-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၃

ဥပုသ်နေ့၌ လက်သေသူကျန်းမာစေ
CROSS REFERENCES






တရားစရပ်သို့တဖန် ဝင်တော်မူ၍၊ ထိုစရပ်၌ လက်တဘက် သေသောသူ တယောက်ရှိ၏။ ဥပုသ်နေ့၌ [A] သူ၏ ရောဂါကို ငြိမ်းစေမည် မငြိမ်းစေမည်ကို ထိုသူတို့သည် ကိုယ်တော်၌ အပြစ်တင်ခွင့်ကိုရှာ၍ ချောင်းကြည့်ကြ၏။ ကိုယ်တော်ကလည်း၊ အလယ်၌ မတ်တတ်နေလော့၊ ဟုလက်တဘက် သေသောသူအား မိန့်တော်မူပြီးမှ၊ ဥပုသ်နေ့၌ ကျေးဇူးပြုအပ်သလော၊ သူ့အကျိုးကိုဖျက်ဆီးအပ်သလော၊ အသက်ကိုကယ်အပ်သလော၊ သတ်အပ်သလော၊ ဟုပရိသတ်တို့အား မေးတော်မူလျှင်၊ ထိုသူတို့သည် တိတ်ဆိတ်စွာ နေကြ၏။ ထိုအခါ အမျက်တော်နှင့် သူတို့ကို ပတ်လည်ကြည့်ရှု၍ သူတို့စိတ်နှလုံး မိုက်သောကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်၊ သင်၏လက်ကိုဆန့်လော့၊ ဟုထိုသူအား မိန့်တော်မူ၍ သူသည် မိမိလက်ကိုဆန့်လျှင်၊ ထိုလက်သည် လက်တဘက်ကဲ့သို့ ပကတိဖြစ်လေ၏။ ထိုအခါ ဖာရိရှဲတို့သည်ထွက်၍ ကိုယ်တော်ကို အဘယ်သို့ ဖျက်ဆီးရအံ့နည်း၊ ဟုဟေရုဒ်တပည့်တို့နှင့် ချက်ချင်းတိုင်ပင်ကြ၏။

အိုင်နား၌အမှုဆောင်

ယေရှုသည် တပည့်တော်တို့နှင့်အတူ အိုင်နားသို့ ပြောင်းကြွတော်မူ၍၊ ဂါလိလဲပြည်၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ဣဒုမဲပြည်၊ ယော်ဒန်မြစ်တဘက်မှ လာကြသော လူများအပေါင်းတို့နှင့် တုရုမြို့၊ ဇိဒုန်မြို့ ပတ်ဝန်းကျင် အရပ်တို့မှ လာကြသော လူများအပေါင်းတို့သည် ပြုတော်မူသမျှကို ကြားလျှင် အထံတော်သို့ လာကြ၏။ လူအများတို့သည် ကိုယ်တော်ကို ဝန်းရံ၍ မထိခိုက်စေမည်အကြောင်း၊ ကိုယ်တော်၏ အနီးအပါးတွင် လှေတစင်းကို အမြဲရှိစေခြင်းငှါ တပည့်တော်တို့အား အမိန့်တော်ရှိ၏။ ၁၀ အကြောင်းမူကား၊ လူများတို့အား ချမ်းသာ ပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည်၊ ကိုယ်တော်ကို တို့ခြင်းငှါ တွန်းကြ၏။ ၁၁ ညစ်ညူးသော နတ်တို့သည်လည်း ကိုယ် တော်ကို မြင်သောအခါ ပြပ်ဝပ်၍၊ ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည်၊ ဟုဟစ်ကြော်ကြ၏။ ၁၂ သိတင်းတော်ကို မပွင့်စေမည်အကြောင်း သူတို့အား ကြပ်တည်းစွာ ပညတ်တော်မူ၏။

တပည့်တော်များခေါ်

၁၃ ထိုအခါ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ အလိုတော်ရှိသောသူ တို့ကိုခေါ်တော်မူလျှင်၊ အထံတော်သို့ လာကြ၏။ ၁၄ ကိုယ်တော်နှင့်အတူ ရှိနေစေခြင်းငှါ၎င်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကို ငြိမ်းစေ၍၊ ၁၅ နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှါ၎င်း၊ တကျိပ်နှစ်ပါးသောသူ တည်းဟူသော၊ ၁၆ ပေတရုအမည်သစ်ကို ပေးတော်မူသော ရှိမုန်၊ ၁၇ မိုးကြိုးသား၊ ဟုဆိုလိုသော ဗောနေရဂက် အမည်သစ်ကိုပေးတော်မူသော ဇေဗေဒဲ၏ သားနှစ်ယောက် ယာကုပ်နှင့်ယောဟန်၊ ၁၈ အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏ သားယာကုပ်၊ သဒ္ဒ​​၊ ကာနနိတ်လူရှိမုန်၊

၁၉ ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ကို ခန့်ထားတော်မူ၏။ ၂၀ ထိုသူတို့သည် အိမ်သို့ဝင်ကြလျှင်၊ အစာကို မစားနိုင်သည်တိုင်အောင် လူများတို့သည် တဖန်စုဝေးကြပြန်၏။

ဗေလဇေဗုလစွဲသူ

၂၁ ကိုယ်တော်၏ အဆွေအမျိုးတို့သည် ကြားလျှင်၊ သူသည် အရူးဖြစ်သည်ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှါ ထွက်သွားကြ၏။ ၂၂ ယေရုရှလင်မြို့မှ လာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏၊ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်၊ ဟုဆိုကြ၏။ ၂၃ ကိုယ်တော်သည် သူတို့ကိုခေါ်၍ ဥပမာကို ဆောင်တော်မူလျက်၊ စာတန်သည် စာတန်ကို အဘယ်သို့ နှင်ထုတ်နိုင်သနည်း။ ၂၄ တိုင်းနိုင်ငံသည် မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ရာ။ ၂၅ အိမ်သည်လည်း မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ရာ။ ၂၆ စာတန်သည် မိမိတဘက်၌ထ၍ မိမိနှင့် မသင့်မတင့်ကွဲပြားလျှင် မတည်နိုင်ဘဲ ဆုံးခြင်းသို့ ရောက်လိမ့်မည်။ ၂၇ သူရဲကိုရှေ့ဦးစွာ မချည်မနှောင်လျှင်၊ သူ၏အိမ်သို့ဝင်၍ သူ၏ဥစ္စာကို အဘယ်သူမျှ မလုမယူနိုင်။ သူရဲကိုချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏။

ဝိညာဉ်တော်ပြစ်မှားသူ

၂၈ ငါအမှန်ဆိုသည်ကား၊ ပြစ်မှားသော အပြစ်အမျိုးမျိုး၊ ဘုရားကို ကဲ့ရဲ့သောအပြစ် အမျိုးမျိုးရှိသမျှတို့နှင့် လွတ်စေခြင်းအခွင့်ကို လူသားတို့သည် ရနိုင်ကြ၏။ ၂၉ သန့်ရှင်းသော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူသည် အပြစ်လွတ်စေခြင်းအခွင့်ကို အဘယ်ကာလ၌မျှ မရနိုင်ကြ။ ထာဝရ အပြစ်ဒဏ်ကို ခံရသောသူ ဖြစ်ပေ၏၊ ဟုမိန့်တော်မူ၏။ ၃၀ အဘယ်ကြောင့် ဤသို့မိန့်တော်မူသနည်း ဟူမူကား၊ ကိုယ်တော်သည် ညစ်ညူးသော နတ်စွဲသောသူဖြစ်သည်၊ ဟုဆိုကြသတည်း။

ငါ့ညီငါ့နှမငါ့အမိ

၃၁ ထိုအခါ မယ်တော်နှင့် ညီတော်တို့သည်လာ၍ ပြင်မှာရပ်နေလျက်၊ တစုံတယောက် သောသူကို ကိုယ်တော်ထံသို့ စေလွှတ်၍ခေါ်ကြ၏။ ၃၂ ခြံရံလျက် ထိုင်သောသူများတို့က၊ မယ်တော်နှင့် ညီတော်တို့သည် ကိုယ်တော်ကို ရှာလျက် ပြင်မှာရှိကြပါသည်၊ ဟုလျှောက်လျှင်၊ ၃၃ ကိုယ်တော်က၊ ငါ့အမိ၊ ငါ့ညီကားအဘယ်သူနည်း၊ ဟုမေးတော်မူ၍၊ ၃၄ ခြံရံလျက် ထိုင်သောသူတို့ကို ပတ်လည်ကြည့်ရှု၍၊ ဤသူတို့သည် ငါ့အမိ၊ ငါ့ညီပေတည်း။ ၃၅ ဘုရားသခင်၏ အလိုတော်ကို ဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.