၂၄ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍၊ ကိုယ့်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။
၇ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ့်မိဘကိုစွန့်၍၊ ကိုယ့်ခင်ပွန်း၌ မှီဝဲသဖြင့်၊
၁၆ အဘယ်သို့နည်း။ ပြည်တန်ဆာ၌ မှီဝဲသောသူသည်၊ ထိုပြည်တန်ဆာနှင့် တသားတကိုယ်တည်း ဖြစ်ကြောင်းကို မသိကြသလော။ ထိုသူနှစ်ယောက်တို့သည်၊ တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်၊ ဟုကျမ်းစာလာ၏။
၃၁ ထိုအကြောင်းကြောင့် ယောက်ျားသည်၊ ကိုယ်မိဘကိုစွန့်၍၊ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက်တို့သည်တ၊ သားတကိုယ်တည်း ဖြစ်ရလိမ့်မည်။
၁၄ ထာဝရဘုရား မတတ်နိုင်သောအမှု တစ်စုံတခုရှိသလော။ ချိန်းချက်သော ဖွားချိန်စေ့သောအခါ၊ သင့်ဆီသို့ငါပြန်လာ၍၊ စာရာသည်သားကို ရလိမ့်မည်၊ ဟုထာဝရဘုရားသည် အာဗြဟံအား မိန့်တော်မူ၏။
၁၈ ကိုယ်တော် မတတ်နိုင်သော အရာတစုံတခုမျှ မရှိပါ။
၂၇ ငါထာဝရဘုရားသည် ခပ်သိမ်း သောသတ္တဝါတို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင်သော အရာတစုံတခု ရှိလိမ့်မည်လော။
၆ တဖန်မိန့်တော်မူသည်ကား၊ ထိုအမှုသည် ယခုကာလတွင် ကျန်ကြွင်းသော ဤလူတို့မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်သော်လည်း၊ ငါ့မျက်မှောက်၌ အံ့ဩဘွယ် ဖြစ်ရာလေသလော၊ ဟုကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။
၂၆ ယေရှုသည်လည်း၊ သူတို့ကို ကြည့်ရှု၍ ဤအမှုကို လူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်၊ ဟုမိန့်တော်မူ၏။
s အသစ်ပြုပြင်သောကာလ
၂၇ ယေရှုသည်လည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည် မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို၊ တတ်နိုင်တော်မူသည်၊ ဟုမိန့်တော်မူ၏။
sကိုယ်တော်နောက်လိုက်ခ
၃၇ ဘုရားသခင် တတ်နိုင်တော်မမူသောအမှုမရှိ ဟုပြောဆိုလျှင်၊
၂၇ ကိုယ်တော်ကလည်း၊ လူမတတ်နိုင်သောအမှုကို ဘုရားသခင် တတ်နိုင်တော်မူသည်၊ ဟုမိန့်တော်မူ၏။
sကိုယ်တော်နောက်လိုက်ရကျိုး
၂၈ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသော အရာတို့ကို အသစ်ပြုပြင်သော ကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောအခါ၊ ငါ့နောက်သို့ လိုက်ကြသော သင်တို့သည် တစ်ဆယ့်နှစ်ခုသော ပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသရေလလူ တစ်ဆယ့်နှစ်မျိုးကို၊ စစ်ကြောစီရင်ရကြလတံ့။
၁၁ ထိုအခါ ယေရုရှလင်မြို့အနီးသို့ ရောက်တော်မူ၍၊ ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပေါ်ထွန်းမည်၊ ဟုလူများထင် မှတ်သောကြောင့်၊ ပရိသတ်အလယ်၌ ထပ်၍မိန့်တော်မူသော ဥပမာကား၊
၂၉ ငါ့ခမည်းတော်သည် ငါ့အားနိုင်ငံကို ပေးတော်မူသည်နှင့် အညီ၊
၂ သန့်ရှင်းသူတို့သည်၊ လောကီနိုင်ငံကို တရားစီရင်မည်၊ ဟုမသိကြသလော။ သင်တို့သည် လောကီနိုင်ငံကို စီရင်ရသည်မှန်လျှင်၊ အငယ်ဆုံးသောအမှုများကို မစီရင်ထိုက်သလော။
၁၂ သည်းခံလျှင်၊ ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ်လျှင်၊ ငါတို့ကို ငြင်းပယ်တော်မူလိမ့်မည်။
၁၀ အကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကိုခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏။ ဟုအသစ်သော သီချင်းကိုသီ၍ လျှောက်ဆိုကြ၏။
s ကောင်းကင်တမန်တို့က ခမည်းတော်နှင့်ယေရှုချီးမွမ်း
၄ ပလ္လင်များကိုလည်းငါမြင်၏၊ ပလ္လင်ပေါ်မှာထိုင်သောသူတို့သည်၊ တရားစီရင်ရသောအခွင့်ကို ရကြ၏။ သားရဲနှင့်သူ၏ ရုပ်တုကိုမကိုးကွယ်၊ သူ၏တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲနေ၍၊ ယေရှု၏သက်သေခံတော်မူချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကြောင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသောသူတို့၏ ဝိညာဉ်များကိုငါမြင်၏။ သူတို့သည်အသက်ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။
၅ ထိုမြို့၌ ညမရှိရ၊ ဆီမီးကို အလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာဝရအရှင် ဘုရားသခင်သည်၊ သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။
s ဘုရားသခင်ကိုကိုးကွယ်လော့
၂၉ ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ငါ့ကြောင့်၎င်း၊ ဧဝံဂေလိတရားကြောင့်၎င်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါးပါးကိုစွန့်၏။
၂၉ ကိုယ်တော်က၊ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကြောင့်၊ အိမ်ရာ၊ မိဘ၊ ညီအစ်ကို၊ သားမယားတည်းဟူသော တပါးပါးကို စွန့်၍၊
_________________________
Footnotes