-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
၂၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၂၁


မုဆိုးမအများဆုံးလှူ

ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍၊ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကို မြင်တော်မူ၏။ ဆင်းရဲသော မုဆိုးမတယောက်သည်လည်း၊ ​ကြေးနီဒင်္ဂါးနှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင်၊ ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသော မုဆိုးမသည် အခြားသူအပေါင်းတို့ထက် သာ၍သွင်းချပြီ။ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍၊ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင်၊ မိမိအသက် မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီ၊ ဟုမိန့်တော်မူ၏။


ဗိမာန်တော်ဖြိုချမည်ဟော
CROSS REFERENCES






လူအချို့တို့သည်လာ၍ ဗိမာန်တော်သည် တင့်တယ်သော ကျောက်ပြားနှင့်၎င်း၊ ပူဇော်သက္ကာများနှင့်၎င်း၊ ဆင်ပြင်လျက်ရှိပါ၏၊ ဟုလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ဤအရာများကို သင်တို့သည် ယခုမြင်ကြရ၏။ မဖြိုမချဘဲ ကျောက်တခု ပေါ်မှာတခုမျှ မတည်မနေရသော အချိန်ကာလရောက်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ [A] သူတို့ကလည်း၊ ဆရာ၊(a) ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်ပါမည်နည်း။ ထိုအမှုအရာတို့သည် ဖြစ်ချိန်နီးသောအခါ၊ အဘယ် ပုပ္ပနိမိတ် ပေါ်ထွန်းပါမည်နည်း၊ ဟုမေးလျှောက်ကြလျှင်၊


ကြွလာခြင်း၏နိမိတ်များ
CROSS REFERENCES






ကိုယ်တော်က၊ သင်တို့သည် လှည့်ဖြားခြင်းသို့ မလိုက်မပါမည်အကြောင်း သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ဤမည်သောသူဖြစ်၏၊ အချိန်ကာလလည်း ရောက်လာပြီ၊ ဟုဆိုလျက်၊ ငါ၏အယောင်ကို ဆောင်၍ ပေါ်လာကြလိမ့်မည်။ ထိုသူတို့နောက်သို့ မလိုက်ကြနှင့်။ [B] သင်တို့သည် စစ်တိုက်ခြင်းအကြောင်း၊ ပုန်ကန်ခြင်းအကြောင်းကို သိတင်းကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်။ ထိုအမှုအရာများသည် အရင်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည် အလျှင်အမြန်မဖြစ်သေး။ ၁၀ ထိုမှတပါး၊ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြု ကြလိမ့်မည်။ ၁၁ အရပ်ရပ်တို့၌ ကြီးစွာသော မြေလှုပ်ခြင်း၊ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း တို့သည် ဖြစ်ကြလိမ့်မည်။ မိုးကောင်းကင်၌ လည်းကြောက်မက် ဘွယ်သောအရာနှင့် ကြီးစွာသော ပုပ္ပနိမိတ်တို့သည် ပေါ်ထွန်းကြလိမ့်မည်။


ခရစ်တော်နာမကြောင့် ညှဉ်းဆဲခြင်း

၁၂ ထိုအမှုအရာများ မဖြစ်မှီလူများတို့သည်၊ ငါ၏ နာမကြောင့်သင်တို့ကို ဖမ်းဆီးညှဉ်းဆဲ၍ တရားစရပ်၌၎င်း၊ ထောင်ထဲ၌၎င်း၊ အပ်နှံကြလိမ့်မည်။ ရှင်ဘုရင်၊ ဝန်မင်းထံသို့ ပို့ဆောင်ကြလိမ့်မည်။ ၁၃ ထိုသို့သောအားဖြင့် သင်တို့သည် သက်သေခံရသောအခွင့် ရှိကြလိမ့်မည်။ ၁၄ ထိုကြောင့် သင်တို့သည် အဘယ်သို့ပြန်ပြောရမည်ကို၊ ရှေ့မဆွက မဆင်ခြင်ခြင်းငှါ၊ သတိထားကြလော့။ ၁၅ အကြောင်းမူကား၊ ရန်သူအပေါင်းတို့သည် မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဥာဏ်သတ္တိကို ငါပေးမည်။ ၁၆ သင်တို့မိဘ၊ ညီအစ်ကို၊ ပေါက်ဖေါ်၊ အဆွေခင်ပွန်းတို့သည် သင်တို့ကို အပ်နှံကြလိမ့်မည်။ အချို့တို့ကိုလည်း သတ်ကြလိမ့်မည်။ ၁၇ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့် သင်တို့ကိုမုန်းကြလိမ့်မည်။ ၁၈ သို့သော်လည်း သင်တို့ဆံခြည်တပင်မျှ မပျက်စီးရ။ ၁၉ သင်တို့သည် တည်ကြည်သောအားဖြင့်၊ ကယ်တင်ခြင်းသို့ ရောက်ကြလော့။


ယေရုရှလင်မြို့ဝန်းရံလျှင် ပြေးကြလော့

၂၀ ယေရုရှလင်မြို့ကို ဗိုလ်​ခြေများ ဝန်းရံလျက်ရှိသည်ကို သင်တို့မြင်သောအခါ၊ ထိုမြို့သည် ပျက်စီးခြင်းသို့ ရောက်လုသည်ကို သိမှတ်ကြလော့။ ၂၁ ထိုအခါ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ပြေးကြစေ။ မြို့ထဲ၌ ရှိသောသူတို့သည် မြို့ပြင်သို့ ထွက်ကြစေ။ တောရွာမှာ ရှိသောသူတို့သည် မြို့ထဲသို့မဝင်ကြစေနှင့်။ ၂၂ အကြောင်းမူကား၊ ထိုနေ့ရက်ကာလသည် ကျမ်းစာချက်များ ပြည့်စုံရသော ဒဏ်စီရင်ခြင်း နေ့ရက်ကာလဖြစ်သတည်း။ ၂၃ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည်၊ အလွန်ခက်ကြလိမ့်မည်။ အကြောင်းမူကား၊ ယုဒပြည်၌ ကြီးစွာသော ဆင်းရဲဒုက္ခဖြစ်၍၊ ယုဒလူမျိုးအပေါ်၌ အမျက်ဒေါသ သင့်ရောက်လိမ့်မည်။ ၂၄ သူတို့သည်ဓါးဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ် ရပ်သို့ ဖမ်းသွားကြလိမ့်မည်။ တပါးအမျိုးသားတို့သည် မိမိတို့အချိန်ကာလ မပြည့်စုံမည်တိုင်အောင်၊ ယေရုရှလင်မြို့ကို ခြေနှင့်နင်းကြလိမ့်မည်။


သဘာ၀နိမိတ်များ

၂၅ ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်း လူအမျိုးမျိုး မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊ သမုဒ္ဒ​ရာလှိုင်းတံပိုးကြီးခြင်း၊ ၂၆ မြေကြီးပေါ်မှာ ဖြစ်လတံ့သော ဘေးများကိုမြော်၍ ကြောက်လန့်သဖြင့်၊ လူများတို့၏ အသက်ဆုံးခြင်း အမှုအရာတို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ၂၇ ထိုအခါ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီးလျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။ ၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊ သင်တို့ကို ရွေးနှုတ်သော အချိန်ကာလ ရောက်လုနီးသည်ကို ထောက်သဖြင့်၊ မြော်ကြည့်၍ ခေါင်းကိုကြွကြလော့၊ ဟုမိန့်တော်မူ၏။


သင်္ဘောသဖန်းပင်ရွက်နုပေါက်လျှင်

၂၉ တဖန်ထပ်၍ မိန့်တော်မူသော ဥပမာကား၊ သင်္ဘောသဖန်းပင်မှစ၍ သစ်ပင်များတို့ကို မှတ်ကြလော့။ ၃၀ အရွက်ပေါက်သောအခါ နွေကာလနီးသည်ကို သင်တို့သည် အလိုအလျောက် သိမြင်ကြ၏။ ၃၁ ထိုနည်းတူ ထိုအကြောင်းအရာများ ဖြစ်သည်ကိုမြင်ရလျှင်၊ ဘုရားသခင်၏ နိုင်ငံတော် တည်လုနီးသည်ကို သိမှတ်ကြလော့။ ၃၂ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မှီ၊ ထိုအကြောင်း အရာအလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ၃၃ ကောင်းကင်နှင့် မြေကြီးမတည်သော်လည်း၊ ငါ့စကားတည်လိမ့်မည်။ ၃၄ သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ သို့မဟုတ် အစားအသောက်လွန်ကျူးခြင်း၊ လောကီစိုးရိမ်ခြင်းအားဖြင့် စိတ်နှလုံးပင်ပန်းလျက် နေစဉ်တွင်၊ ထိုနေ့ရက်သည် အမှတ်တမဲ့ သင်တို့နှင့်တွေ့ ကြုံလိမ့်မည်။ ၃၅ ထိုနေ့ရက်သည် ပိုက်ကွန်ကဲ့သို့ မြေတပြင်လုံး၌ နေသော လူအပေါင်းတို့ကို အုပ်မိလိမ့်မည်။ ၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သော အမှုအရာတို့နှင့် ကင်းလွတ်၍၊ လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်၊ ဟုမှတ်တော်မူမည်အကြောင်း၊ အစဉ် ဆုတောင်းလျက် စောင့်နေကြလော့၊ ဟုမိန့်တော်မူ၏။ ၃၇ ထိုသို့ကိုယ်တော်သည်၊ နေ့ရက်အစဉ်အတိုင်း ဗိမာန်တော်၌၊ ဆုံးမဩဝါဒပေးတော်မူ၏။ ညအချိန်ရောက်လျှင်၊ သံလွင်အမည်ရှိသော တောင်သို့သွား၍၊ ညကိုလွန်စေတော်မူ၏။ ၃၈ နံနက်စောစော လူများအပေါင်းတို့သည်၊ ဗိမာန်တော်သို့သွား၍ အထံတော်၌ ဒေသနာတော်ကို နားထောင်ကြ၏။

_________________________
Footnotes


(a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.