-
AA
+
🡀
|
🡂
ဇာခရိ အနာဂတ္တိ
ပဋိညာဉ်တရားဟောင်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိ
ယေရမိ အနာဂတ္တိ
ယေရမိ မြည်တမ်းစကား
ယေဇကျေလ အနာဂတ္တိ
ဒံယေလ အနာဂတ္တိ
ဟောရှေအနာဂတ္တိ
ယောလ အနာဂတ္တိ
အာမုတ် အနာဂတ္တိ
ဩဗဒိဗျာဒိတ်ရူပါရုံ
ယောန၀တ္ထု
မိက္ခာ အနာဂတ္တိ
နာဟုံ အနာဂတ္တိ
ဟဗက္ကုတ် အနာဂတ္တိ
ဇေဖနိ အနာဂတ္တိ
ဟဂ္ဂဲ အနာဂတ္တိ
ဇာခရိ အနာဂတ္တိ
မာလခိအနာဂတ္တိ
ပဋိညာဉ်တရားသစ်
Book in English


ဇာခရိ အနာဂတ္တိ
အခန်းကြီး ၄


ဗိုလ်ခြေအားဖြင့်မဟုတ် ငါ့ဝိညာဉ်အားဖြင့်
CROSS REFERENCES





CROSS REFERENCES






ငါနှင့်ပြောဆိုသော ကောင်းကင်တမန်သည် ပြန်လာ၍၊ အိပ်ပျော်သောသူကို နှိုးသကဲ့သို့ ငါ့ကိုနှိုးလျက်၊ သင်သည် အဘယ်အရာကို မြင်သနည်း၊ ဟုမေးလျှင်၊ [A] ငါက၊ အ​ကျွန်ုပ်သည် ကြည့်ရှု၍ ရွှေအတိပြီးသော ဆီမီးခုံကိုမြင်ပါ၏။ မီးခုံတိုင်အဖျား၌ ဆီအိုးတလုံး၊ မီးခွက်ခုနစ်လုံး၊ ဆီအိုးနှင့် မီးခွက်ခုနစ်လုံးဆက်သော ပြွန်တံခုနစ်တံရှိပါ၏။ ဆီအိုးလက်ျာဘက်၌ သံလွင်ပင်တပင်၊ လက်ဝဲဘက်၌တပင်၊ မီးခုံကိုလွှမ်းမိုးသော သံလွင်ပင် နှစ်ပင်ရှိပါသည်၊ [B] ဟုဆိုပြီမှ၊ ငါနှင့်ပြောဆိုသော ကောင်းကင် တမန်အား အ​ကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာ ဖြစ်သနည်း၊ ဟုမေးသော်၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန်က၊ ဤအရာတို့ကား အဘယ်အရာ ဖြစ်သည်ကို နားမလည်သလော၊ ဟုမေးလျှင်၊ အ​ကျွန်ုပ်နားမလည်ပါသခင်၊ ဟုလျှောက်၏။ ကောင်းကင် တမန်ကလည်း။ ဇေရုဗဗေလ [C]သို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊ ဤအမှုသည် ဗိုလ်​ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည်၊ [D] ဟုကောင်းကင်ဗိုလ်​ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။


ယေရုဗဗေလသည် ဗိမာန်တော်ကိုပြီးစီးမည်

အိုတောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူများတို့က၊ ကျေးဇူးတော်ရှိပါစေသော်၊ ကျေးဇူးတော်ရှိပါစေသော်၊ ဟုကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့်အထွဋ်ကျောက်ကို တင်ထားရလိမ့်မည်။ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာသည်ကား၊ ဇေရုဗဗေလသည် ဤအိမ်တော်အမြစ်ကို ချထားပြီ။ သူသည်လည်း လက်စသတ်ရလိမ့်မည်။ ကောင်းကင်ဗိုလ်​ခြေအရှင် ထာဝရဘုရားသည် ငါ့ကိုသင်တို့ရှိရာသို့ စေလွှတ်တော်မူသည်ကို သင်တို့သိရကြလိမ့်မည်။ ၁၀ အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထိမဲ့မြင်ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက်၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည်မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ထိုခုနစ်ပါးတို့အား၊ မြေကြီးတပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော ထာဝရဘုရား၏ မျက်စိတော်များ ဖြစ်သတည်း၊ ဟုမိန့်တော်မူ၏။


သံလွင်ပင်နှစ်ပင်

၁၁ ငါကလည်း၊ မီးခုံလက်ျာဘက်၊ လက်ဝဲဘက်၌ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား၊ အဘယ်သို့နည်းဟူ၍၎င်း၊ ၁၂ ဆီညှစ်ရာရွှေစက်နှစ်ခုအားဖြင့်၊ မိမိတို့ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းကား၊ အဘယ်သို့နည်းဟူ၍၎င်း၊ မေးလျှောက်သော်၊ ၁၃ ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကို နားမလည်သလော၊ ဟုမေးလျှင်၊ အ​ကျွန်ုပ် နားမလည်ပါသခင်၊ ဟုလျှောက်၏။ ၁၄ ကောင်းကင်တမန်ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီးတပြင်လုံးကို အစိုးပိုင်တော်မူသော အရှင်၏ ရှေ့တော်၌ ရပ်နေသော ဘိသိက်ခံသူနှစ်ပါးဖြစ်သည်၊ ဟုဆို၏။ [E]



S E T T I N G S

Font Size
Small
Regular
Big
Large

View Mode
Paragraph
Verse

Screen Width
Half
Full

Save settings?
YES
CANCEL


By clicking YES, you're acknowledging that this website uses cookies to store your preferences on your computer.

About this app
2.000324 | GOSPELMYANMARBIBLE | This online app is made available by Gospel Baptist Church of Indianapolis, IN, USA. Copyright © 2022-2024 GBCUSA. All rights reserved.