-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၁၄


ဥပုသ်နေ့၌ ရေဖျဉ်းနာစွဲသူကျန်းမာစေ
CROSS REFERENCES






တနေ့သောဥပုသ်နေ့၌ [A]၊ ကိုယ်တော်သည် အစာကို သုံးဆောင်ခြင်းငှါ၊ အရာရှိဖြစ်သော ဖာရိရှဲတယောက်၏ အိမ်သို့ဝင်တော်မူပြီးလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။ ရေဖျဉ်းနာစွဲသောသူ တယောက်သည် ရှေ့တော်၌ ရှိ၏။ ဥပုသ်နေ့၌ အနာရောဂါ ငြိမ်းစေအပ်သလော။ ဟုဖာရိရှဲနှင့်ကျမ်းတတ်တို့ကို မေးတော်မူလျှင်၊ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ ယေရှုသည် ထိုသူကိုယူ၍ အနာရောဂါနှင့် ကင်းလွတ်စေပြီးမှ၊ လွှတ်လိုက်တော်မူ၏၊ ပရိသတ်တို့ကိုလည်း၊ မိမိမြည်း၊ နွားသည်ဥပုသ်နေ့၌ တွင်းထဲသို့ကျလျှင်၊ ချက်ချင်း မဆွဲမတင်ဘဲနေမည့်သူ၊ တစုံတယောက်သည် သင်တို့တွင်ရှိသလော၊ ဟုမေးတော်မူလျှင်၊ ထိုသူတို့သည် စကားတခွန်းကိုမျှ မပြန်နိုင်ကြ။


နိမ့်သောနေရာ၌ ထိုင်ပါ
CROSS REFERENCES






ထိုအခါ ခေါ်ဖိတ်သောသူတို့သည်၊ မြင့်မြတ်သော နေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊ သူတပါးသည် မင်္ဂလာဆောင်ပွဲသို့ သင့်ကိုခေါ်ဖိတ်သောအခါ၊ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့်၊ ထိုသို့လျောင်းလျှင်၊ သင့်ထက်သာ၍ မြတ်သောသူသည် ပွဲသို့လာသည်ရှိသော်၊ သင်တို့နှစ်ယောက်ကို ခေါ်ဖိတ်သောသူက၊ ဤသူအားနေရာကို ပေးလော့၊ ဟုလာ၍ပြောလိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက်ခြင်းနှင့် နိမ့်သောနေရာသို့ ဆင်းရလိမ့်မည်။ ၁၀ သူတပါးတို့သည် သင့်ကိုခေါ်ဖိတ်သောအခါ၊ သွား၍ နိမ့်သောနေရာ၌ လျောင်းလော့။ ထိုသို့လျောင်းလျှင် သင့်ကို ခေါ်ဖိတ်သောသူ လာသည်ရှိသော်၊ အဆွေ၊ တက်ပါ၊ ဟုသင့်ကိုဆိုလိမ့်မည်။ ထိုအခါ သင်နှင့်အတူ လျောင်းသောသူတို့ရှေ့မှာ သင်၏အသရေ ထင်ရှားလိမ့်မည်။ ၁၁ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူမည်သည်ကား၊ နှိမ့်ချခြင်းသို့ ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား ချီးမြှောက်ခြင်းသို့ ရောက်လတံ့၊ [B] ဟုမိန့်တော်မူ၏။


ကျေးဇူးမဆပ်နိုင်သူကိုခေါ်ဖိတ်ပါ

၁၂ ကိုယ်တော်ကို ပင့်ခေါ်သောသူအား တဖန်မိန့်တော်မူသည်ကား၊ သင်သည် နံနက်စာ၊ ညစာ လုပ်​ကျွေးသောအခါ၊ အဆွေခင်ပွန်း၊ ညီအစ်ကို အမျိုးသားချင်း၊ ငွေရတတ်သော အိမ်နီးချင်းများကို မခေါ်မဖိတ်နှင့်။ ထိုသို့ခေါ်ဖိတ်လျှင်၊ သူတို့သည် နောက်တဖန်သင့်ကို ခေါ်ဖိတ်၍၊ ကျေးဇူးဆပ်ကြလိမ့်မည်။ ၁၃ သင်သည် ပွဲခံသောအခါ၊ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ​ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်ဖိတ်လော့။ ၁၄ ထိုသို့ခေါ်ဖိတ်လျှင်၊ မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍၊ ​ဖြောင့်မတ်သောသူတို့သည် ထမြောက်သည်ကာလ၌ ၊ သင်သည် ကျေးဇူးဆပ်ခြင်း အကျိုးကိုခံရလတံ့၊ ဟုမိန့်တော်မူ၏။


အင်္ဂါချို့တဲ့သူများကိုပွဲ၌ ခေါ်ဖိတ်

၁၅ စားပွဲ၌ လျောင်းသောသူ တယောက်သည်၊ ထိုစကားတော်ကိုကြားလျှင်၊ ဘုရားသခင်၏ နိုင်ငံတော်၌ ပွဲဝင်သောသူသည် မင်္ဂလာရှိ၏၊ ဟုလျှောက်သော်၊ ၁၆ ကိုယ်တော်က၊ လူတဦးသည် ကြီးစွာသောပွဲကို စီရင်၍၊ လူများကို ခေါ်ဖိတ်လေ၏။ [C] ၁၇ ပွဲခံချိန်ရောက်သောအခါ၊ ခေါ်ဖိတ်သောသူတို့ကို၊ လာကြပါ။ အလုံးစုံတို့သည် အသင့်ရှိပြီ၊ ဟုမှာ၍၊ အစေအပါးကို စေလွှတ်၏။ ၁၈ ခေါ်အပ်သောသူ အပေါင်းတို့သည်၊ တညီတညွတ်တည်း ပရိယာယ်ပြုကြ၏၊ တယောက်က၊ အ​ကျွန်ုပ်သည် မြေရာကိုဝယ်ပါပြီ၊ သွား၍ ကြည့်ရပါမည်။ အ​ကျွန်ုပ်ကို လွှတ်ပါဦးလော့၊ ဟုတောင်းပန်လေ၏။ ၁၉ တယောက်က အကျွန်ုပ်သည် နွားငါးယှဉ်ကို ဝယ်ပါပြီ။ သွား၍စမ်းရပါမည်။ အ​ကျွန်ုပ်ကို လွှတ်ပါဦးလော့၊ ဟုတောင်းပန်လေ၏။ ၂၀ တယောက်က၊ အ​ကျွန်ုပ်သည် မယားနှင့် လက်ထပ်ပါပြီ။ ထိုကြောင့် အ​ကျွန်ုပ်မလာနိုင်ပါ၊ ဟုဆို၏။ ၂၁ အစေအပါသည် သခင့်ထံသို့ ပြန်လာ၍ ထိုအကြောင်းများကို လျှောက်လေ၏။ ထိုအခါ အိမ်ရှင်သည် အမျက်ထွက်၍၊ မြို့လမ်းမကြားသို့ အသော့သွားချေ။ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ​ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကို ခေါ်သွင်းချေ၊ ဟုအစေအပါကိုဆို၏။ ၂၂ အစေအပါကလည်း၊ သခင် စီရင်တော်မူသည်အတိုင်း ပြုပါပြီ။ သို့သော်လည်း လပ်သောနေရာ ထိုင်ရာရှိပါသေးသည်။ ဟုလျှောက်လေသော်၊ ၂၃ သခင်က၊ မြို့ပြင်၊ လမ်းမ၊ ခြံနားသို့သွားဦးလော့။ ငါ့အိမ်ကို ပြည့်စေခြင်းငှါ အနိုင်အထက်ခေါ်သွင်းလော့။ ၂၄ အထက်က ခေါ်ဖိတ်သောသူ တယောက်မျှ ငါ့ပွဲသို့မဝင်ရ၊ ငါအမိန့်ရှိပြီ၊ ဟုအစေအပါကို ဆိုသည်၊ ဟုမိန့်တော်မူ၏။


တပည့်ဖြစ်ရန်စွန့်လွှတ်မှုရှိရမည်

၂၅ လူအစု အဝေးအပေါင်းတို့သည်၊ နောက်တော်သို့ လိုက်ကြသည်ကို ယေရှုသည်လှည့်၍ ကြည့်တော်မူပြီးလျှင်၊ ၂၆ အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို၎င်း မမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။ [D] ၂၇ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍၊ ငါ့နောက်သို့မလိုက်၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။ [D]


တိုက်ကိုတည်ရင်ချင့်တွက်ရမည်

၂၈ သင်တို့တွင် တယောက်သောသူသည် တိုက်ကိုတည်မည်၊ ဟုအကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည် မလောက်မည်ကို သိခြင်းငှါ၊ ရှေ့ဦးစွာထိုင်၍ ကုန်စရိတ်ကို မချင့်တွက်ဘဲ နေမည်လော။ ၂၉ သို့မဟုတ် တိုက်မြစ်ကိုတည်၍ တိုက်ကိုမပြီးနိုင်လျှင်၊ သိမြင်သောသူ အပေါင်းတို့က၊ ၃၀ ဤသူသည် တည်စပြု၍ အစမသတ်နိုင်၊ ဟုကဲ့ရဲ့ကြလိမ့်မည်။


စစ်တိုက်လျှင်နိုင်မနိုင်ဆင်ခြင်ရမည်

၃၁ တနည်းကား၊ တစုံတယောက်သော ရှင်ဘုရင်သည်၊ အခြားသော ရှင်ဘုရင်နှင့် စစ်ပြိုင်မည်၊ ဟုအကြံရှိလျှင်၊ လူနှစ်သောင်းနှင့် ချီလာသောရှင်ဘုရင်ကို၊ လူတသောင်းနှင့် ခံနိုင်မည်မခံနိုင်မည်ကို၊ ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲ နေမည်လော။၃၂ မခံနိုင်သည်မှန်လျှင်၊ အခြားသော ရှင်ဘုရင် ဝေးသေးသောအခါ၊ သံတမန်ကိုစေလွှတ်၍ စစ်ငြိမ်းမည်အကြောင်း တောင်းပန်တတ်သည် မဟုတ်လော။ ၃၃ ထိုနည်းတူ၊ သင်တို့တွင် အကြင်သူသည် မိမိ၌ ရှိသမျှကို မစွန့်ဘဲနေ၏၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။


ဆားသည်ငန်ရမည်

၃၄ ဆားမူကားကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင်၊ ငန်သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ၃၅ မြေဘို့မကောင်း၊ အမှိုက်ပုံဘို့မကောင်း၊ ထိုဆားကို ပြင်သို့ပစ်လိုက်တတ်၏။ ကြားစရာ နားရှိသောသူမည်သည်ကား ကြားပါစေ၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.