-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၂

ခြေလက်သေသူခေါင်မိုးမှချ
CROSS REFERENCES






နောက်တနေ့သ၌ ကိုယ်တော်သည်က ပေရနောင်မြို့သို့ ဝင်ပြန်၍ အိမ်၌ ရှိတော်မူသည်ကို ကြားကြလျှင်၊ တံခါးပြင်နားမှာ နေစရာမရှိနိုင်အောင် လူများတို့သည် အလျှင်အမြန် စုဝေးကြသည်ဖြစ်၍ သူတို့အား တရားဟောတော်မူ၏။ ထိုအခါ လက်​ခြေသေသော သူတယောက်ကို လူလေးယောက်တို့သည် ထမ်း၍ အထံတော်သို့ ဆောင်ခဲ့ကြ၏။ လူစုဝေးလျက် ရှိသောကြောင့် ကိုယ်တော်ရင်းသို့ မချဉ်းကပ်နိုင်သဖြင့်၊ ကိုယ်တော်ရှိရာ အပေါ်မှာ အမိုးကို ဖောက် ထွင်းပြီးမှ လူနာနှင့်တကွ အိပ်ရာခုတင်ကို လျော့ချကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင်၊ လက်​ခြေသေသောသူအား၊ ငါ့သား၊ သင်၏အပြစ်ကို လွတ်စေပြီ၊ ဟုမိန့်တော်မူ၏။ ထိုအရပ်၌ ထိုင်သော ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ အဘယ်ကြောင့် ဤသို့ပြောရသနည်း။ ဘုရားသခင်မှတပါး အဘယ်သူသည် အပြစ်ကို လွှတ်နိုင်သနည်း၊ ဟုစိတ်ထဲမှာ ထင်မှတ်ကြ၏။ သူတို့စိတ်ထဲမှာ ထိုသို့ထင်မှတ်ခြင်း ရှိသည်ကို ယေရှုသည် မိမိဥာဏ်အားဖြင့်ချက်ချင်းသိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာ အဘယ်ကြောင့် ဤသို့ထင်မှတ်ကြသနည်း။ လက်​ခြေသေသောသူအား အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကို လွတ်စေပြီ၊ ဟုပြောလွယ်သလော။ သင်ထလော့၊ ကိုယ်အိပ်ယာကို ဆောင်၍ လှမ်းသွားလော့၊ ဟုပြောလွယ်သလော။ ၁၀ လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ၊ ၁၁ ထလော့၊ ကိုယ်အိပ်ယာကို ဆောင်၍ ကိုယ်အိမ်သို့သွားလော့၊ ဟုသင့်အားငါဆိုသည်၊ ဟုလက်​ခြေသေသောသူအား မိန့်တော်မူ၏။ ၁၂ ထိုသူသည်လည်း ချက်ချင်းထ၍ အိပ်ယာကို ဆောင်လျက် လူအပေါင်းတို့ရှေ့မှာ ထွက်သွား၏။ ထိုလူအပေါင်းတို့သည် မိန်းမောတွေဝေခြင်းရှိ၍၊ ဤကဲ့သို့တခါမျှ မမြင်စဖူး၊ ဟုပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ [‌A]


လေဝိကိုခေါ်

၁၃ နောက်တဖန် အိုင်နားသို့ ကြွတော်မူ၍၊ လူအစုအဝေးအပေါင်းတို့သည် အထံတော်သို့ လာကြလျှင်၊ သူတို့အား ဆုံးမဩဝါဒ ပေးတော်မူ၏။ ၁၄ လမ်း၌ ကြွတော်မူစဉ်၊ အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကိုမြင်သော်၊ ငါ့နောက်သို့လိုက်လော့၊ ဟုမိန့်တော်မူ၏။ ၁၅ ထိုသူသည်လည်းထ၍ နောက်တော်သို့ လိုက်လေ၏။ ထိုနောက်မှ သူ၏အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ထိုသူအများတို့သည် နောက်တော်သို့ လိုက်ကြ၏။ ၁၆ ထိုသို့အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ စားတော်မူသည်ကို ကျမ်းပြုဆရာ ဖာရိရှဲတို့သည် မြင်လျှင်၊ ဤသူသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့်အတူ အဘယ်ကြောင့် စားသောက်သနည်း၊ ဟုတပည့်တော်တို့အား ဆိုကြ၏။


ဆိုးသောသူတို့ကိုခေါ်
CROSS REFERENCES






၁၇ ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ [B] ​ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုး သောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်း၊ ဟုမိန့်တော်မူ၏။ [C]


အစာရှောင်ခြင်း

၁၈ အစာရှောင် တတ်သော ယောဟန်၏ တပည့်တို့နှင့် ဖာရိရှဲတို့သည်လာ၍၊ ယောဟန်၏ တပည့်တို့နှင့် ဖာရိရှဲတို့သည် အစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏ တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်း၊ ဟုလျှောက်ကြ၏။ [D]

၁၉ ယေရှုကလည်း၊ မင်္ဂလာဆောင် လုလင်သည် မိမိအပေါင်း အဖေါ်တို့နှင့်အတူ ရှိစဉ်အခါ သူတို့သည် အစာရှောင် တတ်ကြသလော။ ရှိစဉ်ကာလပတ်လုံး အစာမရှောင် တတ်ကြ။ ၂၀ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်း အဖေါ်တို့နှင့်ခွါ၍ ယူဆောင် သွားသောအချိန် ကာလရောက်လိမ့်မည်။ ထိုကာလအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။


အဝတ်ဟောင်းနှင့်အထည်သစ်
CROSS REFERENCES






၂၁ အဝတ်ဟောင်းကို အထည်သစ်နှင့် ဖါလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သစ်သည် အဝတ်ဟောင်းကိုစား၍ အပေါက်ကျယ်တတ်၏။ [E]၂၂ ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သော စပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင် အသစ်သော စပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည်ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သော သားရေဘူး၌ ထည့်ရသည်၊ ဟုမိန့်တော်မူ၏။ [F]


ဥပုသ်နေ့၌ ဂျုံစပါးလယ်ကွက်၌ ရှောက်ကြွ
CROSS REFERENCES






၂၃ ဥပုသ်နေ့၌ [G] ကိုယ်တော်သည် ဂျုံစပါး လယ်ကွက်တို့ကို လျှောက်ကြွတော်မူလျှင်၊ [H] တပည့်တော်တို့သည် စပါးအသီးအနှံကို ဆွတ်လျက် ခရီးသွားကြ၏။ ၂၄ ဖာရိရှဲတို့ကလည်း၊ ဥပုသ်နေ့၌ မပြုအပ်သောအမှုကို သူတို့သည် ပြုကြပါသည်တကား၊ ဟုလျှောက်ကြသော်၊ ၂၅ ကိုယ်တော်က၊ ယဇ်ပုရောဟိတ်မင်း အဗျာသာလက်ထက်၌ ဒါဝိဒ်သည် မိမိအဖေါ်တို့နှင့်တကွ ဆာမွတ်၍ မတတ်နိုင်သောအခါ၊ ၂၆ ဘုရားသခင်၏ အိမ်တော်သို့ဝင်၍ ယဇ်ပုရောဟိတ် တို့မှတပါး အဘယ်သူမျှ မစားအပ်သော ရှေ့တော်မုန့်ကို စား၍ မိမိအဖေါ်တို့အား ပေးသည် အကြောင်းကို သင်တို့သည် တရံတခါမျှ မဖတ်ဘူးသလော။ ၂၇ ထိုမှတပါး ဥပုသ်နေ့သည် လူအဘို့ဖြစ်၏။ လူသည် ဥပုသ်နေ့အဘို့ ဖြစ်သည်မဟုတ်။ ၂၈ သို့ဖြစ်၍ လူသားသည် ဥပုသ်နေ့ကို ပင်အစိုးရသည်၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.