-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
၁၅
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၁၅


ယေရှုပိလတ်မင်းထံ

နံနက်အချိန်တွင် ယဇ်ပုရောဟိတ်အကြီးတို့သည်၊ မဆိုင်းမလင့်ဘဲ လူအကြီးအကဲ၊ ကျမ်းပြုဆရာ၊ လွှတ်အရာရှိ အပေါင်းတို့နှင့် တိုင်ပင်ခြင်းကိုပြု၍၊ ယေရှုကို ချည်နှောင်ပြီးလျှင်၊ ပိလတ်မင်းထံသို့ ဆောင်သွား၍ အပ်လိုက်ကြ၏။ ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင် မှန်သလော၊ ဟုကိုယ်တော်ကို မေးလျှင်၊ မင်းကြီးမေးသည် အတိုင်း မှန်သည်၊ ဟုမိန့်တော်မူ၏။ ယဇ်ပုရောဟိတ် အကြီးတို့သည် များစွာသော အပြစ်ကိုတင်ကြ၏။ တဖန်ပိလတ်မင်းက၊ သင်သည် တခွန်းကိုမျှ ပြန်၍မပြောသလော။ သင့်တဘက်၌ အဘယ်မျှလောက် သက်သေခံကြသည်ကို ကြည့်ပါ၊ ဟုမေးမြန်းပြောဆိုသော်လည်း၊ စကားတခွန်းကိုမျှ ပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏။


ယေရှုကိုယ်စား ဗာရဗ္ဗကိုလွှတ်

ထိုပွဲ၌ မြို့ဝန်မင်းသည် အကျဉ်းချထားသော သူတို့တွင်၊ လူများတောင်းသောသူ တယောက်ယောက်ကို လွှတ်တတ်၏။ ထိုအခါ ပုန်ကန်၍ လူအသက်ကို သတ်သောအပြစ်သင့်သော၊ ဗာရဗ္ဗအမည်ရှိသောသူ တယောက်သည်၊ ပုန်ကန်သော အပေါင်း အဖေါ်တို့နှင့်တကွ အကျဉ်းခံလျက်ရှိ၏။ လူအပေါင်းတို့သည် မိမိတို့အား ပြုမြဲပြုပါမည်အကြောင်း အော်ဟစ်၍၊ တောင်းပန်သောအခါ၊ ပိလတ်မင်းက၊ သင်တို့သည် ယုဒရှင်ဘုရင်ကို လွှတ်စေချင်သလော၊ ဟုပြန်မေး၏။ ၁၀ အဘယ်ကြောင့် ဤသို့မေးသနည်းဟူမူကား၊ ယဇ်ပုရောဟိတ် အကြီးတို့သည် မနာလိုသောစိတ်နှင့် ယေရှုကို အပ်နှံကြောင်းကို သိ၏။ ၁၁ ပိလတ်မင်းသည် ယေရှုကိုမလွှတ်၊ ဗာရဗ္ဗကို လွှတ်စေခြင်းငှါ ယဇ်ပုရောဟိတ် အကြီးတို့သည်၊ လူအစုအဝေးကို နှိုးဆော်ကြ၏။ ၁၂ တဖန်ပိလတ်မင်းက၊ ယုဒရှင်ဘုရင်၊ ဟုသင်တို့ခေါ်ဝေါ်သောသူကို၊ အဘယ်သို့ ပြုရမည်နည်း၊ ဟုမေးပြန်သော်၊ ၁၃ ထိုသူအပေါင်းတို့က၊ သူ့ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ဟုဟစ်ကြ၏။ ၁၄ ပိလတ်မင်းကလည်း၊ အဘယ်ကြောင့်နည်း၊ အဘယ်အပြစ်ကို ပြုဘိသနည်း၊ ဟုမေးလျှင်၊ ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ဟုလူများတို့သည်သာ၍ ဟစ်ကြ၏။ ၁၅ ပိလတ်မင်းသည်လည်း၊ လူများတို့၏ စိတ်ကိုပြေစေခြင်းငှါ အလိုရှိ၍၊ ဗာရဗ္ဗကို သူတို့အား လွှတ်လေ၏။ ယေရှုကိုကား၊ ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါ၊ အပ်လိုက်လေ၏။


ယေရှုကို ရိုက်နှိပ်ပြီးပျက်ရယ်ပြုကြ

၁၆ ထိုအခါ စစ်သူရဲတို့သည် ကိုယ်တော်ကို၊ ပြဲတောရိရုံးတည်းဟူသော အိမ်တော်ဦး အတွင်းသို့ဆောင်သွား၍၊ စစ်သူရဲ တတပ်လုံးကို စုရုံးစေပြီးမှ၊ ကိုယ်တော် အားနီမောင်းသော အဝတ်ကိုဝတ်စေ၍၊ ၁၇ ဆူးပင်နှင့်ရက်သော ဦးရစ်ကိုတင်ပြီးလျှင်၊၁၈ ယုဒရှင်ဘုရင်၊ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်း၊ ဟုကောင်းကြီးစကားကို ပြောကြ၏။ ၁၉ ခေါင်းတော်ကို ကျူလုံးနှင့်ရိုက်ခြင်း၊ တံထွေးနှင့်ထွေးခြင်း၊ ရှေ့တော်မှာ ဒူးထောက်၍ ပြပ်ဝပ်ခြင်းကိုလည်း ပြုကြ၏။ ၂၀ ထိုသို့ ကိုယ်တော်ကို ပြက်ယယ်ပြုသည်နောက်၊ နီမောင်းသောအဝတ်ကို ချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းငှါ ထုတ်သွားကြ၏။


ယေရှုကိုလက်ဝါးကပ်တိုင်မှာရိုက်

၂၁ အာလေဇန္ဒြုနှင့် ရုဖု၏အဘ ရှိမုန်အမည်ရှိသော ကုရေနေပြည်သား တယောက်သည်၊ တောရွာမှလာ၍လမ်း၌ သွားသည်ကို သူတို့သည်တွေ့လျှင်၊ အနိုင်ပြု၍ လက်ဝါးကပ်တိုင်တော်ကို ထမ်းစေကြ၏။ ၂၂ ဦးခေါင်းခွံအရပ်၊ ဟုဆိုလိုသော ဂေါလဂေါသအရပ်သို့ ကိုယ်တော်ကို ဆောင်သွားပြီးမှ၊ ၂၃ မုရန်နှင့်ရောသော စပျစ်ရည်ကို ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင် မခံဘဲနေတော်မူ၏။ ၂၄ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင်၊ အဝတ်တော်ကို စာရေးတံချ၍၊ အသီးသီးတို့အား ဝေဖန်ကြ၏။ ၂၅ ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား၊ နံနက်တချက်တီး အချိန်ဖြစ်သတည်း။ ၂၆ အပြစ်ဖေါ်ပြသော ကမ္ဗည်းလိပ်စာ ချက်ဟူမူကား၊ ယုဒရှင်ဘုရင်၊ ဟုရေးထားသတည်း။ ၂၇ ကိုယ်တော်နှင့်တကွ ထားပြနှစ်ယောက်တို့ကို လက်ျာတော်ဘက်၌ တယောက်၊ လက်ဝဲတော်ဘက်၌ တယောက်၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြ၏။ ၂၈ ထိုသို့ မတရားသောသူ တို့နှင့်ရေတွက်ဝင်ခြင်းသို့ ရောက်သည်၊ ဟု [A] ဆိုသောကျမ်းစာချက်သည် ပြည့်စုံခြင်းသို့ ရောက်သတည်း။


ယေရှုကို ကဲ့ရဲ့ပြစ်တင်ကြ
CROSS REFERENCES






၂၉ လမ်းမှာသွားလာ သောသူတို့ကလည်း၊ ဟဲ့၊ ဗိမာန်တော်ကို ဖြိုဖျက်၍ သုံးရက်အတွင်းတွင် တည်ဆောက်ပြန်သောသူ၊ [B] ၃၀ ကိုယ်ကိုကိုယ် ကယ်တင်လော့။ လက်ဝါးကပ်တိုင် မှဆင်းလော့ ၊ ဟုမိမိတို့ခေါင်းကို ညှိတ်၍ ကဲ့ရဲ့သောစကားနှင့် ပြောဆို ကြ၏။ ၃၁ ထိုနည်းတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့က၊ ဤသူသည် သူတပါးတို့ကို ကယ်တင်တတ်၏။ ကိုယ်ကို မကယ်တင်နိုင်ပါတကား။ ၃၂ ငါတို့မြင်၍ ယုံကြည်စေခြင်းငှါ၊ ဣသရေလ ရှင်ဘုရင်တည်းဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ယခုဆင်းပါလေစေ၊ ဟုအချင်းချင်း ပြက်ယယ်ပြုပြောဆိုကြ၏။ ကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသော သူတို့သည်လည်း ကဲ့ရဲ့ပြစ်တင်ကြ၏။


ယေရှု အသက်တော်ချုပ်
CROSS REFERENCES






၃၃ မွန်းတည့်အချိန်မှစ၍ သုံးချက်တီး အချိန်တိုင်အောင်၊ မြေတပြင်လုံး၌ မှောင်မိုက်အတိ ဖြစ်လေ၏။ [C] ၃၄ သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမရှာဗခသာနိ၊ ဟုကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အ​ကျွန်ုပ်ဘုရား၊ အ​ကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အ​ကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း၊ ဟုဆိုလိုသတည်း။ ၃၅ အနား၌ ရပ်သောသူအချို့တို့သည် ကြားလျှင်၊ သူသည် ဧလိယကို ခေါ်သည်၊ ဟုဆိုကြ၏။ ၃၆ လူတယောက်သည်ပြေး၍၊ ရေမှိုတထွေးကို ပုံးရည်နှင့် ပြည့်စေပြီးလျှင်၊ ကျူလုံးဖျား၌ တပ်၍ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျက်၊ ရှိစေတော့။ ဧလိယသည် သူ့ကိုချယူခြင်းငှါ လာမည်မလာမည်ကို ကြည့်ကြကုန်အံ့၊ ဟုဆို၏။ ၃၇ ယေရှုသည် ကြီးသောအသံနှင့် ကြွေးကြော်၍၊ အသက်ချုပ်တော်မူ၏။ ၃၈ ထိုအခါ ဗိမာန်တော်၏ ကုလားကာသည်၊ အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။ ၃၉ ထိုသို့ကြွေးကြော်၍ အသက် ချုပ်တော်မူကြောင်းကို ရှေ့တော်၌ ရပ်နေသော တပ်မှူးသည်မြင်လျှင်၊ စင်စစ်ဤသူသည် ဘုရားသခင်၏ သားတော်မှန်ပေ၏၊ ဟုဆို၏။ ၄၀ မိန်းမအချို့တို့သည်လည်း၊ ထိုအရပ်၌ အဝေးကကြည့်ရှု၍နေကြ၏။ ၄၁ ထိုမိန်းမတို့တွင် ကိုယ်တော်သည် ဂါလိလဲပြည်မှာ ရှိတော်မူစဉ်၊ နောက်တော်သို့ အလုပ်အ​ကျွေးလိုက်သော မာဂဒလမာရိ၊ ယာကုပ်ငယ်နှင့် ယောသေ၏အမိ ဖြစ်သောမာရိနှင့်၊ ရှာလုံတို့မှစ၍ နောက်တော်၌ ယေရုရှလင်မြို့သို့ လိုက်လာသော အခြားမိန်းမများလည်း ပါကြသတည်း။


အလောင်းတော်ကို သင်္ချိုင်းတွင်း၌ထား

၄၂ ထိုနေ့ကား အဘိတ်နေ့တည်းဟူသော ပရက္ကုနေ့ ဖြစ်သောကြောင့်၊ ညအချိန်ရောက်မှ၊ ၄၃ အသရေရှိသော လွှတ်အရာရှိ၊ အရိမသဲမြို့သား ယောသပ်သည်၊ ဘုရားသခင်၏ နိုင်ငံတော်ကို မြော်လင့်သောသူ ဖြစ်သည်နှင့်၊ ပိလတ်မင်းထံသို့ ရဲရင့်စွာဝင်၍၊ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။ ၄၄ ယေရှုသည် ယခုပင် သေသည်ကို ပိလတ်မင်းသည် အံ့ဩခြင်းရှိသဖြင့် တပ်မှူးကိုခေါ်၍၊ သေသည်ကား ကြာပြီလော၊ ဟုမေး၏။ ၄၅ သေကြောင်းကို တပ်မှူးစကားဖြင့် သိလျှင်၊ အလောင်းတော်ကို ယောသပ်အား ပေး၏။ ၄၆ ယောသပ်သည် ကိုယ်တော်ကိုချ၍၊ မိမိဝယ်ခဲ့သော ပိတ်ချောနှင့် ပတ်ရစ်ပြီးလျှင်၊ ကျောက်၌ ထွင်းသော သင်္ချိုင်းတွင်းထဲမှာ ထား၍၊ တွင်း၌ ကျောက်ကို လှိမ့်ထားလေ၏။ ၄၇ မာဂဒလမာရိ၊ ယောသေ၏ အမိဖြစ်သော မာရိတို့သည်၊ အလောင်းတော် ထားရာအရပ်ကို ကြည့်ရှုကြ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.