-
AA
+
🡀
|
🡂
ဇာခရိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဇာခရိ အနာဂတ္တိ
အခန်းကြီး ၈


ယေရုရှလင်မြို့သည်လူများလိမ့်ဦးမည်
CROSS REFERENCES





CROSS REFERENCES





CROSS REFERENCES






တဖန်ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဇိအုန်တောင်အဘို့ အလွန်စိတ်အားကြီးပြီ။ အလွန်အမျက်ထွက်၍ သူ့အဘို့ စိတ်အားကြီးပြီ။ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်တောင်သို့ ငါပြန်လာပြီ။ ယေရုရှလင်မြို့ထဲမှာ နေမည်။ ယေရုရှလင်မြို့ကို သမ္မာမြို့ဟူ၍၎င်း၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား၏ တောင်တော်ကို သန့်ရှင်းသော တောင်ဟူ၍၎င်း၊ သမုတ်ကြလိမ့်မည်။ ကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား၊ အိုသော ယောကျ်ားမိန်းမ၊ အသက်ကြီး၍ တောင်ဝေးကိုင်သောသူ အပေါင်းတို့သည် ယေရုရှလင်မြို့ လမ်းတို့၌ နေကြလေဦးမည်။ မြို့လမ်းတို့သည်လည်း ကစားသော သူငယ်ယောက်ျားမိန်းမတို့နှင့် အပြည့်ရှိ ကြလိမ့်မည်။ တဖန်မိန့်တော်မူသည်ကား၊ ထိုအမှုသည် ယခုကာလတွင် ကျန်ကြွင်းသော ဤလူတို့မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်သော်လည်း၊ ငါ့မျက်မှောက်၌ အံ့ဩဘွယ် ဖြစ်ရာလေသလော၊ [A] ဟုကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါ၏လူတို့ကို အရှေ့ပြည်မှ၎င်း၊ အနောက်ပြည်မှ၎င်း ငါကယ်တင်၍၊ ဆောင်ခဲ့သဖြင့်၊ သူတို့သည် ယေရုရှလင်မြို့ထဲမှာ နေရကြလိမ့်မည်။ သမ္မာတရား [B]နှင့်​ဖြောင့်မတ်ခြင်းတရားအားဖြင့်၊ သူတို့သည် ငါ၏လူဖြစ်၍၊ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗိမာန်တော်ကို တည်ဆောက်ခြင်းငှါ၊ ကောင်းကင်ဗိုလ်​ခြေ အရှင် ထာဝရဘုရား၏ အိမ်တော်တိုက်မြစ်ကို ချသောကာလ၌ရှိသော ပရောဖက်တို့ ဟောပြောသော စကားကို၊ ယခုကာလ၌ ကြားသောသူတို့၊ သင်တို့လက်ကို အားကြီးစေကြလော့။ ၁၀ ထိုကာလအထက်၌ လူခံရသောအကျိုးမရှိ။ တိရစ္ဆာန်ခံရသော အကျိုးမရှိ။ ထွက်ဝင်သောသူတို့သည် ရန်သူရှိသောကြောင့် ချမ်းသာမရကြ။ ငါသည် လူအပေါင်းတို့ကို တယောက်နှင့် တယောက် ရန်ဘက်ဖြစ်စေ၏။ ၁၁ ယခုမူကား၊ ကျန်ကြွင်းသော ဤလူတို့၌ ငါသည် အရင်ကဲ့သို့မပြု၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၁၂ မျိုးစေ့ကို ငြိမ်ဝပ်စွာ ကြဲရလိမ့်မည်။ စပျစ်ပင်သည် အသီးကို၎င်း၊ မြေသည် မိမိစီးပွားကို၎င်း၊ မိုးကောင်းကင်သည် နှင်းရည်ကို၎င်း ပေးရလိမ့်မည်။ ကျန်ကြွင်းသော ဤလူတို့သည် ဤအရာအလုံးစုံတို့ကို ရတတ်စေခြင်းငှါ ငါပြုမည်။ ၁၃ အိုယုဒအမျိုးနှင့် ဣသရေလ အမျိုးတို့ သင်တို့သည် တပါးအမျိုးသားတို့တွင် ကျိန်ဆဲရာ ဖြစ်ဘူးသကဲ့သို့၊ ကောင်းကြီးခံရာ ဖြစ်စေခြင်းငှါ၊ ငါကယ်တင်မည်။ မစိုးရိမ်ဘဲ လက်အားကြီးကြလော့။ ၁၄ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့အမျက်ကို နှိုးဆော်ကြသောအခါ၊ အပြစ်ပြုမည်၊ ဟုငါသည် နောင်တမရဘဲ ကြံသကဲ့သို့၊ ၁၅ တဖန်ယခုကာလ၌ ယေရုရှလင်မြို့နှင့် ယုဒအမျိုးကို ကျေးဇူးပြုမည်၊ ဟုငါကြံပြန်၏။ မစိုးရိမ်ကြနှင့် [C]ဟုကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၁၆ သင်တို့ ကျင့်ရမည် အကျင့်ဟူမူကား၊ သင်တို့ရှိသမျှသည် တယောက်နှင့် တယောက် မှန်သောစကားကို ပြောကြလော့။ မြို့တံခါးဝ၌ ဖြောင့်မတ်စွာ စီရင်၍၊ တရားတွေ့သည်အမှုကို ငြိမ်းစေခြင်းငှါ၊ ဆုံးဖြတ်ကြလော့။ ၁၇ တယောက်ကို တယောက် အဘယ်သူမျှ မကောင်းသောအကြံကို မကြံကြနှင့်။ မမှန်သောကျိန်ဆိုခြင်းကို မနှစ်သက်ကြနှင့်။ ထိုသို့သောအမှုရှိသမျှတို့ကို ငါမုန်းသည်၊ ဟုထာဝရဘုရားမိန့်တော်မူ၏။


ထာ၀ရဘုရားကိုယေရုရှလင်မြို့၌ ရှာကြလိမ့်မည်

၁၈ တဖန် ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊ ၁၉ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စတုတ္ထလတွင် အစာရှောင်ခြင်း၊ ပဥ္စမလတွင် အစာရှောင်ခြင်း၊ သတ္တမလတွင် အစာရှောင်ခြင်း၊ ဒသမလတွင် အစာရှောင်ခြင်းတို့သည် ယုဒအမျိုး ဝမ်းမြောက်ရွှင်လန်း၍၊ ပွဲလုပ်ရာကာလ ဖြစ်ကြလိမ့်မည်။ ​ဖြောင့်မတ်ခြင်းတရား၊ ငြိမ်ဝပ်ခြင်းတရားကို နှစ်သက်ကြလော့။ ၂၀ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ များစွာသော မြို့သူရွာသား၊ လူအမျိုးမျိုးတို့သည် လာကြလိမ့်မည်။ ၂၁ မြို့တမြို့၌ နေသောသူသည် အခြားမြို့တမြို့၌ နေသောသူတို့ဆီသို့ သွား၍၊ ထာဝရဘုရား ရှေ့တော်၌၊ ဆုတောင်းခြင်းငှါ၎င်း၊ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရားကို ရှာခြင်းငှါ၎င်း၊ ဧကန်အမှန် သွားကြကုန်အံ့။ ငါလည်းသွားမည်၊ ဟုခေါ်ကြလိမ့်မည်။ ၂၂ ကြီးသောတိုင်းနိုင်ငံသား၊ လူအမျိုးမျိုးတို့သည် ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရားကို ယေရုရှလင်မြို့၌ ရှာ၍၊ ထာဝရဘုရား ရှေ့တော်၌ ဆုတောင်းခြင်းငှါ လာကြလိမ့်မည်။ ၂၃ ထိုကာလ၌ ဘာသာအသီးသီးကို ပြောတတ်သော လူအမျိုးမျိုးတို့တွင်၊ တကျိပ်သောလူတို့သည် ယုဒလူဖြစ်သောသူ၏ အဝတ်စွန်းကို ကိုင်လျက် ဘုရားသခင်သည် သင်နှင့်အတူ ရှိတော်မူသည်၊ ဟုအ​ကျွန်ုပ်တို့သည် ကြားသိ၍ သူတို့နှင့်အတူ လိုက်ပါမည်၊ ဟုဆိုကြလိမ့်မည်၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.