၄၄ ငါသည် သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း ကိုယ်ကိုကိုယ် သန့်ရှင်းစေ၍ သန့်ရှင်းခြင်း ရှိရကြမည်။ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန် တစုံတခုအားဖြင့်မျှ၊ သင်တို့သည် ကိုယ်ကိုကိုယ် မညစ်ညူးစေရကြ။
၂ သင်သည် ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့လည်း သန့်ရှင်းခြင်းရှိကြလော့။
၇ သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကို သန့်ရှင်းစေ၍၊ သန့်ရှင်းခြင်း ရှိကြလော့။
၆ အကြောင်းမူကား၊ သင်သည် သင်၏ ဘုရားသခင် ထာဝရဘုရားအဖို့ သန့်ရှင်းသော အမျိုးဖြစ်၏။ မြေကြီးပေါ်မှာ ရှိသမျှသော လူမျိုးထက် သင်၏ ဘုရားသခင် ထာဝရဘုရား ပိုင်ထိုက်သောအမျိုး ဖြစ်စေခြင်းငှာ၊ သင့်ကို ရွေးချယ်တော်မူပြီ။
sမှန်သော ဘုရား သစ္စာစောင့်သောဘုရား
၃ ထိုအခါ ဣသရေလအမျိုးသည် ထာဝရဘုရားအဘို့ သန့်ရှင်း၏။ စီးပွါးတော်အဘို့ အဦးသီးသောအသီးဖြစ်၏။ သူတို့ကိုလုယူသော သူအပေါင်းတို့သည် အပြစ်ရှိကြ၏။ ထိုသူတို့အပေါ်မှာ ဘေးဥပဒ်ရောက်ရသည်၊ဟု ထာဝရဘုရား မိန့်တော်မူ၏။
sငါ့ထံမှဝေးစွာထွက်၍ အနတ္တလမ်းလိုက်ကြ
၁ ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော၊ သင်တို့ ပြုအပ်သော ဝတ်ကိုပြုမည်အကြောင်း၊ ဘုရားသခင်၏ ကရုဏာတော်ကို ထောက်ထား၍၊ သင်တို့ကို ငါတိုက်တွန်း နှိုးဆော်ပေ၏။
၃ ငါတို့သည် ဘုရားသခင့် ရှေ့တော်၌၊ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အကြောင်း၊
၁၅ သင်တို့ကို ခေါ်တော်မူသောသူသည် သန့်ရှင်းတော်မူသည်နည်းတူ၊ ကျင့်ကြံပြုမူသမျှတို့၌ သန့်ရှင်းခြင်းရှိကြလော့။
၂၈ လူတို့အားလည်း ထာဝရဘုရားကို ကြောက်ရွှံ့ခြင်းသည် ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်းသည် ဉာဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟု မြွက်ဆို၏။
၉ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း သဘောသည် သန့်ရှင်းသည်ဖြစ်၍၊ ကာလအစဉ် အမြဲတည်၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့် ညီ၍၊ တညီတညွတ်တည်း ဖြောင့်မတ်ကြ၏။
၈ ထာဝဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့စေ။ လောကီနိုင်ငံသား အပေါင်းတို့သည် ရိုသေလေးမြတ်ကြစေ။
၁၁ အချင်းသူငယ်တို့ လာကြလော့။ ငါ့စကားကို နားထောင်ကြလော့။ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း တရားကို သင်တို့အား ငါသွန်သင်မည်။
၁၀ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသော ဥာဏ်ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည်သတည်း။
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ ပညတ်တော်တို့၌ အလွန်မွေ့လျော်သောသူသည် မင်္ဂလာရှိ၏။
၁ ထာဝရဘုရားကို ကြောက်ရွံ့၍၊ လမ်းခရီးတော်သို့ လိုက်သွားသမျှ သောသူတို့သည် မင်္ဂလာ ရှိကြ၏။
၄ ထာဝရဘုရားကို ကြောက်ရွံ့သောသူသည်၊ ထိုသို့သော မင်္ဂလာ ရှိရလိမ့်မည်။
၅ ထာဝရဘုရားကို ကြောက်သော သဘော၌ ကျင်လည်၍၊ ဘုရားသခင်ကို သိသောဥာဏ်နှင့် ပြည့်စုံလိမ့်မည်။
၁၃ ထာဝရဘုရားကို ကြောက်ရွံ့သော သဘောကား၊ ဒုစရိုက်ကို မုန်းသော သဘောတည်း။ မာနထောင်လွှားခြင်း၊ စော်ကားခြင်း၊ မကောင်းသောလမ်းသို့လိုက်ခြင်း၊ ကောက်သောစကားဖြင့် ပြောဆိုခြင်းတို့ကို ငါမုန်း၏။
၁၀ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလ မြစ်ဖြစ်၏။ သန့်ရှင်းတော်မူသော ဘုရားကို သိကျွမ်းသော သဘောသည် ဥာဏ်ဖြစ်၏။
၂ ဖြောင့်သောလမ်းသို့လိုက်သောသူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ ကောက်သောလမ်းကိုလိုက်သောသူမူကား၊ မထီမဲ့မြင်ပြုတတ်၏။
၁၆ နှောက်ယှက်ခြင်းနှင့်ယှဉ်၍ ကြီးစွာသောစည်းစိမ်ထက်ထာဝရဘုရားကိုကြောက်ရွံ့ခြင်းနှင့် ယှဉ်သောဥစ္စာအနည်းငယ်သည်သာ၍ကောင်း၏။
၃၄ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာကိုသွန်သင်ခြင်းဖြစ်၏။ ဂုဏ်အသရေအရင်၌ နှိမ့်ချခြင်း၏နေရာရှိ၏။
၁၇ အပြစ်ထင်ရှားသောသူတို့ကို ငြူစူသောစိတ်မရှိစေနှင့်၊ တနေ့လုံး ထာဝရဘုရားကိုကြောက်ရွံ့သောသဘောရှိစေလော့။
၁၃ အချုပ် အခြာစကားဟူမူကား ဘုရားသခင်ကို ကြောက်ရွံ့၍၊ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား၊ လူနှင့်ဆိုင်သော အမှုအရာအလုံးစုံတို့ကို ချုပ်ခြာသတည်း။
၂၂ အစေခံကျွန်တို့၊ သခင်ဘုရားကို ကြောက်ရွံ့လျက်၊ လူတို့၏စိတ်ကို နူးညွတ်စေသောသူကဲ့သို့၊ မျက်မှောက်၌ သာနား ထောင်သည်မဟုတ်၊ စိတ်နှစ်ခွမရှိဘဲ၊ လောကီသခင်၏ စကားကို အရာရာ၌ နားထောင်ကြလော့။