၁၄ ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင် နိုင်ငံတော်သည် ထိုသို့သော သူတို့၏ နိုင်ငံဖြစ်သည် ၊ ဟုမိန့်တော်မူ၍၊
၁၅ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ၊ ထိုသူသည် နိုင်ငံတော်သို့မဝင်ရ၊ ဟုမိန့်တော်မူပြီးမှ၊
၁၇ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ဘုရားသခင်၏ နိုင်ငံတော်ကို သူငယ်ကဲ့သို့မခံမယူ။ ထိုသူသည် နိုင်ငံတော်သို့ မဝင်ရ၊ ဟုမိန့်တော်မူ၏။
sထာ၀ရအသက်ကိုမည်ကဲ့သို့ရမည်နည်း
၄၂ ငါ့ကိုယုံကြည်သော ဤသူငယ်တစုံတယောက်ကို၊ အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည်လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုစွဲ၍၊ ပင်လယ်၌ ချခြင်းကိုခံရလျှင် အနေသာ၍ ကောင်း၏။
၂ ဤသူငယ် တစုံတယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကို ဆွဲ၍၊ ပင်လယ်၌ ချခြင်းကိုခံရလျှင်၊ အနေသာ၍ ကောင်း၏။
၂၈ တနည်းကား၊ ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သော သူတို့ကို မကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ ၌ဖျက်ဆီးနိုင်သောသူကို သာ၍ ကြောက်ကြလော့။
၉ သင်၏ မျက်စိသည်လည်း သင့်ကို မှားယွင်းစေလျှင်၊ မျက်စိကို ထုတ်ပစ်လော့။ မျက်စိ နှစ်ဘက်စုံနှင့် ငရဲမီးထဲသို့ ချခြင်းကို ခံရသည်ထက်၊ မျက်စိတဖက်နှင့် အသက်ရှင်ခြင်းသို့ ဝင်စားသော် သာ၍ကောင်း၏။
s ပျောက်သောသိုး
၁၅ လျှို့ဝှက်သော ကျမ်းပြုဆရာ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏၊ အကြောင်းမူကား၊ လူတစ်ယောက်ကိုပင် ဘာသာ သွင်းခြင်းငှာ ကုန်းကြောင်း၊ ရေကြောင်း ပတ်ပတ်လည် လှည့်လည်၍ ဘာသာ သွင်းပြီးသောသူ ကိုလည်း၊ မိမိတို့ထက် နှစ်ဆသော ငရဲသား ဖြစ်စေကြ၏။
s ဖာရိရှဲတို့၏ စတုတ္ထ အမင်္ဂလာ
၃၃ မြွေဆိုးအမျိုးတို့၊ သင်တို့သည် အပြစ်ငရဲမှ အဘယ်သို့ လွတ်နိုင်ကြမည်နည်း။
၄၄ ပိုးမသေ၊ မီးမငြိမ်းရာ၊ ငရဲအတွင်း မငြိမ်းနိုင်သော မီးထဲသို့၊ လက်နှစ်ဘက်စုံနှင့် ဝင်ရသည်ထက်၊ လက်ချို့တဲ့၍ အသက်ရှင်ခြင်း သို့ဝင်စားသော်၊ သာ၍ ကောင်း၏။
၅ အဘယ်သူကို ကြောက်ရမည်နည်း ဟူမူကား၊ ကိုယ်ခန္ဓာကို သတ်ပြီးမှ ငရဲထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကို ကြောက်ကြလော့။
၉ သို့ဖြစ်၍ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်၊ ဟုသာ၍မြော်လင့်စရာရှိ၏။
၆ လျှာသည်မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည်ငါတို့၏ အင်္ဂါတို့တွင်တည်၍ တကိုယ်လုံးကို ညစ်ညူးစေ၏။ သူ့ဘဝလမ်းကို မီးလောင်စေသည်။ %fo(a) မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။
၄ အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို၊ ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ စစ်ကြောစီရင်ခြင်းအလိုငှာ ချုပ်ထား၍၊ မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။
၁၅ ထိုကြောင့် သင်၏ ညီအစ်ကိုသည် သင့်ကို ပြစ်မှားလျှင်၊ သူ့ဆီသို့ သွား၍ နှစ်ယောက်တည်းချင်း သူ၏အပြစ်ကို ပြ၍ ဆုံးမလော့။ သူသည် သင်၏ စကားကို နားထောင်လျှင် ညီအစ်ကိုကိုရပြီ။
၁ သင်တို့သည် အချင်းချင်းအမှုရှိလျှင်၊ သန့်ရှင်းသူတို့ရှေ့၌ တရားစီရင်ခြင်းကိုမခံဘဲ၊ သာသနာပလူတို့ရှေ့၌ ခံဝံ့သောသူ တစုံတယောက်ရှိသလော။
၁ ညီအစ်ကိုတို့၊ လူသည်သတိလစ်၍၊ တစုံတခုသောဒုစရိုက်ကို ပြုမိလျှင်၊ ဝိညာဉ်ဆုကျေးဇူးကို ခံရသောသင်တို့သည်၊ အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည်အကြောင်း၊ ကိုယ်ကိုသတိပြုလျက်၊ သိမ်မွေ့နူးညံ့သော သဘောနှင့် ထိုသို့သောသူကို မစ၍၊သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့။
s အချင်းချင်းဝန်ကို ထမ်းပေးကြပါ
၁၄ ဤစာ၌ ငါတို့ရေးထားသော ပညတ်စကားကို၊ တစုံတယောက်သောသူသည်၊ နားမထောင်ဘဲနေလျှင်၊ ထိုသူကိုမှတ်ကြလော့။ ရှက်ကြောက်စေခြင်းငှါ၊ အပေါင်းအဖေါ်မလုပ်ကြနှင့်။
၁၉ ညီအစ်ကိုတို့၊ သင်တို့တွင် တစုံတယောက်သော သူသည် သမ္မာတရားလမ်းမှ လွဲသွား၍ သူတပါးသည် ထိုသူကို ပြန်စေလျှင်မူကား၊
၁၉ ကောင်းကင် နိုင်ငံတော်၏ သော့%fo(h)တို့ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်၊ ဟုမိန့်တော်မူပြီးလျှင်၊
၁၈ ငါအမှန်ဆိုသည်ကား၊ မြေကြီးပေါ်မှာ သင်တို့ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ် သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်။
s လူနှစ်ဦးသုံးဦးရှိရာ
၂၃ အကြင်သူ၏အပြစ်ကို သင်တို့လွှတ်လျှင်၊ ထိုသူသည် အပြစ်လွတ်လျက် ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့တည်စေလျှင်၊ ထိုသူသည် အပြစ်တည်လျက်ရှိ၏၊ဟုမိန့်တော်မူ၏။
sသောမပြန်ယုံ
၁၅ ထာဝရဘုရား ကလည်းသို့ဖြစ်၍၊ ကာဣနကို သတ်သောသူမည်သည်ကား၊ ခုနစ်ဆသော အပြစ်ဒဏ်ကိုခံရလိမ့်မည်၊ ဟု မိန့်တော်မူပြီးလျှင်၊ ကာဣနကိုတွေ့သောသူ တစုံတယောက်မျှ မသတ်စေခြင်းငှါ၊ ထာဝရဘုရားသည်သူ၌ အမှတ်ပေးတော်မူ၏။
s ကာဣန ဘုရားထံမှထွက်၍ ဧနောက်မြို့တည်
၂၄ ကာဣနသည် ခုနစ်ဆသော တရားကိုရလျှင်၊ အကယ်၍ လာမက်သည်၊ အဆခုနစ်ဆယ် ခုနစ်ဆသော တရားကိုရလိမ့်မည် ၊ ဟုမိမိမယားတို့ကိုပြောဆို၏။
s အာဒံနှင့်ဧ၀၌ သားရှေသ မွေး