၂ ထိုကာလ၌ ထာဝရဘုရား၏ အညွန့်သည် ဘုန်းအသရေ ပွင့်လန်းလိမ့်မည်။၊ လွတ်သော ဣသရေလ အမျိုးသားတို့အဘို့၊ မြေအသီးအနှံ့သည် ကောင်းမြတ် လျောက်ပတ်လိမ့်မည်။
၂ ထာဝရဘုရား၏ ကျွန်သည်%fo(a) အညွန့်ကဲ့သို့၎င်း၊သွေ့ခြောက်သောမြေ၌ ပေါက်သော အတက်ကဲ့သို့၎င်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။
၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း။ ဥာဏ်ကောင်းသော ရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာကာလသည် ရောက်လိမ့်မည်။
၁၅ ထိုကာလအခါ သန့်ရှင်းသော အညွန့်ကို ဒါဝိဒ်အဘို့ငါပေါက်စေ၍။သူသည် မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်လိမ့်မည်။
၈ သူတို့သည် ငါ့ကိုပြစ်မှားသမျှသော အပြစ်တို့ကိုငါဖြေရှင်းမည်။ ငါ့ကိုပြစ် မှား၍ ငါ၏တရားကို လွန်ကျူးသမျှသော အပြစ်တို့ကို ငါလွှတ်မည်။
၁၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွတ်အမည်ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။