-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
၁၉
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၁၉


အခွန်ခံဇက္ခဲ
CROSS REFERENCES





CROSS REFERENCES






ယေရှုသည် ယေရိခေါမြို့သို့ ဝင်၍ လျှောက်သွားတော်မူ၏။ ထိုအခါ ဇက္ခဲအမည်ရှိသော အခွန်ခေါင်းတယောက်ရှိ၏။ ထိုသူသည် ငွေရတတ်သောသူ ဖြစ်၏။ ယေရှုသည် အဘယ်သို့သောသူ ဖြစ်သည်ကို ထိုသူသည် ကြည့်လို၍၊ လူအစုအဝေးများသောကြောင့်၊ မိမိအရပ်လည်း နိမ့်သည်ဖြစ်၍ မမြင်နိုင်။ ထိုကြောင့် ကြွတော်မူမည့်လမ်းတွင် ရှေ့သို့ပြေး၍၊ ကိုယ်တော်ကို မြင်အံ့သောငှါ၊ သဖန်းပင်တပင်ကို တက်လေ၏။ ထိုအရပ်သို့ ယေရှုသည် ရောက်တော်မူသောအခါ မျှော်ကြည့်၍၊ ထိုသူကို မြင်တော်မူလျှင်၊ ဇက္ခဲ၊ မြန်မြန်ဆင်းလော့။ သင်၏အိမ်၌ ယနေ့ ငါတည်းနေမည်၊ ဟုမိန့်တော်မူ၏။ ဇက္ခဲသည် အလျှင်အမြန်ဆင်း၍၊ ဝမ်းမြောက်သောစိတ်နှင့် ကိုယ်တော်ကို၊ မိမိအိမ်၌ ဧည့်ခံလေ၏။ ထိုအကြောင်းကို လူအပေါင်းတို့သည် မြင်လျှင်၊ ဆိုးသောသူ၏ အိမ်သို့ဝင်၍ လုပ်​ကျွေးခြင်းကို ခံတော်မူပါသည်တကား၊ ဟုကဲ့ရဲ့ပြစ်တင်ကြ၏။ ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အ​ကျွန်ုပ်၏ ဥစ္စာတဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစုံတယောက် သောသူ၏ ဥစ္စာအနည်းငယ်ကို အ​ကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ ပေးပါ၏၊ [A] ဟုသခင် ဘုရားကို လျှောက်ဆို၏။ ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သား ဖြစ်သည်နှင့် အလျောက်၊ ယနေ့ပင် ကယ် တင်တော်မူခြင်း ကျေးဇူးသည်၊ ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။ ၁၀ လူသားသည် ပျောက်သောသူတို့ကို ရှာ၍၊ ကယ်တင်အံ့သောငှါ ကြွလာသတည်း၊ [B] ဟုဇက္ခဲကိုမိန့်တော်မူ၏။


၁၀ မြို့အုပ် ၅ မြို့အုပ်
CROSS REFERENCES






၁၁ ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းမည်၊ ဟုလူများထင် မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ ထပ်၍မိန့်တော်မူသော ဥပမာကား၊ [C] ၁၂ အမတ်တယောက်သည် မင်းကြီးအရာကိုခံလို၍ မိမိပြည်သို့ ပြန်လာမည်၊ ဟုအကြံရှိလျက်၊ ဝေးသောပြည်သို့ သွား၏။ ၁၃ မသွားမှီ မိမိငယ်သားတကျိပ်ကိုခေါ်၍၊ ငွေတပိဿာစီ အပ်ပေးလျက် ငါပြန်၍ မလာမှီတိုင်အောင် ကုန်သွယ်ခြင်းအမှုကို ပြုကြလော့၊ ဟုမှာထားလေ၏။ ၁၄ ပြည်သားအချို့တို့သည် ထိုအမတ်ကို မနာလို၍၊ ထိုသူ၏ အအုပ်အချုပ်ကို ငါတို့မခံလိုပါ၊ ဟုတမန်ကို သူ့နောက်သို့ စေလွှတ်ကြ၏။ ၁၅ ထိုအမတ်သည် မင်းကြီးအရာကိုခံ၍ ပြန်လာတော်မူသောအခါ၊ ငွေခံသော ငယ်သားတို့သည် အသီးသီး အဘယ်မျှလောက် အမြတ်ရသည်ကို သိခြင်းငှါ၊ သူတို့ကိုခေါ်ချေ၊ ဟုအမိန့်တော်ရှိ၏။ ၁၆ ပဌမသူသည် လာ၍၊ သခင်ကိုယ် တော်ပေးသော ငွေတပိဿာအားဖြင့် အခွက်တဆယ်အမြတ်ရပါပြီ၊ ဟုလျှောက်လျှင်၊ ၁၇ သခင်က၊ သာဓု၊ ငယ်သားကောင်း၊ သင်သည်အမှုငယ်၌ သစ္စာစောင့်လေပြီ။ မြို့ဆယ်မြို့ကို အုပ်စိုးလော့၊ [D]ဟုမိန့်တော်မူ၏။ ၁၈ ဒုတိယသူသည်လာ၍၊ သခင်၊ ကိုယ်တော်ပေးသော ငွေတပိဿာအားဖြင့် ငါးပိဿာအမြတ်ရပါပြီ၊ ဟုလျှောက် လျှင်၊ ၁၉ သခင်က၊ သင်သည်မြို့ငါးမြို့ကို အုပ်စိုးလော့၊ ဟုမိန့်တော်မူ၏။ ၂၀ အခြားသောသူသည်လာ၍၊ သခင်၊ အ​ကျွန်ုပ်သည်ပဝါ၌ ထုတ်ထားသော ကိုယ်တော်၏ ငွေတပိဿာရှိပါ၏။ ကိုယ်တော်သည် ခဲယဉ်းသောသူဖြစ်သည်နှင့်၊ ၂၁ ကိုယ်မသိုမထားသော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက် မပျိုးသောလယ်၌ ရိတ်တတ်သည်ကို အ​ကျွန်ုပ်ထောက်၍၊ ကိုယ်တော်ကို ကြောက်ပါသည်၊ ဟုလျှောက်လျှင်၊ ၂၂ သခင်က၊ ဆိုးညစ်သော ငယ်သား၊ [E] သင်၏ စကားကိုသာလိုက်၍ သင်၏အမှုကို ငါစီရင်မည်။ ငါသည် ခဲယဉ်းသောသူဖြစ်လျက်၊ ကိုယ်မသိုမထားသော ဥစ္စာကိုသိမ်းယူ၍၊ ကိုယ်မစိုက်မပျိုးသော လယ်၌ ရိတ်သည်ကို သင်သိသည်မှန်လျှင်၊ ၂၃ ငါ့ငွေကို ပွဲစားလက်သို့ အဘယ်ကြောင့် မအပ်သနည်း။ ထိုသို့အပ်လျှင် ငါပြန်လာသောအခါ ငွေရင်းနှင့် အတိုးကိုရနိုင်သည်၊ ဟုမိန့်တော်မူပြီးသော်၊ ၂၄ အ​ချွေအရံတို့အား၊ ငွေတပိဿာကို သူ့လက်မှနှုတ်ကြ။ အခွက်တဆယ်ရှိသောသူအား ပေးကြ၊ ဟုမိန့်တော်မူ၏။ ၂၅ အ​ချွေအရံတို့ကလည်း၊ သခင်၊ ထိုသူ၌ အခွက်တဆယ်ရှိပါ၏၊ ဟုလျှောက်ကြလျှင်၊ ၂၆ ငါဆိုသည်ကား၊ အကြင်သူသည် ရတတ်၏၊ ထိုသူအားပေးဦးမည်။ အကြင်သူသည် ဆင်းရဲ၏၊ ထိုသူ၌ ရှိသမျှကိုပင် နှုတ်လိမ့်မည်။ ၂၇ ထိုမှတပါး ငါ၏အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ။ ငါ့ရှေ့မှာသတ်ကြ၊ ဟုစီရင်တော်မူသည်၊ ဟုမိန့်တော်မူ၏။

CROSS REFERENCES






မြည်းကလေးစီးပြီး ချီတက် [F]

၂၈ ထိုသို့မိန့်တော်မူပြီးမှ၊ တပည့်တော်တို့ရှေ့၌ ကြွ၍ယေရုရှလင်မြို့သို့ ခရီးသွားတော်မူ၏။ ၂၉ သံလွင်အမည်ရှိသော တောင်​ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိရွာအနီးသို့ ရောက်တော်မူသောအခါ၊ တပည့်တော် နှစ်ယောက်တို့ကို စေလွှတ်၍၊ ၃၀ သင်တို့ရှေ့၌ ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှ မစီးဘူးသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ဆောင်ခဲ့ကြ။ ၃၁ သူတပါးက အဘယ် ကြောင့် မြည်းကြိုးကိုဖြေသနည်း၊ ဟုသင်တို့ကိုဆိုလျှင်၊ သခင်အလိုရှိသည်၊ ဟုပြန်ပြောကြလော့၊ ဟုမှာထားတော်မူ၏။ ၃၂ ထိုသို့ စေလွှတ်သောသူတို့သည် သွား၍ စကားတော်အတိုင်း တွေ့ကြ၏။ ၃၃ မြည်းကြိုးကို ဖြည်စဉ်တွင် မြည်းရှင်တို့က၊ အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟုဆိုလျှင်၊ ၃၄ သခင်အလိုရှိသည်၊ ဟုပြန်ပြောကြ၏။ ယေရှုထံတော်သို့ မြည်းကလေးကို ဆောင်ခဲ့၍၊ ၃၅ မြည်းကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ပြီးလျှင်၊ ကိုယ်တော်ကို စီးစေကြ၏။ ၃၆ ခရီးသွားတော်မူစဉ်တွင် လူများတို့သည် မိမိတို့အဝတ်ကို လမ်း၌ ခင်းကြ၏။ ၃၇ သံလွင်တောင်ပေါ်က ဆင်းရာအရပ်သို့ ရောက်တော်မူသောအခါ၊ တပည့်တော်များ အပေါင်းတို့သည် မိမိတို့မြင်ခဲ့ပြီးသော တန်ခိုးတော်များကို ထောက်၍ ဝမ်းမြောက်သောစိတ်နှင့် ဘုရားသခင်ကို ထောပနာပြု၍၊ ၃၈ ထာဝရဘုရား ၏အခွင့်နှင့် ကြွလာတော်မူသော ရှင်ဘုရင်သည်၊ မင်္ဂလာရှိစေသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်းဖြစ်စေသတည်း။ ကောင်း ကင်ဘဝဂ်ဝယ် ဘုန်းကြီးပါစေသတည်း၊ ဟုကြွေးကြော်ကြ၏။ ၃၉ လူအစုအဝေး၌ ပါသောဖာရိရှဲအချို့တို့က၊ ဆရာ၊(a) ကိုယ်တော်၏ တပည့်တို့ကိုဆုံးမပါ၊ ဟုလျှောက်ကြသော်၊ ၄၀ ယေရှုကလည်း၊ ငါဆိုသည်ကား၊ ဤသူတို့သည် တိတ်ဆိတ် စွာနေလျှင်၊ ကျောက်ခဲတို့သည် ချက်ချင်း ကြွေးကြော်လိမ့်မည်၊ ဟုမိန့်တော်မူ၏။


ယေရှုယေရုရှလင်မြို့အတွက်ငို
CROSS REFERENCES





CROSS REFERENCES






၄၁ ယေရုရှလင်မြို့ အနီးသို့ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊ [G] ၄၂ အချင်းမြို့၊ သင်၏ ငြိမ်သက်ခြင်းနှင့်စပ် ဆိုင်သော အရာတို့ကို၊ သင်၏ လက်ထက်ယခုကာလ၌ ပင်သင်သည်သိရလျှင်၊ မင်္ဂလာရှိ၏။ ယခုမူကား၊ ထိုအရာတို့ကိုသင်၏ မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထားလျက်ရှိ၏။ ၄၃ အကြောင်းမူကား၊ သင့်ကိုကြည့်ရှု ပြုစုတော်မူသော ကျေးဇူးကိုသင်သည် မသိမမှတ်သောကြောင့်၊ သင်၏ရန်သူတို့သည် သင့်ပတ်လည်တွင် တပ်တည်၍၊ လေးမျက်နှာ၌ ဝိုင်းရံလျက်ချုပ်ထားပြီးလျှင်၊ ၄၄ သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်းညှိသဖြင့်၊ သင်၌ ကျောက်တခုပေါ်မှာ တခုမျှထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလသည်၊ [H]ရောက်လိမ့်မည်၊ ဟုမိန့်တော်မူ၏။


ယေရှုဗိမာန်တော်ရှင်း

၄၅ ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်လျက်၊ ၄၆ ငါ့အိမ်သည်ဆု တောင်းရာအိမ်ဖြစ်၏၊ ဟုကျမ်းစာ၌ လာသော်လည်း၊ [I] သင်တို့သည် ထိုအိမ်ကို ဓါးပြတွင်းဖြစ်စေကြပြီတကား၊ ဟုမိန့်တော်မူ၏။ ၄၇ ကိုယ်တော်သည် နေ့တိုင်းဗိမာန်တော်၌ ၊ ဆုံးမဩဝါဒပေးတော်မူ၏။ ယဇ်ပုရော ဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူတို့တွင် အကြီးအကဲဖြစ်သောသူတို့သည် ကိုယ်တော်ကို သတ်ခြင်းငှါ ရှာကြသော်လည်း၊ ၄၈ လူအပေါင်းတို့သည် ဒေသနာတော်ကို စေ့စေ့နားထောင်သောကြောင့် သတ်နိုင်သောအခွင့်ကို မတွေ့ရကြ။

_________________________
Footnotes


၃၉ (a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.