၂ ထို့ကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူ တို့သည် လူအများ အချီးအမွမ်းကို ခံလို၍ ပွဲသဘင် လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာ မှုတ်စေသည် နည်းတူ မပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ရကြပြီ။
၅ သင်သည် ဆုတောင်း ပဌနာပြုသောအခါ လျှို့ဝှက်သော သူတို့ နည်းတူ မပြုနှင့်။ ထိုသူတို့သည် လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ၊ တရားစရပ် %fo(a)နှင့် လမ်းဆုံလမ်းဝတို့၌ ရပ်လျက် ဆုတောင်းခြင်းငှာ အလိုရှိကြ၏။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကို ခံရကြ၏။
၁၆ သင်တို့သည် အစာရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ လျှို့ဝှက်သော သူတို့နည်းတူ မျက်နှာ ညှိုးငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိတို့ အစာရှောင်သည်ကို လူများတို့ရှေ့မှာ ထင်ရှားစေခြင်းငှာ၊ မိမိတို့မျက်နှာကို ဖျက်တတ်ကြ၏။
၇ လျှို့ဝှက်သောသူတို့၊ ဟေရှာယသည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ချဉ်းကပ်၍၊ နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
၃ နံနက်ယံ၌ကား၊ ယခုမိုးအုံ့လျက်ရှိ၏။ နီမောင်းသော အဆင်းလည်းရှိ၏။ ယနေ့ မိုးသက်မုန်တိုင်း လာလိမ့်မည်၊ ဟုဆိုတတ်ကြ၏။ လျှို့ဝှက်သောသူတို့၊ %fo(a) သင်တို့သည် မိုးကောင်းကင်၏ မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ကပ်ကာလ၏ နိမိတ်လက္ခဏာတို့ကို ပိုင်းခြား၍ မသိနိုင်ကြ။
၁၈ ယေရှုသည် ထိုသူတို့၏ ဆိုးညစ်သော သဘောကို သိတော်မူလျှင်၊ လျှို့ဝှက်သောသူတို့၊ အဘယ်ကြောင့် ငါ့ကိုစုံစမ်း နှောင့်ယှက်ကြသနည်း။
၁၃ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင် နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာ ပိတ်ထား၍ မိမိတို့လည်း မဝင်၊ ဝင်လိုသော သူတို့ကိုလည်း ဆီးတားကြ၏။
s ဖာရိရှဲတို့၏ ဒုတိယ အမင်္ဂလာ
၁၅ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏၊ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာ သွင်းခြင်းငှာ ကုန်းကြောင်း၊ ရေကြောင်း ပတ်ပတ်လည် လှည့်လည်၍ ဘာသာ သွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသော ငရဲသား ဖြစ်စေကြ၏။
s ဖာရိရှဲတို့၏ စတုတ္ထ အမင်္ဂလာ
၂၃ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ပင်စိမ်း၊ စမွတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တစ်ဘို့ လှူကြသည်တွင်၊ တရားသဖြင့် စီရင်ခြင်း၊ သူတပါးကို သနားခြင်း၊ သစ္စာစောင့်ခြင်း တည်းဟူသော ပညတ်တရားတွင်၊ လေးသော အရာတို့ကိုကား လှပ်၍ ထားကြ၏။ အရင်ဆိုသော အရာတို့ကို မလှပ်မထား၊ နောက်ဆိုသော အရာတို့ကို ကျင့်ရမည်။
၂၅ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား ဖလား၊ လင်ပန်းကို အပြင်၌ ဆေးကြောကြ၏။ အတွင်း၌ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက်ရှိ၏။
၂၇ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ အဖြူသုတ်သော သင်္ချိုင်းတွင်းနှင့် တူကြ၏။ ထိုတွင်းသည် အပြင်၌ တင့်တယ်စွတကား။ အတွင်း၌ကား လူသေအရိုး၊ အညစ်အကြေး အမျိုးမျိုးနှင့် ပြည့်လျက်ရှိ၏။
၂၉ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ပရောဖက်မှစ၍ ဖြောင့်မတ်သောသူတို့၏ သင်္ချိုင်းတွင်းနှင့် အရိုးအိုးတို့ကို တည်လုပ်၍ တန်ဆာဆင်သဖြင့်၊
၅၁ ထိုကျွန်ကို ပြင်းပြစွာ ကွပ်မျက် ဆုံးမ၍၊ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်း ရှိရာအရပ်၌၊ လျှို့ဝှက်သောသူ %fo(i) တို့နှင့်တကွ နေရာချလတံ့။
%ln
၆ ဟေရှာယသည် လျှို့ဝှက်သော သင်တို့ကို ရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့် ငါ့ကိုရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
၅၆ လျှို့ဝှက်သောသူတို့၊ သင်တို့သည် မြေကြီး၏ မျက်နှာနှင့် မိုးကောင်းကင်၏ မျက်နှာကို ပိုင်းခြား၍ သိနိုင်ကြ၏။ ယခုကပ်ကာလကို အဘယ်ကြောင့် ပိုင်းခြား၍ မသိနိုင်ကြသနည်း။
၁၅ သခင်ဘုရားကလည်း၊ လျှို့ဝှက်သောသူ၊ သင်တို့ရှိသမျှသည် ဥပုသ်နေ့၌ မြင်း၊ နွားကို တင်းကုပ်မှလွှတ်၍ ရေတိုက်ခြင်းငှါ ဆောင်သွားတတ်သည် မဟုတ်လော။
၁၀ ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သောအကျိုးအပြစ်ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြောတတ်၏။
၆ သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာ အခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ၊ မထင်ရှားသော အရပ်၌ ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသော အရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့။
၁၈ သင်သည် အစာရှောင်သောအခါ အစာရှောင်သည်ကို လူများတို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသောသင်တို့အဘ ရှေ့တော်၌ သာထင်ရှားစေခြင်းငှါ၊ ခေါင်းကိုလိမ်းကျံလော့။ မျက်နှာကိုလည်းသစ်လော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်တို့အဘသည် အကျိုးကို ထင်ရှားစွာပေးတော်မူလတံ့။
s ဘဏ္ဍာဆည်းဖူးမည့်နေရာ
၁၃ ငါတို့ကို စစ်ကြော စီရင်တော်မူသော သူရှေ့၌ မထင်ရှားသော အရာတစုံတခုမျှမရှိ။ ခပ်သိမ်းသော အရာတို့သည် အကွယ်အကာမရှိဘဲ၊ မျက်မှောက်တော်၌ လှန်ထားလျက်ရှိကြ ၏။
s ငါတို့၌ ယဇ်ပုရောဟိတ်မင်းယေရှုရှိသည်
၂ သင်တို့သည် အကြင်တရားအတိုင်း သူတပါးကို စီရင်ကြ၏၊ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတပါးအား ပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။
၂၅ သင်တို့သည် ဆုတောင်းသောအခါ၊ သူတပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင်ကောင်း ကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ သင်တို့၏ အပြစ်ကို လွှတ်တော်မူမည်။
၃၂ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏ အပြစ်ကိုလွှတ် တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။
၁၃ တယောက်၌ တယောက်အပြစ် တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏ အပြစ်ကိုလွှတ် တော်မူသကဲ့သို့၊ ထိုနည်းတူပြု ကြလော့။
၄ ငွေရတတ်ခြင်းငှါမကြိုးစားနှင့်။ ကိုယ်ဥာဏ်ကိုအမှီမပြုနှင့်။
၂၁ ယေရှုကလည်း၊ သင်သည် စုံလင်ခြင်းသို့ ရောက်လိုလျှင် သွားလော့၊ ကိုယ်ဥစ္စာများကို ရောင်း၍ ဆင်းရဲသော သူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့လိုက်လော့၊ ဟုမိန့်တော်မူ၏။
၁၆ တဖန် ဥပမာစကားကို မိန့်တော်မူသည်ကား၊ သူဌေးတဦး၌ မြေကောင်း၍ အသီးအနှံများလှ၏။
၃၃ သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဘို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သော ဘဏ္ဍာကို ဆည်းဖူးကြလော့။
၂၂ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့ လိုက်လော့၊ ဟုမိန့်တော်မူ၏။
၉ ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။
၅ သင်တို့၏ ကျင့်ကြံပြုမူခြင်းသည်၊ ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည်သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား၊ ဟုဂတိတော်ရှိ၏။
၁ ညီအစ်ကိုခြင်းချစ်ခြင်းမေတ္တာ၌ တည်ကြလော့။ ဧည့်သည်ဝတ်ပြုခြင်းအမှုကို မမေ့မလျော့ကြနှင့်။
၄ ငွေရတတ်ခြင်းငှါမကြိုးစားနှင့်။ ကိုယ်ဥာဏ်ကိုအမှီမပြုနှင့်။
၂၁ ယေရှုကလည်း၊ သင်သည် စုံလင်ခြင်းသို့ ရောက်လိုလျှင် သွားလော့၊ ကိုယ်ဥစ္စာများကို ရောင်း၍ ဆင်းရဲသော သူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့လိုက်လော့၊ ဟုမိန့်တော်မူ၏။
၂၁ ထိုအတူ ကိုယ်အဘို့ ဘဏ္ဍာများကို ဆည်းဖူး၍၊ ဘုရားသခင် ရှေ့တော်၌ ဆင်းရဲသောသူမည်သည်ကား၊ ထိုသူဌေးနှင့်တူသည်၊ ဟုမိန့်တော်မူ၏။
sအစာအတွက်မစိုးရိမ်နှင့်
၃၃ သင်တို့ဥစ္စာများကို ရောင်း၍ ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဘို့ လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သော ဘဏ္ဍာကို ဆည်းဖူးကြလော့။
၂၂ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးဝေလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ ငါ့နောက်သို့ လိုက်လော့၊ ဟုမိန့်တော်မူ၏။
၉ ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။
၅ သင်တို့၏ ကျင့်ကြံပြုမူခြင်းသည်၊ ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍၊ ကိုယ်၌ရှိသောဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည်သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား၊ ဟုဂတိတော်ရှိ၏။
၂ သင်တို့ ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။
၂၁ ဧလိယသည် လူများရှိရာသို့လာ၍၊ သင်တို့သည် ဘာသာနှစ် ပါးစပ်ကြားမှာ အဘယ်မျှ ကာလပတ်လုံး ယုံမှားသောစိတ်နှင့် နေကြလိမ့်မည်နည်း။ ထာဝရဘုရားသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့၊ ဟုဆိုလျှင်၊ လူများတို့သည် တိတ်ဆိတ်စွာ နေကြ၏။
၁၃ အဘယ်အစေခံမျှ သခင်နှစ်ဦး အစေကိုမခံနိုင်။ သခင်တဦးကိုမုန်း၍ တဦးကိုချစ်မည်။ သခင်တဦးကိုမှီခို၍ တဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို၎င်း၊ လောကီစည်းစိမ်၏ အစေကို၎င်း၊ မခံနိုင်ကြ၊ ဟုမိန့်တော်မူ၏။
s ဘုရားအမြင်နှင့်လူ့အမြင်
၁၀ အကြောင်းမူကား၊ ယခုတွင် ငါသည် လူ၏အလိုသို့ လိုက်သလော၊ ဘုရားသခင်၏ အလိုတော်သို့ လိုက်သလော၊ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန် မဟုတ်ပြီ။
၄ နောက်မီးလင်းသောသူတို့၊ %fo(a) လောကီ မိဿဟာယသည်၊ ဘုရားသခင်နှင့် ဆန့်ကျင့်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့ လိုသောသူသည်၊ ဘုရားသခင်၏ ရန်သူဖြစ်၏။
၄၁ ယေရှုက၊ မာသ၊ မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍၊ နှောင့်ရှက်ခြင်းကို ခံရ၏။ လိုသောအရာတခုတည်းရှိ၏။
၁၁ သင်တို့ကို တရားစရပ်သို့၎င်း၊ အကဲအမှူးမင်းများ ရှေ့သို့၎င်း၊ ပို့ဆောင်ကြသောအခါ အဘယ်သို့ ပြန်ပြောရမည်ကို၊ မစိုးရိမ်ကြနှင့်။
၂၂ တဖန် တပည့်တော်တို့အား မိန့်တော်မူသည်ကား၊ ထိုကြောင့် သင်တို့သည် အဘယ်သို့ စားရမည်ဟူ၍၊ အသက်အဘို့ မစိုးရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟူ၍၊ ကိုယ်အဘို့ မစိုးရိမ်ကြနှင့်၊ ဟုငါဆို၏။
၆ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ၊ ဆုတောင်း ပဌနာပြုသောအားဖြင့်၊ သင်တို့ တောင်းပန်လိုသော အရာများတို့ကို၊ ဘုရားသခင်အား ကြားလျှောက်ကြလော့။
၇ သင်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့်၊ သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့။
၄ ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာအလုံးစုံကို၎င်း၊ တည်ဆောက်သော အိမ်တော်ကို၎င်း၊
၄ စားပွဲတော် တန်ဆာကို၎င်း၊ အမှုတော် စောင့်တို့နေရာ ထိုင်ရာကို၎င်း၊ လုလင်တို့ ခစားသည် အခြင်းအရာကို၎င်း၊ သူတို့ဝတ်သော အဝတ်တန်ဆာကို၎င်း၊ ဝန်စာ ရေးများနှင့် သူတို့ဝတ်သော အဝတ်တန်ဆာကို၎င်း၊ ထာဝရဘုရား၏ အိမ်တော်၌ မီးရှို့ရာယဇ် ပူဇော်ခြင်းကို၎င်း၊ မြင်သောအခါ မိန်းမော တွေဝေလျက်ရှိ၍၊
၂၀ ရှောလမုန်မင်းကြီး သောက်သော ဖလားတော်ရှိ သမျှနှင့် လေဗနုန် နန်းတော်၌ သုံးသော ဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ်၊ ရွှေဖလား သက်သက်ဖြစ်၏။ ရှောလမုန် လက်ထက်၌ ငွေကိုမလျှင်းပမာ မပြုတတ်ကြ။
_________________________
Footnotes