-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၇

လက်မဆေးဘဲစား
CROSS REFERENCES





CROSS REFERENCES






ထိုအခါ ဖာရိရှဲတို့နှင့် ယေရုရှလင်မြို့မှ ရောက်လာသော ကျမ်းပြုဆရာ အချို့တို့သည်၊ အထံတော်၌ စုဝေး၍၊ တပည့်တော်အချို့တို့သည်၊ ညစ်ညူးသော လက်တည်းဟူသော ရေမဆေးသော လက်နှင့် အစာစားသည်ကို မြင်လျှင်၊ အပြစ် တင်ကြ၏။ အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကို ခံယူသော ဖာရိရှဲမှစ၍၊ ယုဒလူအပေါင်းတို့သည် လက်မဆေးဘဲ အစာကို စားလေ့မရှိ။ စျေးမှ ပြန်လာသောအခါ၌ လည်း၊ ဆေးခြင်းမပြုဘဲ စားလေ့မရှိ။ ထိုမှတပါး၊ ခွက်၊ ဖလား၊ ​ကြေးဝါပန်းကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍ အခြားသော ထုံးတမ်းများကို ခံယူ၍ ကျင့်လေ့ရှိ၏။ ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသောနည်း ဥပဒေသကို၊ ကိုယ်တော် ၏ တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့် ညစ်ညူးသော လက်နှင့် အစာစားကြပါသနည်း၊ ဟုမေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊ ဟေရှာယသည် လျှို့ဝှက်သော သင်တို့ [A]ကို ရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင် ၍၊ နည်းဥပဒေသ ပေးလျက်ပင်၊ ငါ့ကိုအချည်းအနှီး ကိုးကွယ်ကြ၏ဟု [B] နောက်ဖြစ်လတံ့သော အရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ။ အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍၊ ခွက်ဖလားဆေးခြင်း တည်းဟူသော၊ လူတို့မှ ဆက်ခံသော နည်းဥပဒေသကို ခံယူလျက်၊ ထိုသို့သော အခြား အကျင့်အလေ့များတို့ကို ကျင့်လေ့ရှိကြ၏။ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကို ကျင့်ရသောအခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။ ၁၀ မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည်၊ မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူသည် အသေသတ်ခြင်းကိုခံစေ၊ ဟုလာသတည်း။ ၁၁ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည်၊ အလှူဝတ္ထုတည်းဟူသော ကော်ဘန်(a) ဖြစ်စေ၊ ဟုဆို၏။ ၁၂ ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရ၊ ဟုမြစ်တား၍၊ ၁၃ မိမိတို့ အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပယ်ကြ၏။ ထိုသို့သော အကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်၊ ဟုမိန့်တော်မူ၏။


လူကိုညစ်ညူးစေသော အရာ

၁၄ ထိုအခါ လူအစုအဝေးအပေါင်းကို အထံတော်သို့ခေါ်၍၊ သင်တို့ရှိသမျှသည် နားထောင်နားလည်ကြလော့။ ၁၅ လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကို ညစ်ညူးစေနိုင်သော အရာတစုံတခုမျှမရှိ။ လူအတွင်းမှ ထွက်သောအရာသည် လူကိုညစ်ညူးစေသော အရာဖြစ်၏။ ၁၆ ကြားစရာနား ရှိသောသူမည်သည်ကား ကြားပါစေ၊ ဟုမိန့်တော်မူ၏။ ၁၇ လူအစုအဝေးရှိရာမှကြွ၍ အိမ်သို့ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ၏။ ၁၈ ကိုယ်တော်ကလည်း၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက်နေသလော။ လူပြင်မှလာ၍ လူအတွင်းသို့ ဝင်သမျှသည် နှလုံးထဲသို့မဝင်။ ၁၉ ၀မ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ်ညူးစေနိုင်သည်ကို နားမလည်ကြသလော။ ၂၀ လူအတွင်းမှ ထွက်သောအရာမူကား၊ လူကို ညစ်ညူးစေသော အရာဖြစ်၏။ ၂၁ လူအတွင်းနှလုံးထဲက မကောင်းသောကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ၂၂ သူ့ဥစ္စာကိုခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစူခြင်း၊ သူ့အသရေကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊ ၂၃ ဤဆိုးညစ်သော အရာများတို့သည်၊ အတွင်းမှ ထွက်လာ၍၊ လူကို ညစ်ညူးစေကြသည်၊ ဟုမိန့်တော်မူ၏။

သား၏အစာခွေးမပေးအပ်

၂၄ ကိုယ်တော်သည် ထိုအရပ်မှထ၍ တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူပြီးလျှင်၊ အိမ်သို့ဝင်၍ အဘယ်သူမျှ မသိစေခြင်းငှါ အလိုတော်ရှိသော်လည်း၊ ပုန်းရှောင်၍ နေတော်မမူနိုင်။ ၂၅ အကြောင်းမူကား၊ ညစ်ညူးသော နတ်စွဲသော မိန်းမငယ်၏ အမိသည် သိတင်းတော်ကိုကြားသဖြင့်၊ လာ၍ခြေရင်းတော်၌ ပြပ်ဝပ်လျက်၊ ၂၆ မိမိသမီးထဲက နတ်ဆိုးကို နှင်ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ၏။ ထိုမိန်းမကား၊ ဟေလသအမျိုး၊ ရှုရိဖိနိတ်ပြည်သူ ဖြစ်သတည်း။ ၂၇ ယေရှုကလည်း၊ ရှေ့ဦးစွာ သားများကို ဝစွာကျွေးပါရစေ။ သား၏အစာကိုယူ၍ ခွေးအား မပေးမချအပ်၊ ဟုမိန့်တော်မူ၏။ ၂၈ မိန်းမကလည်း မှန်ပါ၏သခင်၊ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို၊ စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်၊ ဟုပြန်၍ လျှောက်လျှင်၊ ၂၉ ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီ၊ ဟုမိန့်တော်မူ၏။ ၃၀ ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍၊ နတ်ဆိုးထွက်သွားသည်ကို၎င်း၊ သမီးသည် အိပ်ယာ၌ အိပ်လျက်ရှိသည်ကို၎င်း တွေ့၏။

နားပင်း၍စကားအသောသူ

၃၁ တဖန်ကိုယ်တော်သည် တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်မှထွက်၍၊ ဒေကာပေါလိပြည်နယ်ကို လျှောက်သွားသဖြင့်၊ ဂါလိလဲအိုင်သို့ ရောက်တော်မူ၏။ ၃၂ ထိုအခါ နားပင်း၍ စကားအသော သူတယောက်ကို အထံတော်သို့ ဆောင်ခဲ့၍၊ သူ့အပေါ်မှာ လက်တော်ကို တင်ပါမည်အကြောင်း တောင်းပန်ကြ၏။ ၃၃ ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲက ခေါ်၍၊ ဆိတ်ကွယ် ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုးတော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံထွေးနှင့်ထွေး၍၊ သူ၏လျှာကိုလည်း တို့တော်မူ၏။ ၃၄ ထိုနောက် ကောင်းကင်သို့ ကြည့်မျှော်၍ ညီးတွားသံကိုပြုလျက်၊ ဧဖသ၊ ဟုမိန့်တော်မူ၏။ အနက်ကား၊ ပွင့်စေ၊ ဟုဆိုလိုသတည်း။ ၃၅ ထိုခဏခြင်းတွင် သူသည်နားပွင့်ခြင်း၊ လျှာကြောလွတ်ခြင်း ရှိသဖြင့်၊ စကားပြီပြီပြောနိုင်၏။ ၃၆ ထိုအကြောင်းကို အဘယ်သူအားမျှ မပြောစေခြင်းငှါ သူတို့ကို ပညတ်တော်မူ၏။ ပညတ်တော်မူသော်လည်း သူတို့သည်သာ၍ အလွန် သိတင်းကြားပြောကြ၏။ ၃၇ အတိုင်းထက် အလွန်မိန်းမော တွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာ ပြုတော်မူပြီ။ နားပင်းသောသူတို့ကို ကြားစေတော်မူသည်၊ အသောသူတို့ကို စကားပြောစေတော်မူပြီ၊ ဟုဆိုကြ၏။

_________________________
Footnotes


၁၁ (a) ဂရိတ်စကား Κορβᾶν အင်္ဂလိပ်လို Corban’ကိုဘာသာမပြန်တော့ဘဲ အသံထွက်အားဖြင့် "ကော်ဘန်" ဟုရေးလိုက်ခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ "ဘုရားထံဆက်ကပ်သောအရာ" ဖြစ်သည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.