၉ ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သော ပဋိညာဉ်တရားကို ရေးထားသော ကျောက်ပြားတို့ကို ခံယူခြင်းငှာ၊ တောင်ပေါ်သို့ ငါတက်သောအခါ၊ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကို မသောက်ဘဲ တောင်ပေါ်မှာ နေလေ၏။
၂ အရက် လေးဆယ်ပတ်လုံး မာရ်နတ်၏ စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ ထိုကာလပတ်လုံး အစာအာဟာရကို သုံးဆောင်တော်မမူ။ ထိုကာလလွန်ပြီးမှ မွတ်သိပ်တော်မူ၏။
၃ ထိုသို့ သင့်ကိုနှိမ့်ချ၍ အငတ်အမွတ် ခံစေတော်မူသောအခါ၊ သင်သည် ကိုယ်တိုင်မသိ၊ သင်၏ ဘိုးဘေး မသိဖူးသော မန္နနှင့် ကျွေးမွေး တော်မူသဖြင့်၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရသည်ကို သိစေတော်မူ၏။
sသင့်ကိုကောင်းမွန်သော ပြည်သို့ပို့ဆောင်
၄ ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရမည် မဟုတ်၊ ဘုရားသခင် မိန့်တော်မူ သမျှအားဖြင့် အသက်ကို မွေးရမည် ကျမ်းစာ၌ လာသည်။ ဟုပြန်ပြောတော်မူ၏။
sယေရှုလောကအားဖြင့် သွေးဆောင်
၁ သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကို ခံရသောပြည်သည် နောက်မှ မှောင်မိုက်နှင့် ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချတော်မူသော်လည်း၊ နောက်တဖန် အိုင်နားရှောက်သောလမ်း၊ ယော်ဒန်မြစ်တဘက်၊ တပါးအမျိုးသားနေရာ၊ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။
၁ သင်ထလော့ လင်းလော့။ သင်၏ အလင်းရောက်လာပြီ။ ထာဝရဘုရား၏ ဘုန်းတော်သည် သင်၏အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။
၃၂ လူအမျိုးမျိုးတို့ ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော၊ ကယ်တင်သော သခင်ကို၊ အကျွန်ုပ်သည် ကိုယ်မျက်စိနှင့် မြင်ရပါ၏၊ ဟုမြွက်ဆို၏။
၁၆ ဂါလိလဲအိုင်နားမှာ ကြွတော်မူစဉ်၊ ရှိမုန်နှင့် အန္ဒြေညီအစ်ကို နှစ်ယောက်သည် တံငါဖြစ်၍၊ အိုင်တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင်တော်မူလျှင်၊
၂ တံငါတို့သည် လှေထဲက ထွက်၍ ပိုက်ကွန်တို့ကို ဆေးလျှော်လျက် နေကြ၏။
၄၀ ယောဟန်၏ စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူ နှစ်ယောက်တို့တွင်၊ တစ်ယောက်ကား ရှိမုန်ပေတရုညီ အန္ဒြေပေတည်း။
၂ ထိုကြောင့် နောင်တရကြလော့၊ ဟုယုဒတော၌ ဟောလေ၏။
၂၃ ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား ကို ဟောလျက်၊ လူတို့တွင် အနာရောဂါ အမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ ဂါလိလဲပြည် တပြည်လုံးကို ဒေသစာရီ လှည့်လည်တော်မူ၏။
၃၅ ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒ ပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား ကိုဟောလျက်၊ လူများခံရသော အနာရောဂါ အမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာ ရှိသမျှတို့ကို ဒေသစာရီ လှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင်၊ သနားခြင်းစိတ် ရှိတော်မူ၏။
၁၄ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည် အကြောင်း၊ နိုင်ငံတော်နှင့် ယှဉ်သော ဧဝံဂေလိတရားကို၊%fo(a) လောကီနိုင်ငံ အရပ်ရပ် ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ဖြစ်လတံ့။
s ဘေးဒဏ်ကြီးကာလ
၁ ထိုနောက်မှ ကိုယ်တော်သည် မြို့ရွာအစဉ်အတိုင်း ဒေသစာရီလှည့်လည်၍၊ ဘုရားသခင်၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရား %fo(a) ကိုဟောတော်မူ၏။
၂၄ သို့ရာတွင် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ယှဉ်သော ဧဝံဂေလိတရား %fo(a)ကို သက်သေခံစေခြင်းငှါ၊ သခင်ယေရှု၏လက် ငါခံခဲ့ပြီးသော ဓမ္မဆရာအမှုတည်းဟူသော၊ ငါဆောင်ရွက်ရသော အမှုကို ဝမ်းမြောက်စွာ ပြီးစီးစေမည်အကြောင်း၊ ထိုညှဉ်းဆဲခြင်း အမှုတစုံတခုကိုမျှ ငါသည်ပမာဏမပြု၊ ကိုယ်အသက်ကိုလည်း နှမြောခြင်းမရှိ။
၂၃ နေ့ရက်ကို ချိန်းချက်၍၊ လူများတို့သည် ပေါလုတည်း ခိုရာအရပ်သို့ လာကြသည်ရှိသော်၊ ပေါလုသည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို၊ သက်သေခံသဖြင့်၎င်း၊ ထိုသူတို့သည် ယေရှု၏အကြောင်းများကို ယုံကြည်စေခြင်းငှါ၊ မောရှေ၏ ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့ကို အမှီပြု၍၊ ဖျားယောင်း သွေးဆောင်သဖြင့်၎င်း၊ နံနက်အချိန်မှစ၍ ညအချိန်တိုင်အောင် ထုတ်ဖော်ဟောပြောလေ၏။
sပေါလုပြောသောအရာ အချို့ယုံအချို့မယုံ
၃၁ အဘယ်သူမျှ မမြစ်တားဘဲ၊ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို အတည့်အလင်း ဟောပြော၍၊ သခင်ယေရှုခရစ်၏ အကြောင်းများကို သွန်သင်ပြသလျက်နေ၏။
s ရှင်လုကာ စီရင်ရေးထားသော တမန်တော်ဝတ္ထုပြီး၏။