-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
၁၈
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၁၈


အားမလျော့ဘဲဆုတောင်းဘို့ [A]
CROSS REFERENCES






လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို၊ ဥပမာစကားအားဖြင့် မိန့်တော်မူသည်ကား၊ မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ [B] လူကို အားမနာတတ်သော တရားသူကြီး တယောက်ရှိ၏။ ထိုမြို့၌ နေသော မုဆိုးမတယောက်သည် တရားသူကြီးထံသို့ သွား၍၊ ​ကျွန်မရန်ဘက်ကို လက်စားချေ လောက်အောင်၊ အပြစ်အလျောက် ဒဏ်စီရင်ပါ၊ ဟုတောင်းပန်သော်လည်း၊ တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူ ဖြစ်သော်လည်း၊ ဤမုဆိုးမသည် ငါ့ကို နှောင့်ရှက်သောကြောင့်၊ သူ့ဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍ ငါ့ကိုပင်ပန်း စေလိမ့်မည်၊ ဟုစိတ်ထဲ၌ အကြံရှိ၏။ မတရားသော ထိုတရားသူကြီး၏ အကြံကို မှတ်ကြလော့။ ဘုရားသခင် ရွေးကောက်တော်မူသောသူ တို့သည်၊ ညနေ့မပြတ် အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌၊ တရားမစီရင်ဘဲ နေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျှင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ၊ ယုံကြည်ခြင်းကို မြေကြီး ပေါ်မှာ တွေ့မည်လော။ ဟုသခင်ဘုရားသည် မိန့်တော်မူ၏။


ဖာရိရှဲနှင့်အခွန်ခံဆုတောင်း
CROSS REFERENCES






ကိုယ်ကုသိုလ်ကို အမှီပြု၍၊ သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူ အချို့တို့အား၊ မိန့်တော်မူသော ဥပမာကား၊ ၁၀ လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ၊ ဗိမာန်တော်ပေါ်သို့ တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။ ၁၁ ဖာရိရှဲသည် တယောက်တည်း ရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်းအပြစ် ရှိသကဲ့သို့၊ အ​ကျွန်ုပ်၌ မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင် မဟုတ်သောကြောင့် ကျေးဇူးတော်ကြီးလှပေ၏။ ၁၂ အ​ကျွန်ုပ်သည် ခုနစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏၊ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့ လှူပါ၏။ ဟုဆုတောင်းပဌနာပြု၏။ ၁၃ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့ မမျှော်မကြည့်ဝံ့ဘဲ၊ ရင်ပတ်ကိုခတ်လျက်၊ အိုဘုရားသခင်၊ အပြစ်များသော အ​ကျွန်ုပ်ကို သနားခြင်းကရုဏာစိတ် ရှိတော်မူပါ။ ဟုဆုတောင်းလေ၏။ ၁၄ ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူ မည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ ရောက်လတံ့၊ [C] ဟုမိန့်တော်မူ၏။


သူငယ်ကဲ့သို့ခံယူ

၁၅ ထိုအခါ သူငယ်တို့ကို လက်တော်နှင့်တို့စေခြင်းငှါ၊ အထံတော်သို့ ဆောင်ခဲ့သည်ကို တပည့်တော်တို့သည် မြင်လျှင်၊ အပြစ်တင်ကြ၏။ ၁၆ ယေရှုသည် ထိုသူငယ်တို့ကို ခေါ်တော်မူ၍၊ ငါ့ထံသို့ လာပါလေစေ၊ မဆီးတားကြနှင့်။ ဘုရား သခင်၏ နိုင်ငံတော်သည်၊ ထိုသို့သောသူတို့၏ နိုင်ငံဖြစ်၏။ ၁၇ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ။ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရ၊ ဟုမိန့်တော်မူ၏။


ထာ၀ရအသက်ကိုမည်ကဲ့သို့ရမည်နည်း

၁၈ အရာရှိတယောက်က၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှါ၊ အ​ကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း၊ ဟုမေးလျှောက်သော်၊ ၁၉ ယေရှုက၊ ငါ့ကို ကောင်းမြတ်သည်၊ ဟုအဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင် တပါးတည်းသာ ကောင်းမြတ်တော်မူ၏။ ၂၀ သင်သည် ပညတ်တော်ကို သိသည်မဟုတ်လော။ သူ့မယားကို မပြစ်မှားနှင့်။ လူအသက်ကို မသတ်နှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။ မိဘကို ရိုသေစွာပြုလော့၊ ဟုမိန့်တော်မူလျှင်၊ ၂၁ (a) ထိုပညတ်ရှိသမျှတို့ကို ငယ်သောအရွယ်မှစ၍ အ​ကျွန်ုပ် စောင့်ရှောက်ပါပြီ။ ဟုလျှောက်ပြန်သည်ကို ယေရှုသည်ကြားလျှင်၊ သင်သည် တခုလိုသေး၏။ ၂၂ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့ လိုက်လော့၊ ဟုမိန့်တော်မူ၏။ ၂၃ ထိုသူသည် များစွာသော ဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် အလွန်စိတ်မသာသည်နှင့် သွားလေ၏။


ကုလားအုပ်အပ်နဖားလျှိုလွယ်
CROSS REFERENCES






၂၄ ထိုသို့စိတ်မသာသည်ကို ယေရှုသည် မြင်တော်မူလျှင်၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။ ၂၅ ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ခဲသည်၊ ဟုမိန့်တော်မူ၏။ ၂၆ ကြားသောသူတို့ကလည်း၊ သို့ဖြစ်လျှင် အဘယ်သူ ကယ်တင်ခြင်းသို့ ရောက်နိုင်မည်နည်း၊ ဟုပြောဆိုကြ၏။ ၂၇ ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင် တတ်နိုင်တော်မူသည်၊ [D] ဟုမိန့်တော်မူ၏။


ကိုယ်တော်နောက်လိုက်ရကျိုး

၂၈ ထိုအခါပေတရုက၊ အ​ကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍၊ ကိုယ်တော်နောက်သို့ လိုက်ကြပါပြီ၊ ဟုလျှောက်လေသော်၊ ၂၉ ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၍၊ ၃၀ ထိုသူသည် ယခုကာလ၌ အဆများစွာသော အကျိုးကို၎င်း၊ နောင်ဘဝ၌ ထာဝရအသက်ကို၎င်း၊ ခံရလတံ့၊ ဟုမိန့်တော်မူ၏။


ယေရှုအသတ်ခံရမည်ပြော

၃၁ ထိုအခါ ကိုယ်တော်သည် တကျိတ်နှစ်ပါးသော တပည့်တော်တို့ကို ခေါ်၍၊ ငါတို့သည် ယေရုရှလင်မြို့သို့ ယခုသွားကြ၏။ ပရောဖက်များ ရေးမှတ်သမျှသည်၊ လူသား၌ ပြည့်စုံရလိမ့်မည်။ ၃၂ တပါးအမျိုးသား တို့လက်သို့ အပ်နှံခြင်း၊ ပြက်ယယ်ပြုခြင်း၊ ညှဉ်းဆဲခြင်း၊ တံထွေးနှင့် ထွေးခြင်းကို ခံရလိမ့်မည်။ ၃၃ သူတို့သည် လူသားကို ရိုက်ပုတ်၍ သတ်ကြလိမ့်မည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်၊ ဟုမိန့်တော်မူ၏။ ၃၄ ထိုစကားတော်တခွန်းကိုမျှ တပည့်တော်တို့သည် နားမလည်ကြ။ ထိုအကြောင်းအရာသည် ဝှက်ထားလျက်ရှိသည်ဖြစ်၍၊ မိန့်တော်မူချက်အနက်ကို မရိပ်မိကြ။


ယေရိခေါမြို့မှလူကန်း
CROSS REFERENCES






၃၅ ယေရိခေါမြို့အနီး၌ ရှိတော်မူစဉ်တွင်၊ လူကန်းတယောက်သည် လမ်းနားမှာထိုင်၍ တောင်းစားလေ၏။ ၃၆ ထိုလူ ကန်းသည် လမ်း၌ လူများသွားသံကို ကြားလျှင်၊ အဘယ်သို့ဖြစ်သနည်း၊ ဟုမေး၏။ ၃၇ နာဇရက်မြို့သား ယေရှုကြွသွားကြောင်းကို သူတပါးပြောလျှင်၊ ၃၈ ဒါဝိဒ်၏ သားတော်ယေရှု၊ အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ ဟုဟစ်ကြော်လေ၏။ ၃၉ ထိုသူကို တိတ်ဆိတ်စွာနေစေခြင်းငှါ၊ ရှေ့တော်၌ သွားသောသူတို့သည် ​ငေါက်၍ ဆိုကြသော်လည်း၊ ဒါဝိဒ်၏သားတော်၊ [E]အ​ကျွန်ုပ်ကို ကယ်မသနားတော်မူပါ၊ ဟုသာ၍ဟစ်ကြော်လေ၏။ ၄၀ ယေရှုသည်လည်း ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့၊ ဟုအမိန့်တော်ရှိ၏။ လူကန်းသည် အထံတော်သို့ ချဉ်းကပ်ပြီးမှ၊ သင်၌ အဘယ်သို့ ပြုစေလိုသနည်း၊ ဟုမေးတော်မူလျှင်၊ ၄၁ သခင်၊ အကျွန်ုပ် မျက်စိမြင်စေခြင်းငှါ ပြုတော်မူပါ၊ ဟုလျှောက်လေသော်၊ ၄၂ ယေရှုက၊ မျက်စိမြင်စေ၊ သင်၏ ယုံကြည်ခြင်းသည် သင့်ကိုကယ်မပြီ၊ ဟုမိန့်တော်မူ၏။ ၄၃ ထိုခဏခြင်းတွင် ထိုသူသည် မျက်စိမြင်၍၊ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းလျက် နောက်တော်သို့ လိုက်လေ၏။ လူအပေါင်းတို့သည် မြင်လျှင် ဘုရားသခင်ကို အံ့ဩချီးမွမ်းကြ၏။

_________________________
Footnotes


၂၁ (a) မူရင်းကျမ်းစာ၌ မပါသောအရာကို မြန်မာကျမ်းစာ၌ "အရှင်ဘုရား" ဟုပါရှိသည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.