-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၂


ဗက်လင်မြို့၌ ယေရှုဖွားမြင်

ထိုအခါ တနိုင်ငံလုံးကို စာရင်းယူစေခြင်းငှါ ကဲသာဘုရင် ဩဂုတ္တုသည်၊ အမိန့်တော်ရှိ၏။ ကုရေနိသည် ရှုရိပြည်၌ မြို့ဝန်ဖြစ်စဉ်တွင်၊ ဤပဌမစာရင်းယူခြင်း ဖြစ်သတည်း။ လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှါ၊ အသီးသီးမိမိတို့ မြို့ရွာသို့သွားကြ၏။ ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ် ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းဘို့ စေ့စပ်ထားသော၊ မယားမာရိနှင့်အတူ စာရင်းဝင်ခြင်းငှါ၊ ဂါလိလဲပြည် နာဇရက်မြို့မှ၊ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏ မြို့သို့သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။ ဗက်လင်မြို့၌ ရှိနေစဉ်၊ ဖွားအံ့သော နေ့လစေ့လျှင်၊ သားဦးကိုဖွားမြင်၍ အဝတ်နှင့် ပတ်ရစ်ပြီးမှ၊ ဧည့်သည်တည်းရာစရပ်၌ သူတို့ နေစရာမရှိသောကြောင့်၊ သူငယ်ကို နွားစားခွက်၌ သိပ်ထားလေ၏။ [A]


သိုးထိန်းများထံပြော
CROSS REFERENCES






ထိုပြည်မှာ သိုးထိန်းတို့သည်၊ ညအခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြသည် ဖြစ်၍၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် သူတို့အနားမှာ ပေါ်လာ၍၊ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ ဘုန်းတော်ထွန်းတောက်သဖြင့်၊ သူတို့သည် အလွန်ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ၁၀ ကောင်းကင်တမန် ကလည်း၊ ကြောက်ရွံ့ခြင်း မရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်းသာစရာသိတင်းကို၊ ငါသည် သင်တို့အား ကြားပြောရ၏။ ၁၁ ယနေ့တွင် ဒါဝိဒ်၏မြို့၌ ၊ သခင်ခရစ်တော် တည်းဟူသော ကယ်တင်သောအရှင်သည်၊ သင်တို့အဘို့အလိုငှါ ဖွားမြင်ခြင်းကို ခံတော်မူပြီ။ [B] ၁၂ သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည် အဝတ်နှင့်ပတ်ရစ်၍၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်၊ ဟုဆိုပြီးလျှင်၊ ၁၃ ထိုကောင်းကင်တမန်နှင့် အတူ၊ ကောင်းကင် ဗိုလ်ခြေအများတို့သည် ချက်ချင်းထင်ရှား၍၊ ၁၄ ကောင်းကင်ဘဝဂ်ဝယ်၊ ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း၊ ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်း၊ ဟုဘုရားသခင်ကို ချီးမွမ်း၍ မြွက်ဆိုကြ၏။ [‌C]


သိုးထိန်းတို့ချီးမွမ်း
CROSS REFERENCES






၁၅ ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဖေါ်ပြတော်မူသော ဤအမှုအရာကို၊ ကြည့်ကြကုန်အံ့၊ ဟုအချင်းချင်းပြောဆိုပြီးလျှင်၊ ၁၆ အလျှင်အမြန်သွား၍ မာရိနှင့် ယောသပ်ကို၎င်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသော သူငယ်ကို၎င်း တွေ့ကြ၏။ ၁၇ တွေ့မြင်ပြီးမှ မိမိတို့ကြားသော ထိုသူငယ်၏ အကြောင်းစကားကို၊ အနှံ့အပြားပြောကြ၏။ ၁၈ သိုးထိန်းတို့ပြောသော စကားကိုကြားသော သူရှိသမျှတို့သည်၊ အံ့ဩခြင်းရှိကြ၏။ ၁၉ မာရိသည် ထိုအကြောင်း အရာအလုံးစုံတို့ကို မှတ်ကျုံး၍၊ စဉ်းစားဆင်ခြင်လျက် နေ၏။ ၂၀ သိုးထိန်းတို့သည်လည်း မိမိတို့အား ပြောနှင့်သည်အတိုင်း၊ ကြားမြင်သမျှသော အကြောင်းအရာကို ထောက်၍၊ ဘုရားသခင်ကို အံ့ဩချီးမွမ်းလျက် ပြန်သွားကြ၏။ [‌C]


သူငယ်တော် ယေရှုထာ၀ရဘုရားထံဆက်ကပ်
CROSS REFERENCES






၂၁ ထိုသူငယ်အား အရေဖျားလှီးခြင်း [D]ကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သော နေ့ရောက်လျှင်၊ ပဋိသန္ဓေစွဲတော်မမူမှီ ကောင်းကင်တမန် မှည့်သောယေရှုအမည်ဖြင့် မှည့်ကြ၏။ ၂၂ ထိုနောက်မောရှေ၏ပ ညတ်တရားအတိုင်း စင်ကြယ်ခြင်းကို ပြုရသော နေ့ရက်စေ့သောအခါ၊ မိဘတို့သည် သူငယ်ကို ယေရုရှလင်မြို့သို့ ဆောင်သွား၍၊ ၂၃ သားဦး ယောကျ်ား အပေါင်းတို့သည် ဘုရားအဘို့ သန့်ရှင်းရကြ၏၊ ဟုထာဝရဘုရား၏ ပညတ္တိကျမ်းလာသည်နှင့်အညီ၊ ထာဝရဘုရားအား ဆက်ကပ်ပြီးမှ၊ ၂၄ ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေး နှစ်ကောင်ဖြစ်စေ၊ တခုခုကို ပူဇော်ရမည်၊ ဟုထာဝရဘုရား၏ ပညတ္တိကျမ်း လာပြန်သည်နှင့်အညီ၊ ယဇ်ပူဇော်ကြ၏။


ရှုမောင်သူငယ်တော်ကိုမြင်
CROSS REFERENCES





CROSS REFERENCES






၂၅ ထိုအခါ ရှုမောင်အမည်ရှိသော သူတယောက်သည်၊ ယေရုရှလင်မြို့၌ ရှိ၏။ ထိုသူသည် ​ဖြောင့်မတ်သောသူ၊ တရားကို ရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်း အကြောင်းကို မြော်လင့်သောသူဖြစ်၏။ သန့်ရှင်းသော ဝိညာဉ်တော်သည်၊ သူ့အပေါ်၌ တည်သည်ဖြစ်၍၊ ၂၆ သူသည် ထာဝရဘုရား၏ ခရစ်တော်ကို မမြင်မှီမသေရ၊ ဟုဗျာဒိတ်တော်ကိုရ၏။ ၂၇ ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရား ထုံးတမ်းအတိုင်း ပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊ ၂၈ ရှုမောင်သည် ယေရှုကိုလက်နှင့် ချီပိုက်၍၊ ၂၉ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ [‌E] အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို၊ ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။ ၃၀ ကိုယ်တော်၏ လူဣသရေလအမျိုးကို၊ ချီးမြောက်စေခြင်းငှါ၎င်း၊ ၃၁ တပါးအမျိုးသားတို့ကို လင်းစေခြင်းငှါ၎င်း၊ ၃၂ လူအမျိုးမျိုးတို့ ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော၊ ကယ်တင်သော သခင်ကို၊ အ​ကျွန်ုပ်သည် ကိုယ်မျက်စိနှင့် မြင်ရပါ၏၊ ဟုမြွက်ဆို၏။ ၃၃ ထိုစကားများကို ယောသပ်နှင့် မယ်တော်သည်ကြားလျှင်၊ အံ့ဩခြင်းရှိ ကြ၏။၃၄ ရှုမောင်သည်လည်း သူတို့ကို ကောင်းကြီးပေး၍ မယ်တော်မာရိအား၊ ဤသူငယ်ကား ဣသရေလလူအများ လဲမည်အကြောင်း၊ [F] အများထမည်အကြောင်း၊ လူအများတို့၏ အကြံအစည်ကို ထင်ရှားစေခြင်းငှါ ငြင်းခုံစရာဖြစ်မည်အကြောင်း၊ ခန့်ထားသောသူဖြစ်၏။ ၃၅ ထိုမှတပါး၊ သန်လျက်သည် သင်၏စိတ်နှလုံးကို ခွင်းလိမ့်မည်၊ ဟုမြွက်ဆို၏။


ပရောဖက်မအန္နယေရှုကိုမြင်
CROSS REFERENCES






၃၆ အာရှာအမျိုးဖြစ်သော ဖနွေလ၏သမီး၊ အန္နအမည်ရှိသော ပရောဖက်မ တယောက်ရှိ၏။ သူသည် ပျိုသောအရွယ်မှစ၍ ခုနစ်နှစ်သာ လင်နှင့်နေပြီးလျှင်၊ ၃၇ အသက်ကြီးရင့်၍ အနှစ်ရှစ်ဆယ်လေးနှစ် ခန့်မျှတိုင်တိုင် မုဆိုးမဖြစ်လျက်၊ ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းအားဖြင့် နေ့ညမပြတ် ဘုရားဝတ်ကိုပြု၍၊ ဗိမာန်တော်နှင့် မခွါဘဲနေ၏။ ၃၈ သူသည်လည်း ထိုခဏခြင်းတွင် ဝင်၍၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ [‌G] ယေရုရှလင်မြို့၌ ရွေးနှုတ်ခြင်းအရာကို မြော်လင့်သောသူ အပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။ ၃၉ မိဘတို့သည် ထာဝရဘုရား၏ ပညတ်တရားအတိုင်း ပြုရသမျတို့ကို အကုန်အစင်ပြုပြီးမှ၊ ဂါလိလဲပြည်၊ နာဇရက်အမည်ရှိသော မိမိတို့မြို့သို့ ပြန်ကြ၏။ ၄၀ သူငယ်သည်လည်း ကြီးပွါး၍၊ ပညာဥာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း၊ သူ့အပေါ်၌ တည်၏။


သူငယ်ယေရှုပသခါပွဲသွား
CROSS REFERENCES






၄၁ မိဘတို့သည် နှစ်တိုင်းအစဉ် ပသခါပွဲ [H]ခံချိန်ရောက်လျှင်၊ ယေရုရှလင်မြို့သို့ သွားကြ၏။ ၄၂ ယေရှုသည် တဆယ်နှစ်နှစ်ရှိသောအခါ၊ ပသခါပွဲထုံးစံအတိုင်း ယေရုရှလင်မြို့သို့ တက်ကြ၍၊ ၄၃ ပွဲနေ့ရက်လွန်ပြီးမှ မိဘတို့သည် ပြန်ကြလျှင်၊ သူငယ်ယေရှုသည် ယေရုရှလင်မြို့၌ နေရစ်လေ၏။ ယောသပ်နှင့် မယ်တော်သည်၊ ထိုအကြောင်းကိုမသိ၍၊ ၄၄ အပေါင်းအဖေါ်စုထဲမှာ သူငယ်ပါသည်၊ ဟုစိတ်ထင်နှင့် တနေ့ခရီးသွားမိလျှင်၊ အဆွေအမျိုးအသိ အကျွမ်းတို့တွင်ရှာ၍၊ ၄၅ မတွေ့သောအခါ၊ ယေရှရုလင်မြို့ပြန်၍ ရှာကြ၏။ ၄၆ သူငယ်မူကား ဗိမာန်တော်၌ ဆရာများအလယ်မှာ ထိုင်၍၊ ထိုသူတို့နှင့် ဆွေးနွေး မေးမြန်းလျက်ရှိသည်ကို၊ မိဘတို့သည် သုံးရက်ကြာမှ တွေ့ကြ၏။ ၄၇ သူ၏စကားကို ကြားသောသူ အပေါင်းတို့သည်၊ သူ၏ပညာကို၎င်း၊ စကားအ​ဖြေကို၎င်း အံ့ဩကြ၏။ ၄၈ မိဘတို့သည် သားကိုမြင်လျှင် မိန်းမောတွေဝေ၍ မယ်တော်က၊ ငါ့သား၊ အဘယ်ကြောင့် ငါတို့အားဤ သို့ပြုသနည်း။ ညှိုးငယ်ကြောင့်ကြသောစိတ်နှင့် မိဘတို့သည် မောင်ကိုရှာကြပြီ။ ဟုဆိုသော်၊ ၄၉ ယေရှုက၊ မိဘသည် အဘယ်ကြောင့် အ​ကျွန်ုပ်ကိုရှာ ရပါသနည်း။ အ​ကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလော၊ ဟုပြောဆိုလျှင်၊ ၅၀ သူတို့သည် ထိုစကားကို နားမလည်ကြ။ ၅၁ ထိုနောက်ယေရှုသည် မိဘတို့နှင့်အတူ သွားသဖြင့်၊ နာဇရက်မြို့သို့ရောက်၍၊ သူတို့စကားကို နားထောင်လျက်နေလေ၏။ ထိုအကြောင်းအရာအလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။ ၅၂ ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍၊ ပညာတိုးပွါးလျက်၊ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.