၇ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားကို အော်ဟစ်၍ လျှောက်ကြသောအခါ၊ ထာဝရဘုရားသည် နားထောင်တော်မူသဖြင့်၊ အကျွန်ုပ်တို့ ခံရသော ညှဉ်းဆဲနှိပ်စက်ခြင်း၊ ပင်ပန်းခြင်းတို့ကို ကြည့်တော် ရှုတော်မူ၏။
၃၆ အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည်၊ အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဖို့ရာ ထားသော သိုးကဲ့သို့၊ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏။ ဟုကျမ်းစာလာသည် နှင့်အညီ၊ ဆင်းရဲငြိုငြင်ခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက်ခြင်းကို ခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည်၊ ခရစ်တော်၏ ချစ်ခြင်း မေတ္တာတော်နှင့်၊ ငါတို့ကို ကွာစေမည်နည်း။
၁၀ သို့ဖြစ်၍ ခရစ်တော်ကြောင့် ခံရသောအားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား၊ ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏။
s ပေါလု၌ တမန်တော်၏လက္ခဏာများရှိ
၈ သူတို့ကို အဲဂုတ္တုပြည်၊ အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့နေရာ နို့နှင့်ပျားရည် စီးတတ်သောပြည်သို့ ပို့ဆောင်ခြင်းငှာ ငါဆင်းလာပြီ။
၁၇ အဲဂုတ္တုပြည်၌ ခံရသောဒုက္ခထဲက သင်တို့ကိုငါနှုတ်၍၊ ခါနနိလူ၊ ဟိတ္တိလူ၊ အာမောရိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ နေရာ၊ နို့နှင့်ပျားရည်စီးတတ်သောပြည်သို့ပို့ဆောင်မည်၊ ငါကတိရှိသည်၊ ဟုမိန့်တော်မူပြီ၊ ဟုသူတို့အား ပြောလော့။
sဣသရေလလူတို့သည် ကြွယ်၀စွာ ထွက်သွားကြမည်
၅ သင်တို့အား ပေးခြင်းငှာ ဘိုးဘေးများ၌ ထာဝရဘုရား ကျိန်ဆိုတော်မူသောပြည်၊ ခါနနိလူ၊ တိတ္တိလူ၊ အာမောရိလူ၊ ဟိဝိလူ၊ ယေဗုသိလူတို့ နေရာတည်းဟူသော နို့နှင့်ပျားရည်စီးသော ပြည်သို့ပို့ဆောင်တော်မူပြီးမှ၊ ယခုလတွင် သင်တို့သည် ဤဝတ်ကို ပြုရကြမည်။
၃ နို့နှင့်ပျားရည်စီးသောပြည်သို့ သင်တို့ကို ပို့ဆောင်လိမ့်မည်။ သင်တို့နှင့်အတူ ငါကိုယ်တိုင်မသွား။ သင်တို့သည် လည်ပင်းခိုင်မာသောလူမျိုး ဖြစ်သောကြောင့်၊ လမ်း၌ သွားစဉ် သင်တို့ကို ငါဖျက်ဆီးမည် စိုးရိမ်စရာရှိသည်၊ ဟုမောရှေအား မိန့်တော်မူ၏။
၂၇ မောရှေအားလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော် စေလွှတ်သော ပြည်သို့ ရောက်ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့နှင့်ပျားရည် စီးသောပြည် ဖြစ်ပါ၏။ ဤအသီးတို့ကား ထိုပြည်၌ သီးသော အသီးဖြစ်ပါ၏။
၈ ထာဝရဘုရားသည် ငါတို့ကို နှစ်သက်လျှင်၊ နို့နှင့်ပျားရည်စီးသောထိုပြည်သို့ ငါတို့ကို ဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။
၁၃ သင်သည် ဤတော၌ ငါတို့ကို သတ်လိုလျှင် နို့နှင့်ပျားရည်စီးသောပြည် မှဆောင်ခဲ့သော်လည်း၊ ငါတို့အပေါ်၌ လုံးလုံးမင်း မပြုလျှင်၊ စိတ်မပြေသေးသည်တကား။
၂၄ သူတို့ပြည် တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည် ကိုသင်တို့သည် အမွေခံစေခြင်းငှာ ငါအပိုင်ပေးမည်၊ ဟုငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ ဘုရားသခင် ထာဝရဘုရားဖြစ်၏။
၃ အိုဣသရေလအမျိုး၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း၊ သင်သည် နို့နှင့်ပျားရည်စီးသောပြည်၌ ချမ်းသာရ၍ အလွန်ပွားများမည် အကြောင်း နားထောင်လော့။ သတိနှင့်ကျင့်စောင့်လော့။
၉ ထာဝရဘုရားသည် သင်တို့၏ ဘိုးဘေးတို့နှင့် သူတို့ အမျိုးအနွယ်အား ပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့ အသက်တာ ရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသော ပညတ်တို့ကို စောင့်ရှောက်ရကြမည်။
၉ နို့နှင့်ပျားရည်စီးသောဤပြည် သို့ပို့ဆောင်၍ ပေးသနားတော်မူ၏။
၁၅ ကိုယ်တော်၏ သန့်ရှင်းသော နေရာ ကောင်းကင်ဘုံမှ ငုံ့ကြည့်၍၊ ကိုယ်တော်၏ လူဣသရေလ အမျိုးကို၎င်း၊ ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသည် အတိုင်း၊ အကျွန်ုပ်တို့အား ပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ကို၎င်း ကောင်းကြီးပေးတော်မူပါ၊ ဟုလျှောက်ဆိုရမည်။
sဘုရား စကားနားထောင်ဖို့ဝန်ခံပြီ
၃ ဘိုးဘေးတို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိတော် ရှိသည်အတိုင်း သင့်အားပေးတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည် သို့ဝင်စားအံ့သောငှာ ကူးသွားပြီးမှ၊ ဤတရားစကားတော် အလုံးစုံတို့ကို ထိုကျောက်ပေါ်မှာ ရေးထားရမည်။
၂၀ အကြောင်းမူကား၊ သူတို့၏ ဘိုးဘေးတို့အား ငါကျိန်ဆို၍ နို့နှင့်ပျားရည်စီးသောပြည် သို့သူတို့ကို ငါဆောင်သွင်းသဖြင့်၊ သူတို့သည် ဝစွာစားရ၍ ဆူဖြိုးသောအခါ၊ အခြားတပါးသော ဘုရားတို့ ထံသို့လွှဲသွား၍ ဝတ်ပြုကြလိမ့်မည်။ ငါ့ကိုပုန်ကန်၍ ငါ့ပဋိညာဉ် တရားကို ဖျက်ကြလိမ့်မည်။
၆ အဲဂုတ္တုပြည်မှ ထွက်လာသော စစ်သူရဲ အပေါင်းတို့သည် ထာဝရဘုရား၏ စကားတော်ကို နားမထောင်ဘဲနေ၍၊ မသေမပျောက်မှီတိုင်အောင် ဣသရေလ အမျိုးသားတို့သည် အနှစ်လေးဆယ် ပတ်လုံးတော၌ လှည့်လည်ရကြ၏။ ထာဝရဘုရားသည်၊ ငါပေးမည်၊ ဟုဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်ကို ထိုသူတို့သည် မမြင်ရကြ၊ ဟုကျိန်ဆိုတော်မူ၏။
၃ ယနေ့ဖြစ်သည်နှင့်အညီ၊ နို့နှင့်ပျားရည် စီးသောပြည် ကိုငါပေးမည်ဟု သင်တို့၏ ဘိုးဘေးများ၌ ငါကျိန်ဆိုသော သစ္စာဂတိကို စောင့်ရသောအခွင့် ရှိစေခြင်းငှါ၊ သင်တို့သည် ငါ၏လူဖြစ်၍၊
၂၂ ငါပေးမည်ဟု ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော ပြည်တည်းဟူသော၊ နို့နှင့်ပျားရည်စီးသော ဤပြည်ကို ပေးသနားတော်မူသဖြင့်၊
၆ သူတို့ကိုအဲဂုတ္တုပြည်မှ ငါနှုတ်ပြီးလျှင်၊ ပြည်တကာတို့၏အထွတ်ဖြစ်၍ နို့နှင့်ပျားရည်စီးသောပြည်၊ သူတို့အဘို့ငါကြည့်ရှုသောပြည်သို့ ဆောင်သွားခြင်းငှါ ကျိန်ဆိုသောအခါ၊
၁၅ တဖန် ပြည်တကာတို့၏အထွတ်ဖြစ်၍၊ နို့နှင့်ပျားရည်စီးသောပြည်၊ သူတို့အား ငါပေးသောပြည်သို့ မပို့ဆောင်နိုင်ခြင်းငှါ၊ တော၌ ငါကျိန်ဆို၏။
၈ လူအပေါင်းတို့ကလည်း ထာဝရဘုရား မိန့်တော်မူသမျှတို့ကို အကျွန်ုပ်တို့သည် ပြုပါမည်၊ ဟုတညီတညွတ်တည်း ပြန်ပြောကြ၏။ မောရှေသည်လည်း သူတို့၏စကားကို ထာဝရဘုရားအား ပြန်လျှောက်လေ၏။
၃ မောရှေသည်လည်း လူများတို့ရှိရာသို့ လာ၍၊ ထာဝရဘုရား၏ စကားတော် အလုံးစုံကို၎င်း၊ စီရင်တော်မူချက် အလုံးစုံကို၎င်း ပြန်ကြား၍၊ လူများအပေါင်းကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း၊ အကျွန်ုပ်တို့ ပြုပါမည် ဟုတသံတည်း ပြန်ပြောကြ၏။
၇ ပဋိညာဉ်စာကိုလည်း ယူ၍၊%fo(a) ပရိသတ်များရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့ကလည်း၊ ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း အကျွန်ုပ်တို့ပြုပါမည်၊ နားထောင်ပါမည်၊ ဟုပြောဆိုကြ၏။
၂၇ ကိုယ်တော်သည် အနီးအပါးသို့ ချဉ်းသွား၍၊ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်အား မိန့်တော်မူသမျှကို နားထောင်တော်မူပါ။ အကျွန်ုပ်တို့သည် နားထောင်၍ ပြုပါမည်၊ ဟုလျှောက်ဆိုကြ၏။
sလူများတောင်းဆိုသော စကားကို ဘုရားကကြား
၁၇ ထာဝရဘုရားသည် သင်၏ဘုရားသခင် ဖြစ်တော်မူသည်ဟူ၍၎င်း၊ လမ်းတော်သို့ လိုက်ပါမည်၊ စီရင်ထုံးဖွဲ့တော်မူသော ပညတ်တရားတော်ကို စောင့်ရှောက်ပါမည်၊ စကားတော်ကို နားထောင်ပါမည်ဟူ ၍၎င်း၊ ယနေ့သင်သည် ဝန်ခံပြီ။