ်တော်မှန်လျှင် ငါတို့အားပြောလော့၊ ဟုဆိုကြ၏။ [K] ယေရှုကလည်း၊ ငါပြောလျှင် သင်တို့သည်မယုံ။ ၆၈ ငါမေးလျှင်လည်း သင်တို့သည်မ​ဖြေဘဲ၊ ငါ့ကိုမလွှတ်ဘဲ နေကြလိမ့်မည်။ ၆၉ နောက်၌ လူသားသည် ဘုရားသခင်၏ တန်ခိုးတော် လကျ်ာဘက်၌ ထိုင်တော်မူလတံ့၊ ဟုမိန့်တော်မူသော်၊ ၇၀ ထိုသူအပေါင်းတို့က၊ သို့ဖြစ်၍ သင်သည် ဘုရားသခင်၏ သားတော် မှန်သည်တကား၊ ဟုဆိုကြလျှင်၊ သင်တို့ဆိုသည်အတိုင်း မှန်သည်၊ ဟုမိန့်တော်မူ၏။ ၇၁ ထိုသူတို့ကလည်း၊ အဘယ်သက်သေ လိုသေးသနည်း။ သူ၏စကားကို ငါတို့ကိုယ်တိုင် ကြားရပြီ၊ ဟုဆိုကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.