-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
၁၆
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၁၆


မိန်းမများသင်္ချိုင်းသို့သွားကြ
CROSS REFERENCES






ဥပုသ်နေ့လွန်မှ [A] မာဂဒလမာရိ၊ ယာကုပ်၏ အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည် သွား၍၊ အလောင်းတော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကို ဝယ်ပြီးလျှင်၊ ခုနစ်ရက်တွင် ပဌမနေ့ရက် နံနက်စောစော၊ နေထွက်သောအချိန်၌ သင်္ချိုင်းတော်သို့ သွားကြ၏။ ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သော ကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်း၊ ဟုအချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက် ရှိသည်ကိုမြင်ကြ၏။ ထိုကျောက်ကား အလွန်ကြီးသော ကျောက်ဖြစ်သတည်း။ မိန်းမတို့သည် တွင်းထဲသို့ ဝင်ကြပြီးလျှင်၊ လုလင်တယောက်သည် ဖြူစင်ရှည်လျားသော အင်္ကျီကိုဝတ်လျက်၊ လက်ျာဘက်၌ ထိုင်သည်ကို မြင်၍၊ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။ ထိုသူကလည်း၊ ထိတ်လန့် မိန်းမောခြင်း မရှိကြနှင့်၊ လက်ဝါးကပ်တိုင်မှာ သတ်သော နာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌မရှိ၊ အလောင်းတော်ထားရာ အရပ်ကိုကြည့်ကြလော့။ သင်တို့ ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြလော့။ အထက်က မိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည်၊ ကိုယ်တော်ကို တွေ့မြင်ရကြလိမ့်မည်၊ ဟုပြောဆို၏။ ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်းတော်မှထွက်၍ တုန်လှုပ်လျက်၊ မိန်းမောတွေဝေလျက် ပြေးကြ၏။ ကြောက်လန့်သောကြောင့် အဘယ်သူမျှ မပြောမဆိုကြ။


ယေရှုရှင်ပြန်ထမြောက်

ကိုယ်တော်သည် ခုနစ်ရက်တွင် ပဌမနေ့ရက် စောစောအချိန်၌ ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုးခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား၊ ရှေ့ဦးစွာ ကိုယ်ကိုပြတော်မူ၏။ ၁၀ မာရိလည်းသွား၍ ကိုယ်တော်နှင့် ပေါင်းဖေါ်သော သူတို့သည်၊ ညည်းတွားငိုကြွေးလျက် နေကြစဉ်တွင်၊ သူတို့အား ထိုသိတင်းကို ကြားပြောလေ၏။ ၁၁ ကိုယ်တော်သည် အသက်ရှင် တော်မူသည်ကို၎င်း၊ မာရိသည် ကိုယ်တော်ကို မြင်ရသည်ကို၎င်း၊ သူတို့သည် ကြားလျှင်မယုံကြ။ ၁၂ ထိုနောက် တပည့်တော် နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင်၊ ကိုယ်တော်သည် ခြားနားသော အယောင်ကိုဆောင်လျက်၊ ကိုယ်ကိုပြတော်မူ၏။ ၁၃ သူတို့သည် ပြန်လာ၍၊ အခြားသော တပည့်တော်တို့အား၊ ထိုသိတင်းကို ကြားပြောသော်လည်း မယုံဘဲနေကြ၏။ ၁၄ ထိုနောက် တကျိပ်တပါးသောသူတို့သည်၊ စားပွဲ၌လျောင်းကြစဉ်တွင်၊ ကိုယ်တော်ကို ပြတော်မူ၍၊ ထမြောက်လျက်ရှိသော ကိုယ် တော်ကို မြင်သောသူတို့၏ စကားကိုမယုံသောကြောင့်၊ သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊ ၁၅ သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျ သတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို ဟောကြလော့။ ၁၆ ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည်၊ ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား၊ အပြစ် စီရင်ခြင်းကို ခံရလတံ့။ ၁၇ ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏ နာမကိုအမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ထူးခြားသော ဘာသာစကားမျိုးတို့ကို ပြောကြလတံ့။ ၁၈ မြွေတို့ကို ဖမ်းကိုင်ကြလတံ့။ သေစေတတ်သောအဆိပ် အတောက်ကို သောက်စားလျှင်၊ ဘေးဥပဒ်နှင့် ကင်းလွတ်ကြလတံ့။ မကျန်းမမာသော သူတို့အပေါ်မှာ လက်ကိုတင်၍၊ ချမ်းသာပေးကြလတံ့၊ ဟုမိန့်တော်မူ၏။


ယေရှုကောင်းကင်သို့တက်

၁၉ ထိုသို့ သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ထိုင်နေတော်မူ၏။ ၂၀ တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်၎င်း၊ သူတို့၌ ဖြစ်သော နိမိတ်လက္ခဏာအားဖြ င့်နှုတ်ကပတ် တရားတော်ကို တည်စေတော်မူသည်နှင့်၎င်း၊ ခပ်သိမ်းသောအရပ်တို့၌ တရားဟောကြ၏။


ရှင်မာကုခရစ်ဝင်ပြီး၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.