-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
၁၃
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၁၃


ခရစ်တော်ကြွလာမည့်နိမိတ်များ
CROSS REFERENCES






ကိုယ်တော်သည် ဗိမာန်တော်မှ ထွက်ကြွတော်မူသော်၊ တပည့်တော် တယောက်က၊ ဆရာ၊(a) ကြည့်ရှုတော်မူပါ။ ဧရာကျောက်ကြီးတကား၊ ဧရာတိုက်ဆောင်ကြီးတကား၊ ဟုလျှောက်လျှင်၊ ယေရှုက၊ ဤကြီးစွာသော တိုက်ဆောင်တို့ကို သင်သည် ယခုမြင်ရ၏။ မဖြိုမချဘဲ ကျောက်တခုပေါ်မှာ တခုမျှ မတည်မနေရ၊ ဟုမိန့်တော်မူ၏။ [A] ထိုနောက် သံလွင်တောင်ပေါ်မှာ၊ ဗိမာန်တော်ရှေ့ ရှုထိုင်တော်မူစဉ်၊ ပေတရု၊ ယာကုပ်၊ ယောဟန်၊ အန္ဒြေတို့က၊ ထိုအမှုအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၎င်း၊ ထိုအမှုအရာရှိ သမျှတို့သည် ပြည့်စုံချိန်နီးသောအခါ၊ အဘယ် ပုပ္ပနိမိတ် ပေါ်ထွန်းမည်ကို၎င်း၊ အမိန့်ရှိတော်မူပါ၊ ဟုအခြားသူမပါဘဲ လျှောက်ကြ၏။


ယေရှုအတုပေါ်မည်

ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ၊ သတိပြုကြလော့၊ အများသောသူတို့က၊ ငါသည် ဤမည်သောသူ ဖြစ်၏၊ ဟုဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့်၊ လူများတို့ကို လှည့်ဖြားကြလိမ့်မည်။ သင်တို့သည် စစ်တိုက်ကြောင်းကို၎င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၎င်း၊ ကြားရသောအခါ စိုးရိမ်တုန်လှုပ်ခြင်း မရှိကြနှင့်၊ ထိုသို့ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ မြေကြီးလှုပ်ခြင်း ဖြစ်လိမ့်မည်။ အစာခေါင်းပါးခြင်းနှင့် မငြိမ်မသက်ခြင်း တို့သည်လည်း ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည်၊ ဒုက္ခဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။


လွှတ်ရုံးသို့အပ်နှံကြလိမ့်မည်

သင်တို့သည် ကိုယ်ကိုကိုယ် သတိပြုကြလော့။ အကြောင်းမူကား၊ သင်တို့ကို လွှတ်ရုံးသို့ အပ်နှံကြလိမ့်မည်။ တရားစရပ်တို့၌ ရိုက်ကြလိမ့်မည်။ ထိုသူတို့အား သက်သေဖြစ်မည်အကြောင်း၊ သင်တို့သည်ဝန်မင်း၊ ရှင်ဘုရင်ထံသို့ ငါ့ကြောင့် ရောက်ကြလိမ့်မည်။ ၁၀ ဧဝံဂေလိတရားကို ရှေ့ဦးစွာ လူမျိုးအပေါင်းတို့အား ဟောရလိမ့်မည်။ သင်တို့ကို အပ်နှံခြင်းငှါ ပို့ဆောင်ကြသောအခါ၊ အဘယ်သို့ ပြောဆိုရမည်ကို မစိုးရိမ်ကြနှင့်။ ၁၁ ရှေ့မဆွက မဆင်ခြင်ကြနှင့်။ ထိုခဏခြင်းတွင် သင်တို့ရသောစကားကို သာပြောကြလော့။ အကြောင်းမူကား၊ သင်တို့အလို အလျောက် ပြောကြသည်မဟုတ်၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ပြောတော်မူ၏။ ၁၂ ထိုကာလ၌ ညီအစ်ကိုချင်း တယောက်ကို တယောက် သေစေခြင်းငှါ အပ်လိမ့်မည်။ အဘသည်လည်း သားကိုအပ်လိမ့်မည်။ သားသမီးတို့သည်လည်း မိဘကို ရန်ဘက်ပြု၍ သေစေကြလိမ့်မည်။ ၁၃ လူအပေါင်းတို့သည်လည်း ငါ၏နာမကြောင့်၊ သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏၊ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။


ရွံရှာဘွယ်အရာ
CROSS REFERENCES






၁၄ ပရောဖက် ဒံယေလဟောသည်အတိုင်း၊ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် မနေသင့်သောအရပ်၌ စိုက်နေသည်ကို သင်တို့မြင်ရလျှင်၊ [B] ကျမ်းစာကို ကြည့်သောသူသည် နားလည်ပါစေ။ ထိုသို့မြင်ရလျှင်၊ ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ ၁၅ အိမ်မိုးပေါ်မှာ ရှိသောသူသည် အိမ်ထဲသို့ မဆင်းစေနှင့်။ အိမ်ထဲက တစုံတခုကို ယူခြင်းငှါ မဝင်စေနှင့်။ ၁၆ လယ်၌ ရှိသောသူလည်း၊ မိမိအဝတ်ကို ယူခြင်းငှါ နောက်သို့မပြန်စေနှင့်။ ၁၇ ထိုနေ့ရက်၌ ကိုယ်ဝန်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည်၊ အလွန်ခက်ကြလိမ့်မည်။ ၁၈ သင်တို့ပြေးရသော အချိန်သည်၊ ဆောင်းကာလ၌ မကျရမည်အကြောင်း၊ ဆုတောင်းကြလော့။ ၁၉ အကြောင်းမူကား၊ ဘုရားသခင် ဖန်ဆင်းတော်မူသော ကမ္ဘာဦးမှစ၍၊ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်ပိုင်း၌လည်း မဖြစ်လတံ့သော ဒုက္ခသည်၊ ထိုနေ့ရက်ကာလ၌ ဖြစ်လိမ့်မည်။ ၂၀ ထိုကာလကို ဘုရားသခင်သည် တာရှည်စေလျှင်၊ အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်တော်မူသောသူ တို့အဘို့အလိုငှါ၊ ထိုကာလကို တိုစေတော်မူမည်။


ခရစ်တော်ရှိသည်ဟုမယုံနှင့်
CROSS REFERENCES






၂၁ ထိုအခါ သူတပါးက၊ ဤအရပ်၌ ခရစ်တော်ရှိသည်၊ ထိုအရပ်၌ ရှိသည်၊ ဟုဆိုသော်လည်း မယုံကြနှင့်။ ၂၂ အကြောင်းမူကား၊ ခရစ်တော်၏ အယောင်ကို ဆောင်သောသူနှင့်၊ မိစ္ဆာပရောဖက်တို့သည် [C] ပေါ်လာ၍၊ ရွေးချယ်သောသူတို့ကိုပင် လှည့်ဖြားနိုင်လျှင်၊ လှည့်ဖြားလောက်အောင် နိမိတ်လက္ခဏာ အံ့ဘွယ်သော အမှုတို့ကို ပြကြလိမ့်မည်။ ၂၃ သင်တို့သည် သတိပြုကြလော့၊ ထိုအကြောင်း အရာရှိသမျှကို ငါပြောနှင့်ပြီ။


ခရစ်တော် ကြွလာသောအခါ

၂၄ ထိုကာလ၏ ဒုက္ခဆင်းရဲခြင်းနောက်မှ၊ နေသည် မိုက်လိမ့်မည်။ လသည် အရောင်မပေး။ ၂၅ ကောင်းကင်ကြယ်တို့သည် ကျကြလိမ့်မည်။ ကောင်းကင် တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ ၂၆ ထိုအခါလူသားသည်၊ ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို၊ မြင်ရကြလိမ့်မည်။ ၂၇ ထိုအခါ လူသားသည်၊ မိမိတမန်တို့ကို စေလွှတ်သဖြင့် မိမိရွေးချယ်သောသူတို့ကို၊ အရပ်လေးမျက်နှာ ကောင်းကင် အောက်ထက်ဝန်းကျင်တို့မှ ခေါ်၍၊ စုရုံးစေတော်မူလတံ့။


လူသားသည် တံခါး၀မှာ

၂၈ သင်္ဘောသဖန်းပင်ကို အစွဲပြု၍၊ ပုံသက်သေတခုကို မှတ်ကြလော့။ သင်္ဘောသဖန်းပင်သည်၊ အခက်အလက်နု၍ အရွက်ပေါက်သောအခါ၊ နွေကာလနီးသည်ကို သင်တို့သိကြ၏။ ၂၉ ထိုနည်းတူ၊ ထိုအကြောင်းအရာများ ဖြစ်သည်ကို မြင်ရလျှင်၊ လူသားသည် တံခါးဝတိုင်အောင် အနီးသို့ ရောက်တော်မူသည်ကို၊ သိမှတ်ကြလော့။ ၃၀ ငါအမှန်ဆိုသည်ကား၊ ယခုဖြစ်သော လူများမကုန်မှီ၊ ထိုအကြောင်းအရာ အလုံးစုံတို့သည် ဖြစ်ကြလိမ့်မည်။ ၃၁ ကောင်းကင်နှင့် မြေကြီး မတည်သော်လည်း၊ ငါ့စကား တည်လိမ့်မည်။


လာမည့်အချိန် စောင့်နေကြလော့
CROSS REFERENCES






၃၂ ထိုအချိန် နာရီကိုကား၊ ခမည်းတော်မှတပါး အဘယ်သူမျှမသိ။ ကောင်းကင်တမန်များမသိ။ သားတော်လည်းမသိ။ ၃၃ ထိုအချိန်ကာလသည် အဘယ်အခါ၌ ရောက်မည်ကို သင်တို့မသိသောကြောင့်၊ သတိပြု၍ ဆုတောင်းလျက် စောင့်နေကြလော့။ ၃၄ ဥပမာကား၊ လူတဦးသည် အခြားသောပြည်သို့ သွားမည်အကြံရှိသည်နှင့်၊ မိမိအိမ်ကို ငယ်သားတို့ လက်သို့အပ်၍၊ သူတို့ ဆောင်ရွက်စရာအမှုကို အသီးသီး ခွဲခန့်စီမံ၍၊ တံခါးမှူးကို စောင့်နေစေ၊ ဟုမှာထားပြီးမှ သွားသည်ဖြစ်၍၊ ၃၅ အိမ်ရှင်သည် ညဦးအချိန်၊ သန်းခေါင်အချိန်၊ ကြက်ဦးတွန်ချိန်၊ နံနက်အချိန်တို့တွင် အဘယ်အချိန်၌ လာမည်ကို သင်တို့မသိသောကြောင့်၊ စောင့်နေကြလော့။ [D]၃၆ သို့မဟုတ် အမှတ်တမဲ့လာ၍၊ သင်တို့ အိပ်ပျော်သည်ကို တွေ့လိမ့်မည်။ ၃၇ စောင့်နေကြလော့၊ ဟုသင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသော သူတို့အားငါဆိုသည်၊ ဟုမိန့်တော်မူ၏။

_________________________
Footnotes


(a) မူရင်းဂရိတ်ကျမ်း၌ Διδάσκαλε အင်္ဂလိပ်အသံထွက် Didaskale ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား" ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.