-
AA
+
🡀
|
🡂
ရှင်လုကာခရစ်ဝင်
၁၀
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်လုကာခရစ်ဝင်
အခန်းကြီး ၁၀


တပည့်တော်ခုနစ်ကျိပ်
CROSS REFERENCES






ထိုနောက်မှ သခင်ဘုရားသည် အခြားသော တပည့်တော် ခုနစ်ကျိပ်တို့ကို ခန့်ထားတော်မူ၍၊ ကိုယ်တိုင်ကြွလေအံ့သော မြို့ရွာအရပ်ရပ်တို့သို့ ရှေ့တော်၌ နှစ်ယောက်စီ နှစ်ယောက်စီ စေလွှတ်တော်မူ၏။ [A] သူတို့အား မိန့်တော်မူသည်ကား၊ စပါးရိတ်စရာ များစွာရှိ၏။ [B] ရိတ်သောသူတို့သည် နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ၊ စပါးရှင် စေလွှတ်တော် မူမည်အကြောင်း ဆုတောင်းကြလော့။ [C] သင်တို့သွားလေသည်အရာမှာ၊ တောခွေးစုထဲသို့ သိုးသငယ်တို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ [D] ငွေအိတ်၊ လွယ်အိတ်၊ ​ခြေနင်းတို့ကို မဆောင်ကြနှင့်။ လမ်း၌ သွားစဉ်တွင် အဘယ်သူကိုမျှ နှုတ်မဆက်ကြနှင့်။ မည်သည့်အိမ်သို့ ဝင်သောအခါ၊ ဤအိမ်၌ မင်္ဂလာဖြစ်ပါစေသော်၊ ဟုရှေ့ဦးစွာပြောကြလော့။ ထိုအိမ်၌ မင်္ဂလာသားရှိလျှင်၊ သင်တို့မြွက်သော မင်္ဂလာသည်တည်လိမ့်မည်။ သို့မဟုတ် သင်တို့ထံသို့ ပြန်လာလိမ့်မည်။ ထိုအိမ်၌ နေ၍ အစားအသောက် စီရင်ရာကို စားသောက်ကြလော့။ အကြောင်းမူကား၊ လုပ်ဆောင်သောသူသည် အခကို ခံထိုက်ပေ၏။ တအိမ်မှ တအိမ်သို့ လှည့်လည်၍ မသွားကြနှင့်။ အကြင်မြို့သို့ သင်တို့ဝင်၍ မြို့သားတို့သည် လက်ခံ၏။ ထိုမြို့၌ သင်တို့ရှေ့မှာ ထည့်သမျှကို စားကြလော့။ လူနာများကို ချမ်းသာပေးကြလော့။ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၌ တည်ထောင်သော အချိန်နီးပြီ၊ ဟုသူတို့အား ဟောပြောကြလော့။ ၁၀ အကြင်မြို့သို့ဝင်၍ မြို့သားတို့သည် လက်မခံအံ့၊ ထိုမြို့၏ လမ်းသို့ထွက်ပြီးလျှင်၊ ငါတို့၌ ကပ်သော သင်တို့မြို့၏ မြေမှုန့်ကို ငါတို့ခါလိုက်၏။ ၁၁ သို့သော်လည်း ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့၏အနီးသို့ ရောက်ကြောင်းကို သိမှတ်ကြ၊ ဟုသူတို့အားပြောကြလော့။ ၁၂ ငါဆိုသည်ကား၊ နောက်ဆုံးသောနေ့၌ ထိုမြို့သည် သောဒုံမြို့ထက်သာ၍ခံရလတံ့။


မြို့များကိုကျိန်

၁၃ အိုခေါရာဇိန်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ အိုဗက်ဇဲဒမြို့၊ သင်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ သင်တို့တွင်ပြသော တန်ခိုးကို တုရုမြို့နှင့် ဇိဒုန်မြို့တို့တွင်ပြဘူးလျှင်၊ ထိုမြို့တို့သည် ရှေးကာလ၌ လျှော်တေအဝတ်ကိုဝတ်၍၊ ပြာထဲမှာထိုင်လျက် နောင်တရကြလိမ့်မည်။ ၁၄ တရားဆုံးဖြတ်တော်မူသောအခါ၊ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက်သာ၍ ခံရကြလတံ့။ ၁၅ အိုကပေရနောင်မြို့၊ သင်သည် မိုးကောင်းကင် တိုင်အောင် မြှောက်စားခြင်းကို ခံရသော်လည်း၊ မရဏာနိုင်ငံ တိုင်အောင် နှိမ့်ချခြင်းကို ခံရလတံ့။ ၁၆ သင်တို့၏စကားကို နားထောင်သောသူသည်၊ ငါ့စကားကို နားထောင်၏။ သင်တို့ကို ပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည်၊ ငါ့ကိုစေလွှတ်တော်မူသောသူကို ပယ်သည်၊ ဟုမိန့်တော်မူ၏။


ခုနစ်ကျိပ်သော တပည့်တော်များပြန်လာ
CROSS REFERENCES






၁၇ ထိုခုနစ်ကျိပ်သော တပည့်တော်တို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ပြန်လာ၍၊ သခင်၊ ကိုယ်တော်၏ နာမအားဖြင့် အကျွန်ုပ်တို့သည် နတ်ဆိုးကိုပင်နိုင်ပါသည်၊ ဟုလျှောက်ကြ၏၊ ၁၈ ယေရှုကလည်း၊ စာတန်သည် လျှပ်စစ်ကဲ့သို့ ကောင်းကင်မှ ကျသည်ကို ငါမြင်ပြီ။ [E] ၁၉ သင်တို့သည်မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကို နိုင်ရသောအခွင့်တန်ခိုးကို ငါပေးမည်။ သင်တို့ကို အဘယ်ဘေးမျှ မညှဉ်းဆဲရ။ ၂၀ သို့သော်လည်း နတ်ဆိုးကို နိုင်ရသောကြောင့် (a) ဝမ်းမြောက်ခြင်း မရှိကြနှင့်။ သင်တို့၏ နာမည်များသည် ကောင်းကင်စာရင်း၌ ဝင်သည်ကို၊ ဝမ်းမြောက်ခြင်း ရှိကြလော့၊ ဟုမိန့်တော်မူ၏။


ပညာရှိတို့ထက်သူငယ်တို့ အားဖေါ်ပြ

၂၁ ထိုအခါ ယေရှုသည် ဝမ်းမြောက်တော်မူခြင်း စိတ်ရှိသဖြင့်၊ ကောင်းကင်နှင့် မြေကြီးကို အစိုးရတော်မူသော အဘ၊ ကိုယ်တော်သည် ပညာအလိမ္မာနှင့် ပြည့်စုံသောသူတို့အား၊ (b) ဤအရာများကို ထိမ်ဝှက်ကွယ်ထားလျက်၊ သူငယ်တို့အား (c) ဖေါ်ပြတော်မူသည် ဖြစ်၍၊ ကျေးဇူးတော်ကို အ​ကျွန်ုပ်ချီးမွမ်းပါ၏။ [F] ထိုသို့ အလိုတော်ရှိသောကြောင့် မှန်ပါ၏၊ အဘ၊ ၂၂ ငါ့ခမည်းတော်သည် ခပ်သိမ်းသောအရာတို့ကို ငါ၌ အပ်တော်မူပြီ။ သားတော်ကား အဘယ်သူဖြစ်သည်ကို ခမည်းတော်ထံမှတပါး အဘယ်သူမျှမသိ။ ခမည်းတော်ကား အဘယ်သူဖြစ်တော်မူသည်ကို၊ သားတော်နှင့် သားတော်သည် လင်းစေလိုသောသူမှတပါး၊ အဘယ်သူမျှမသိ၊ ဟုမိန့်တော်မူ၏။ ၂၃ ထိုအခါ တပည့်တော်တို့ကို လှည့်ကြည့်၍၊ ယခု မြင်သမျှသောအရာတို့ကို သင်တို့မြင်သောကြောင့်၊ သင်တို့မျက်စိသည် မင်္ဂလာရှိ၏။ [G] ၂၄ ငါဆိုသည်ကား၊ သင်တို့မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ရှင်ဘုရင်များတို့သည်၊ မြင်ခြင်းငှါ အလိုတော်ရှိသော်လည်း မမြင်ရကြ။ သင်တို့ ကြားရသောအရာတို့ကို ကြားခြင်းငှါအလိုရှိသော်လည်း၊ မကြားရကြ၊ ဟုတပည့်တော်တို့အားသာ မိန့်တော်မူ၏။


ထာ၀ရအသက်မည်သို့ ရမည်နည်း
CROSS REFERENCES






၂၅ တရံရောအခါ ကျမ်းတတ်တယောက်သည် ထ၍၊ ဆရာ၊(d) ထာဝရအသက်ကို အမွေခံအံ့သောငှါ၊ အ​ကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း။ ဟုကိုယ်တော်ကို စုံစမ်းနှောင့်ရှက်ခြင်းငှါ မေးလျှောက်သော်၊ ၂၆ ကိုယ်တော်က၊ ပညတ္တိကျမ်း၌ အဘယ်သို့လာသနည်း။ သင်သည် အဘယ်သို့ဖတ်သနည်း၊ ဟုမေးတော်မူလျှင်၊ ၂၇ ထိုသူက၊ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှ၊ ဥာဏ်ရှိသမျှနှင့်ချစ်လော့။ [H] ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ [I]၊ ဟုပြန်လျှောက်လေ၏။ ၂၈ ကိုယ်တော်ကလည်း၊ သင်၏စကားသည် မှန်ပေ၏။ ထိုသို့ပြုလျှင် အသက်ကိုရမည်၊ ဟုမိန့်တော်မူ၏။


ကိုယ်နှင့်စပ်ဆိုင်သောသူ မည်သူနည်း

၂၉ ထိုသူကလည်း၊ အဘယ်သူသည် အ​ကျွန်ုပ်နှင့် စပ်ဆိုင်သောသူ ဖြစ်ပါသနည်း၊ ဟုမိမိအပြစ်မရှိဟန် ပြုလိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်၊ ၃၀ ယေရှုက၊ လူတယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့ သွားရာတွင်၊ ဓါးပြနှင့် တွေ့ကြုံလေ၏။ ဓါးပြတို့သည် ထိုသူ၏ အဝတ်ကိုချွတ်၍ နာကျင်စွာ ရိုက်နှက်ပြီးမှ၊ သေလုမတတ် ဖြစ်သောအခါ ပစ်ထား၍ သွားကြ၏။ ၃၁ ထိုလမ်းသို့ ယဇ်ပုရောဟိတ် တယောက်သည် အမှတ်တမဲ့သွား၍၊ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍ သွားလေ၏။ ၃၂ ထိုနည်းတူ လေဝိလူ တယောက်သည်၊ ထိုအရပ်သို့ ရောက်သောအခါ လာ၍ကြည့်မြင်လျှင်၊ လွှဲရှောင်၍ သွားလေ၏။ ၃၃ ရှမာရိလူတယောက်သည် ခရီးသွားရာတွင်၊ ထိုလူနာရှိရာသို့ ရောက်၍ မြင်သောအခါ ကရုဏာစိတ်ရှိသည်နှင့်၊ ၃၄ ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့်စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာတင်၍ စရပ်တခုသို့ ဆောင်သွားပြုစုလေ၏။ ၃၅ နက်ဖြန်နေ့၌ ထွက်သွားသောအခါ၊ ဒေနာရိနှစ်ပြားကိုထုတ်၍ စရပ်ရှင်အားပေးလျက်၊ ဤသူကို ကြည့်ရှုပြုစုပါ၊ ကုန်သမျှကို ငါပြန်လာသောအခါ ဆပ်ပေးမည်၊ ဟုဆို၏။ သင်သည် အဘယ်သို့ထင်သနည်း။ ၃၆ ထိုသူသုံးယောက်တို့တွင် အဘယ်သူသည်၊ ဓါးပြလက်သို့ ရောက်သောသူနှင့် စပ်ဆိုင်သောသူဖြစ်သနည်း၊ ဟုပြန်၍မေးတော်မူလျှင်၊ ၃၇ ကျမ်းတတ်ကလည်း၊ လူနာကို သနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏၊ ဟုလျှောက်သော် ယေရှုက၊ သင်သည်သွား၍ ထိုနည်းတူပြုလော့၊ ဟုမိန့်တော်မူ၏။


ယေရှုမာသနှင့်မာရိတို့ထံ
CROSS REFERENCES






၃၈ ယေရှုသည် တပည့်တော်တို့နှင့် ခရီးသွားကြစဉ် ရွာတရွာသို့ ဝင်တော်မူ၍၊ မာသအမည်ရှိသော မိန်းမတဦးသည် မိမိအိမ်၌ ကိုယ်တော်ကို ဧည့်ခံလေ၏။ ၃၉ ထိုမိန်းမ၌ မာရိအမည်ရှိသော ညီမတယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏​ခြေတော်ရင်း၌ ထိုင်၍၊ စကားတော်ကို နားထောင်လျက်နေ၏။ ၄၀ မာသမူကား လုပ်ကြွေးခြင်းအမှုများ၌ စိတ်ပူပန်ခြင်းရှိသဖြင့်၊ အထံတော်သို့ ချဉ်းကပ်၍၊ သခင်၊ ​ကျွန်မ၏ ညီမသည် ​ကျွန်မတယောက်တည်း လုပ်​ကျွေးစေခြင်းငှါ၊ ​ကျွန်မကို ပစ်ထား သည်အရာကို လျစ်လျူသော စိတ်ရှိတော်မူသလော။ သူသည်​ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါ၊ ဟုလျှောက်သော်၊ ၄၁ ယေရှုက၊ မာသ၊ မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍၊ [J] နှောင့်ရှက်ခြင်းကို ခံရ၏။ လိုသောအရာတခုတည်းရှိ၏။ ၄၂ မာရိမူကား၊ ကောင်းသောအဘို့ကို ရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ နှုတ်မယူရာ၊ ဟုမိန့်တော်မူ၏။

_________________________
Footnotes


၂၀ (a) မြန်မာကျမ်းစာအုပ်၌ "နတ်ဆိုးကိုနိုင်ရသောကြောင့်သာ" ဟုပါရှိသည်။ မူရင်းနှင့်အင်္ဂလိပ်ကျမ်းစာအုပ် များ၌ "သာ" ဟူသောစကားလုံးမပါပါ။

၂၁ (b) "ပညာအလိမ္မာနှင့်ပြည့်စုံသောသူ" တို့သည်ကျမ်းတတ်နှင့် ယဇ်ပုရောဟိတ်များကိုဆိုလိုခြင်းဖြစ်မည်။

၂၁ (c) "သူငယ်တို့သည်" တပည့်တော်များကို ဆိုလိုခြင်းဖြစ်မည်။ ကိုယ်ခန္ဓာပိုင်း ခလေးများမဟုတ်ဘဲ အသိပညာပိုင်း ခလေးများကို ဆိုလိုခြင်းဖြစ်မည်။ တမန်တော်များသည် ပညာမတတ် ကျောင်းမတက်သောသူများ(တမန် ၄း၁၃) ဖြစ်ကြသောကြောင့် သူတို့ကိုဆိုလိုခြင်းဖြစ်မည်။

၂၅ (d) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.