၉ အမျက်တော်ထွက်သော ကာလ၌ သူတို့ကို မီးဖိုကဲ့သို့ ဖြစ်စေတော်မူမည်။ ထာဝရဘုရားသည် အမျက်တော်အားဖြင့် သူတို့ကို မျိုတော်မူ၍ မီးသည်လည်း လောင်စားပါလိမ့်မည်။
၁၂ ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား၏ နေ့ရက်ကာလသည် ကြီးမြင့်သောအရာနှင့် မိုမောက်သော အရာရှိသမျှတို့ကို ဆီးတား၍၊ သူတို့သည် နှိမ့်ချခြင်း ရှိကြလိမ့်မည်။
၁၈ အဓမ္မသည် မီးကဲ့သို့ လောင်တတ်၏။ ဆူးပင်အမျိုးမျိုးကို ကျွမ်းစေမည်။ တောအုပ်ကိုလည်း မီးရှို့သဖြင့်၊ အပင်တို့သည် မီးခိုးနှင့်တကွ လွင့်တက်ကြလိမ့်မည်။
၁၈ ထာဝရဘုရား အမျက်ထွက်တော်မူသောနေ့၌ သူတို့ရွှေငွေသည် သူတို့ကိုမကယ်နိုင်ရာ။ ဒေါသအမျက်တော်မီးသည် တပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သား အပေါင်းတို့ကို အလျှင်အမြန်စီရင်၍ အကုန်အစင် သုတ်သင် ပယ်ရှားတော်မူလိမ့်မည်။
၁၄ သင်တို့သည် ငါ့စကားကို နားခံနိုင်လျှင်၊ ဤသူကားလာ လတံ့သော ဧလိယဖြစ်သတည်း။
၁၀ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာရမည်၊ ဟုကျမ်းပြုဆရာတို့သည် အဘယ်ကြောင့် ဆိုပါသနည်း၊ ဟုမေးလျှောက်ကြလျှင်၊
၁၁ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာမည်၊ ဟုကျမ်းပြုဆရာတို့သည် အဘယ်ကြောင့်ဆိုပါသနည်း၊ ဟုမေးလျှောက်ကြလျှင်၊
၁၇ အဘတို့သည် သားတို့ကို အသင့်အတင့်ဖြစ်စေခြင်းငှါ၎င်း၊ ငြင်းဆန်သောသူတို့ကို သူတော်ကောင်းတို့၏ သတိပညာလမ်းသို့ ပြောင်းလဲစေသောအားဖြင့်၊ ထာဝရဘုရား အဘို့အလိုငှါ ပြင်ဆင်သော လူမျိုးဖြစ်စေခြင်းငှါ၎င်း၊ သူသည် ဧလိယ၏ စိတ်ဝိညာဉ်တန်ခိုးနှင့် ပြည့်စုံလျက်၊ ဘုရားသခင့် ရှေ့တော်သို့ သွားလိမ့်မည်၊ ဟုကောင်းကင်တမန် ပြောဆို၏။
sဇာခရိမယုံသောကြောင့်စကားအ
၂၁ ထိုသူတို့ကလည်း၊ သို့ဖြစ်လျှင် သင်သည်အဘယ်သူနည်း။ ဧလိယဖြစ်သလော၊ ဟုမေးပြန်၏။ ယောဟန်က၊ ငါသည်ဧလိယမဟုတ်၊ ဟုဆို၏။ ဤမည်သော ပရောဖက်ဖြစ်သလော၊ ဟုမေးပြန်လျှင်၊ မဟုတ်၊ ဟုဆိုပြန်၏။