-
AA
+
🡀
|
🡂
ဇာခရိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဇာခရိ အနာဂတ္တိ
အခန်းကြီး ၇


ဇာခရိမှပြည်သူများထံစကား

ဒါရိမင်းကြီး နန်းစံလေးနှစ် ခိသလုမည်သော နဝမလလေးရက်နေ့တွင်၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းခြင်းငှါ၎င်း၊ နှစ်ပေါင်းများစွာ ပဥ္စမလတွင် ငိုကြွေး၍ ခြိုးခြံစွာ ကျင့်ရပါမည်လော၊ ဟုကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား၏ အိမ်တော်၌ ရှိသော ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား မေးလျှောက်ခြင်းငှါ၎င်း၊ ရှရဇော၊ ရေဂင်္မေလက်နှင့် သူတို့လူများကို ဘုရားသခင်၏ အိမ်တော်သို့ စေလွှတ်ကြသောအခါ၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်၊ ငါဇာခရိသို့ ရောက်လာ၍၊ ယဇ်ပုရောဟိတ်နှင့် ပြည်သူပြည်သား အပေါင်းတို့အား သင်ဆင့်ဆိုရမည်မှာ၊ အနှစ်ခုနစ်ဆယ်ပတ်လုံး သင်တို့သည် ပဥ္စမလနှင့် သတ္တမလတွင် အစာရှောင်၍ ငိုကြွေးမြည်တမ်းသောအခါ၊ အကယ်စင်စစ် ငါ့အလိုရှိသည်အတိုင်း ငါ့အားအစာရှောင်ကြသလော။ စားသောက်သောအခါ၌လည်း၊ ကိုယ်အလိုအလျောက် စားသောက်ကြသည် မဟုတ်လော။ ယေရုရှလင်မြို့မပျက်၊ စည်ပင်၍ပတ်လည်၌ ရှိသောမြို့ရွာ၊ တောင်မျက်နှာအရပ်နှင့် မြေညီသောအရပ်၌ လူများသေးသောအခါ၊ ရှေးပရောဖက်တို့ဖြင့် ထာဝရဘုရား ကြွေးကြော်တော်မူသော အမိန့်တော် ပြည့်စုံပြီမဟုတ်လော၊ ဟုမိန့်တော်မူ၏။


မကြားစေခြင်းငှါ နှလုံးကို စိန်ကဲ့သို့မာစေကြ
CROSS REFERENCES






ထိုအခါ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဇာခရိသို့ ရောက်လာသည်ကား၊ တရားအမှုကို တရားသဖြင့် စီရင်ကြလော့။ သနားခြင်းကရုဏာစိတ်နှင့် တယောက်ကိုတယောက် ကျေးဇူးပြုကြလော့။ ၁၀ မိဘမရှိသောသူ၊ မုဆိုးမ၊ တ​ကျွန်းတနိုင်ငံသား၊ ဆင်းရဲသားကို မညှဉ်းဆဲကြနှင့်။ တယောက်ကိုတယောက် မကောင်းသောအကြံကို မကြံကြနှင့်၊ ဟုကောင်းကင် ဗိုလ်​ခြေအရှင် ထာဝရဘုရား မိန့်တော်မူသော်လည်း၊ ၁၁ သူတို့သည် နားမထောင်ဘဲ လွတ်အောင်ရုန်းကြ၏။ မကြားစေခြင်းငှါ၊ နားကိုပိတ်ကြ၏။ ၁၂ တရားစကားကို၎င်း၊ ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် ထားတော်မူသော စကားကို၎င်း၊ သူတို့သည် မကြားစေခြင်းငှါ မိမိတို့နှလုံးကို စိန်ကျောက်ကဲ့သို့ မာစေကြ၏။ [A] ထိုကြောင့် ကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရားသည် အလွန်အမျက် ထွက်တော်မူ၏။ ၁၃ ငါဟစ်ခေါ်၍ သူတို့သည် နားမထောင်သကဲ့သို့၊ တဖန်သူတို့သည် ဟစ်ခေါ်၍ ငါလည်း နားမထောင်ဘဲနေပြီ၊ ဟုကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။ ၁၄ သူတို့မသိသော လူမျိုးအပေါင်းတို့တွင် လေဘွေတိုက်၍ ငါလွင့်ပြီ။ ထိုကြောင့် သူတို့ပြည်သည် လူဆိတ်ညံလျက်ရှိ၍ အဘယ်သူမျှ မသွားမလာ။ သာယာသောပြည်သည် သုတ်သင် ပယ်ရှင်းရာ ဖြစ်လေပြီတကား၊ ဟုမိန့်တော်မူ၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.