-
AA
+
🡀
|
🡂
ရှင်မာကုခရစ်ဝင်
၁၁
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မာကုခရစ်ဝင်
အခန်းကြီး ၁၁
CROSS REFERENCES






သခင်ယေရှု ရှင်ဘုရင်အဖြစ်ပေးနေ့ [A]
CROSS REFERENCES






ယေရုရှလင်မြို့နှင့်အနီး၊ သံလွင်တောင်​ခြေရင်း၌ ၊ ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်ကြသောအခါ၊ တပည့်တော် နှစ်ယောက်တို့ကို စေလွှတ်တော်မူ၍၊ သင်တို့ရှေ့၌ ရှိသောရွာသို့သွားကြ။ ထိုရွာသို့ရောက်လျှင်၊ အဘယ်သူမျှ မစီးဘူးသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို၊ သင်တို့သည် ချက်ချင်းတွေ့လိမ့်မည်။ မြည်းကြိုး ကိုဖြည်၍ ဆောင်ခဲ့ကြ။ သူတပါးက၊ အဘယ်ကြောင့် ဤသို့ပြုသနည်း၊ ဟုသင်တို့အားဆိုလျှင်၊ သခင်အလိုရှိသည်၊ ဟုပြန်ပြောကြလော့။ ထိုသို့ပြောလျှင်၊ ထိုသူသည် ချက်ချင်းပေးလိုက်မည်၊ ဟုမှာထားတော်မူ၏။ တပည့်တော်တို့သည် သွား၍၊ လမ်း၌တံခါးပြင်မှာ ချည်ထားသော မြည်းကလေးကို တွေ့ပြီးလျှင်၊ မြည်းကြိုးကို ဖြည်ကြ၏။ ထိုအရပ်၌ ရပ်နေသောသူအချို့တို့က၊ အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်း၊ ဟုဆိုလျှင်၊ ယေရှုမှာ ထားတော်မူသည်အတိုင်း၊ တပည့်တော်တို့သည် ပြန်ပြောပြီးမှ၊ ထိုသူတို့သည် အခွင့်ပေးကြ၏။ ယေရှုထံတော်သို့ မြည်းကလေးကို ဆောင်ခဲ့၍၊ မိမိတို့အဝတ်ကို မြည်းကျောပေါ်မှာ တင်ကြပြီးလျှင်၊ ကိုယ်တော်သည် စီးတော်မူ၏။ လူများတို့သည် မိမိတို့အဝတ်ကို လမ်း၌ ခင်းကြ၏။ အချို့တို့သည် သစ်ကိုင်းသစ်ခက်များကို ခုတ်၍၊ လမ်း၌ခင်းကြ၏။ ရှေ့နောက် လိုက်သွားသောသူတို့က၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရဘုရား၏ အခွင့်နှင့် ကြွလာ တော်မူသောသူသည်၊ မင်္ဂလာရှိစေသတည်း။ ၁၀ ထာဝရဘုရား၏ အခွင့်နှင့် ယခုတည်လုသော ငါတို့အဘဒါဝိဒ်၏ နိုင်ငံတော်သည်၊ မင်္ဂလာရှိစေသတည်း။ ကောင်းကင် ဘဝဂ်ဝယ်ဟောရှဏ္ဏ [B] ဖြစ်စေသတည်း၊ ဟုကြွေးကြော်ကြ၏။ ၁၁ ယေရှုသည် ယေရုရှလင်မြို့သို့၎င်း၊ ဗိမာန်တော်သို့၎င်းဝင်၍၊ အရာရာတို့ကို ကြည့်ရှုတော်မူပြီးလျှင်၊ မိုးချုပ်သောကြောင့်၊ တကျိပ် နှစ်ပါးသောသူ တို့နှင့်တကွ၊ ဗေသနိရွာသို့ ထွက်ကြွတော်မူ၏။

CROSS REFERENCES






သင်္ဘောသဖန်းပင်ကျိန် [C]

၁၂ နက်ဖြန်နေ့၌ ဗေသနိရွာမှ ပြန်ကြစဉ်တွင် ဆာမွတ်တော်မူ၏။ ၁၃ အရွက်နှင့် ပြည့်စုံသော သင်္ဘောသဖန်းပင်ကို အဝေးမှမြင်လျှင်၊ သင်္ဘောသဖန်းသီး ဆွတ်သောအချိန် ကာလမရောက်သေး သောကြောင့်၊ ထိုအပင်၌ အသီးကို တွေ့ကောင်းတွေ့လိမ့်မည်၊ ဟုကြွသွား၍ ရောက်သောအခါ၊ အရွက်ကိုသာ တွေ့တော်မူသည်ရှိသော်၊ ၁၄ ယခုမှစ၍ အစဉ်မပြတ်၊ သင်၏အသီးကို၊ အဘယ်သူမျှ မစားစေနှင့်၊ ဟုမိန့်တော်မူ၏။ တပည့်တော်တို့သည်လည်း ကြားကြ၏။


ဗိမာန်တော်ရှင်း
CROSS REFERENCES






၁၅ ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ယေရှုသည် ဗိမာန်တော်သို့ ဝင်တော်မူပြီးလျှင်၊ ဗိမာန်တော်၌ ရောင်းဝယ်သောသူတို့ကို နှင်ထုတ်၍ ပွဲစားခုံတို့ကို၎င်း၊ ချိုးငှက်ရောင်းသော သူတို့၏ ထိုင်ရာကို၎င်း၊ တွန်းလှဲတော်မူ၍၊ ၁၆ ဗိမာန်တော်အထဲ၌ အဘယ်သူမျှ အဘယ်ပစ္စည်းမျှ မဆောင်မသွင်းမည့်အကြောင်း မြစ်တားတော်မူလျက်၊(a) ၁၇ ငါ့အိမ်ကို လူအမျိုးမျိုးဆုတောင်း ရာအိမ်ဟူ၍၊ ခေါ်ဝေါ်ကြလတံ့၊ [D]၊ ဟုကျမ်းစာ၌ လာသည်မဟုတ်လော။ သို့သော်လည်း သင်တို့သည်၊ ထိုအိမ်ကို ဓါးပြတွင်း ဖြစ်စေကြပြီတကား ဟူ၍၊ ဆုံးမဩဝါဒ ပေးတော်မူ၏။ ၁၈ ကျမ်းပြုဆရာနှင့် ယဇ်ပုရောဟိတ် အကြီးတို့သည် ကြားလျှင်၊ ကိုယ်တော်ကို သတ်ရသောအခွင့်ကို ရှာကြံကြ၏။ လူများအပေါင်းတို့သည်၊ ဆုံးမဩဝါဒ ပေးတော်မူခြင်းကို၊ အံ့ဩ မိန်းမောသောကြောင့်၊ ထိုသူတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ကြ၏။ ၁၉ ညအချိန် ရောက်သောအခါ၊ မြို့ပြင်သို့ ထွက်တော်မူ၏။


သင်္ဘောသဖန်းပင် ခြောက်သွေ့

၂၀ နံနက်အချိန်တွင် လမ်း၌ သွားကြစဉ်၊ သင်္ဘောသဖန်းပင်သည် အမြစ်မှစ၍ ခြောက်သွေ့လျက် ရှိသည်ကိုမြင်ကြ၏။ ၂၁ ပေတရုသည် သတိရလျှင်၊ ဆရာ(b) ကြည့်တော်မူပါ။ ကျိန်တော်မူသော သင်္ဘောသဖန်းပင်သည်၊ ​ခြောက်သွေ့ ပါပြီတကား၊ ဟုလျှောက်လေ၏။ ၂၂ ယေရှုကလည်း၊ သင်တို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းရှိကြလော့။ ၂၃ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသော စိတ်နှင့်ကင်း၍၊ မိမိဆိုသည် အတိုင်းဖြစ်မည်၊ ဟုယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့၊ ဟုဆိုလျှင်၊ ထိုသူ ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။ ၂၄ ထိုကြောင့် ငါဆိုသည်ကား၊ သင်တို့သည် ဆုကျေးဇူးကိုရမည်၊ ဟုယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။


ဆုတောင်းလျှင် သူတပါးအပြစ်လွှတ်ပါ

၂၅ သင်တို့သည် ဆုတောင်းသောအခါ၊ သူတပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင်ကောင်း ကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ သင်တို့၏ အပြစ်ကို လွှတ်တော်မူမည်။ ၂၆ သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ သင်တို့၏ အပြစ်ကို လွှတ်တော်မမူ၊ ဟုမိန့်တော်မူ၏။


မည်သူ၏အခွင့်နှင့် ပြုသနည်း

၂၇ ယေရုရှလင်မြို့သို့ တဖန်ရောက်ကြပြီးမှ၊ ဗိမာန်တော်တွင် စင်္ကြံသွားတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည်၊ အထံတော်သို့ ချဉ်းကပ်၍၊ ၂၈ ကိုယ်တော်သည်၊ ဤအမှုများကို အဘယ်အခွင့်နှင့် ပြုသနည်း။ ဤသို့ပြုရသော အခွင့်ကို၊ အဘယ်သူပေးသနည်း၊ ဟုမေးလျှောက်ကြသော်၊ ၂၉ ယေရှုက၊ ငါသည် တစုံတခုကိုမေးဦးမည်။ သင်တို့​ဖြေကြလော့။ ​ဖြေလျှင် ဤအမှုများကို၊ အဘယ်အခွင့်နှင့် ငါပြုသည်ကို ငါပြောမည်။ ၃၀ ယောဟန်၏ ဗတ္တိဇံတရားသည် ဘုရားကဖြစ်သလော၊ လူက ဖြစ်သလော။ ဤအမေးကို ​ဖြေကြလော့၊ ဟုမိန့်တော်မူ၏။ ၃၁ ထိုသူတို့သည် အချင်းချင်း ဆင်ခြင်ကြ၍၊ ဘုရားက ဖြစ်သည်၊ ဟုငါတို့​ဖြေလျှင်၊ သင်တို့သည် ယောဟန်ကို အဘယ်ကြောင့် မယုံသနည်း၊ ဟုသူမေးလေဦးမည်။ ၃၂ လူကဖြစ်သည်၊ ဟုငါတို့​ဖြေလျှင်၊ လူများကို ကြောက်ရ၏။ ယောဟန်သည် ပရောဖက်အမှန် ဖြစ်သည်ကို၊ လူအပေါင်းတို့သည် အယူရှိကြ၏၊ ဟုအချင်းချင်း ဆင်ခြင်ပြီးမှ၊ ၃၃ အ​ကျွန်ုပ်တို့မသိပါ၊ ဟုယေရှုအား ပြန်ပြောကြ၏။ ယေရှုကလည်း၊ ထိုအတူ ဤအမှုများကို အဘယ်အခွင့်နှင့် ငါပြုသည်ကို၊ ငါမပြော၊ ဟုမိန့်တော်မူ၏။

_________________________
Footnotes



၁၆ (a) မြန်မာကျမ်းစာအုပ်၌ "ဗိမာန်တော်ထဲ၌ အဆောက်အဦးကို အဘယ်သူမျှ မဆောင်မရွက် ရမည်အကြောင်း မြစ်တားတော်မူလျက်" ဟုရေးထားသည်။

၂၁ (b) မူရင်းဂရိတ်ကျမ်း၌ Ῥαββί အင်္ဂလိပ်အသံထွက် Rabbi ကိုမြန်မာကျမ်းစာအုပ်၌ "အရှင်ဘုရား"ဟုဘာသာပြန်ထားသည်။ ထိုအရာသည် "ဆရာ" သို့မဟုတ် "သခင်" ဖြစ်သည်။


S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.