-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၉

တောင်ပေါ်၌ မောရှေဧလိယနှင့် [A]
CROSS REFERENCES






ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်သည်၊ တန်ခိုးနှင့်တကွ တည်ကြောင်းကို၊ ဤအရပ်၌ ရှိသော သူအချို့တို့သည် မမြင်မှီသေခြင်းသို့ မရောက်ရကြ၊ ဟုမိန့်တော်မူ၏။ ​ခြောက်ရက်လွန်သောအခါ ယေရှုသည်ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်၍၊ အခြားသူမပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင်၊ ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့၏ ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊ အဝတ်တော်လည်း ပြောင်လက်လျက်၊ ဤမြေပေါ်၌ အဘယ်ခဝါသည်မျှ မတတ်နိုင်အောင်၊ မိုးပွင့်ကဲ့သို့ အလွန်ဖြူလျက်ရှိ၏။ မောရှေနှင့် ဧလိယသည် ထင်ရှား၍၊ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။ ထိုအခါ ပေတရုက၊ သခင်(a) ဤအရပ်၌ နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့တဲတဆောင်၊ မောရှေဘို့တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အ​ကျွန်ုပ်တို့ ဆောက်လုပ်ပါရစေ၊ ဟုလျှောက်လေ၏။ တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့်၊ ပေတရုသည် ယောင်ယမ်း၍ ထိုသို့လျှောက်သတည်း။ ထိုအခါ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့၊ [B] ဟုမိုးတိမ်က အသံတော်ဖြစ်လေ၏။ ထိုခဏခြင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင်၊ မိမိတို့နှင့်အတူ ယေရှုတယောက်တည်း မှတပါး အဘယ်သူကိုမျှ မမြင်ကြ။

ဧလိယရောက်လေပြီ
CROSS REFERENCES






တောင်ပေါ်မှ ဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှ မထမြောက်မှီတိုင်အောင်၊ သင်တို့ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်၊ ဟုတပည့်တော်တို့ကို ပညတ်တော်မူ၏။ ၁၀ တပည့်တော်တို့သည်၊ ထိုစကားကိုမှတ်မိ၍ သေခြင်းမှထမြောက်ခြင်းသည်၊ အဘယ်သို့ဆိုလိုသနည်း၊ ဟုအချင်းချင်းဆွေး​နွေးမေးမြန်းကြ၏။ ၁၁ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာမည်၊ [C] ဟုကျမ်းပြုဆရာတို့သည် အဘယ်ကြောင့်ဆိုပါသနည်း၊ ဟုမေးလျှောက်ကြလျှင်၊ ၁၂ ကိုယ်တော်က၊ ဧလိယသည်အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည်မှန်ပေ၏။ လူသားသည်လည်း အလွန်ဆင်းရဲ၍၊ ကဲ့ရဲ့ပယ်ထားခြင်းကိုခံရမည်၊ ဟုကျမ်းစာလာ၏။ ၁၃ ငါဆိုသည်ကား၊ ဧလိယသည် ရောက်လေပြီ။ [D]သူ၏အကြောင်းကို ကျမ်းစာ၌ ရေးထားသည်အတိုင်း၊ လူများသည် သူ့အားပြုချင်သမျှကို ပြုကြပြီ၊ ဟုမိန့်တော်မူ၏။

သူငယ်ထဲရှိနတ်နှင်ထုတ်

၁၄ တပည့်တော်တို့ရှိရာသို့ ရောက်တော်မူသောအခါ၊ များစွာသော လူအစုအဝေးသည် သူတို့ကိုဝိုင်းလျက်၊ ကျမ်းပြုဆရာတို့သည် သူတို့နှင့် ဆွေး​နွေး မေးမြန်းကြသည်ကို၊ မြင်တော်မူ၏။ ၁၅ စုဝေးလျက်ရှိသော လူအပေါင်းတို့သည်၊ ကိုယ်တော်ကိုမြင်လျှင် ချက်ချင်း အံ့ဩမိန်းမောခြင်းရှိလျက်၊ အထံတော်သို့ပြေး၍ နှုတ်ဆက်ကြ၏။ ၁၆ ကိုယ်တော်ကလည်း၊ သင်တို့သည် သူတို့နှင့်အဘယ်သို့ ဆွေး​နွေးမေးမြန်းကြသနည်း၊ ဟုကျမ်းပြုဆရာတို့ကို မေးတော်မူလျှင်၊ ၁၇ လူအစုအဝေး၌ ပါသောသူ တယောက်က ဆရာ(a) အသောနတ် အစွဲခံရသောအ​ကျွန်ုပ်၏သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ။ ၁၈ နတ်သည် ဖမ်းစားလေရာရာ၌ သူ့ကိုမြေပေါ်မှာလှဲ၍၊ သူသည်လည်း ခံတွင်းမှ အမြှုပ်ထွက်လျက်၊ အံသွားခဲကြိတ်လျက်၊ ပိန်​ခြောက်လျက်၊ နေရပါ၏။ ထိုနတ်ကို နှင်ထုတ်ပါမည်အကြောင်း တပည့်တော်တို့အား အ​ကျွန်ုပ်လျှောက်၍၊ သူတို့သည် မတတ်နိုင်ကြပါ၊ ဟုလျှောက်သော်၊ ၁၉ ကိုယ်တော်က၊ ယုံကြည်ခြင်း မရှိသောအမျိုး၊ ငါသည် သင်တို့နှင့်တကွ အဘယ်မျှ ကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှ ကာလပတ်လုံး သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ယူခဲ့ကြ၊ ဟုမိန့်တော်မူသည်အတိုင်း၊ ၂၀ ယူခဲ့ကြ၏။ ထိုနတ်သည် ကိုယ်တော်ကိုမြင်လျှင်၊ ချက်ချင်းသူငယ်ကို တောင့်မာစေသဖြင့်၊ သူငယ်သည် မြေပေါ်မှာလဲ၍၊ အမြှုပ်ထွက်လျက် ကိုယ်ကိုလှိမ့်လျက်နေ၏။ ၂၁ ကိုယ်တော်ကလည်း၊ ဤသို့ဖြစ်သည်ကား၊ အဘယ်မျှလောက် ကြာပြီနည်း၊ ဟုသူငယ်၏အဘအား မေးတော်မူလျှင်၊ အဘက၊ ငယ်သောအရွယ်က ပင်ဖြစ်ပါ၏။ ၂၂ သူငယ်ကို သေစေခြင်းငှါ မီး၌၎င်း၊ ရေ၌၎င်း၊ အကြိမ်ကြိမ် လဲစေတတ်၏။ သို့သော်လည်း ကိုယ်တော်သည် တတ်နိုင်တော်မူလျှင်၊ အ​ကျွန်ုပ်တို့ကို သနား၍ ကယ်မတော်မူပါ၊ ဟုလျှောက်လေ၏။ ၂၃ ယေရှုကလည်း၊ သင်သည် ယုံကြည်နိုင်သလော။ ယုံကြည်သောသူဖြစ်လျှင် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်သည်၊ [E] ဟုမိန့်တော်မူ၏။ ၂၄ သူငယ်၏အဘသည် ချက်ချင်းဟစ်ကြော်၍၊ အ​ကျွန်ုပ်ယုံကြည်ပါ၏ သခင်။ မယုံကြည်သည် ကိုမစတော်မူပါ၊ ဟုမျက်ရည်နှင့် လျှောက်ပြန်လေ၏။ ၂၅ ထိုအခါ လူများတို့သည် စုဝေးလျက်၊ ပြေးလာကြသည်ကို ယေရှုသည်မြင်လျှင်၊ နားပင်း၍ စကားအသောနတ်၊ သူငယ်မှထွက်လော့၊ နောက်တဖန် မဝင်နှင့် ငါအမိန့်ရှိ၏၊ ဟုထိုညစ်ညူးသော နတ်ကိုဆုံးမ၍ မိန့်တော်မူသဖြင့်၊ ၂၆ နတ်သည် အော်ဟစ်၍၊ အလွန်တောင့်မာစေပြီးမှ ထွက်သွား၏။ သူငယ်သည် သေသကဲ့သို့ဖြစ်၏။ သေပြီ၊ ဟုလူများဆိုကြ၏။ ၂၇ ယေရှုသည် သူ၏လက်ကိုကိုင်၍ ချည်ကြွတော်မူသဖြင့်၊ သူသည်ထလေ၏။

ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး

၂၈ အိမ်သို့ ဝင်တော်မူပြီးမှ တပည့်တော်တို့က၊ အ​ကျွန်ုပ်တို့သည် ထိုနတ်ကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း၊ ဟုတိတ်ဆိတ်စွာ မေးလျှောက်ကြသော်၊ ၂၉ ကိုယ်တော်က၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမှတပါး၊ အဘယ်သို့သောအားဖြင့် ထိုနတ်မျိုးသည်၊ မထွက်နိုင်၊ ဟုမိန့်တော်မူ၏။

ယေရှုအသတ်ခံမည်ပြော

၃၀ ထိုအရပ်မှထွက်၍ ဂါလိလဲပြည်အလယ်၌ လျှောက်သွားကြစဉ်တွင်၊ အဘယ်သူမျှ သိစေခြင်းငှါ အလိုတော်မရှိ။ ၃၁ အကြောင်းမူကား၊ လူသားသည် လူတို့လက်သို့ အပ်နှံခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း၊ ခံရမည်။ ၃၂ ခံပြီးမှ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည် ဟူသောအကြောင်းများကို၊ တပည့်တော်တို့အား ပြတော်မူ၏။ ထိုအကြောင်းများကို သူတို့နားမလည်သော်လည်း၊ ကိုယ်တော်ကို မမေးမလျှောက်ဝံ့ကြ။


အဘယ်သူသာ၍ ကြီးမြတ်သနည်း

၃၃ ကပေရနောင်မြို့ သို့ရောက်၍ အိမ်၌ ရှိတော်မူလျှင်၊ သင်တို့သည် လမ်း၌ အဘယ်အမှုကို အချင်းချင်း ငြင်းခုံကြသနည်း၊ ဟုမေးတော်မူသည်ကို၊ ၃၄ သူတို့သည် တိတ်ဆိတ်စွာနေကြ၏။ အကြောင်းမူကား၊ အဘယ်သူသည် သာ၍ကြီးမြတ်အံ့နည်း၊ ဟုလမ်း၌ အချင်းချင်း ငြင်းခုံကြ၏။ ၃၅ ထိုအခါ ကိုယ်တော်သည်၊ ထိုင်လျက် တကျိပ်နှစ်ပါးတို့ကို ခေါ်တော်မူ၍၊ အရင်အဦး ဖြစ်လိုသော သူမည်သည်ကား နောက်ဆုံးဖြစ်ရမည်။ အလုံးစုံတို့၏ အစေခံလည်းဖြစ်ရမည်၊ ဟုမိန့်တော်မူ၏။ ၃၆ သူငယ်တယောက် ကိုလည်းယူ၍၊ သူတို့အလယ်၌ ထားပြီးမှ လက်တော်နှင့် ချီပိုက်လျက်၊ ၃၇ အကြင်သူသည် ငါ့မျက်နှာကိုထောက်၍၊ ဤကဲ့သို့သော သူငယ်တစုံတယောက်ကို လက်ခံ၏၊ ထိုသူသည် ငါ့ကိုပင်လက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်လည်း ငါ့ကိုသာလက်ခံသည် မဟုတ်။ ငါ့ကိုစေလွှတ်တော်မူသောသူ ကိုပင်လက်ခံသည်၊ ဟုမိန့်တော်မူ၏။


ရန်သူဘက်၌ မရှိသောသူသင်တို့ဘက်၌

၃၈ ယောဟန်ကလည်း၊ ဆရာ၊(a) အ​ကျွန်ုပ်တို့နှင့်အတူ မလိုက်ဘဲလျက်၊ ကိုယ်တော်၏ နာမကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သော သူတယောက်ကို၊ အ​ကျွန်ုပ်တို့တွေ့ပါ၏။ သူသည် အ​ကျွန်ုပ်တို့နှင့်အတူ မလိုက်သောကြောင့်၊ အ​ကျွန်ုပ်တို့သည် မြစ်တားကြပါသည်၊ ဟုလျှောက်လေသော်၊ ၃၉ ယေရှုက၊ ထိုသူကို မမြစ်တားကြနှင့်။ ငါ့နာမကိုအမှီပြုလျက် တန်ခိုးကို ပြ၍၊ ငါ့ကိုအလွယ်တကူ ကဲ့ရဲ့နိုင်သောသူ တယောက်မျှမရှိ။ ၄၀ သင်တို့၏ ရန်သူဘက်၌ မရှိသောသူသည်၊ သင်တို့ဘက်၌ရှိ၏။ ၄၁ သင်တို့သည် ခရစ်တော်နှင့်ဆိုင်သည်၊ ဟုငါ့မျက်နှာကိုထောက်၍၊ အကြင်သူသည် သင်တို့အား ရေတခွက်ကိုမျှပေး၏၊ ထိုသူသည် အကျိုးကို မရဘဲမနေရာ၊ ငါအမှန်ဆို၏။


ပိုးမသေမီးမငြိမ်းငရဲ
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






၄၂ ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို၊ အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည်လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုစွဲ၍၊ ပင်လယ်၌ ချခြင်းကိုခံရလျှင် အနေသာ၍ ကောင်း၏။ ၄၃ သင်၏လက်သည် သင့်ကိုမှားယွင်းစေလျှင်၊ လက်ကိုဖြတ်လော့။ ၄၄ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲ [F]အတွင်း မငြိမ်းနိုင်သော မီးထဲသို့၊ လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်း သို့ဝင်စားသော်၊ သာ၍ ကောင်း၏။ ၄၅ သင်၏ခြေသည် သင့်ကိုမှားယွင်းစေလျှင်၊ ​ခြေကိုဖြတ်လော့။ ၄၆ ပိုးမသေ၊ မီးမငြိမ်းရာ ငရဲ [G]အတွင်း မငြိမ်းနိုင်သော မီးထဲသို့၊ ​ခြေနှစ်ဖက်စုံနှင့် ချခြင်းကို ခံရသည်ထက်၊ ​ခြေချို့တဲ့၍ အသက်ရှင်ခြင်းသို့ ဝင်စားသော်၊ သာ၍ကောင်း၏။ ၄၇ သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင်၊ မျက်စေ့ကို ထုတ်လော့။ ၄၈ ပိုးမသေ၊ မီးမငြိမ်းရာ ငရဲ [H]မီးထဲသို့ မျက်စိနှစ်ဖက်စုံနှင့် ချခြင်းကိုခံရသည်ထက်၊ မျက်စိတဘက်နှင့်ဘုရား သခင်၏ နိုင်ငံတော်သို့ ဝင်စားသော်၊ သာ၍ကောင်း၏။ ၄၉ ယဇ်ကောင်ရှိသမျှတို့၌ ဆားခတ်ရသကဲ့သို့၊ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းကို ခံရကြမည်။ ၅၀ ဆားသည်ကောင်း၏။ သို့သော်လည်း အငန်ကင်းပျောက်လျှင်၊ ငန်သောအရသာကို အဘယ်သို့ရပြန်မည်နည်း။ သင်တို့၌ဆားရှိစေကြလော့။ အချင်းချင်း အသင့်အတင့်နေကြလော့၊ ဟုမိန့်တော်မူ၏။

_________________________
Footnotes


(a) မူရင်းဂရိတ်ကျမ်း၌ ῥαββί အင်္ဂလိပ်အသံထွက် rhabbi ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား"ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ သို့မဟုတ် သခင်" ဖြစ်သည်။


၁၇ နှင့် ၃၈ (b) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား"ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.