-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၅

သင်္ချိုင်းတစပြင်၌ နေသောနတ်ဆိုးစွဲသူ
CROSS REFERENCES






အိုင်တဘက်၊ ဂါဒရပြည်သို့ ရောက်ကြ၍၊ ယေရှုသည် လှေထဲက ထွက်တော်မူသည် ခဏခြင်းတွင်၊ ညစ်ညူးသော နတ်စွဲသောသူသည် သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုလေ၏။ ထိုသူသည် သင်္ချိုင်းတစပြင်၌ နေတတ်၏။ သူ့ကိုသံကြိုးနှင့်ပင် အဘယ်သူမျှ ချည်၍မနိုင်။ ​ခြေချင်း၊ သံကြိုးနှင့် အဖန်များစွာ ချည်စမ်းသော်လည်း၊ သံကြိုးကို ဆွဲဖြတ်၍ ​ခြေချင်းကို ဖြဲတတ်၏။ သူ့ကိုယဉ်စေခြင်းငှါ အဘယ်သူမျှ မတတ်နိုင်၊ နေ့ညမပြတ် သင်္ချိုင်းတစပြင်၌၎င်း၊ တောင်ပေါ်၌၎င်း၊ ဟစ်ကြော်လျက်၊ ကျောက်စောင်းနှင့် ကိုယ်ကိုရှစေလျက် နေတတ်၏။ ယေရှုကို အဝေးကမြင်လျှင်၊ အထံတော်သို့ ပြေးလာ၍ ပြပ်ဝပ်လျက်၊ အမြင့်ဆုံးသော ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အ​ကျွန်ုပ်နှင့် အဘယ်သို့ဆိုင်သနည်း၊ အ​ကျွန်ုပ်ကို ညှဉ်းဆဲတော် မမူမည်အကြောင်း ဘုရားသခင်ကို အမှီပြု၍ အ​ကျွန်ုပ် တောင်းပန်ပါသည်၊ ဟုကြီးသောအသံနှင့်ဟစ်၍ လျှောက်လေ၏။ လျှောက်သည် အကြောင်းကား၊ ညစ်ညူးသောနတ်၊ ထိုလူမှထွက်သွားလော့၊ ဟုမိန့်တော်မူခဲ့ပြီ။ ကိုယ်တော်ကလည်း၊ သင်သည် အဘယ်အမည်ရှိသနည်း၊ ဟုမေးတော်မူလျှင်၊ အ​ကျွန်ုပ်အမည်ကား၊ လေဂေါင်ဖြစ်ပါ၏။ အ​ကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏၊ ဟုလျှောက်ပြီးမှ၊ ၁၀ ထိုပြည်ထဲက အခြားသို့မနှင်ပါမည်အကြောင်း များစွာတောင်းပန်လေ၏။ ၁၁ ထိုအရပ်၌ တောင်ပေါ်မှာ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။ ၁၂ နတ်ဆိုးအပေါင်းတို့လည်း၊ အ​ကျွန်ုပ်တို့သည် ထိုဝက်ထဲသို့ ဝင်ရပါမည်အကြောင်း စေလွှတ်တော်မူပါ၊ ဟုတောင်းပန်ပြန်လျှင်၊ ၁၃ ယေရှုသည် ချက်ချင်း အခွင့်ပေးတော်မူ၏။ ညစ်ညူးသောနတ်တို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့်၊ ဝက်အစုသည် အိုင်ကမ်းစောက်ကို တဟုန်တည်း ပြေးဆင်း၍ အိုင်၌အသက်ဆုံးကြ၏။ အရေအတွက်အားဖြင့် နှစ်ထောင်လောက်ရှိ၏။ ၁၄ ၀က်ကျောင်းသော သူတို့သည် ပြေး၍ မြို့ရွာတို့၌ သိတင်းကြားပြောလျှင်၊ လူများတို့သည် ထိုအမှုအရာတို့ကို ကြည့်ရှုအံ့သောငှါ ထွက်လာကြ၏။ ၁၅ အထံတော်သို့ ရောက်သောအခါ၊ နတ်ဆိုး လေဂေါင်စွဲသောသူသည် အဝတ်ကိုဝတ်၍ [A] ပကတိစိတ်နှင့် ထိုင်နေသည်ကို မြင်လျှင်၊ ကြောက်ရွံ့ခြင်းသို့ ရောက်ကြ၏။ ၁၆ နတ်ဆိုးစွဲသောသူ၌၎င်း၊ ဝက်တို့၌၎င်း၊ အဘယ်သို့ဖြစ်သည်ကို သိမြင်သောသူတို့သည် နောက်လာသောသူတို့အား ပြန်ကြားပြီးမှ၊ ၁၇ မိမိတို့ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။ ၁၈ လှေထဲသို့ ဝင်တော်မူသောအခါ နတ်ဆိုးစွဲဘူးသောသူသည် ကိုယ်တော်နှင့်အတူ ရှိပါမည်အကြောင်း တောင်းပန်လျှင်၊ ၁၉ ကိုယ်တော်သည် အခွင့်မပေး။ သင်သည် ကိုယ်အိမ်သို့သွားလော့။ ထာဝရဘုရားသည် သနားခြင်း စိတ်တော်နှင့်သင်၌ အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို သင်၏ အဆွေအမျိုးတို့အား ပြန်ကြားလော့၊ ဟုမိန့်တော်မူလျှင်၊ ၂၀ ထိုသူသည်သွား၍၊ ယေရှုသည် အဘယ်မျှလောက် ကျေးဇူးပြုတော်မူသည်ကို၊ ဒေကာပေါလိပြည်တွင် သိတင်းကြား ပြောသည်ဖြစ်၍၊ ခပ်သိမ်းသောသူတို့သည် အံ့ဩခြင်းရှိကြ၏။


တရားစရပ်မှူး ယာဣရုသမီးအတွက် တောင်းပန်

၂၁ ယေရှုသည် ကမ်းတဘက်သို့ကူးပြန်၍ အိုင်နားမှာရှိတော်မူစဉ်၊ များစွာသော လူအပေါင်းတို့သည် အထံတော်၌ စုဝေးကြ၏။ ၂၂ ထိုအခါ ယာဣရုအမည်ရှိသော တရားစရပ်မှူးသည်လာ၍ ကိုယ်တော်ကို မြင်လျှင်၊ ​ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ အ​ကျွန်ုပ်၏ သမီးငယ်သေလုပါပြီ။ ၂၃ သို့သော်လည်း ကိုယ်တော်သည် ကြွ၍သူ့ကို ကယ်တင်ခြင်းငှါ သူ၏အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက်ရှင်ပါလိမ့်မည်၊ ဟုများစွာတောင်းပန်၏။၂၄ ကိုယ်တော်သည် သူနှင့်အတူ သွား၍များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက်တိုက်မိကြ၏။


တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသူ

၂၅ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန် အနာစွဲသောကြောင့်၊ ၂၆ များစွာသော ဆေးသမားတို့လက်၌ အလွန်ခံရ၍၊ ဥစ္စာရှိသမျှ ကုန်သော်လည်း သက်သာမရသည် သာမက၊ အနာတိုးသော မိန်းမတယောက်သည်၊ ၂၇ ယေရှု၏ သိတင်းတော်ကို ကြားသည်ရှိသော်၊ ၂၈ ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်၊ ဟုဆိုသည်နှင့်၊ လူအစုအဝေးထဲ၌ နောက်တော်သို့လာ၍ အဝတ်တော်ကို တို့လေ၏။ ၂၉ ထိုခဏခြင်းတွင် အသွေးစုဝေးရာ ခမ်းချောက်သည် ဖြစ်၍၊ ထိုရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီ၊ ဟုမိမိကိုယ်၌ သိလေ၏။ ၃၀ ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ချင်းသိတော်မူလျှင်၊ လူအစုအဝေး၌ နောက်သို့လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူ တို့သနည်း၊ ဟုမေးတော်မူ၏။ ၃၁ တပည့်တော်တို့က၊ လူအစုအဝေးသည် ကိုယ်တော်အား ထိခိုက်ကြသည်ကို မြင်လျက်ပင်၊ ငါ့ကို အဘယ်သူတို့သနည်း၊ ဟုမေးတော်မူပါသည်တကား၊ ဟုလျှောက်ကြသော်လည်း၊ ၃၂ ကိုယ်တော်သည် ထိုသို့ပြုသောသူကို မြင်ခြင်းငှါ ပတ်လည်သို့ ကြည့်ရှုတော်မူ၏။ ၃၃ ထိုမိန်းမသည် ကိုယ်၌ အဘယ်သို့ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင်၊ ပြပ်ဝပ်၍ ထိုအကြောင်းရှိသမျှကို အဟုတ်အမှန် ကြားလျှောက်လေ၏။ ၃၄ ကိုယ်တော်ကလည်း၊ ငါ့သမီး၊ သင်၏ ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ်စွာသွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့် ကင်းလွတ်စေ၊ ဟုမိန့်တော်မူ၏။


တရားစရပ်မှူးယာဣရုသမီးပြန်ရှင်စေ

၃၅ ထိုသို့မိန့်တော်မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏ သမီးသေပါပြီ။ အဘယ်ကြောင့် ဆရာကို နှောင့်ရှက်သေးသနည်း၊ ဟုဆိုကြ၏။ ၃၆ ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်း စိတ်တခုသာ ရှိစေလော့၊ ဟုတရားစရပ်မှူးအား ချက်ချင်းမိန့်တော်မူ၏။ ၃၇ ပေတရု၊ ယာကုပ်၊ ယာကုပ်၏ ညီယောဟန်မှတပါး အဘယ်သူကိုမျှ မလိုက်စေဘဲ၊ ၃၈ တရားစရပ်မှူး အိမ်သို့ရောက်၍ အုန်းအုန်းသဲသဲ ပြုကြသည်ကို၎င်း၊ အလွန် ငိုကြွေး မြည်တမ်းသောသူ တို့ကို၎င်း၊ မြင်တော်မူလျှင်၊ ၃၉ အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ် အိပ်ပျော်သည်၊ ဟုမိန့်တော်မူသော်၊ ၄၀ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကို၎င်း၊ ကိုယ်တော်နှင့် ပါသောသူတို့ကို၎င်း ခေါ်ပြီးလျှင်၊ သူငယ်လျောင်းရာ အရပ်သို့ဝင်၍၊ ၄၁ သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ တလိသကုမိ၊ ဟုမိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ်ထလော့ ငါဆို၏၊ ဟုဆိုလိုသတည်း။ ၄၂ ထိုခဏခြင်းတွင် မိန်းမငယ်သည် ထ၍လှမ်းသွား၏။ သူသည် တဆယ်နှစ်နှစ်အရွယ်ရှိ၏။ ထိုသူတို့သည် အလွန်မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။ ၄၃ ထိုအမှုအရာကို အဘယ်သူမျှ မသိစေမည်အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာ ပညတ်တော်မူ၍၊ သူ့အား စားစရာပေးလော့၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.