-
AA
+
🡀
|
🡂
ရှင်မဿဲခရစ်ဝင်
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ရှင်မဿဲခရစ်ဝင်
အခန်းကြီး ၇


မစစ်ကြော၊ မစီရင်နှင့်

သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည် အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ သင်တို့သည် အကြင်တရားအတိုင်း သူတပါးကို စီရင်ကြ၏၊ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအား ပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ ကိုယ်မျက်စိ၌ ရှိသော တံကျင်ကို မအောက်မေ့ဘဲ၊ ညီအစ်ကို မျက်စိ၌ ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။ ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင်၊ ညီအစ်ကိုအား သင်၏မျက်စိ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေ၊ ဟုအဘယ်သို့ ဆိုသနည်း။ လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာ မြင်လိမ့်မည်။


ခွေးနှင့်ဝက်အား မပေးနှင့်

ဖြူစင်သော အရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နှင်း၍ သင်တို့ကို လှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။


တောင်းပါ
CROSS REFERENCES






တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင်ဖွင့်မည်။ တောင်းသောသူ မည်သည်ကားရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကိုဖွင့်၏။ သားသည် မုန့်ကိုတောင်းလျှင် မိမိ၏သားအား ကျောက်ကို ပေးမည်သူ၊ ၁၀ ငါးကိုတောင်းလျှင် မြွေကိုပေးမည်သူ၊ တစ်စုံတစ်ယောက်မျှ သင်တို့တွင်ရှိသလော။ ၁၁ သင်တို့သည် အဆိုးဖြစ်လျက်ပင် [A] ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ဆုတောင်းသော သူတို့အား၊ ကောင်းသောအရာကို သာ၍ ပေးတော်မူမည် မဟုတ်လော။


ပညတ္တိနှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အချာ

၁၂ သင်တို့သည် ကိုယ်၌ သူတပါး ပြုစေလိုသမျှအတိုင်း သူတပါး၌ ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိ ကျမ်းတို့၏ အချုပ်အချာပင် ဖြစ်သတည်း။


ကျဉ်းသောတံခါး

၁၃ ကျဉ်းသော တံခါးကို ဝင်ကြလော့။ ပျက်စီးခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည် ကျယ်ဝန်းသည် ဖြစ်၍၊ ဝင်သောသူတို့သည် များကြ၏။ ၁၄ အသက်ရှင်ခြင်းသို့ ရောက်သောလမ်းနှင့် တံခါးသည်၊ အလွန် ကျဉ်းမြောင်းသည် ဖြစ်၍၊ တွေ့ဝင်သော သူတို့သည် နည်းကြ၏။


မိစ္ဆာပရောဖက်တို့
CROSS REFERENCES





CROSS REFERENCES






၁၅ အတွင်း၌ ကြမ်းတမ်းသော တောခွေးဖြစ်လျက်၊ သိုးရေကိုခြုံ၍ သင်တို့ရှိရာသို့ လာသော မိစ္ဆာပရောဖက် [B]တို့ကို သတိနှင့် ရှောင်ကြလော့။ [C] ၁၆ ထိုသူတို့၏ အကျင့်ကို ထောက်၍ သူတို့၏ သဘောကို သိကြလိမ့်မည်။ ဆူးလေပင်၌ စပျစ်သီးကို ဆွတ်တတ်သလော။ ဆူးလေပင်၌ သင်္ဘော သဖန်းသီးကို ဆွတ်တတ်သလော။ ၁၇ ကောင်းသော အပင်သည် ကောင်းသောအသီး၊ မကောင်းသော အပင်သည် မကောင်းသော အသီးကို သီးတတ်၏။ ၁၈ ကောင်းသောအပင်သည် မကောင်းသောအသီး၊ မကောင်းသော အပင်သည် ကောင်းသောအသီးကို မသီးနိုင်။ ၁၉ ကောင်းသောအသီး မသီးသော အပင်ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်တတ်၏။ ၂၀ သို့ဖြစ်လျှင် ထိုပရောဖက်တို့၏ အကျင့်ကို ထောက်သော်၊ သူတို့၏ သဘောကို သိရကြလိမ့်မည်။


သခင်သခင်၊ ဟုခေါ်တိုင်း
CROSS REFERENCES






၂၁ သခင်၊ သခင်၊ [D]ဟုငါ့ကို လျှောက်သောသူတိုင်း၊ ကောင်းကင် နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ၂၂ ထိုနေ့၌ကား သခင်၊ သခင်၊ အ​ကျွန်ုပ်တို့သည် ကိုယ်တော့နာမနှင့်(a) ဆုံးမဩဝါဒ ပေးပါပြီ မဟုတ်လော။ ကိုယ်တော့နာမနှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီ မဟုတ်လော။ ကိုယ်တော့နာမနှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီ မဟုတ်လော၊ ဟုအများသော သူတို့သည် လျှောက်ကြလိမ့်မည်။ ၂၃ ထိုသို့ လျှောက်ကြသောအခါ သင်တို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ၊ ဟုထိုသူတို့အား အတည့်အလင်း ငါပြောမည်။


ကျောက်ပေါ်မှာအိမ်ဆောက်

၂၄ အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍ နားထောင်၏၊ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။ ၂၅ မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သည်ရှိသော်၊ ကျောက်ပေါ်မှာ တည်သောကြောင့် မပြိုမလဲနေ၏။ ၂၆ အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားမထောင်ဘဲ နေ၏၊ ထိုသူသည် သဲပေါ်မှာ အိမ်ဆောက်သော လူမိုက်နှင့် တူကြောင်းကို ငါပုံပြမည်။ ၂၇ မိုးရွာ၍ ရေစီးသည်နှင့် လေလာ၍ ထိုအိမ်ကို တိုက်သောအခါ၊ ကြီးစွာသော ပြိုလဲခြင်းသို့ ရောက်လေသည်၊ [E] ဟုဟောတော်မူ၏။ ၂၈ ထိုဒေသနာတော်ကို ယေရှု ဟောတော်မူသည် အဆုံး၌၊ ပရိသတ် အပေါင်းတို့သည် ဆုံးမဩဝါဒ ပေးတော်မူခြင်းကို အလွန်အံ့ဩကြ၏။ ၂၉ အကြောင်းမူကား၊ ကျမ်းပြုဆရာနည်းတူ မဟုတ်၊ အစိုးရသောသူ နည်းတူ ဆုံးမ ဩဝါဒပေးတော်မူ၏။ [F]

_________________________
Footnotes


၂၂ (a) မူရင်းဂရိတ်၌ ကိုယ်တော့နာမ ဟုရေးသောအရာကို မြန်မာကျမ်းစာအုပ်၌ ကိုယ်တော် အခွင့် ဟုရေးထားသည်။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.