၂ ခြောက်ရက်လွန်သောအခါ ယေရှုသည်ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်၍၊ အခြားသူမပါဘဲ မြင့်လှစွာသော တောင်ပေါ်တွင်၊ ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့၏ ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊
၂၈ ထိုသို့မိန့်တော်မူသည်နောက်၊ ရှစ်ရက်လောက်လွန်သောအခါ၊ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်တို့ကိုခေါ်၍ ဆုတောင်းခြင်းငှါ တောင်ပေါ်သို့ တက်ကြွတော်မူ၏။
၁၆ ငါတို့သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို၎င်း၊ ကြွလာတော်မူခြင်းကို၎င်း၊ သင်တို့အား ကြားပြောသောအခါ၊ ငါတို့သည် ပရိယာယ်နှင့်ပြင်ဆင်သော ဒဏ္ဍာရီစကားကိုမလိုက်၊ ဘုန်းအာနုဘော်ကို ကိုယ်တိုင်မြင်သောသူဖြစ်ကြ၏။
၁၀ မျက်နှာတော်မှာ မီးရောင်ခြည်ထွက်လေ၏။ အတိုင်းမသိ များစွာသော သူတို့သည် အမှုတော်ကို ဆောင်ရွက်၍၊ ကုဋေသင်္ချေမက ရှေ့တော်၌ ခစား၍နေကြ၏။ တရားစီရင်ခြင်းငှါ ပြင်ဆင်၍၊ စာစောင်များကို ဖွင့်ထား၏။
sသားရဲကို အသက်ကိုသတ်
၁၆ လက်ယာလက်တော်သည်လည်း ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်းတော်ထဲကလည်း ထက်သောသန်လျက်ထွက်၏။ မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်၏။
s ယောဟန်ကယေရှုမြင်၍ သေမတတ်ကြောက်
၁ ခွန်အားကြီးသော ကောင်းကင်တမန်တပါးသည် မိုးတိမ်ကိုဝတ်လျက်၊ ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ခေါင်းပေါ်၌ သက်တံ့ရှိ၏။ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်၏။ သူ၏ခြေသည်လည်း မီးခဲတိုင်ကဲ့သို့ ဖြစ်၏။
၉ ထိုအခါ ငါကြည့်ရှုစဉ်၊ ရာဇပလ္လင်များကို တည်ထားလျက်ရှိ၍၊ အသက်ကြီးသော သူတဦးသည် ထိုင်တော်မူ၏။ အဝတ်တော်သည် မိုးပွင့်ကဲ့သို့ဖြူ၏။ ဆံပင်တော်သည် ဖြူသောသိုးမွေးနှင့်တူ၏။ ပလ္လင်တော်သည် မီးလျှံဖြစ်၏။ ပလ္လင်တော်အောက်၌ မီးစက်လှည်းဘီးရှိ၏။
၃ သူ၏မျက်နှာသည် လျှပ်စစ်ကဲ့သို့ ထင်၏။ အဝတ်သည်လည်း မိုးပွင့်ကဲ့သို့ ဖြူ၏။
၂ အဝတ်နှင့်ခြုံသကဲ့သို့၊ အလင်းနှင့် ကိုယ်တော်ကို ခြုံတော်မူထသော၊ မိုးကောင်းကင်ကို မျက်နှာကြက်ကဲ့သို့ ကြက်တော်မူထသော၊
၇ ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကိုငါ ဖြစ်ဖွားစေပြီ။
၁ ငါထောက်မသော ငါ့ကျွန်ရင်း၊ ငါနှစ်သက်မြတ်နိုးရာ ငါရွေးချယ်သော သူကို ကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
၁၇ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း၊ ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။
%ln
၁၈ ငါရွေးချယ်သော ငါ့ကျွန်ရင်း၊ ငါနှစ်သက် မြတ်နိုးသောသူကို ကြည့်ရှုလော့။ ထိုသူ၏အပေါ်၌ ငါ့ဝိညာဉ်ကို ငါတည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရားပေးလိမ့်မည်။
၅ ထိုသို့ လျှောက်စဉ်တွင်၊ ထွန်းလင်းသော မိုးတိမ်သည် ထိုသူတို့ကို လွှမ်းမိုး၍၊ ဤသူသည် ငါနှစ်သက် မြတ်နိုးရာ ငါ၏ချစ်သား ပေတည်း။ သူ၏စကားကို နားထောင်ကြလော့၊ ဟုမိုးတိမ်က အသံတော် ဖြစ်လေ၏။
၁၁ သင်ကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ ချစ်သားပေတည်း၊ ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။
၇ ထိုအခါ မိုးတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့၊ ဟုမိုးတိမ်က အသံတော်ဖြစ်လေ၏။
၂၂ သန့်ရှင်းသော ဝိညာဉ်တော်သည်၊ ချိုးငှက်ကဲ့သို့ ကိုယ်ထင်ရှားလျက် ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍၊ သင်ကား၊ ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း၊ ဟုကောင်းကင်က အသံတော်ဖြစ်လေ၏။
sယေရှု၏ဆွေတော်စဉ်မျိုးစဉ်ဆက်
၃၅ ဤသူကား ငါ၏ချစ်သားပေတည်း။ သူ၏စကားကို နားထောင်ကြလော့၊ ဟုမိုးတိမ်က အသံတော်ဖြစ်လေ၏။
၂၈ အိုအဘ၊ ကိုယ်တော်၏ နာမတော်ကို ချီးမြှောက်တော်မူပါ၊ ဟုမိန့်မြွက်တော်မူ၏။ ထိုအခါကောင်းကင်မှ စကားသံကား၊ ငါချီးမြှောက်ခဲ့ပြီ၊ တဖန်ချီးမြှောက်ဦးမည်၊ ဟုလာ၏။
၅ ကြည့်ရှုလော့။ ထာဝရဘုရား၏ ကြောက်မက်ဖွယ်သော နေ့ရက်ကြီး မရောက်မှီ၊ ပရောဖက် ဧလိယကို သင်တို့ရှိရာသို့ ငါစေလွှတ်မည်။
၁၄ သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကားလာ လတံ့သော ဧလိယဖြစ်သတည်း။
၁၀ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်၊ ဟုကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်း၊ ဟုမေးလျှောက်ကြလျှင်၊
၁၁ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာမည်၊ ဟုကျမ်းပြုဆရာတို့သည် အဘယ်ကြောင့်ဆိုပါသနည်း၊ ဟုမေးလျှောက်ကြလျှင်၊
၁၇ အဘတို့သည် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရား အဘို့အလိုငှါ ပြင်ဆင်သော လူမျိုးဖြစ်စေခြင်းငှါ၎င်း၊ သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့် ပြည့်စုံလျက်၊ ဘုရားသခင့် ရှေ့တော်သို့ သွားလိမ့်မည်၊ ဟုကောင်းကင်တမန် ပြောဆို၏။
sဇာခရိမယုံသောကြောင့်စကားအ
၂၁ ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလော၊ ဟုမေးပြန်၏။ ယောဟန်က၊ ငါသည်ဧလိယမဟုတ်၊ ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလော၊ ဟုမေးပြန်လျှင်၊ မဟုတ်၊ ဟုဆိုပြန်၏။
၁၄ လူအစုအဝေးရှိရာသို့ ရောက်ကြသောအခါ၊ လူတစ်ယောက်သည် အထံတော်သို့ ချဉ်းကပ်၍ ဒူးထောက်လျက်၊ သခင်၊
၁၇ လူအစုအဝေး၌ ပါသောသူ တယောက်က ဆရာ%fo(a) အသောနတ် အစွဲခံရသောအကျွန်ုပ်၏သားကို အထံတော်သို့ ဆောင်ခဲ့ပါပြီ။
၃၇ နက်ဖြန်နေ့၌ တောင်ပေါ်က ဆင်းကြပြီးလျှင်၊ များစွာသော လူအစုအဝေးသည် ကိုယ်တော်ကို ခရီးဦးကြိုပြုကြ၏။
၂၁ ယေရှုကလည်း ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ယုံမှားခြင်းနှင့် ကင်းသော ယုံကြည်ခြင်းရှိလျှင်၊ သင်္ဘောသဖန်းပင်၌ ပြုသကဲ့သို့ သင်တို့ ပြုနိုင်သည်သာမက၊ ထိုတောင်ကိုပင် နေရာမှ ရွေ့လော့၊ ပင်လယ်၌ ကျလော့၊ ဟုဆိုလျှင်ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။
၂၃ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသော စိတ်နှင့်ကင်း၍၊ မိမိဆိုသည် အတိုင်းဖြစ်မည်၊ ဟုယုံကြည်လျက်၊ ထိုတောင်ကို နေရာမှရွေ့လော့၊ ပင်လယ်၌ ကျလော့၊ ဟုဆိုလျှင်၊ ထိုသူ ဆိုသည်အတိုင်း ဖြစ်လိမ့်မည်။
၆ သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင်၊ ထိုသဖန်းပင်ကို အချင်းအပင်သင်သည် အမြစ်နှင့်တကွ နှုတ်၍၊ ပင်လယ်၌ စိုက်လျက်နေလော့၊ ဟုဆိုကြသော်၊ သင်တို့စကားကို နားထောင်လိမ့်မည်။
sအစေအပါ၏တာဝန်
၂၂ ဂါလိလဲပြည်၌ နေကြစဉ်တွင် ယေရှုက၊ လူသားကို လူတို့ လက်သို့ အပ်နှံရသော အချိန်နီးပြီ။
၃၀ ထိုအရပ်မှထွက်၍ ဂါလိလဲပြည်အလယ်၌ လျှောက်သွားကြစဉ်တွင်၊ အဘယ်သူမျှ သိစေခြင်းငှါ အလိုတော်မရှိ။
၄၄ ထိုသို့ ယေရှုပြုတော်မူသမျှကို လူအပေါင်းတို့သည် အံ့ဩချီးမွမ်းကြစဉ်၊ တပည့်တော်တို့အား၊ သင်တို့သည် ငါ့စကားကို နားထောင်မှတ်မိကြလော့။ လူသားကို လူတို့လက်သို့ အပ်နှံရသောအချိန်နီးပြီ၊ ဟုမိန့်တော်မူ၏။
_________________________
Footnotes