-
AA
+
🡀
|
🡂
ဇာခရိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English
အခန်းငယ်
၁၀
၁၁





ဇာခရိ အနာဂတ္တိ
အခန်းကြီး ၅


ပျံဝဲသောစာစောင်

တဖန် ငါမျှော်ကြည့်၍၊ ပျံဝဲလျက်ရှိသော စာစောင်ကိုမြင်၏။ ကောင်းကင်တမန်ကလည်း၊ သင်သည် အဘယ်အရာကို မြင်သနည်းဟုမေးလျှင်၊ ပျံဝဲလျက်ရှိသော စာစောင်ကိုမြင်ပါ၏။ အလျားအတောင်နှစ်ဆယ်၊ အနံအတောင် တဆယ်ရှိပါသည်၊ ဟုလျှောက်၏။ ကောင်းကင်တမန်ကလည်း၊ ထိုစာစောင်သည် တပြည်လုံးကို နှံ့ပြားသောကျိန်ခြင်းဖြစ်၏။ ခိုးတတ်သောသူ ရှိသမျှတို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ်ဖျက်ခြင်းကိုခံရကြမည်။ အကျိန်ရဲသောသူ ရှိသမျှတို့သည် ထိုစာစောင်တဘက်၌ ပါသည်အတိုင်း၊ ပယ်ဖြတ်ခြင်းကို ခံရကြမည်။ ကောင်းကင် ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုစာစောင်ကို ငါထုတ်ဖော်မည်။ ခိုးတတ်သောသူ၏ အိမ်ထဲသို့၎င်း၊ င့ါနာမကို တိုင်တည်၍ မမှန်သော ကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ်ထဲသို့၎င်း၊ ဝင်၍နေရာကျသဖြင့်၎င်း၊ သစ်သားများ၊ ကျောက်များနှင့်တကွ၊ ထိုအိမ်ကို စားလိမ့်မည်၊ ဟုမိန့်တော်မူ၏။


ထွက်သွားသောဧဖာ

တဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ထွက်၍၊ ယခုထွက်လာသော အရာကို မျှော်ကြည့်လော့၊ ဟုငါ့အားဆိုလျှင်၊ ထိုအရာကား၊ အဘယ်အရာနည်း၊ ဟုငါမေးသော်၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည်ဟူ၍၎င်း၊ ထိုအရာသည် တပြည်လုံး၌ သူတို့၏ အကြံအစည် ဖြစ်သည်ဟူ၍၎င်း ဆို၏။ ခဲအခွက်တဆယ်ကိုလည်း၊ အထက်သို့ ချီးမြှောက်၍ မိန်းမတယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။ ကောင်းကင်တမန်ကလည်း၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ်၏၊ ဟုဆိုလျက်၊ သူ့ကိုဧဖာထဲကို ချထား၍၊ ဧဖာအဝပေါ်မှာ ခဲပြားကိုတင်လေ၏။ တဖန်ငါမျှော်ကြည့်၍၊ တောငန်း၏ အတောင်ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည် အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုးကောင်းကင် စပ်ကြားသို့ ချီသွားကြ၏။ ၁၀ ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်း၊ ဟုငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊ ၁၁ ရှိနာပြည်၌ ဧဖာအဘို့၊ အိမ်ဆောက်ခြင်းငှါ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်၊ ဟုဆို၏။



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.