-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၈

လူလေးထောင် အစာကျွေး [A]

ထိုအခါ စုဝေးသောသူ အလွန်များ၍ စားစရာမရှိလျှင်၊ ယေရှုသည် တပည့်တော်တို့ကို ခေါ်၍၊ ဤလူများကို ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့်အတူရှိကြပြီ။ စားစရာအလျှင်းမရှိ။ အချို့တို့သည် အဝေးကလာသည် ဖြစ်၍၊ အစာမစားမှီ သူတို့အိမ်သို့ ငါလွှတ်လျှင် လမ်းခရီး၌ မောကြလိမ့်မည်၊ ဟုမိန့်တော်မူ၏။ တပည့်တော်တို့ကလည်း၊ ဤတောအရပ်၌ ဤသူတို့ကို အဘယ်သို့ဝစွာ ကြွေးနိုင်ပါမည်နည်း၊ ဟုလျှောက်ကြသော်၊ ကိုယ်တော်က၊ သင်တို့တွင် မုန့်ဘယ်နှစ်လုံးရှိသနည်း၊ ဟုမေးတော်မူလျှင်၊ မုန့်ခုနစ်လုံးရှိပါသည်၊ ဟုလျှောက်ကြ၏။ ထိုအခါ လူအစုအဝေးကို မြေပေါ်မှာ လျောင်းကြစေ၊ ဟုအမိန့်တော်ရှိ၏။ မုန့်ခုနစ်လုံးကို လည်းယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ မုန့်ကိုဖဲ့၍ လူများတို့ရှေ့၌ ထည့်စေခြင်းငှါ တပည့်တော်တို့အား ပေးတော်မူသည်အတိုင်း၊ သူတို့သည် ထည့်ကြ၏။ အနည်းငယ်မျှသော ငါးကောင်ကလေးလည်း ရှိသည်ဖြစ်၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ လူများရှေ့၌ ထည့်စေခြင်းငှါ မိန့်တော်မူ၏။ ထိုသူတို့သည် စား၍ ဝကြပြီးမှ ကြွင်းရစ်သော အကျိုးအပဲ့ကို ကောက်သိမ်း၍၊ ခုနစ်တောင်း အပြည့်ရကြ၏။ စားသောသူ အရေအတွက်ကား၊ လူလေးထောင်မျှ လောက်ရှိသတည်း။ ထိုသူတို့ကို လွှတ်တော်မူပြီးမှ၊ ၁၀ တပည့်တော်တို့နှင့်တကွ လှေထဲသို့ ချက်ချင်းဝင်၍၊ ဒါလမနုသကျေးလက်သို့ ရောက်တော်မူ၏။

CROSS REFERENCES






နိမိတ်ပြဘို့တောင်း [B]

၁၁ ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍၊ ကိုယ်တော်နှင့် ဆွေး​နွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ရှက်ခြင်းငှါ၊ မိုးကောင်းကင်က ဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။ ၁၂ ကိုယ်တော်သည် စိတ်နှလုံးညည်းတွားသံကို ပြုတော်မူလျက်၊ ဤလူမျိုးသည် နိမိတ်လက္ခဏာကို အဘယ်ကြောင့် တောင်းသနည်း။ ငါအမှန်ဆိုသည်ကား၊ ဤလူမျိုးအား နိမိတ်လက္ခဏာကို မပြရ၊ ဟုမိန့်တော်မူပြီးလျှင်၊ ၁၃ ထိုသူတို့ရှိရာမှ ထွက်၍၊ တဖန်လှေထဲသို့ဝင်ပြီးလျှင် ကမ်းတဘက်သို့ ပြန်တော်မူ၏။


ဖာရိရှဲနှင့်ဟေရုဒ်၏တဆေး [C]

၁၄ တပည့်တော်တို့သည် မုန့်ကိုယူခြင်းငှါ မေ့လျော့ကြသဖြင့်၊ လှေပေါ်မှာသူတို့၌ မုန့်တလုံးတည်းသာရှိ၏။ ၁၅ ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏ တဆေးကို၎င်း၊(a) ဟေရုဒ်၏ တဆေးကို၎င်း၊(b) သတိနှင့် ကြဉ်ရှောင်ကြ၊ ဟုပညတ်တော်မူ၏။ ၁၆ တပည့်တော်တို့က၊ ငါတို့၌ မုန့်မပါသောကြောင့် ဤစကားကို မိန့်တော်မူသည်၊ ဟုအချင်းချင်း ဆွေးနွေးပြောဆိုကြ၏။ ၁၇ ယေရှုသည် သိတော်မူလျှင်၊ သင်တို့၌ မုန့်မပါသည်ကိုထောက်၍၊ အဘယ်ကြောင့် အချင်းချင်းဆွေး​နွေးပြောဆိုကြသနည်း။ ယခုတိုင်အောင် နှလုံးမသွင်း နားမလည်ကြသလော။ သင်တို့စိတ်နှလုံး မိုက်သေးသလော။ ၁၈ မျက်စိရှိလျက်ပင်မမြင်၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော။ ၁၉ မုန့်ငါးလုံးကို လူငါးထောင်အား ငါဖဲ့သောအခါ၊ အကျိုးအပဲ့ ဘယ်နှစ်တောင်း ကောက်သိမ်းသနည်း၊ ဟုမေးတော်မူလျှင်၊ တဆယ့်နှစ်တောင်း ကောက်သိမ်းပါသည်၊ ဟုလျှောက်ကြ၏။ ၂၀ မုန့်ခုနစ်လုံးကို လူလေးထောင်အား ငါဖဲ့သောအခါ၊ အကျိုးအပဲ့ ဘယ်နှစ်တောင်း ကောက်သိမ်းသနည်း၊ ဟုမေးတော်မူလျှင်၊ ခုနစ်တောင်း ကောက်သိမ်းပါသည်၊ ဟုလျှောက်ကြ၏။ ၂၁ သို့ဖြစ်လျှင်၊ သင်တို့သည် နားမလည်ဘဲ အဘယ်သို့နေကြသနည်း၊ ဟုမိန့်တော်မူ၏။


မျက်စိကန်းမြင်စေ

၂၂ ဗက်ဇဲဒမြို့သို့ ရောက်တော်မူလျှင်၊ လူကန်းတယောက်ကို အထံတော်သို့ ဆောင်ခဲ့၍၊ ထိုသူကို တို့တော်မူမည်အကြောင်း တောင်းပန်ကြ၏။ ၂၃ ကိုယ်တော်သည် လူကန်းကို လက်ဆွဲ၍ မြို့ပြင်သို့ထွက်ပြီးမှ၊ သူ၏မျက်စိကို တံထွေးနှင့်ထွေး၍ သူ့အပေါ်မှာ လက်တော်ကိုတင်လျက်၊ သင်သည် တစုံတခုကို မြင်သလော၊ ဟုမေးတော်မူ၏။ ၂၄ ထိုသူသည် ကြည့်မျှော်လျှင်၊ လူတို့သည် သစ်ပင်ကဲ့သို့ဖြစ်၍၊ လှမ်းသွားသည်ကို အ​ကျွန်ုပ်မြင်ပါသည်၊ ဟုလျှောက်၏။ ၂၅ နောက်တဖန် သူ၏မျက်စိပေါ်မှာ လက်တော်ကိုတင်၍၊ ကြည့်မျှော်စေတော်မူလျှင်၊ သူသည် ပကတိအဖြစ်သို့ရောက်၍၊ အလုံးစုံတို့ကို ရှင်းလင်းစွာ မြင်လေ၏။၂၆ ကိုယ်တော်ကလည်း၊ မြို့ထဲသို့မဝင်နှင့်၊ မြို့၌အဘယ်သူကိုမျှ မပြောနှင့်၊ ဟုမိန့်တော်မူ၍ သူ့ကိုမိမိနေရာသို့ လွှတ်လိုက်လေ၏။


ယေရှုသည် ခရစ်တော်ဖြစ် [D]

၂၇ ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ တပည့်တော်တို့နှင့်တကွ ကြွတော်မူစဉ်၊ လမ်းခရီး၌ လူများတို့သည် ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်း၊ ဟုတပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊ ၂၈ လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံ ဆရာယောဟန် ဖြစ်သည်ဟူ၍၎င်း၊ အချို့က ဧလိယဖြစ်သည်ဟူ၍၎င်း၊ အချို့က ပရောဖက်တပါးပါး ဖြစ်သည်ဟူ၍၎င်း၊ ဆိုကြပါ၏၊ ဟုလျှောက်ကြသော်၊ ၂၉ သင်တို့လည်း ငါ့ကိုအဘယ်သူ ဖြစ်သည်ဆိုကြသနည်း၊ ဟုမေးမြန်းတော်မူလျှင်၊ ပေတရုက ကိုယ်တော်သည်၊ ခရစ်တော် ဖြစ်တော်မူသည်၊ ဟုလျှောက်လေ၏။ ၃၀ ကိုယ်တော်၏ အကြောင်းကို၊ အဘယ်သူအားမျှ မပြောစိမ့်သောငှါ၊ တပည့်တော်တို့အား ပညတ်တော်မူ၏။


ပေတရုကိုဆုံးမ

၃၁ ထိုမှတပါး၊ လူသားသည် များစွာခံရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့၏ ငြင်းပယ်ခြင်းကို၎င်း၊ အသေသတ်ခြင်းကို၎င်း ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက် လိမ့်မည်ဟူ သောအကြောင်းများကို၊ တပည့်တော်တို့အား ပြစပြုတော်မူ၏။ ၃၂ ထိုသို့ အတည့်အလင်း ပြတော်မူသောကြောင့်၊ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူခေါ်၍ အပြစ်တင်သော စကားကို လျှောက်သော်၊ ၃၃ ကိုယ်တော်သည် မျက်နှာတော်ကိုလှည့်၍၊ တပည့်တော်တို့ကို ကြည့်ရှုလျက်၊ အချင်းရန်သူ၊ ငါ့နောက်သို့ ဆုတ်လော့။ သင်သည် ဘုရားသခင်၏ အရာကိုစိတ်မစွဲလမ်း၊ လူတို့၏ အရာကိုသာ စွဲလမ်းသည်ဟူ၍၊ ပေတရုကို ဆုံးမတော်မူ၏။


လူသည် ဤစကြဝဠာ အစိုးရသော်လည်း

၃၄ ထိုအခါ တပည့်တော်တို့နှင့် ပရိသတ်များကို ခေါ်တော်မူပြီးလျှင်၊ အကြင်သူသည် ငါ၌ ဆည်းကပ်ခြင်းငှါ အလိုရှိ၏၊ ထိုသူသည် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့နောက်သို့ လိုက်ရမည်။ [E]၃၅ အကြင်သူသည် မိမိအသက်ကို ကယ်စေခြင်းငှါ အလိုရှိ၏၊ ထိုသူသည် အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း၊ အသက်ရှုံး၏၊ ထိုသူသည် မိမိအသက်ကို ကယ်ဆယ်လိမ့်မည်။ ၃၆ လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍၊ မိမိအသက် ဝိညာဉ်ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ ၃၇ မိမိအသက် ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။ [F] ၃၈ နောက်မီးလင်းသော(c) [G] ဤအမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်း ရှက်၏၊ လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန် အခြံအရံတို့နှင့် ကြွလာသောအခါ၊ ထိုသူကို ရှက်တော်မူလတံ့။

_________________________
Footnotes


၁၅ (a) ဖာရိရှဲ တဆေးသည် သူတို့၏ ဩဝါဒဖြစ်သည် (မဿဲ ၁၆း၁၂)။ ဖါရိရှဲ များကို သခင်ယေရှုက "ဟန်ဆောင်ခြင်း" သို့မဟုတ် "ပါးစပ်ဘဲ" ဟုဆိုသည်။ ပြောသကဲ့သို့ မလုပ်တတ်သောသူများ ဖြစ်သည်။

၁၅ (b) ဟေရုဒ် တဆေးသည် "မာန်မာန" ရှိခြင်း၊ "ငါ့သဘော" စိတ်ရှိခြင်းဖြစ်သည်။

၃၈ (c) မြန်မာကျမ်းစာအုပ်၌ "မျောက်မထားသောသူ" ဟုရေးထားသည်။ အင်္ဂလိပ်ကျမ်းစာများ၌ adulterous ဟုရေး ထားသည်။ ဆိုလိုသည်မှာ ခင်ပွန်းသည် အပေါ်သစ္စာမရှိ၊ လင်ငယ်၊ မယားငယ်ရှိသောသူ၊ ဖေါက်ပြန်သောသူ၊ နောက်မီးလင်းသောသူကို ဆိုလိုသည်။ ယုံကြည်သူများသည် သခင်ယေရှု၏ သတို့သမီးများဖြစ် ကြသော်လည်း(၂ ကော ၁၁း၂)၊ သခင်ယေရှုထက် လောကကို ချစ်နေကြသည်။ လောကကို ချစ်သောသူသည် လောကပိုင်ရှင်၊ စာတန်ကို ချစ်နေကြသောကြောင့်၊ သခင်ယေရှု လာမည့်အချိန်ပင်လျှင် မသိ၊ မသိချင်၊ မကြားချင်ကြချေ။ ထို့ကြောင့် နောက်မီးလင်းသောသူ၊ ဟုသခင်ယေရှုကပြောခြင်းဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.