-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
၁၄
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၁၄


ယေရှုကိုသတ်ဘို့ရှာကြံ
CROSS REFERENCES





CROSS REFERENCES






ထိုနောက် နှစ်ရက်လွန်လျှင် ပသခါအဇုမပွဲ [A]ရှိ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြုဆရာတို့သည်၊ ကိုယ်တော်ကို အဘယ်သို့ ပရိယာယ်အားဖြင့် ဖမ်းဆီး၍၊ သတ်ရအံ့နည်း၊ ဟုရှာကြံကြ၏။ [B] သို့သော်လည်း၊ လူများတို့သည် ရုန်းရင်း ခတ် ဖြစ်မည်ကို စိုးရိမ်၍၊ ပွဲနေ့တွင် မပြုနှင့်ဦး၊ ဟုပြောဆိုကြ၏။


ယေရှုကိုမိန်းမတယောက်ကဆီလူး

ဗေသနိရွာတွင် ရှိမုန်အမည်ရှိသော လူနူ၏အိမ်၌၊ ကိုယ်တော် ရှိတော်မူသည်ဖြစ်၍၊ မိန်းမ တယောက်သည် အဘိုးများစွာ ထိုက်သော နာဒုဆီမွှေးစစ်နှင့် ပြည့်သော ကျောက်ဖြူခွက်တလုံးကို ယူခဲ့၍၊ ကိုယ်တော်သည် စားပွဲနားမှာ လျောင်း တော်မူစဉ်၊ ကျောက်ဖြူခွက်ကိုခွဲပြီးမှ ခေါင်းတော်ပေါ်၌ သွန်းလောင်းလေ၏။ အချို့တို့သည် ဒေါသစိတ်ရှိသည် ဖြစ်၍၊ ထိုဆီမွှေးကို အဘယ်ကြောင့် အကျိုးမဲ့ဆုံးစေသနည်း။ ဒေနာရိ အပြားသုံးရာ မကသောအဘိုးနှင့် ရောင်း၍၊ ဆင်းရဲသောသူတို့အား ပေးစရာကောင်းသည်၊ ဟုဆို၍၊ ထိုမိန်းမကို အပြစ်တင်ကြ၏။ ယေရှုကလည်း၊ ထိုမိန်းမကိုရှိစေတော့။ အဘယ်ကြောင့် နှောင့်ရှက်ကြသနည်း။ သူသည် ငါ၌ ကောင်းသောအမှုကို ပြုပြီ။ ဆင်းရဲသောသူတို့သည် သင်တို့၌ အစဉ်ရှိကြ၏။ သင်တို့အလိုရှိသည်အတိုင်း သူတို့အား ကျေးဇူးပြုနိုင်၏။ ငါမူကားသင်တို့၌ အစဉ်ရှိသည်မဟုတ်။ ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ။ ငါ့အလောင်းကို သင်္ဂြိုလ်မည်၊ ဟုပြင်ဆင်ခြင်းငှါ၊ ငါ့ကိုယ်ကို ဆီမွှေးနှင့် လူးနှင့်သတည်း။ ငါအမှန်ဆိုသည်ကား၊ ဧဝံဂေလိတရားကို မြေတပြင်လုံးတွင် ဟောသောအရပ်ရပ်တို့၌၊ ဤမိန်းမကို အောက်မေ့စရာဘို့ သူပြုသော ဤအမှုကို ကြားပြောရကြလတံ့၊ ဟုမိန့်တော်မူ၏။


ယေရှုနှင့် တပည့်တော်များ ပသခါပွဲ
CROSS REFERENCES






၁၀ ထိုအခါ တပည့်တော် တကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်သည်၊ ကိုယ်တော်ကို အပ်ခြင်းငှါ ယဇ်ပုရောဟိတ်အကြီး တို့ထံသို့ သွားလေ၏။ ၁၁ ထိုသူတို့သည် ကြားလျှင်၊ ဝမ်းမြောက်သော စိတ်ရှိ၍၊ ငွေပေးမည်၊ ဟုဝန်ခံကြ၏။ ထိုနောက်အဆင်သင့်သော အချိန်ကာလ၌၊ ကိုယ်တော်ကို အဘယ်သို့ အပ်ရမည်နည်း၊ ဟုရှာကြံလျက်နေ၏။ ၁၂ ပသခါ သိုးသငယ်ကို သတ်သောနေ့တည်းဟူသော အဇုမပွဲပဌမနေ့၌၊ တပည့်တော်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါပွဲ [C]ကို စားတော်မူဘို့ရာ အဘယ်အရပ်၌ အ​ကျွန်ုပ်တို့သည်သွား၍၊ ပြင်ဆင်စေခြင်းငှါ အလိုရှိတော်မူသနည်း၊ ဟုမေးလျှောက်ကြသော်။ ၁၃ ကိုယ်တော်သည်၊ တပည့်တော် နှစ်ယောက်တို့ကို စေလွှတ်၍၊ သင်တို့သည် မြို့ထဲသို့သွားကြ။ ရေအိုးဆောင်သောသူကို တွေ့လိမ့်မည်။ ထိုသူနောက်သို့ လိုက်၍၊ ၁၄ သူဝင်သော အိမ်သို့ဝင်ပြီးမှ၊ ငါသည် ငါ့တပည့်တို့နှင့်တကွ ပသခါပွဲကိုစားရသော ဧည့်သည်အခန်းကား၊ အဘယ်မှာရှိသနည်း၊ ဆရာကမေးသည်၊ ဟုအိမ်ရှင်ကိုပြောကြလော့။ ၁၅ ထိုသူသည် အသင့်ပြင် ဆင်လျက်ရှိသော အထက်အခန်းကြီးကို ပြလိမ့်မည်။ ထိုအခန်း၌ ငါတို့ဘို့ ပြင်ဆင်ကြလော့၊ ဟုမိန့်တော်မူ၏။ ၁၆ တပည့်တော်တို့သည် သွား၍မြို့ထဲသို့ ဝင်လျှင်၊ စကားတော်အတိုင်းတွေ့၍၊ ပသခါပွဲကို ပြင်ဆင်ကြ၏။


ကိုယ်တော်ကို အပ်နှံမည့်သူ

၁၇ ညဦးယံအချိန်ရောက်မှ တပည့်တော် တကျိပ်နှစ်ပါးတို့နှင့်အတူ ကြွလာတော်မူ၏။ ၁၈ စားပွဲ၌ လျောင်း၍ စားနေကြစဉ်တွင်၊ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့အဝင်ဖြစ်၍ ငါနှင့်အတူ စားသောသူ တစုံတယောက်သည်၊ ငါ့ကိုအပ်နှံလိမ့်မည်၊ ဟုမိန့်တော်မူလျှင်၊ ၁၉ တပည့်တော်တို့သည် ဝမ်းနည်း၍၊ အ​ကျွန်ုလော၊ အ​ကျွန်ုပ်လော၊ ဟုတယောက်နောက် တယောက် အသီးသီး မေးလျှောက်ကြ၏။ ၂၀ ကိုယ်တော်ကလည်း၊ တကျိပ်နှစ်ပါးအဝင်ဖြစ်၍၊ ငါနှင့်အတူ ပန်းကန်တွင် နှိုက်သောသူသည်၊ ငါ့ကိုအပ်နှံလိမ့်မည်။ ၂၁ ကျမ်းစာလာသည်အတိုင်း လူသားသည်သွားရမည်။ သို့သော်လည်း လူသားကို အပ်နှံသောသူသည်၊ အမင်္ဂလာရှိ၏။ ထိုသူသည် ဖွားမြင်ခြင်းကို မခံရလျှင်၊ အနေသာ၍ ကောင်းသည်၊ ဟုမိန့်တော်မူ၏။


ပွဲတော်မင်္ဂလာ
CROSS REFERENCES






၂၂ ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့၊ ဟုမိန့်တော်မူလျက် တပည့်တော်တို့အား၊ ပေးတော်မူ၏။ ၂၃ ခွက်ကိုလည်းယူ၍၊ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ၊ သူတို့အား ပေးတော်မူလျှင်၊ ထိုသူရှိသမျှတို့သည် သောက်ကြ၏။ ၂၄ ကိုယ်တော်ကလည်း၊ ဤခွက်ကား၊ ပဋိညာဉ်တရားသစ် [D] နှင့်ဆိုင်၍၊ လူများအဘို့အလိုငှါ သွန်းသောငါ၏ အသွေးဖြစ်၏။ ၂၅ ငါအမှန်ဆိုသည်ကား၊ ဤစပျစ်ရည် မျိုးအသစ်ကို၊ ဘုရားသခင်၏ နိုင်ငံတော်၌ ၊ ငါမသောက်မှီ နေ့တိုင်အောင် ယခုမှစ၍၊ တဖန်ငါမသောက်ရ၊ ဟုမိန့်တော်မူ၏။ ၂၆ ထိုနောက်သီချင်းဆိုပြီးမှ သံလွင်တောင်သို့ ထွက်သွားကြ၏။


ပေတရုသုံးကြိမ်ငြင်းမည်
CROSS REFERENCES






၂၇ ထိုအခါ ယေရှုကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်းကို ငါရိုက်သတ်၍ သိုးတို့သည် ကွဲလွင့်ရကြလိမ့်မည်၊ ဟုရေးထားသည်နှင့်အညီ၊ ယနေ့ညတွင် သင်တို့ရှိသမျှသည် ငါ့ကြောင့် စိတ်ပျက်ကြလိမ့်မည်။ ၂၈ သို့သော်လည်း ငါသည်ထမြောက်ပြီးမှ သင်တို့ရှေ့၊ ဂါလိလဲပြည်သို့သွားမည်၊ ဟုမိန့်တော်မူသော်၊ ၂၉ ပေတရုက၊ ဤသူရှိသမျှတို့သည် စိတ်ပျက်ကြသော်လည်း၊ အ​ကျွန်ုပ်သည် စိတ်မပျက်ပါ၊ ဟုလျှောက်လေ၏။ ၃၀ ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ယနေ့ညတွင်ပင် ကြက်သည် နှစ်ကြိမ်မတွန်မှီ၊ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကို ငြင်းပယ်လိမ့်မည်၊ [E] ဟုမိန့်တော်မူလျှင်၊ ၃၁ ပေတရုက၊ ကိုယ်တော်နှင့်တကွ သေရသော်လည်း အ​ကျွန်ုပ်သည် ကိုယ်တော်ကို မငြင်းမပယ်ပါ၊ ဟုသာ၍ခိုင်ခံ့သော စကားနှင့် လျှောက်ပြန်၏။ ထိုသူအပေါင်းတို့သည်လည်း၊ ထိုနည်းတူ လျှောက်ကြ၏။


ဂေသရှေမန်ဥယျာဉ်၌ ဆုတောင်း

၃၂ ထိုအခါ ဂေသရှေမန်အရပ်သို့ ရောက်ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်းစဉ်တွင် သင်တို့သည် ဤအရပ်၌ ထိုင်နေကြလော့၊ ဟုတပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ၃၃ ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကို ခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။ ၃၄ ထိုအခါငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်းရှိ၏။ ဤအရပ်၌ စောင့်နေကြ၊ ဟုတပည့်တော် သုံးယောက်တို့အား မိန့်တော်မူ၍၊ ၃၅ ထိုမှ အနည်းငယ်လွန်ပြန်လျှင်၊ မြေပေါ်မှာ ပြပ်ဝပ်၍၊ အိုအဘခမည်းတော်၊ ၃၆ ကိုယ်တော်သည်၊ အလုံးစုံတို့ကို တတ်နိုင်တော်မူ၏။ ဤခွက်ကို အ​ကျွန်ုပ်မှ လွှဲတော်မူပါ၊ သို့သော်လည်း အ​ကျွန်ုပ်အလိုရှိသည်အတိုင်း၊ မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း၊ ဖြစ်ပါစေသော်ဟူ၍၊ ထိုအချိန်နာရီသည် မိမိနှင့်လွန်သွားနိုင်လျှင် လွန်သွားပါမည်အကြောင်း ဆုတောင်းတော်မူပြီးမှ၊ ၃၇ ပြန်လာ၍ တပည့်တော်တို့သည်၊ အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူလျှင်၊ ရှိမုန်၊ သင်သည် အိပ်ပျော်သလော။ တနာရီခန့်မျှ စောင့်နေခြင်းငှါ မစွမ်းနိုင်သလော။ ၃၈ စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ဆုတောင်းလျက် စောင့်နေကြလော့။ စိတ်ဝိညာဉ်ကား စေတနာရှိ ငြားသော်လည်း၊ ကိုယ်မူကား အားနည်းသည်၊ ဟုပေတရုအား မိန့်တော်မူပြီးမှ၊ ၃၉ တဖန်သွား၍၊ ရှေ့မြွက်ဆိုသည်နည်းတူ၊ ဆုတောင်းတော်မူ၏။ ၄၀ ထိုနောက် တပည့်တော်တို့ရှိရာသို့ ပြန်၍၊ သူတို့သည် မျက်စိလေးလံသဖြင့်၊ တဖန် အိပ်ပျော်လျက် နေကြသည်ကို တွေ့တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက်ရမည်ကို မသိကြ။ ၄၁ သုံးကြိမ်မြောက်အောင် သူတို့ရှိရာသို့ ပြန်လာလျှင်၊ ယခုအိပ်ပျော်၍ ငြိမ်ဝပ်စွာနေကြလော့။ အမှုလွန်ပြီ။ လူသားကို ဆိုးသောသူတို့လက်သို့ အပ်နှံရသောအချိန် ရောက်လာပြီ။ ၄၂ ထကြ၊ ငါတို့သည် သွားကြကုန်အံ့။ ငါ့ကိုအပ်နှံသောသူသည် ရောက်လာပြီ။ ဟုမိန့်တော်မူ၏။


ယေရှုကိုဖမ်းဆီးကြ

၄၃ ထိုသို့မိန့်တော်မူစဉ်တွင်ပင်၊ တပည့်တော် တကျိပ်နှစ်ပါးအဝင် ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲများ စေလွှတ်သော လူအစုအဝေးအပေါင်းတို့သည်၊ ထားနှင့်ဒုတ်များကို ကိုင်လျက် ချက်ချင်းလာကြ၏။ ၄၄ ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်း၍ လုံခြုံစွာဆောင်သွားကြ၊ ဟုထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊ ၄၅ သူသည် ရောက်လျှင်၊ ကိုယ်တော်ရင်းသို့ ချက်ချင်းချဉ်းကပ်၍ အရှင်ဘုရား၊ ဆရာ၊(a) ဟုဆိုလျက်နမ်းလေ၏။ ၄၆ ထိုသူတို့သည်လာ၍၊ ကိုယ်တော်ကို ဆွဲကိုင်ဖမ်းဆီးကြ၏။ ၄၇ အနား၌ ရပ်နေသောသူ တယောက်သည်၊ ဓါးကို ဆွဲထုတ်ပြီးလျှင်၊ ယဇ်ပုရောဟိတ်မင်း၏​ကျွန်တယောက်ကို ခုတ်သဖြင့်၊ နားရွက်ပြတ်လေ၏။ ၄၈ ယေရှုကလည်း၊ သင်တို့သည် ထားပြကို ဖမ်းသကဲ့သို့ ငါ့ကိုဖမ်းအံ့သောငှါ၊ ထားနှင့်ဒုတ်များကို လက်စွဲလျက် လာကြသည်တကား။ ၄၉ ငါသည် ဗိမာန်တော်၌ နေ့တိုင်း ဆုံးမဩဝါဒပေးလျက်၊ သင်တို့အလယ်၌ ရှိနေစဉ်အခါ၊ သင်တို့သည် ငါ့ကိုမဖမ်းမဆီးကြ။ ဤအကြောင်းအရာကား၊ ၅၀ ကျမ်းစာပြည့်စုံမည် အကြောင်းတည်း၊ ဟုထိုလူများကို မိန့်တော်မူ၏။ ၅၁ ထိုအခါ တပည့်တော် အပေါင်းတို့သည်၊ ကိုယ်တော်ကိုစွန့်ပစ်၍ ပြေးကြ၏။ လုလင်တယောက်သည်၊ စောင်တထည်ကိုသာ ဝတ်လျက် နောက်တော်သို့ လိုက်သည်ဖြစ်၍၊ မင်းလုလင်တို့သည် ထိုသူကိုဖမ်းဆီးကြ၏။ ၅၂ သူသည်လည်း စောင်ကိုစွန့်ပစ်၍၊ အဝတ်မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေးလေ၏။


ယေရှုကို ယဇ်ပုရောဟိတ်မင်းထံ ဆောင်သွားကြ
CROSS REFERENCES






၅၃ ထိုသူတို့သည် ယေရှုကို ယဇ်ပုရောဟိတ်မင်းထံသို့ ဆောင်သွားကြ၏။ ထိုမင်းထံ၌ ယဇ်ပုရောဟိတ်အကြီး၊ လူအကြီးအကဲ၊ ကျမ်းပြုဆရာ အပေါင်းတို့သည် စည်းဝေးကြ၏။ ၅၄ ပေတရုသည်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဦးအတွင်းသို့ တိုင်အောင်၊ ကိုယ်တော်နှင့် ဝေးစွာလိုက်ပြီးလျှင်၊ မင်းလုလင်တို့နှင့် အတူထိုင်၍ မီးလှုံလေ၏။ ၅၅ ယဇ်ပုရောဟိတ်အကြီး တို့နှင့်လွှတ် အရာရှိအပေါင်းတို့သည်၊ ယေရှုကို သတ်ရမည်အကြောင်း သက်သေကို ရှာသော်လည်း မတွေ့ကြ။ ၅၆ လူများတို့သည် မမှန်သော သက်သေကို ခံကြသော်လည်း၊ သူတို့၏ သက်သေခံချက်သည်မညီ။ ၅၇ အချို့တို့သည်ထ၍၊ ဤသူက၊ လူတို့လက်ဖြင့်လုပ်သော၊ ၅၈ ဤဗိမာန်တော်ကို ငါဖြိုဖျက်၍၊ လူတို့လက်ဖြင့် မလုပ်သော ဗိမာန်တော်တဆူကို၊ တည်ဆောက်မည်၊ ဟုပြောဆိုသည်ကို အ​ကျွန်ုပ်တို့ကြားရပါပြီ၊ ဟုသက်သေခံကြ၏။ [F] ၅၉ သို့သော်လည်း သူတို့၏ သက်သေခံချက်သည် မညီ။ ၆၀ ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တတ်ထ၍၊ သင်သည် တခွန်းမျှပြန်၍ မပြောသလော။ ဤသူတို့သည် အဘယ်သို့ သက်သေခံသနည်း၊ ဟုယေရှုကိုမေးလျှင်၊ ၆၁ ကိုယ်တော်သည် တခွန်းမျှ ပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တဖန် ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော၊ မင်္ဂလာရှိသော ဘုရားသခင်၏ သားတော်မှန်သလော၊ ဟုမေးပြန်လျှင်၊ ၆၂ ယေရှုက၊ မှန်၏၊ နောင်ကာလ၌ လူသားသည်၊ တန်ခိုးတော်၏ လက်ျာဘက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာသည် ကိုသင်တို့မြင်ရကြလတံ့၊ ဟုမိန့်တော်မူ၏။ ၆၃ ထိုအခါ ယဇ်ပုရောဟိတ်မင်းသည်၊ မိမိအဝတ်ကို ဆုတ်လျက် အဘယ်သက်သေကို လိုသေးသနည်း။ ၆၄ ဘုရားကိုလွန်ကျူး၍ ပြောသော စကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်း၊ ဟုမေးမြန်းလျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။ ၆၅ ထိုအခါအချို့တို့သည်၊ ကိုယ်တော်ကို တံထွေးနှင့်ထွေးကြ၏။ မျက်နှာတော်ကို ဖုံးပြီးလျှင် လက်သီးနှင့်ထိုးလျက်၊ ပရောဖက်ပြု၍ ဟောတော်မူပါ၊ ဟုဆိုကြ၏။ မင်းလုလင်တို့သည်လည်း၊ ပါးတော်ကိုလက်နှင့် ပုတ်ကြ၏။


ပေတရုငြင်းပယ်

၆၆ ပေတရုသည် အောက်မှာအိမ်ဦး၌ ရှိစဉ်၊ ယဇ်ပုရောဟိတ်မင်း၏ အစေအပါ မိန်းမတယောက်သည် လာ၍၊ ၆၇ ပေတရုသည် မီးလှုံလျက်နေသည်ကို မြင်သောအခါ၊ သူ့ကိုစေ့စေ့ကြည့်၍၊ သင်သည်လည်း နာဇရက်မြို့သား ယေရှုနှင့် ပေါင်းဖေါ်သောသူ ဖြစ်သည်၊ ဟုဆိုလျှင်၊ ၆၈ ပေတရုက၊ သင်ပြောသော အရာကိုငါမသိ၊ နားမလည်၊ ဟုငြင်းခုံပြီးမှ အိမ်ဦးရှေ့သို့ ထွက်သော် ကြက်တွန်လေ၏။ ၆၉ နောက်တဖန် အစေအပါ မိန်းမသည် ပေတရုကိုမြင်လျှင်၊ အနား၌ ရပ်နေသောသူတို့အား၊ ဤသူသည် ထိုသူတို့အဝင် ဖြစ်သည်၊ ဟုဆိုသော်၊ ၇၀ ပေတရုသည် တဖန်ငြင်းခုံပြန်၏။ ထိုနောက်များ မကြာအနား၌ ရပ်နေသောသူတို့က၊ အကယ်စင်စစ် သင်သည် ထိုသူတို့အဝင်ဖြစ်၏။ သင်သည် ဂါလိလဲလူဖြစ်၏။ သင့်စကားလည်းတူ၏၊ ဟုပေတရုကိုဆိုကြလျှင်၊ ၇၁ ပေတရုက၊ သင်တို့ပြောသော သူကိုငါမသိ၊ ဟုဓိဋ္ဌာန်ပြု၍ ကြိမ်ဆိုသည်နောက်၊ ၇၂ တဖန်ကြက်တွန်လေ၏။ ယေရှုက၊ ကြက်သည် နှစ်ကြိမ် မတွန်မှီသင်သည် သုံးကြိမ်မြောက်အောင်၊ ငါ့ကို ငြင်းပယ်လိမ့်မည်၊ ဟုမိန့်တော်မူသော စကားကို၊ ပေတရုသည် သတိရသဖြင့် ခေါင်းကိုခြုံ၍ ငိုကြွေးလေ၏။

_________________________
Footnotes


၄၅ (a) မူရင်းဂရိတ်ကျမ်း၌ ῥαββί အင်္ဂလိပ်အသံထွက် Rhabbi ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား"ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" သို့မဟုတ် "သခင်" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.